အမှတ် (၂) ပညာရေးဦးစီးဌာန လက်အောက် ၂၀၁၂- ၂၀၁၃ ခုနှစ် ပညာသင်နှစ်တွင် ချင်းပြည်နယ် မှ ၁၆. ၅၂ ရာခိုင်နှုန်း ( (၁၂၃၂ ဦး ) ၁၀ တန်းအောင်မြင်သော်လည်း တပြည်လုံး တွင် အောင်ချက် အနိမ့်ဆုံးဖြစ်နေသည်ဟု သိရ သည်။ ဇွန်လ (၈) ရက်နေ့ တွင် ကြေညာခဲ့သော ၂၀၁၃ခုနှစ် တက္ကသိုလ် ၀င်အောင်စာရင်းတွင် မွန်ပြည် နယ်သည် အောင်ချက် ၄၇.၃၈ ရာခိုင်နှုန်းဖြင့် ပထမ နေရာရရှိပြီး ကချင်ပြည် နယ် ၄၃.၇၉ ရာခိုင်နှုန်း ဖြင့် ဒုတိယနေရာ ရရှိကာ မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည် နယ်ဖြစ်သည့် ချင်းပြည်နယ်သည် အောင်ချက် ၁၆.၅၂ ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးဖြစ်နေကြောင်း သိရသည်။
Author: Editor
Zosuan Tuailai Khawmpi ဟုခေါ်သော ပထမဆုံးအကြိမ် ဇိုမီး(ချင်း) လူငယ်များ ညီလာခံကို ချင်းပြည်နယ် တီးတိန်မြို့ ရာပြည့် ခန်းမတွင် ယခုလ ၅ ရက်နေ့မှ စတင် ကျင်းပကြသည်။ ဇွန်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ယင်းညီလာခံကို စင်္ကာပူရောက် ဇိုမီး(ချင်း)လူမျိုးများ နှင့် တီးတိန်မြို့ဇိုမီးလူငယ်များအဖွဲ့က အဓိက ဦးဆောင်ကျင်းပ ခဲ့ကြခြင်းဖြစ်သည်။
ဒိန်းမတ်အစိုးရမှ ချင်းပြည်နယ်ရှိ အစိုးရအထက်တန်းကျောင်းတိုင်းတွင် ကွန်ပျူတာ၊ အင်တာနက် တပ်ဆင်ရန် တရားဝင် လက်မှတ်ထိုးလိုက်ပြီဖြစ်သည်။ ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ် နှင့် စီအဲန်အက်ဖ် ပါတီအထွေထွေအတွင်းရေးမှူးချုပ် (၃) ဒေါက်တာရွှေခါးတို့မှ ဘန်ကောက်မြို့တွင် နှစ်ဖက်လက်မှတ်ထိုး လိုက်ခြင်းဖြစ်သည်။ ယခုနှစ် ပညာသင်နှစ်တွင် စတင် အကောင်အထည်ဖော်နိုင်မည်ဟု သိရသည်။ တန်ဖိုးအားဖြင့် ဒိန်းမတ် ငွေCr. 5000000 ( USD 800000) ထောက်ပံ့မည်ဖြစ်ပြီး အစိုးရနှင့် စီအဲန်အက်ဖ်အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း စီအဲန်အက်ဖ်၏ လူထုတွေ့ဆုံပွဲ အတွက်လည်း ပါဝင် မည်ဖြစ်သည်ဟု ဒေါက်တာရွှေခါးက ပြောသည်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ တနင်္ဂနွေနေ့က လူငယ် ၄ ဦးမှ တုတ်ဖြင့် ဦးခေါင်းတွင် ရိုက်နှက်ထားသော အသက် ၁၈ နှစ် အရွယ် ဆယ်တန်းကျောင်းသား တဦး ယနေ့အထိ သတိမရသေးကြောင်း သိရသည်။ ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီရွာတွင် မရာဧ၀ံဂေလိအသင်းတော်မှ သိက္ခတော်ရဆရာတော် ဦးရွှေတလုံး၏ တတိယမြောက်သား တေခူး ဆိုသူသည် လူငယ် ၄ ဦးမှ တုတ်ဖြင့် ဦးခေါင်း၊ ခါး ၊ ကျောရိုး၊ နဖူး တွင် (၄) ကြိမ် ရိုက် နှက်ကြရာ လူငယ်သည် ဆေးရုံတွင် ယနေ့အထိ သတိမရသေးကြောင်း ဒေသခံတဦးက ပြောသည်။
ဇလပ်ထက်နီ – ၁၀၂ မိုင် ဝေးသည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ မတူပီမြို့အကြား ကားနှစ်စီး ရှေ့ဆင့်နောက်ဆင့် ပြေးနေသည်။ ချင်းအမျိုးသားတပ်ဦးသည် အနာဂါတ်ပြည်ထောင်စု ဖွဲ့စည်း တည်ဆောက်ရေးဆိုင်ရာ လူထု သဘောထား စစ်တမ်း ကောက်ယူဖို့အတွက် ၂၀၁၃ ခုနှစ် ဧပြီလ နောက်ဆုံးပတ်ကတည်းက ချင်း ပြည်နယ်တောင်ပိုင်း ခရီးစဉ် ကို စ တင်ခဲ့ကြ ရာမှာ ကျတော်သတင်း မှတ်တမ်းအတွက်ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။ မိမိသည် ပူ့းထန်ယဲန်း၊ ဒေါက်တာလျန်မှုန်း ဆာခေါင်းတို့ နှင့်အတူ နောက်ကားနဲ့ ပါလာတယ်၊ ရှေ့ကားကို ပူး ပေါလ်ဆီထာ က ဦးဆောင်လျက်ပေါ့၊ မတူပီမြို့ကို သွားဖို့ မင်းတပ်ကနေ နံနက် ၇ နာရီတိတိမှာ ခရီးစထွက်လာခဲ့ကြတယ်၊ အဖွဲ့ဝင် အားလုံး (၈) ဦးပေါ့၊ လမ်း တလျှောက်မှာ စိမ်းစိုနေတဲ့ တောအုပ်တွေတွေ့ရသလို ၀သုန်မိုးဦးလေကြောင့် ရနံ့သင်းနေတဲ့ ထင်းရူးတောနဲ့ အတူ တောင်ဇလပ်နဲ့ချယ်ရီပင်တွေအစီအရီနှင့် ကြည်နူးစရာကောင်းလှပါတယ်။ ပင်လယ်ရေမျက်နှာပြင် ပေ ၄၀၀၀ အထက် လှပတဲ့သဘာဝတောတောင်တွေအကြား အေးစိမ့်စိမ့် ရာသီဥတုဟာ ကျနော်တို့ အဖွဲ့သားအားလုံးအတွက် မဆန်း တော့ ပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ကတည်းက မမြင်မတွေ့ရတော့တဲ့ဒေသဟာ ခုနေတခါ ပြန်တွေ့ရတော့လည်း အားလုံးရဲ့ စိတ်အစဉ်မှာ တမျိုးစီ ခံစားကြရတာပေါ့။
အရေးဆိုမယ်လုပ်တော့လည်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖတွေက တပ်မတော် နှင့် ပြသာနာ မဖြစ်သင့်ကြောင်း တားနေတဲ့ကြားက ဒီစာကို ရေးလိုက်ရတာပါ၊ ကျမက ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီရွာသူပါ၊ လိုင်လင်းပီမှာ က တပ်စခန်း၊ ရဲစခန်း၊ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ဆက်သွယ်ရေး ကြေးနန်း ဆိုပြီး အစိုးရ ဌာနဆိုင်ရာတွေရှိတဲ့ နေရာပါ၊ မရာဒေသမှာ အကြီးဆုံးရွာပေါ့၊ နောက် မရာဧ၀ံဂေလိအသင်းတော် ဌာနချုပ်ထားရှိရာနေရာလည်းဖြစ်တယ်၊ အိန္ဒိယ – မြန်မာနယ်စပ်မှာပါ၊ အဲဒီထဲက တပ်စခန်းမှာ ခလရ ၁၄၀ က တာဝန်ကျပါတယ်၊ တပ်ရင်းမှူးက ဗိုလ်မှူး ရန်နောင်စိုးပေါ့၊ အဓိက ကျမ ဗိုလ်မှူး ရန်နောင်စိုးကို ပြောပေးစေချင်တယ်၊ လိုင်လင်းပီ မှ ၅ မိုင်ခန့်အကွာ အာရူရွာ အသွား ကားလမ်းဘေးမှာ လိုင်လင်းပီရွာသား တွေဟာ ဥယာဉ်ခြံ (၄) ခြံလောက် လုပ်ကြပါတယ်၊ ဆိတ်၊ မုံညင်း၊ ကော်ပီထုပ် နှင့် အခြား သီးနှံတွေ စိုက်ကြပါတယ်၊ အဲဒါကို ခြံပိုင်ရှင်တွေ မရှိတဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ တပ်ထဲက ရဲဘော်တွေဟာ ခြံထဲကက ဆိတ် နဲ့ စိုက်သီးနှံတွေကို ခိုးလေ့ရှိပါတယ်၊ အထူးသဖြင့် ယခုနှစ် ဧပြီလ ကတည်းက ပိုဆိုးလာကြတယ်၊ ကျမတို့ လိုင်လင်းပီအပါအ၀င် မရာဒေသခံတွေဟာ အစာရေစာပြတ်လပ်နေတာ အနည်းဆုံး (၆) နှစ်လောက်ရှိပြီနော်၊ အဲဒီခြံပေါက်တိရိစ္ဆာန်တွေ၊ အသီးအနှံတွေကို ရောင်းပြီး တဖက်တလမ်းက ၀င်ငွေရှာကြတဲ့ သူတွေပါ၊ အဲဒါကိုမှ…
နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာ ၁၅၀ ခန့်  ခွဲစိတ် ကုသရန် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ဘက် မဏိပူရ ပြည်နယ် Imphal မြို့ တွင် အခြေစိုက် သည့် Shija Hospital and Research Institute (SHIJA) မှ ၁၂ ဦးပါဝင်သည့် အဖွဲ့  သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းသို့  မနေ့ က ထွက် ခွာခဲ့ကြသည်။ အမေရိကန်နိုင်ငံ Smile Train Inc နှင့် SHIJA တို့ ကပူးတွဲစီစဉ်သည့် အဖွဲ့ ကို မဏိပူရပြည်နယ် ဒုတိယ ၀န်ကြီးချုပ် G Gaikhangam နှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး K Govindas တို့ က ဦးဆောင် ပြီး ထွက်ခွဲခဲ့ကြကြောင်း ယမန်နေ့  ထုတ် The Time of India သတင်းစာ တွင် ဖေါ်ပြထားသည်။
မေလ ၂၀-၂၁ ရက်နေ့ ရန်ကုန်မြို့ ၊ ကန်တော်ကြီး ဟိုတယ်ဖြစ်သည့် Place Hotel တွင် ကျင်းပပြု လုပ်သည့် ဒုတိယ အကြိမ် မီဒီယာညီလာခံတွင် တိုင်းရင်းသားမီဒီယာများ တက်ရောက်မှု နည်း ပါးပြီး တိုင်းရင်းသား မီဒီယာကိစ္စ ဆွေးနွေးမှုလည်း မရှိကြောင်း သိရသည်။ “ဒီညီလာခံမှာ တိုင်းရင်းသား မီဒီယာကိစ္စဆွေးနွေးဖို့  တခုတလေမှ မပါပါဘူး၊ အဲဒါကြောင့် တိုင်း ရင်းသား မီဒီယာကိစ္စကိုလည်း မဆွေးနွေးဖြစ်ဘူး” ဟု ခိုနူမ်းထုန်သတင်းဌာနမှ အယ်ဒီတာဖြစ်သူ ကိုဆန်းသဲ ကပြောသည်။
စစ်တပ်၊ ရဲနှင့် အစိုးရအရာရှိ တချို့  ပါဝင်ပတ် သက်သည် ဟု ယူဆရသည့် Pseudoephedrine ဆေးပြား အခွံကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် Moreh မြို့  ရှိ မြစ်တခုကို တမိုင် နီးပါးခန့်  ဖုံးလွှမ်း လျက်ရှိ သည်ကို တွေ့ ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ အတွင်းရှိ pharmaceutical ကုမ္ပဏီများမှ ထုတ်လုပ်သော ယင်းဆေးပြား များကို အိန္ဒိယ နိုင်ငံ အနှံ့ မှ သယ်ယူကြပြီး အမှတ် (၂) အိန္ဒိယ- မြန်မာ ကုန်သွယ်ရေး လမ်းမှ တဆင့် မြန်မာနိုင်ငံ ဘက်သို့  တင်ပို့ လျက်ရှိကြောင်း ၂၀၁၃ခုနှစ် မေလ (၁၇) ရက်နေ့ ထုတ် The E-Pao အင်တာ နက် စာမျက်နှာတွင် ဖေါ်ပြထားသည်။
မီဇိုရမ်ပြည်နယ်ရှိ မြန်မာနိုင်ငံသား အများစုနေ ထိုင်သည့် ရပ်ကွက်ဖြစ်ကြသော Rangvamual နှင့် Phunchawng ရပ်ကွက်ရှိ မိသားစုအိမ်ခြေ ၁၂၀ ကျော်ကို Central Young Mizo Association (CYMA) မှ မောင်းထုတ်ခဲ့သည်။ ဧပြီလကုန်ပိုင်းကတည်းက မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံး NGO ဖြစ်သော CYMA တာဝန်ရှိ သူ များနှင့် အိမ်ရှင်များဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေး ချက်အရ တရားမဝင်နေထိုင် သူ နိုင်ငံခြား သား များအပါအဝင် အရက်ချက်လုပ်ငန်းများတွင် လုပ်ကိုင်နေသော မိသားစုများကို မေလ ၁၅ ရက်နေ့ မတိုင်ခင် ရပ်ကွက်မှ ထွက်သွားရန် အသိပေးထားပြီဖြစ်ကြောင်း ယနေ့ ထုတ် The Aizawl post သတင်းစာတွင် ဖေါ်ပြထားသည်။