စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တာဟန်းရပ်ကွက်တွင် ၂ နှစ်နီးပါးခန့်အသုံးမပြုတော့သော လျှပ်စစ် Transformer ကိုတာဟန်း ဈေး သူဈေးသားများက အမြန်ဆုံးအသုံးပြုရန် လိုလားနေကြသည် ဟုသိရသည်။
Author: Editor
ချင်းပြည်နယ် မတူပီမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Van Cin သည် ယခုလ ဒုတိယပတ် အတွင်း ၄င်း၏ မဲဆန္ဒနယ်မြေ သို့နယ်လှည့်ကွင်းဆင်းသည်ဟု သိရသည်။ Pu Van Cin သည် လူထုနှင့် တွေ့ဆုံရာတွင် လက်ရှိ အစိုးရသည် ဒေသ ဖွံ့ဖြိုးရေးနှင့် ပါတ်သက်ပြီး Bottom up system ကို အသုံးချနေပြီဖြစ်ရာ အောက်ခြေ မြို့နယ် အထောက်အကူပြု ကော်မီတီမှ တင်ပြချက်သည် အရေးကြီးကြောင်း သို့သော် မတူ၊ မရာ၊ ဇိုသုန်၊ လောက်တူ၊ ဒိုင် မျိုးနွယ်စုများနေထိုင်သည့် မတူပီမြို့နယ်၊ မြို့နယ်အထောက် အကူပြု ကော်မီတီတွင် မရာ မျိုးနွယ်မှ တဦးမျှ မပါဝင်ခြင်းကိစ္စ နှင့် မရာစာပေသင်ကြားရေးအတွက် ဒေသခံများနှင့် ဆွေး နွေးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း ပြောသည်။ ဆက်လက်ပြီး မတူပီမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ထောက်ပံ့ပုံစံနှင့် ပါတ်သက်ပြီး မေးမြန်းချက်ကို ဖြေကြား ရာတွင် မြို့နယ်အလိုက် ဖွံ့ဖြိုးရေး ဘတ်ဂျက်ငွေ ခွဲဝေရာမှာ ကျေနပ်စရာမရှိကြောင်း အကြောင်းမှာ မတူပီမြို့နယ် အ ထောက်အကူပြုကော်မီတီက မတူ ရွာ ၆၆ ရွာအတွက် ကျပ်ငွေ သန်း ၄၉၈၊ ဇိုသုန်၊ မရာ၊ လောက်တူ ရွာပေါင်း ၆၆ အ တွက် သန်းပေါင်း ၅၃ ကို တင်ပြလာကြကြောင်း သိရသည်။ ” မြို့နယ်အထောက်အကူပြုကော်မီတီ တင်ပြချက်ကိုတော့ ပြည်နယ်အစိုးရ အစည်းအဝေးကနေ ပြင်လို့…
ချင်းနိုင်ငံရေးပါတီ တခုဖြစ်သော ချင်းတိုးတက်ရေးပါတီ(CPP) က လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ကျင်းပမည့် ချင်းအမျိုးသားညီလာခံမှာ ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြော ဆိုလိုက်သည်။
ဆွီဇာလန်နိုင်ငံအခြေစိုက် Women’s World Summit Foundation (WWSF) အဖွဲ့မှ နှစ်စဉ်ပေးအပ်လေ့ရှိသော the Women’s Creativity in Rural Life (ကျေးလက်လူနေမှုဘ၀မြှင့်တင်ရေး စွမ်းဆောင်နိုင်သူ)ဆုကို ချင်းပြည်နယ်၊ Mara Evangelical Church သိက္ခာတော်ရ Rev. Mai Ki ကလက်ခံရရှိသည်ဟုသိရသည်။ Rev. Mai Ki သည် ချင်းပြည်နယ် ကျေးလက်ဒေသ မှ အမျိုးသမီးများ၊ ကလေးငယ်များနှင့် ကိုယ်အင်္ဂါမသန်းစွမ်းသူများ ဘ၀မြှင့်တင်ရေးလုပ်ငန်း လုပ်ဆောင်ခဲ့သည့် ၎င်း၏ စွမ်းဆောင်ရည်အတွက် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်သော International Day of Rural Women နေ့တွင် အဆိုပါ ဆုကိုပေးအပ်ခံရခြင်းဖြစ်သည်။
ချင်းပြည်နယ်အတွင်း ၂၀၁၃ ခုနှစ်အတွင်း မှူခင်း ဖြစ်ပွားမှု အနည်းဆုံးဆုကို ဖလမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ရရှိ သည် ဟု သိရသည်။ မြို့နယ်တော်ဟားခါးတွင် အောက်တိုဘာ (၁) ရက်နေ့က ကျင်းပသည့် ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ ထားရှိသည့် (၄၉) နှစ်ပြည့် အခမ်းအနားတွင် ယခုကဲ့သို့ ဆု ချီးမြှင့်ခြင်းဖြစ်သည်ဟု သိရသည်။
ဟားခါးမြို့က ကျတော်တို့လို ဆင်းရဲသား တဦးသေခါမှ သေခြင်းတရား သည် မည်သူ့မျက်နှာကိုမှ မ ထောက်၊ မျက်နှာ လည်း မလိုက် ဆိုတာ ကွက်ကွက်ကွင်းကွင်း သဘောပေါက်သွားတယ်၊ ဟားခါးမြို့ပေါ်မှာ Rih Khuang Tlang, Caw Buh, Dawr Hlun ဆိုပြီး သင်္ချိုင်းနေရာ (၃) ခုရှိပါတယ်၊ လူတဦးအတွက် ကုန်ကျတဲ့ မသာစရိတ်ဟာ အလောင်းတောင် မြေချရဲစရာမရှိလောက်အောင် မျက်လုံးပြူးစရာဖြစ်နေပါတယ်၊ ဒီကြားထဲက ဖော်ပြပါ သင်္ချိုင်းနာမည်တွေကို ဘယ်လို့တပ်မည် ဆိုပြီး အငြင်းပွားတာတွေ ရှိနေသေးတယ်။
ဇလပ်ထက်နီ – ချင်းရိုးရာ ကောက်သစ်ပွဲကို ချင်းနှစ်သစ်ကူးပွဲတော်အဖြစ် ပြန်လည်ကျင်းပခဲ့ကြသည်မှာ (၅) နှစ်ခန့်ရှိပါပြီ၊ ဗြိတိသျှ နယ် ချဲ့လက်အောက်မှ လွတ်လာရေးရရှိပြီး ပထမဆုံး ချင်းရေးရာ ကောင်စီကလည်း အောက်တိုဘာလ ၂၆ – ၂၈ ရက်နေ့ကို တရားဝင်ရုံးပိတ်သည့် ချင်းအမျိုးသားနှစ်သစ်ကူးနေ့အဖြစ် ၁၉၄၉ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် သတ်မှတ် ခဲ့ကြသည်။ ထိုစဉ်က ချင်းရေး ရာကောင်စီဝင်များမှာ Pu Vumthung Maung, Capt. Mang Tung Nung, Pu Sa Vut, Pu Lian Thum တို့ဖြစ်ကြသည်။ သို့သော် ချင်းအမျိုးသားအင်္ဂါရပ်ဖြစ်သော အဆိုပါ ကောက်သစ်ပွဲတော်သည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ် နောက်ပိုင်း မှေးမှိန်သွားခဲ့သည်၊ ချင်းအမျိုး သားသင်္ကေတ မှေးမှိန်သွားခြင်းသာဖြစ်သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေကြသည့် ချင်းအမျိုးသမီးများ၏ ဘ၀ ဒုက္ခအခြေ အနေကို တင်ပြ ထားသော “ ဒုက္ခဘုံ” ဟု အမည်ပေးထားသည့် အစီရင်ခံစာတစ်ခုကို နယူးဒေလီမြို့တွင် ယမန်နေ့က ထုတ်ဝေကြ သည်ဟုသိရသည်။ ယင်းမှတ်တမ်းအစီရင်ခံစာကို နယူးဒေလီအခြေစိုက် Pann Nu ဖောင်ဒေးရှင်းမှ ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး နယူးဒေလီ တွင် ဒုက္ခသည်အဖြစ် ခိုလှုံယင်း အိန္ဒိယလူမျိုးများ၏ လိင်ပိုင်းဆိုင်ရာစော်ကားမှုခံခဲ့ကြရသော မြန်မာနိုင်ငံက ချင်းအမျိုးသမီး အယောက် ၂၀ ယောက်တို့၏ အကြောင်းအရာကို အဓိကရေးသားထားသည်ဟုသိရသည်။
အောက်တိုဘာ ၁၁ ရက်နေ့က မီဇိုရမ်ပြည်နယ်၊ Lunglei မြို့ Khawmawi ကျေးရွာတွင် ချင်းအမျိုးသားတဦးက အိမ်ရှင်မ ကို ဓားဖြင့်ထိုးသတ်လိုက်သည့် ဖြစ်ရပ်တခုဖြစ်ခဲ့သည်။ တရားခံသည် ချင်းပြည်နယ်၊ ဟားခါးမြို့ဇာတိ၊ ThawngCungbik (20) ဟု သိရပြီး၊ မီဇိုရမ်ပြည်နယ်တွင် လွှဆွဲလုပ်ငန်းလုပ်ကိုင်နေသူ တဦးဖြစ်ကြောင်း တရားခံ ThawngCungbik ကို သက်ဆိုင်ရာ Lunglei ရဲက ဖမ်းဆီးပြီး အမှုဖွင့် ဆိုခဲ့တယ်လို့ သိရပါတယ်။
နှစ်စဉ် စက်တင်ဘာ နှင့် အောက်တိုဘာလ ရောက်တိုင်း ချင်းလူမျိုးများက ကျင်းပလေ့ရှိသည့် ချင်းနှစ်သစ်ကူးပွဲတော်ကို အနယ် နယ်အရပ်ရပ်တွင် ကျင်းပကြမည်ဟု သိရသည်။ ချင်းဖိုးဖွားခေတ်ကတည်းက ကောက်သစ်များရရှိသည့်နည်းတူ နေ့သစ်၊ လသစ်ရောက်ပြီဆိုပြီး ပွဲတော်ကိုကျင်း ပကြခြင်းဖြစ်သဖြင့် ကောက်သစ်စားပွဲအဖြစ် စက်တင်ဘာ နှင့် အောက်တိုဘာလရောက်တိုင်း ကျင်းပ လေ့ရှိသည့် အဆိုပါပွဲတော်ကို ချင်းနှစ်သစ်ကူးပွဲအဖြစ် ကျင်းပကြခြင်းဖြစ်သည်။