Author: Editor

ချင်းပြည်နယ်အလှယ်မယ်ရွေးချယ်ပွဲ (Miss Golden Land Chin State 2017) အပြီးသတ် Final ပွဲကို မေလ ၇ ရက်နေ့ကည ၈ နာရီတွင် ကလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ပြီး ခါးနံဘတ် (၈) အလှမယ် မမေသွယ်မိုးက သရဖူဆုကိုဆွတ်ခူး ရရှိခဲ့သည်။ Miss Golden Land Myanmar မှဦးဆောင်ကျင်းပသော အဆိုပါ Final ပွဲတွင် ဆန်ခါတင် အလှယ်မယ် ၁၆ ယောက် ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်ပေးဒိုင်များမှ ဆန်ခါတင်အဆင့် ဆင့်ရွေးချယ်ပြီး Miss Golden Land Chin State 2017 သရဖူကို ကလေးမြို့သူ အလှမယ် မမေသွယ်မိုးက ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ “အရမ်းကြီးမမှန်းထားဘူး ရတော့ရချင်တယ်၊ အခုရတော့လေ မျက်ရည်လည်းကျမိတယ် အရမ်းလည်းပျော်မိတယ်၊ အတိုင်းမသိ ၀မ်းသာမိတယ်၊ နောက်ထပ် ရန်ကုန်မှာသွားပြိုင်မယ့်ပြိုင်ပွဲမှာလည်း ချင်းပြည်နယ် ဂုဏ်ဆောင် Miss တစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားသွားမှာပါရှင့်’’ ဟု မမေသွယ်မိုးကပြောသည်။ 1st runner up အဖြစ် ခါးနံဘတ် (၁၄) မခိုင်ဖူးငုံ၊ 2nd runner up အဖြစ် ခါးနံဘတ်(၂) မဟန်နီစိုး၊ 3rd runner up အဖြစ် မဇာဇာနိုင် နှင့် 4th runner up ကို မအိမ်ဆဲလ်လဲတို့မှ အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။ Miss Popular ဆုကို ခါးနံဘတ် (၁) မကျိန်ရှန်းဟုန် နှင့်…

Read More

စစ်ကိုင်းတိုင်းဒေသကြီးမှ တီဘီရောဂါဆရာဝန်ကြီး ဒေါက်တာ ညိမ်းညိမ်းအေးဦးဆောင်၍ အဖွဲ့ဝင် (၉) ဦးပါဝင်သည့် နယ်လှည့်တီဘီရောဂါရှာဖွေရေးအဖွဲ့မှ ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ကွင်းဆင်း သွားရောက်ကာ အခမဲ့ ဆေးကုသမှုဆောင်ရွက်နေကြောင်း သိရသည်။ ယခုကဲ့သို့ ကွင်းဆင်းပြီး အခမဲ့ ဆေးကုသမှုဆောင်ရွက်နေရခြင်းမှာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုမြှင့်တင်ကာကွယ်ပေးနိုင်ရေးအတွက်ဖြစ်ပြီး ဟားခါးမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံး၌ ဒေသခံပြည်သူများအား တီဘီရောဂါနှင့်ပတ်သက်၍ အခမဲ့ရှာဖွေ ကွင်းဆင်းကုသဆောင်ရွက်ပေးကြောင်း Hakha iprd အွန်လိုင်းမီဒီယာတွင် ရေးသားဖော်ပြသည်။ အဆိုပါ နယ်လှည့်တီဘီရောဂါရှာဖွေကုသရေးအဖွဲ့သည် မေလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ဟားခါးမြို့ မြို့သစ် ရပ်ကွက်၊ ဈေးသစ်ရပ်ကွက်၊ မြို့ကွက်သစ်၊ ဟားခါးမြို့နယ်၊ ဆတ္တားကျေးရွာနှင့် ဆူရ်ခွါးကျေးရွာများတွင် ဆက်လက် ကွင်းဆင်းကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Read More

(၇၁) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို သရုပ်ပြပွဲနဲ့အတူ ချင်းပြည်နယ်မြို့တော် ဟားခါးရှိ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမတွင် ယနေ့ မေလ ၅ ရက်နေ့တွင် ကျင်းပခဲ့ သည်။ အဆိုပါ အခမ်းအနားကို ဧည့်သည်တော်ကြီးအဖြစ် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ် တက်ရောက်ခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော် နှင့် ချင်းပြည်နယ် မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးမြင့် တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အဖွင့်အမှာစကားပြောကြားရာ မီးသတ်လုပ်ငန်း ဆိုသည်မှာ ပြည်သူလူထု၏ ဘေးဒုက္ခအန္တရာယ်များကို ပြည်သူလူထုနှင့် တစ်သားတည်းရှိနေပြီး ရင်ဆိုင်ဖြေရှင်း ရသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု Hakha iprd အွန်လိုင်းမီဒီယာတွင် ယခုလို ဖော်ပြ သည်။ “နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ကာလရှည်ကြာ ထိန်းသိမ်းထားနိုင်ကြဖို့ စီမံဆောင်ရွက်ကြရာတွင် မီးဘေး အန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်အသွယ်သွယ်က လွတ်ကင်းစေဖို့ကိုလည်း အထူးဂရုပြုဆောင်ရွက်ခဲ့ကြ ရကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ခိုင်မာတည်ကြည်သော စိတ်ဓာတ်၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှု၊ အတွေ့အကြုံရင့်ကျက်မှု၊ နည်းပညာကြွယ်ဝမှုတို့ဖြင့် ပြည်သူကိုအလုပ်အကျွေးပြုကြရမည်ဖြစ်ကြောင်း၊ ဘေးဒုက္ခ အန္တရာယ်များဖြင့် ရင်ဆိုင်ကြုံတွေ့နေရသူတိုင်းကို မိမိတို့၏အသက်နှင့် ခန္ဓာအရင်းတည်ပြီး ကူညီကယ်တင်ရသော ကြောင့် မွန်မြတ်သောနှလုံးသားပိုင်ရှင်တပ်ဖွဲ့ဝင်များအဖြစ် ဂုဏ်ယူစွာပြောကြားလိုပါကြောင်းဖြင့် ထည့်သွင်းပြောကြား သည်။” ဆက်လက်၍ ချင်းပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းသည့် အလှူငွေကျပ်-၂၁၅၀၀၀၀/-ကို အလှူရှင်များကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်က ပေးအပ်ရာ…

Read More

ချင်းပြည်နယ် ကိုယ်စားပြုအလှမယ်ရွေးချယ်ပွဲ (Miss Golden Land Chin State 2017) ၏ စကာတင်အယောက် ၂၀ ရွေးချယ်ခြင်းနှင့် စာနယ်ဇင်းမိတ်ဆက်ပွဲကို ကလေးမြို့ နဂါးရွှေစင်ခန်းမတွင် ဧပြီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။ Miss Golden Land Myanmar အဖွဲ့မှ ဦးဆောင်စီစဉ်သော ၂၀၁၇ ခုနှစ် ချင်းပြည်နယ် ကိုယ်စားပြုမည့် အလှမယ် ရွေးချယ်ပွဲ (Miss Golden Land Chin State 2017) တွင် ချင်းပြည်နယ်နှင့် ကလေးမြို့၊ တမူးမြို့နယ်တို့မှ အလှမယ် အယောက် ၃၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ပြီး အယောက် ၂၀ ကို စီစစ်ရွေးချယ်ကာ သတင်းမီဒီယာများနှင့် မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ Miss Golden Land Chin State 2017 ၏ စီးတီးဒါရိုက်တာကိုကျော်ကျော်က “ ကျနော်တို့ရဲ့ ချင်းပြည်နယ်ကိုယ်စားပြု အလှမယ်တစ်ယောက်ကို အကောင်းမွန်ဆုံးနဲ့ အလှဆုံးပေါ်ထွက်လာဖို့ ကျနော်တို့စီစဉ်ဆောင်ရွက်တာဖြစ်ပါတယ်’’ ဟု ပြောသည်။ ယနေ့စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ဆန်ခါတင်အယောက် ၂၀ အနက် ၁၆ ယောက်သာ ပါဝင်နိုင်ပြီး ကျန် ၄ ယောက်မှာ လမ်းခရီးခက်ခဲမှုကြောင့် ပါဝင်နိုင်ခြင်းမရှိပေ။ ချင်းပြည်နယ် မင်းတပ်မြို့မှ လာရောက်ယဉ်ပြိုင်သည့် မအေးစန္ဒာအောင်(နူသဲ) က “ ငယ်ငယ်ကတည်းကနေ ၀ါသနာပါတာရှင့် Model တစ်ယောက်ဖြစ်ချင်ခဲ့တာ winner တော့မမှန်းရဲပါဘူး၊ Top 20 မှာပါတာတင်ကို တော်တော်ကျေ နပ်ပါတယ်” ဟု ပြောသည်။ Final…

Read More

ချင်းပြည်နယ် မတူပီမြို့တွင် ကျင်းပလျက်ရှိသည့် ချင်းတက္ကသိုလ်ကျောင်းသူ/သားများ တွေ့ဆုံ နှေးနှော ဖလှယ်ပွဲတွင် ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ပူးဇင်ကျူံး တက်ရောက်ဟောပြောခွင့် ပိတ်ပင်ခံရ သည်ဟုသိရသည်။ မတူပီမြို့ ဘုံတလာ ခန်းမတွင် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ (၆) ရက်ကြာမြင့်မည့် ၁၉ ကြိမ်မြောက် ချင်းတက္ကသိုလ် ကျောင်းသူ/သားများ(Chin University Student Fellowship) တွေ့ဆုံနှေးနှောဖလှယ်ပွဲတွင် လက်ရှိငြိမ်းချမ်းဖြစ်စဉ်နှင့်ပတ်သက်၍ ဟောပြောပေးရန် CNF ဥက္ကဌကို ဖိတ်ကြားခဲ့ကြခြင်းဖြစ်သည်။ ကျောင်းသားများ၏ ဖိတ်ကြားချက်အရ CNF ဥက္ကဌသည် မတူပီမြို့သို့ ဧပြီလ ၂၆ ရက်နေ့က ရောက်ရှိပြီး နှေးနှောဖလှယ်ပွဲ ပထမဆုံးရက်နေ့တွင် ဟောပြောပေးရန် စီစဉ်ခဲ့ကြသော်လည်း ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန မှညွန်ကြား ချက်အရဟုဆိုကာ ချင်းပြည်နယ်အစိုးရမှတဆင့် မင်းတပ်ခရိုင် အုပ်ချူပ်ရေးမှူးအဖွဲ့ဘက်မှ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံချင်းကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ဆလိုင်းထန်းလုန်းကပြောသည်။ “ပွဲမိန့်မှာ seminar ပေးမယ့်ပုဂ္ဂိုလ်တွေမဖော်ပြဘူး အဲဒီတွက်ကြောင့်ဆိုပြီး အကြမ်းဖျင်းကျနော်တို့သိရတယ်၊ ရှင်းရှင်းလင်းလင်းနဲ့ကျနော်တို့ကို အကြောင်းပြန်ကြားတာမရှိဘူး၊ မင်းတပ်ခရိုင်ကနေ လှမ်းပိတ်တယ်၊ ခရိုင်ကိုလည်း ပြည်နယ်ကညွန်ကြားတယ်၊ ပြည်နယ်ကိုလည်း ပြည်ထောင်စုကနေ ပြည်ထဲရေးက ကိုင်ပြီးတော့ မှ ညွန်ကြားတယ်လို့သိရတယ်၊ ဒီမှာက ဗျူဟာတပ်ရင်းလည်းရှိတော့လေ’’ ဟု ဆလိုင်းထန်းလုန်းကပြောသည်။ ချင်းအမျိုးသားတပ်ဦး CNF သည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချူပ်(NCA) ကိုလက်မှတ် ရေးထိုးထားသော အဖွဲ့ဖြစ်ပြီး စာချူပ်ပါအချက်များအရ ဒေသခံပြည်သူများနှင့် လွတ်လပ်စွာတွေ့ဆုံခွင့်ရှိ သော်လည်း ယခုကဲ့သို့ ပိတ်ပင်ခံရမှုသည် (NCA) နှင့် ဆန့်ကျင်နေသည်ဟု…

Read More

ချင်းလူငယ်အဆိုတော် Israel Van Sui Lian နှင့်တွေ့ဆုံခြင်း (Interview) ချင်းလူငယ်တွေအကြားကျယ်ကျယ်ပြန့်ပြန့်ရေပန်းစားလာတဲ့ ချင်းမျိုးဆက်သစ်လူငယ် အဆိုရှင်တစ်ဦးရှိပါတယ်။ သူကတော့ အသက် ၂၇ နှစ်အရွယ် Israel Van Sui Lian လို့ခေါ်တဲ့ Israel Vsl ဘဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဂီတကို ၀ါသနာပါခဲ့တဲ့ Israel ဟာ ၂၀၀၈ ခုနှစ်ကပြီး ဂီတလောကထဲကို ထဲထဲဝင်ဝင်နဲ့ စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ယခုချိန်ထိတော့ တေးအလ်ဘမ် ၂ ခွေထုတ်ဝေထားပြီး ပရိတ်သတ်အားပေးမှုလည်း အတိုင်းအတာတစ်ခုထိ ရနေတဲ့သူပါ။ ဂီတလောကထဲကို သူဘယ်လိုရောက်ရှိ လာတာလဲ၊ ယခုအခြေအနေကိုရောက်ဖို့ ဘယ်လိုမျိုးဖြတ်သန်းခဲ့ ရသလဲ၊ စတဲ့စိတ်ဝင်စားစရာကောင်းတဲ့ သူ့အကြောင်း တွေသိရှိနိုင်ဖို့ Israel Van Sui Lian ကို ခိုနူမ်းသုန်သတင်းဌာနမှ သတင်းထောက် Lalnuna က တွေ့ဆုံမေးမြန်းထား ပါတယ်။ မေး။    ။ ဂီတလောကထဲကို ဘယ်လိုနဲ့ စတင်ဝင်ရောက်ခဲ့တာလဲ ဖြေ။       ။ ကျတော်က ၂ တန်းကတည်းကနေ ဂီတာတီးခဲ့တယ် တီးတော့မတီးတတ်သေးဘူး ၂တန်းဆိုတော့လူကလည်း သေးတာပေါ့ ဂီတာလည်းမနိုင်ဘူး ပေါင်ပေါ်မှာတောင်မတင်နိုင်ဘူး ဒါမယ့်အကိုတွေဆီမှာ နည်းနည်းလိုက်သင်တယ် ပြီးတော့ သူများတီးတာ အသံကြားပြီးဆိုရင် သွားပြေးကြည့်တာပဲ။ သူဘာလုပ်လဲ သူ့လက်အဲလိုလှုပ်တယ် ဒီလိုခတ်တယ် အော်.. မှတ်ထားတယ် တစ်ကွက်လောက်ကိုသေချာမှတ်ထားတယ် အဲလိုလေးနဲ့ လေ့လာပြီးတော့  ၄တန်းလောက်ကျ တော့ ကောင်းကောင်းတီးနိုင်တယ် ဒီလိုရိုးရိုးသီချင်းလေးတွေကို ကိုယ်တိုင်လည်းဆိုနိုင်တယ်  အဲနောက်ပိုင်းတော့ တောက်လျှောက်ပဲ။ ဂီတာလေးဝယ်တယ်  ကိုယ့်ဟာကိုအိမ်မှာတီးတယ်…

Read More

ပြည်သူလူထုမှ ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များကို လူထုအနေဖြင့် ခိုင်းတတ်ရန်လို အပ်ကြောင်း ကလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဥက္ကဌလည်းဖြစ် ကလေးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ရှားမီးက ပြောသည်။ အဆိုပါကိစ္စကို ဧပြီလ ၂၂ ရက်နေ့ ကလေးမြို့နယ် ပျဉ်းခုံကြီးကျေးရွာတွင် ပြုလုပ်သော ဒေါ်ရှားမီး၏ ဖခင် ဦးဒိုထောင်း (၁၉၉၀ NLD အမတ်) အား အောက်မေ့ဘွယ်အခမ်းအနားတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ပြည်သူတွေကြောင့် ကျမတို့ MP ဖြစ်တယ်၊ ကျမတို့မှာလည်း လိုအပ်ချက်ရှိသလို ပြည်သူဘက်ကလည်း လုပ်ဆောင်ရမယ့်အရာတွေရှိတယ်။ ခိုင်းတတ်ရင် ကောင်းကောင်းမွန်မွန် အလုပ် လုပ်နိုင်မယ်၊ မခိုင်းတတ်ရင် တော့ လွှတ်တော်မှာ အိပ်ငိုက်ရုံဘဲရှိတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျမတို့ကို ခိုင်းတတ်ဖို့ လိုတယ်” ဟု ဒေါ်ရှားမီးကပြောသည်။ ထို့အပြင် ဒေါ်ရှားမီးက လွှတ်တော်နှင့်အစိုးရကဲ့သို့ အရေးကြီးသည့်အရာမှာ ရပ်မိရပ်ဖများ၊ ရပ်ကွက်လူကြီး များဖြစ်ပြီး ရပ်ရွာလိုအပ်ချက်များကို တင်ပြကာ လုပ်ဆောင်ပေးဖို့ရန် ကျမတို့ကို အရွေးချယ်ခံရ တာဖြစ်ကြောင်း ဆက်ပြောသည်။ “ပြည်သူတွေ တင်ပြတဲ့အရာကို ကျမ ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်။ ပြည်ထောင်စုအဆင့်မှာ တင်ပြဆွေးနွေးမဲ့ ကိစ္စဆိုရင် ပြည်ထောင်စုအဆင့်မှာ တင်ပြမယ်၊ ကလေးမြို့ အရာရှိများနဲ့ ဆွေးနွေး တိုင်ပင်ရမဲ့ကိစ္စဆိုရင် သူတို့နဲ့ ဆွေးနွေးမယ်၊ ဒါကြောင့် ယုံကြည်စွာ ရွေးချယ်ထားသည့်အရာကို နောင်တမရရှိလေအောင် ကျမ အစွမ်းကုန် လုပ်ဆောင်သွားမယ်” ဟု ဒေါ်ရှားမီးက ပြောသည်။ ပျဉ်းခုံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျင်းပပြုလုပ်သော…

Read More

မြန်မာနိုင်ငံ ရဲ ၊စစ်တပ်၊ လဝက၊ မကဖ၊ မူးယစ် လူကုန်တား အဖွဲ့ (၆)ဖွဲ့မှ ပူးပေါင်း၍ အိန္ဒိယနိုင်ငံ မိုရေးမြို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ ခိုးဝင်လာသူ ဘင်္ဂလီအမျိုးသားတစ်ဦးကို တမူးခရိုင် ခမ်းပတ်မြို့၌ ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့သည်။ အဆိုပါ ဘင်္ဂလီမှာ ကောင်ဆော့ (၁၉) ဖြစ်ပြီး အိန္ဒိယနိုင်ငံ မိုးရေးမြို့မှတဆင့် တမူး၊ ကလေးမြို့ကို ဖြတ်ကျော်ပြီး ရန်ကုန်ကို သွားမည်ဟု သိရသည်။ ဖြစ်ပုံမှာ မိုးရေးမြို့တွင်နေထိုင်သူ ဦးမောင်လေးမှ လွန်ခိုဂင်း အသက်(၃၇) မြို့မ(၁၄)ရပ်ကွက်၊ တမူးမြို့နေထိုင်သူကို ဆိုင်ကယ်ကယ်ရီခ ကျပ်ငွေ လေးသိန်းဖြင့် ထိုဘင်္ဂလီတစ်ဦးကို သယ်ဆောင်ခိုင်းပြီး ယခုလို ခမ်းပတ်မြို့တွင် ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုတွင် ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ် မှ အိန္ဒိယ၊ အိန္ဒိယမှ တဆင့် ခိုးဝင်ဘင်္ဂလီကုလားနှင့်အတူ ကယ်ရီသမား ချင်းလူမျိုးနှစ်ဦးကို ခမ်းပတ်ရဲစခန်း၌စစ်ဆေးလျှက် ရှိကြောင်း တမူးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Read More

အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ဇိုခွါထာ(အိန္ဒိယဘက်ခြမ်း) တွင် ကုန်တင်ကုန်ကျလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေကြသည့် အဖွဲ့အစည်း ၂ ခုအကြား အငြင်းပွားမှုပြသာနာကြောင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် တရားသူကြီးက နယ်စပ်ဖြတ်ကျော်ပြီး ကုန်သွယ်ရေးလုပ်ငန်းလည်ပတ်မှုကို ခေတ္တရပ်ဆိုင်းရန် ၁၈ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်သည်ဟုသိရသည်။ အဆိုပါအမိန့်အရ ဇိုခေါထာမှတဆင့် နှစ်နိုင်ငံကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေး၊ ကုန်တင်ကုန်ချ လုပ်ငန်း၊ နယ်စပ် ကုန်သွယ်ရေးနှင့်စပ်လျဉ်းသည့် မည်သည့်ကုန်သွယ်ရေးလုပ်ငန်းမဆို မီဇိုရမ်အစိုးရဘက်က ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ကုန်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသော နှစ်နိုင်ငံကုန်သည်ကြီး များကိုလည်း အသိပေးအကြောင်းကြားထားပြီး၊ ယခုအမိန့်သည် တစုံတရာအပြောင်းအလဲမရှိပါက ၁ လ ကြာ အသက်ဝင်မည်ဖြစ်သည်ဟု ကျန်ဖိုင်းခရိုင်တာဝန်ရှိသူများထံမှသိရသည်။ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် ကုန်တင်ကုန်ချလုပ်ငန်း ကို ဦးဆောင် လုပ်ကိုင်ရန် ဇိုခေါထာကျေးရွာ(အိန္ဒိယဘက်ခြမ်း)မှ အဖွဲ့ ၂ ဖွဲ့အကြား အငြင်းပွားမှုပြသာ နာပေါ်ပေါက်လာသည့်အတွက် အလွယ်တကူ ပြသာနာဖြေရှင်းနိုင်မည့် အလားအလာမရှိ သည့်အပြင် အငြင်းပွားမှုပိုမိုကြီးထွားလမလာနိုင်စေရေးအတွက် မီဇိုရမ်ပြည်နယ်အစိုးရက ယခုကဲ့သို့ နှစ်နိုင်ငံကုန်သွယ်ရေး ခေတ္တရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ မီဇိုရမ်အစိုးရဘက်မှ အမိန့်ထုတ်ပြန်ပြီး ကုန်သွယ်ရေးရပ်ဆိုင်းမှုကြောင့် ကုန်တင် ကုန်ကျလုပ်ငန်းများ လုပ်ကိုင်နေကြသော မြန်မာဘက်ခြမ်းမှအလုပ်သမားများလည်း အခက်ကြုံနေကြရ သည်ဟု ရိခေါဒါရ်မြိ့ တီအိုချောင်းဒေသခံတစ်ဦးကပြောသည်။ “ဒီမှာက ကူလီထမ်းတဲ့ အလုပ်သမားတွေများတယ်လေ၊ ဒီဘက်ကနေ ဟိုဘက်ကမ်းကို ကုန်ပစ္စည်း တွေထမ်းပို့ပြီး ၀မ်းစာရှာနေကြတာလေ၊ ဟိုဘက်ခြမ်းက ပိတ်လိုက်တော့ ကုန်ပစ္စည်း အ၀င်အထွက်မရှိတော့ သူတို့တွေ အတွက် အလုပ်မရှိတော့ဘူးလေ’’ ဟု ဒေသခံကပြောသည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးအခြေစိုက်ရာ ဇိုခေါထာကျေးရွာတွင်ကုန်တင်ကုန်ချလုပ်ငန်း နှင့်ပတ်သတ်ပြီး ဒေသခံ အဖွဲ့အစည်း…

Read More