ချင်းပြည်နယ် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲကို လာမည့်အောက်တိုဘာလ ၈ ရက်နေ့တွင် ချင်းပြည်နယ်၏ မြို့ ၁၃ မြို့တွင် တပြိုင်တည်းကျင်းပပြုလုပ်သွားမည်ဟုသိရသည်။ မြို့ပေါင်း ၁၅ မြို့ရှိသည့် ချင်းပြည်နယ်တွင် စည်ပင်ရွေးကောက်ပွဲကို ကျီခါး၊ တွန်းဇံ၊ တီးတိန်၊ ရိခေါဒါရ်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်၊ ဆမီး၊ ပလက်ဝ၊ မင်းတပ်၊ မတူပီနှင့် ရေဇွာစသည့် မြို့ ၁၃ မြို့တွင် ကျင်းပမည်ဖြစ်ပြီး ခိုင်ကမ်း နှင့် လိုင်လင်းပီမြို့တို့ မှာ စည်ပင်ဖွဲ့စည်းမှု မပီပြင်သေးသည့်အတွက်ကြောင့် နောင်သင့်တော်သည့်အချိန်ကျမှသာ ပြုလုပ် သွားမည်ဟု စက်တင်ဘာ ၁၀ ရက်နေ့က ကျင်းပသော ချင်းပြည်နယ် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရသိရသည်။ ချင်းပြည်နယ်၏ မြို့စည်ပင်သာယာရေးကော်မတီကို တစ်မြို့လျင် ၇ ဦးစီဖြင့် ဖွဲ့စည်းမှာဖြစ်ပြီး ယင်းအနက် ၄ ဦးကို လူထုမှ တိုက်ရိုက် မဲပေးရွေးချယ်ကာ ကျန် ၃ ဦးမှာ ပြည်နယ်အစိုးရမှ တိုက်ရိုက်ခန့်အပ်မည်ဖြစ်သည်။ စည်ပင်သာယာရေး ကော်မတီဥက္ကဌအဖြစ် လူထု မှရွေး ချယ်သော ကိုယ်စားလှယ် ၄ ဦးထဲမှ တစ်ဦးဦးကို ကော်မတီဝင် ၇ ဦးမှ လျှို့ဝက်မဲဖြင့် ပြန်လည်ရွေးချယ်ကြမည် ဟုသိရသည်။ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် မဲဆန္ဒနယ် ၄ နယ်ပိုင်းခြားသတ်မှတ်မည်ဖြစ်ပြီး စည်ပင် ကော်မတီဝင် အဖြစ် ရွေးချယ်တင်မြှောက်ခံလိုသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်/မြို့ စည်ပင်သာယာရေး ရွေးကောက်ပွဲ ကြီးကြပ် ရေး အဖွဲ့ခွဲထံ…
Author: Editor
By ဆာလောင်း(မတူပီ) – “တောင်ပေါ်ခေါင်ရည်ချိုမြမြ တစ်ကျိုက်လောက်သောက်ရင်အမောပြေ၊ ဒါဟာလဲ ချင်းပြည် ရဲ့ ဓလေ့ တစ်ခုပါ” ဆိုပြီး အဆို တော် ဆလိုင်းသောနက ရေးစပ်သီဆိုခဲ့ဖူးသည်။ ဒါပေမဲ့လည်း မတူပီမြို့မှာတော့ သီချင်းထဲက ချင်းရိုး ရာ ခေါင်ရည်ဟာ အဘက် ဘက်သော ထိုးနှက်မှုတွေနဲ့ ရင်ဆိုင်ရလို့ အက်ကွဲစ ပြုလာပါပြီ။ ခေါင်ရည်ဟာ တကယ်တော့ ချင်းတိုင်းရင်းသားတို့ရဲ့ အမြတ်တနိုးထားခဲ့တဲ့ အမျိုးသားသင်္ကေတပါ။ ခေါင်ရည်ဟာ အရက် နွယ်ဝင် တစ်မျိုးဖြစ်ပြီး ကစော်ဖေါက်ထားသော ရိုးရာအရက်ဆိုလည်း မမှားပါဘူး။ အရောင်ကတော့ ခပ်နောက် နောက် အဖြူရောင် ဖြစ်ပြီး အရသာကတော့ ချိုမြိန်ပါတယ်။ ခေါင်ရည်ပြုလုပ်ရာမှာ ဆန်၊ ပြောင်းဖူး ဒါမှမဟုတ် ဆပ်နီ ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကိုယ်အသုံးပြုမယ့်အရာကို အအေး ခံ၊ ဖွဲကြမ်းနဲ့ ရောပြီး တဆေးထည့်၊ ပြီးရင် အဖုံးကို လေလုံအောင် ပိတ်ထားရပါတယ်။ ခေါင်ရည်ကို အများအားဖြင့် အ ရွယ်အစား မတူညီတဲ့ အိုးတွေနဲ့ ဖောက်တာဖြစ်ပြီး နှစ်ရှည်ထားချင်သူတွေကတော့ ဗူးသီးခြောက်ထဲ ထည့်၊ အ၀ကို ဗူးသီး ခြောက်နဲ့ ပြန်ဖုံးပြီး ပျားဖယောင်းနဲ့ လုံအောင်ပိတ်ထားရပါတယ်။ အမျိုးအစားအလိုက် ခေါင်ရည် သိပ်တဲ့နေရာမှာ တချို့ က သုံး၊ လေးလ နဲ့ ပြန်ဖောက်လေ့ ရှိသလို တချို့ကတော့ နှစ်နဲ့ချီပြီး ထားလေ့ရှိပါတယ်။ “ အခု အဘိုးက အသက် (၉၀) ရှိပါပြီ။ ငယ်ငယ်ကတည်းက ပွဲလုပ်တဲ့နေရာ…
ဆလိုင်းချင်းဖြူ( ပလက်ဝ) – မြန်မာပြည် ( အထူးသဖြင့် ရခိုင်ပြည်နယ် ) အား ဆူးငြောင့်ခလုတ်သ ဘွယ် နှောက်ယှက် ကလော်နေသော ပြသာနာ မှာ ဗုဒ္ဒဘာသာဝင် ရခိုင် နှင့် မူဆလင်ဘာသာဝင် ဘင်္ဂလီအကြား ဖြစ်ပွါးနေသော စစ်ရှည်တိုက်ပွဲမှ စတင်ခဲ့သည်ဟု ဆိုက မှားအံ့မထင်ပါ၊ မြန်မာအခေါ် ကုလား ဘင်္ဂလီတို့သည် ဘင်္ဂလား ပင်လယ်ကမ်းမြောင်ဒေသအပြင် အထက် မြန် မာပြည် တကောင်းအရပ်တွင်ပင် ထီးမြို့နန်းမြို့တည်ထောင်ခဲ့ပြီးဖြစ်ကြောင်း မြန်မာတိုင်းရင်းသားတိုင်း သိရှိထားပြီး လည်းဖြစ်သည်၊ တိဘက် – မြန်မာအနွယ်ဝင်တစ်ချို့ ( ကမ်းရံ၊ ပြူ၊ သက် ) များ မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန် မရှေးမနှောင်းတွင် ကပိလ၀တ်တိုင်း၊ ရာဇဂြိုဟ်ပြည်မှ အဘိရာဇာခေါ် ကုလားမင်းတစ်ပါးသည် မြန်မာနိုင်ငံ တ ကောင်းအရပ်တွင် တကောင်း မင်းဆက်ကို တည်ထောင်ခဲ့ပြီးဖြစ်ကြောင်း မြန်မာ့သမိုင်းကျမ်းအားလုံးက တညီတ ညွတ် အတည်ပြုနှင့်ပြီးလည်းဖြစ်သည်။ ထူးဆန်း အံ့သြဘွယ်ကောင်းသည်မှာ ထိုမြန်မာ့သမိုင်းကျမ်းအားလုံးအပြင် ရခိုင်ရာဇ၀င်ကျမ်းများ၊ ဗြိတိသျှ လက် ထက်ပြုစုခဲ့သော အဘိဓါန်ကျမ်း၊ စွယ်စုံကျမ်း၊ အစိုးရပြန်တမ်းနှင့် မှတ်တမ်းမှတ်ရာများအားလုံးတွင် ရိုဟင်ဂျာ တည်း ဟူသော ဝေါဟာရစကားလုံး တလုံးတလေမျှ မတွေ့ရှိခြင်းပင်ဖြစ်သည်၊ ရိုဟင်ဂျာနှင့်အနီးစပ်ဆုံး တွေ့ရှိရ သောဝေါ ဟာရစကားလုံးမှာမူ “ ဘူညာ ( ၀ါ ) စစ်တကောင်းသားများ”ဟူ၍ဖြစ်သည်။ ဤစကားလုံးအား Burma Gazetteer “ NORTHERN ARAKAN DISTRICT” ( OR…
မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်များအထဲမှ အဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက် မှုမရှိခြင်းသည် ငြိမ်းချမ်းရေး မရှိလို့ မဟုတ်ဘဲ အုပ်ချုပ်ရေးစနစ်ကြောင့်ဖြစ်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦး ဂင်ခမ်းလျံ (Gin Kam Lian) က ပြောပါသည်။ အဆိုပါ ကိစ္စကို နေပြည်တော် MICC II တွင် ကျင်းပသော ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယနေ့တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တီးတိန်မြို့မှ ရွေးချယ်ခံရ သော ဦး ဂင်ခမ်းလျံ က ပြောဆို ခဲ့ ခြင်းဖြစ်သည်။ “ငြိမ်းချမ်းရေးမရှိလို့ မဖွံ့ဖြိုးဘူးလို့ပြောတာ မဟုတ်နိုင်ဘူး၊ ချင်းပြည်နယ်မှာ ခုဆိုရင် ဘာမှ တိုက်ပွဲတွေမ ရှိဘူး ငြိမ်းချမ်းနေတယ်။ ကနေထိ မဖွံ့ဖြိုးတာဟာ အုပ်ချုပ်ရေးစနစ်ကြောင့်ဖြစ်တယ်။ အုပ်ချုပ်တဲ့သူတွေက ကျနော်တို့ ချင်းပြည်နယ်ကို ချန်ထားခဲ့လို့ မဖွံ့ဖြိုးတာပါ” ဟု ၎င်းက ခိုနုမ်းသုန်သတင်းဌာနသို့ ပြောသည်။ လက်ရှိ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက်ဆိုလျှင် အဓိက နိုင်ငံရေးစနစ်ပြောင်းပြီး ဖက်ဒရယ်ပုံစံ နှင့်သွားပြီးမှ ပြည်နယ် အစိုးရကကို လုပ်ပိုင်ခွင့်ပါဝါပေးထားမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း လက်ရှိအခြေအနေ မှာ ဗဟိုကပေးသမျှကိုသာ မှီခိုနေရတယ့် အနေအထားမျိုးဖြစ်နေ၍ ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ယင်းကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး လက်ထောက်အထွေထွေအတွင်းရေးမှူး (၂) ဦးခွာအုပ်လျံ (U Khua Uk Lian) ကလည်း လက်ရှိ ချင်းပြည်နယ်၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ရာခိုင်နှုန်းအားဖြင့် ထူးထူး ထွေထွေပြောစရာမ…
ဦးဝုန်ငါ (ချင်းသမိုင်းသုတေသီ-ပလက်ဝ) – (မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံ အစည်းအဝေးတွင် ပလက်ဝကို ချင်းဝိသေသတိုင်းထဲသို့ ပေးလိုက်ရသည်ဆိုသောရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၏ ပြောဆိုခဲ့မှုအပေါ် ဇူလိုင်လ ၃၁-ရက်နေ့ ၌ ချင်းတိုင်းရင်းသား လူငယ်များက ကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ထားသည်) အထက်ပါ စာပိုဒ်ကို မီဒီယာသတင်းမှဖတ်မိခဲ့ရာ စိတ်မကောင်းမိပါ၊ အဘယ်ကြောင့်ဆိုသော် ကျတော် သည် ပလက်ဝ နယ်တွင် မွေးဖွားကြီးပြင်းလာပြီး သမိုင်းမှတ်တမ်းများအား လေ့လာခဲ့ဖူးခြင်းကြောင့်ပင်၊ ဒေါက်တာအေးမောင် ပြောဆိုလိုက်သည့် နှုတ်ခွန်းသည် လုံးဝဥဿုံ မှားယွင်း နေခြင်းကြောင့် ၄င်းအမှားမျိုး နောက် ထပ် မပေါ်ပေါက်လာစေရန် ရည်ရွယ် တင်ပြသွားပါမည်၊ မည်သူတို့က ဤဟာကို မည်သူတို့အား ပေးလိုက်သည် ဟူသော အသုံးအနှုန်း သည် ကြားသူ၊ နာသူအဖို့ ကသိကအောင့်ဖြစ်စေနိုင်သည့် စကားဖြစ်သည်၊ အမှန်မှာ ပလက်ဝနယ်ရှိပြည်သူများဆန္ဒအရသာ ပလက်ဝခရိုင်သည် ချင်းတောင်တန်းနှင့် ပူးပေါင်းပြီး ချင်းဝိသေသတိုင်းပေါ် ထွန်းလာသည်၊ ဗြိတိသျှခေတ်တွင် ချင်းဝိသေသ တိုင်းမရှိခဲ့သေးချေ၊ ဤအချက်ကို ကြပ်ကြပ်သတိထားကြရအောင်။ ပြည်ထောင်စု မြန်မာနိုင်ငံ မည်သို့ ဖြစ်ထွန်းလာခြင်းသည် ဗမာ ပြည်မ ( Burma Proper ) နှင့် တောင်တန်းဒေသ များ ( Frontier Area ) ရှိ တိုင်းရင်းသားတောင်တန်းကိုယ်စားလှယ်များ၏ သမိုင်းဝင်ပင်လုံ သဘောတူစာချုပ် ကြောင့်ဟု ဆိုရပါမည်၊ အလားတူစွာပင် ယခင် ရခိုင်တောင်တန်းခရိုင်ခေါ် ပလက်ဝခရိုင်နှင့် ချင်းတောင်တန်းခရိုင်တို့ ပူးပေါင်းလိုက်ရာမှ ချင်းဝိသေသတိုင်း ပေါ်ပေါက်လာခြင်းဖြစ်သည်၊ အထူးသတိပြုရမည့်အချက်မှာ…
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန် မဖြစ်နိုင်ကြောင်း အများပြည်သူ လိုလားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး လုပ်ရမည်ဟု ချင်းအမျိုးသားတပ်ဦး ကိုယ် စား လက်ထောက်အထွေထွေ အတွင်းရေးမှူး (၂) U Khua Uk Lian က ပြောဆိုခဲ့သည်။ ၂၁ ရာစု ပင်လုံညီလာခံက နိုင်ငံရေးအရ သဘောတူညီချက်တစ်ခုထွက်လာရန် ၎င်းသဘောတူညီချက်အပေါ်မှာ ဖွဲ့စည်းပုံ အသစ် ရေးဆွဲမှသာ အများပြည်သူလိုလားသည့် အစိုးရ၊ အများပြည်သူလိုလားသည့် ပါလီမန် ဖြစ်လာနိုင်မှာ ဖြစ်သည်ဟု သူကဆိုသည်။ “၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ လူစုတစ်စုအတွက် အဓိကဦးတည်ရည်ရွယ်ပြီးတော့ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်တယ်။ အလွှာပေါင်းစုံသော ပြည်သူလူထုကို ဦးတည်ပြီး ဗဟိုပြုပြုပြီး ရေးဆွဲတဲ့ ဖွဲ့စည်းပုံမဟုတ်ဘူး။”၎င်း ကဆိုသည်။ လက်ရှိလွှတ်တော်များသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာသာ ရှိနေသေး၍ လွှတ်တော်အတွင်း မှ ပြင်ဆင်ရန် ဖြစ်နိုင်မည်မထင်ကြောင်း ယင်းဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူလူထုအတွက် ရေးဆွဲထားခြင်းမဟုတ်ဘဲ၊ လူတစ်စု၊ လူတစ်ဖွဲ့အတွက် ရည်ရွယ်ပြီး ရေးဆွဲသော ဥပဒေဖြစ်သည့်အတွက် ယခုလက်ရှိဖွဲ့စည်းပုံဥပဒေ မှာ ပြည်သူလူထု အတွက် မျော်လင့်စရာမရှိကြောင်း ဆက်လက်ပြောဆိုပါသည်။ “၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်စကားလုံးသုံးရင်သုံး၊ အသစ်ရေးဆွဲမယ်ဆိုတဲ့စကားလုံး သုံးရင်သုံး ဘာဘဲသုံးသုံး အများပြည်သူလိုတားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ရမယ်။” ၎င်း ကဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီ အထွေထွေအတွင်းရေးမှူး U Gin Kam Lian က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာ ဖက်ဒရယ် ရှိလာနိုင်မှာဖြစ်ကြောင်း နှင့်…
တိုင်းပြည်ငြိမ်းချမ်းရန်အတွက် ပြည်သူလူထုအနေနှင့် သက်ဆိုရာအဖွဲ့အစည်းများမှာ ပံ့ပိုးပါဝင်ပေးခြင်းသည်လည်း အဓိကကျ သည့်အကြောင်းအရာဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး လက်ထောက်အထွေထွေ အတွေးရေးမှူး (၂) Pu Khua Uk Lian က ပြောကြားသည်။ “တိုင်းပြည်ငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ဟာက အဖွဲ့အစည်းတွေ၊ အစိုးရတွေထဲနဲ့မပြီးဘူး၊ ပြည်သူလူထုကြီးပါ မှဖြစ်တယ်။ ခုဆိုရင် အဖွဲ့အစည်းတွေရဲ့ အခြေခံရပ်တည်ချက်၊ အသံတွေက တူနေတယ်၊ အဲဒီတူညီနေတဲ့ အပေါ်မှာ ပြည်သူ လူထုက လည်း ပံ့ပိုးပြီးတော့မှ ငြိမ်းချမ်းရေး အမြန်ဆုံးရနိုင်အောင် သက်ဆိုင်ရာအဖွဲ့အစည်း၊ သက်ဆိုင်ရာလူမျိုးတွေမှာ ပါဝင်ပေးကြပါ” ဟု ၎င်းက တိုက်တွန်းပြောဆိုခဲ့သည်။ သမိုင်းဝင် ၂၁ ရာစု ပင်လုံညီလာခံကြီးသည် ပြည်တွင်းငြိမ်းချမ်းရေးကို အောင်အောင်မြင်မြင် ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ အဖွဲ့အစည်းအသီးသီးကို သက်ဆိုင်ရာ ပြည်သူလူထုအနေနှင့် ပံ့ပိုးကူညီအားပေးကြရန် အဖွဲ့အစည်းနှင့်ပြည်သူ တထပ်တည်းအသံထွက်မှ ငြိမ်းချမ်းရေးကို အလျှင်မြန်ဆုံးရနိင်မည်ဟု ၎င်းကဆက်ပြောကြားသည်။ ၂၁ ရာစု ပင်လုံညီလာခံကြီး၌ ဖတ်ကြားတင်သွင်းသမျှသောစာတမ်းများအရ ၉၅ ရာခိုင်နှုန်းသောစာတမ်းမှာ တူညီနေ သဖြင့် နောက် လုပ်ရမည့် လုပ်ငန်းများအပေါ် လွယ်ကူစေမှာဖြစ်ပြီး ပြည်သူလူထု၏ ပံ့ပိုးအားပေးမှုကလည်း အရေးကြီးလာမည်ဟု သုံးသပ် မိကြောင်း Pu Khua Uk Lian က ခိုနုမ်းသုန်သတင်းဌာနသို့ ပြောပါတယ်။ “စာတမ်းတွေ သိပ်ကွဲမယ်ဆိုလို့ရှိရင်တော့ စုစည်းဖို့မလွယ်ဘူး၊ အခုတော့ ၁၀၀ မှာ ၉၅ ရာခိုင်နှုန်းက စုစည်းပြီးသားဖြစ်နေတယ်။ အဲဒါက ကျနော်တို့ ညီလာခံရဲ့အမြတ်ဖြစ်တယ်” ဟု မှတ်ချက်ပြုပြောဆိုသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ကို က်မှတ်မရေးထိုးသေးတဲ့အဖွဲ့များအနေဖြင့် လက်မှတ်ရေးထိုးရန် အတွက် ဆိုလျှင် တပ်မတော်၏ သဘောထား ပျော့ပျော့ပြောင်းပြောင်းရှိရန် လိုအပ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော်က အကြံပြုတိုက်တွန်လိုက်သည်။ အဆိုပါကိစ္စကို နေပြည်တော် MICC II တွင် ကျင်းပသော ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့တွင် ဦးထွန်းဇော်က ခိုနုမ်းသုန်သတင်းဌာနကို ပြောကြားခြင်းဖြစ်သည်။ “NCA ကို လက်မှတ်ရေးထိုးနိုင်ဖို့ဆိုရင် တပ်မတော်ရဲ့ သဘောထား ပျော့ပျော့ပြောင်းပြောင်းနဲ့ရှိမယ်ဆို ရင်တော့ ကျနော်တို့က ဖြစ်နိုင်တယ်။ တပ်မတော်ရဲ့ သဘောထားက တရားသေပုံစံမျိုး စုပ်ကိုင်ထားတယ်၊ NCA ကို ထိလို့မရဘူးဆိုတဲ့ ပုံစံမျိုးရှိတယ်။ ကျနော်တို့ ပြောနေတာက NCA ကို ထိလို့မရဘူးဆိုရင် NCA ကို ကျော်မယ့်နည်းလမ်း ဘယ်လိုရှာမလဲ၊ နည်းလမ်းရှာဖို့အတွက် ကျနော်တို့ဘက်က အချက် ၈ ချက်ပါတဲ့ အဆိုပြုချက်မူ ပေးထားပြီဖြစ်တယ်။ အဲဒါကို ဆက်ညှိဖို့လည်းရှိတယ်။ အဲဒီနည်းလမ်းနဲ့တော့ ကျနော်တို့ ဆက်လက်ပြီးတော့ နည်းလမ်းရှာမှာပေါ့” ဟု ၎င်းက ပြောဆိုသည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်မထိုးသေးသောအဖွဲ့များကို NCA လက်မှတ်ရေး ထိုးလာအောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကြိုးမမ်းဆောင်ရွက် ပေးနိုင်မယ် လို့ ယုံကြည်ကြောင်း ကလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အေးအေးမူ (ခ) ရှားမီး…
ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဆောက်ထားကြသော လူနေအိမ်များ ကို ပြည်နယ် အစိုးရက မြေထိုးစက်ကြီးများဖြင့် ယနေ့ ဖြိုချဖျက်ဆီးခဲ့သည်။ ချင်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်၏ ဦးဆောင်မှုဖြင့် အင်အား ၁၀၀ ခန့်ရှိသော ချင်းပြည်နယ်နှင့် ကလေးခရိုင်ရဲတပ်ဖွဲ့တို့မှ မြေထိုးစက် (JCB) စက်ကြီး ၄ လုံးဖြင့် ယနေ့နံနက်ပိုင်း ၆ နာရီကစတင်ပြီး လူနေအိမ် ၃၀၀ ကျော်ကို ဖြိုချဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။ ပြည်နယ်အစိုးရအနေဖြင့် အဆိုပါ ဆီးယင်းသစ်တောကြိုးဝိုင်း အမှတ် (၁၄၄) တွင် နေထိုင်သူများအား ၂ ကြိမ်သတိပေးပြီး ဖြစ်သော် လည်း ပြောင်းရွှေ့ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ချင်းပြည်နယ်သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ် ကပြောသည်။ “ပြည်နယ်အစိုးရရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်၊ warning (သတိပေးချက်) ၂ ခါပေးပြီးပြီ၊ ၇ ရက်နေ့ ၈ လပိုင်း ကပေး ပြီးပြီ၊ နောက်ပြီးတော့ ၂၂ နေ့နောက်ဆုံး ထပ်ပေးတာလေ၊ ကိုယ့်ဟာကိုဖျက်သွား ရင်ပြသနာမဖြစ်ဘူးလေ၊ မဖျက်တော့ ဒီစီမံခန့်ခွဲမှုနည်းနဲ့ ဆုံးဖြတ်တာပဲ’’ ဟု ၀န်ကြီးကပြောသည်။ နေအိမ်များဖျက်ဆီးခံရသည့် ဒေသခံပြည်သူများသည် အနီးရှိ စီးစံကျေးရွာနှစ်ခြင်းဘုရားကျောင်းဝန်းအတွင်း ၀င်ရောက် ခိုလှုံကြရသည်။ တစ်ချို့မှာလည်း ဆွေးမျိုးအသိုင်းအ၀န်းထံသို့ သွားရောက်ခိုလှုံသူများလည်းရှိ သည်ဟု သိရသည်။ “ကျနော်တို့ကို အစိုးရက ဒီမှာမနေဖို့ အမြန်ဆုံးပြောင်းရွှေ့ကြဖို့ သတိပေးပါတယ်၊ ဒါပေမယ့် ကျနော်တို့မှာ တခြားနေစရာ မှမရှိတာ ဘယ်မှာ သွားနေရမှာလည်း၊ အစိုးရကို မလေးစားလို့ ၊ အာခံတာလည်းမဟုတ်ပါဘူး၊ ဒီမှာနေကြတဲ့သူတွေဟာ တခြားမှာနေစရာ…
လေးစားအပ်ပါသော သဘာပတိကြီး နှင့် တကွ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံ ပထမ အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်အပေါင်းတို့ ခင်ဗျား – ကျတော်ကတော့ ချင်းအမျိုးသားတပ်ဦးရဲ့ ဒုတိယ ဥက္ကဌ (၂) ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်းဖြစ်ပါတယ်၊ ကျတော်တို့ ချင်းလူမျိုးများဟာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုကြီးကို စတင် ထူထာင်တဲ့ ပြည် ထောင်စု ပိုင်ရှင် တိုင်းရင်းသားလူမျိုးဖြစ်ပါတယ်၊ နယ်ချဲ့ ဗြိသိသျှ အစိုးရက ချင်းပြည်ကို ၁၈၉၆ ခုနှစ်မှာ သိမ်းပိုက်အုပ်ချုပ်တဲ့ အချိန်အထိ ကျနော်တို့ ချင်းလူမျိုးများ ဟာ သီးခြား လွတ်လပ်တဲ့ လူမျိုးတမျိုးဖြစ်ခဲ့ပါတယ်၊ မည်သည့် လူမျိုးရဲ့ တိုက်ခိုက် သိမ်းပိုက် ကျွန်ပြုခြင်းကို တခါမှ မခံခဲ့ရသော လွတ်လပ်တဲ့ လူမျိုးများအဖြစ် သမိုင်းတလျှောက် ရပ်တည် ရှင်သန်ခဲ့တဲ့ လူမျိုးဖြစ်ပါတယ်၊ ဗြိတိသျှကိုလိုနီခေတ်တလျှောက်လုံးမှာလည်း ချင်းပြည်ကို ချင်းလူမျိုးများအတွက် သီးခြားရေးဆွဲပြဌာန်း ခဲ့တဲ့ ဖွဲ့စည်း ပုံ အခြေခံဥပဒေ ၁၈၉၆ Chin Hills Regulation Act အရသာ သီးခြားအုပ်ချုပ်ခဲ့ပါတယ်၊ ချင်းလူမျိုးများ ကို ဗြိတိသျှ နယ်ချဲ့အစိုးရက သီးခြားအချိန်မှာ သီခြား တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ အတွက် ကိုလိုနီခေတ် အကုန် မှာလည်း သီးခြား လွတ်လပ်ရေးရယူပြီး သီးခြား ချင်းအမျိုးသားနိုင်ငံတော်ကို ပြန်လည်ထူထောင်ခွင့်ရှိ ခဲ့ပါတယ်၊ ဒါပေမဲ့ ကျတော်တို့ချင်းလူမျိုးများဟာ သမိုင်းပေးတဲ့ အခွင့်အရေးကို…
