Author: Editor

အိန္ဒိယ – မြန်မာနယ်စပ်အခြေစိုက် ချင်းလူငယ်တစုက ဖွဲ့စည်းထားသည့် Network for Chin Community Development ( NCCD) အဖွဲ့က ချင်းလူထုဖွံ့ဖြိုးရေးဆိုင်ရာနှင့် ပါတ်သက်ပြီး အချက်လေးချက်ကို ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့က အစိုးရထံ တောင်းဆိုလိုက်သည်။ ( NCCD) အဖွဲ့က ချင်းလူထု ဖွံ့ဖြိုးရေး ဆွေးနွေးပွဲကို ၂၀၁၃ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှ စပြီး ချင်းပြည်နယ်တီးတိန်မြို့နယ်၊  ထန်တလန်မြို့နယ် ၊ ပလက် ၀မြို့နယ် များတွင် ကျင်းပပြု လုပ်နိုင်ခဲ့ကြရာမှ အချက်လေးချက်ကို ဖော်ထုတ်ပြီး တောင်းဆို လိုက်ခြင်းဖြစ်သည်။

Read More

မတူပီအထက ၁ က စာရေးကြီးက ကျောင်းပြောင်းလက်မှတ် ဖိုး တောင်းနေပါတယ် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနဖြစ်ဖြစ် တာဝန်ရှိသူတွေဖြစ်ဖြစ် သိစေဖို့ ဒီစာကို  တင်ပြပေးရန်ဖြစ်ပါတယ်၊ ကျတော် က ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဟာလ်တူး ရွာက  မိဘပြည်သူ တဦးပါ၊ ကျတော်တို့ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ် ပညာရေးမှူးရုံးက ရုံးစာရေးကြီး ဦး သိန်းဘူဟာ ၂၀၁၂- ၂၀၁၃ ပညာသင်နှစ်အတွင်း မတူပီ မြို့ပေါ် အထက (၁) မှာ ပညာသင်ယူပြီး ၂၀၁၃ – ၂၀၁၄  ပညာသင်နှစ်တွင် တခြား ကျောင်း သို့ ပြောင်းရွှေ့လိုတဲ့ ကျောင်းသားတွေအပေါ် ကျောင်းပြောင်းလက်မှတ်ထုတ်ပေးရာမှာ ငွေတောင်းနေပါတယ်၊ အဆိုပါ စာရေးကြီးဟာ ယခုလို ကျောင်းပြောင်းလက်မှတ်ထုတ်ပေးခ တောင်းတဲ့နေရာမှာ လက်ငင်းပေးနိုင်သူတွေကို ချက်ချင်းထုတ်ပေးပြီး ခရီးဝေးကနဲ့လာပီး ကျောင်းပြောင်းလက်မှတ်လာတောင်းသူတွေကို ခင်ဗျာ ဒုက္ခရောက်နေပါတယ်၊ နယ်ကျောင်းသား တွေခင်ဗျာ ရပ်ဝေး က နေ ဆိုင်ကယ်ငှား စရိတ်၊ မြို့ပေါ် စားစရိတ်နဲ့ အင်မတန်မှ အခက်ကြုံနေရတယ်၊ တကယ်တော့ ပညာရေးဝန်ကြီးဌာနက ကျောင်းပြောင်းလက်မှတ် ထုတ်ပေးရာမှာ မည့်သည် အခကြေးငွေ မျှ လုံးဝမယူဖို့ အောက်ခြေ ပညာရေးဌာနအဆင့်ဆင့်ကို ညွှန်ကြားထားခဲ့တာ ကြာခဲ့ပါပြီ၊  ဒီစာရေးကြီးရဲ့ လုပ်ရပ်ဟာ အထက်လူကြီးတွေ ခွင့်ပြုချက်ဖြစ်ချင်လည်း ဖြစ်မယ်၊ အကြောင်းကတော့ ကျောင်းပြောင်းလက်မှတ်ဆိုတာ ကျောင်းအုပ်ကြီးရဲ့ လက်မှတ် ပါမှ သာ ထုတ်ပေးလို့ရတာကလား၊ တခုရှိတာက…

Read More

ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့က India နိုင်ငံ Assam ပြည်နယ်၊ Kachar ခရိုင်မြို့တော် Shillong မြို့အနီးတွင် မြန်မာနိုင်ငံသား ချင်းလူမျိုး ခရီးသည် သုံးဦး ဒမြ အဖွဲ့၏ လုယက်ခြင်းခံရသည်ဟု သိရသည်။ ဖြစ်စဉ်မှာ ချင်းလူမျိုးသုံးဦးတို့သည် ဒေလီကနေ ချင်းပြည်နယ်သို့ အပြန် ဇူလိုင် ၁၀ ရက် အိနိယ စံတော်ချိန် နံနက် ၃း၀၀ နာရီခန့်မှာ ဒမြ အဖွဲ့တဖွဲ့က ၄င်းတို့စီးလာသည့် ကားကို တားဆီး  ရိုက်ခွဲပြီး ခရီးသည်တွေ အားလုံးအနက် သူတို့ သုံးဦးကို ကွက်ပြီး လုယက်ခြင်းဖြစ်သည်။

Read More

ချင်းပြည်နယ်မတူပီမြို့အမှတ် (၂) အစိုးရ အထက်တန်းကျောင်းအုပ်ဆရာကြီး ပူး နွယ်မှူန် လာမည့် ၂၀၁၃- ၂၀၁၄ ခုနှစ် ၁၀ တန်းအောင်ချက် ၃၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} အထိရှိအောင် ကြိုးပမ်းရမည်ဟု ပြောသည်။ ဇွန်လ ၆ ရက်နေ့တွင် ပြုလုပ်သည့် မိဘဆရာသင်းလုံးကျွတ်အစည်းအဝေးတွင် ကျောင်းအုပ်ကြီးက ၂၀၁၁ – ၂၀၁၂ ပညာ သင်နှစ်မှာ အထက ( ၂) ၁၀ တန်းအောင်ချက် ၁၂{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}သာရှိပြီး ၂၀၁၂- ၂၀၁၃ စာသင်နှစ်မှာ ၅{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} ထိုးကျသွားကြောင်း ထို့ ကြောင့် ၂၀၁၃ -၂၀၁၄ စာသင်နှစ်မှာ ၃၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} ထိ တက်သွားအောင် အားလုံးပူးပေါင်း လုပ်ဆောင်သင့်ကြောင်း မှာကြား သွားတာဖြစ်သည်။

Read More

ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် CNF ၏ ဆက်ဆံရေး အရာရှိ Pu H.C Ralhnin ( အိပ်ခ်ျစီ ရာလ်နှင်း) သည် ယမန်နေ့က ဆိုင်ကယ်တိမ်းမှောက်ပြီး ဆေးရုံတင်ရသည်ဟု သိရသည်။ “ ယမန်နေ့ မွန်းလွဲ တနာရီခန့်မှာ ရုံးကနေ အိမ်ပြန်တယ်၊ လမ်း အကွေ့မှာ ဘီးချော်သွားတယ်၊ မျက်ခုံးကွဲပြီး သွေးထွက် များသွားတော့ ဆေးရုံကို အရေးပေါ် လူနာအဖြစ်တင်ရတယ်” ဟု ရုံးစာရေးမလေး ဆုန်ဆုန်က ပြောသည်။

Read More

ယခုလ ဇူလိုင် ၄ ရက်နေ့ နေ့လည် ၁၂ ခန့်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် သံထောင် အထကကျောင်းတွင် ပဉ္စမတန်း ကျောင်းသား မောရှေဆိုသူအား ဒေသခံရဲစခန်းမှ ဒုတိယ တပ်ကြပ် မြင့်တိုး ဆိုသူက ထိုးကြိတ်ရိုက်နှက်သဖြင့် အရေးပေါ်လူနာအဖြစ် ဆေးရုံ တင်ရကြောင်း သိရသည်။ အသေးစိပ်မှာ ပဉ္စမတန်း အတန်းခေါင်းဆောင် မောင်မောရှေ သည် တာဝန်အရ ကျောင်း သားရေးရာများ (အတန်း ရေးရာ များ) ဆောင်ရွက်နေစဉ် အတန်းဖော်ကျောင်းသားတစ်ဦးနှင့်  အခြေအတင် စကားများခဲ့ကြသည်ကို အဆိုပါ ကျောင်း သား၏ ဆွေမျိုးဖြစ်သူ ဒုတိယ တပ်ကြပ် မြင့်တိုးက မကျေနပ်သဖြင့် မောင်မောရှေအား ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ “ အဲဒီရဲသားက မောင်မောရှေ နေထိုင်တဲ့ IKK ဘော်ဒါဆောင်ကို သွားပြီး မောင်မောရှေကို ထိုးကြိတ်ရိုက်နှက်ခဲ့တာ၊ သတိလစ်သွားတယ်၊ နားမှ သွေးတွေထွက်တယ်၊ ဘာမှလည်း ပြန် မထူး နိုင်တော့ဘူး၊ ဒါနဲ့ ဒေသခံတွေက အနီးစပ်ဆုံး ရခိုင်ပြည်နယ် မြောက်ဦး ဆေးရုံကို အရေးပေါ် လူနာအဖြစ်ချက်ချင်းပို့လိုက်တယ်” ဟု ကို ဘူးထန်ပိုင်က ပြောသည်။ ဒုတိယတပ်ကြပ် မြင့်တိုး (ရခိုင်) ဆိုသူသည် ဒေသခံအရပ်ဖက်ပြည်သူလူထုအပေါ် မတော် မတရားအာဏာပြနှိပ်စက်ခြင်း၊ ချင်း –  ရခိုင် စသည့် လူမျိုးရေးခွဲခြားဆက်ဆံသည့် အပြုအမူ များ ပြုကျင့်လေ့ရှိသည်ဟုလည်း ပြောကြသည်။ ဒီအမှုနှင့် ပါတ်သက်ပြီး သက်ဆိုင်ရာ ပညာရေးဌာန နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တွေက…

Read More

ပြည်ပရောက် ချင်းကျောင်းသားလူငယ်များက ဖွဲ့စည်းထားသည့် Chin Youth Organization  မှ တနှစ်တကြိမ် ရွေးချယ် ပြီး ဂုဏ်ပြုလေ့ရှိသည့် Chin Person of the  Year 2013 ဂုဏ်ထူးဆောင် ဘွဲ့ကို Pu ThangShing က ရရှိလိုက်သည်ဟု Central Executive Committee  ၊ Chin Youth Organization of North America ၏ ဇူလိုင်လ (၁) ရက်နေ့ ကြေညာ ချက်အရ သိရသည်။ ၂၀၁၃ ခုနှစ်အတွက် Chin Person of the year ဂုဏ်ထူးဆောင်ဘွဲ့အတွက် ပြည်တွင်းပြည်ပရှိ ချင်းပြည်သူလူထုက Rev. Dr. C. Duhkawm, Executive Minister, Chin Baptist Churches USA (CBC-USA)၊ Pu Ngunlianchunga Cinzah, Chief Executive Member, Lawngtlai Autonomous Council, Mizoram State, India၊ Dr. Sa Sa, Founder, Health and Hope Society၊  Dr. Stephen Hre Kio, Senior Pastor, Indiana Chin Baptist Church၊ Pu Thang Shing၊ Pi Za Tlem, Member of Parliament…

Read More

ဆလိုင်းရောဘတ်   –  သမ္မတ သိန်းစိန် ဦးဆောင် တဲ့ မြန်မာအစိုးရ နှင့်  တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ North Mining Investment Company တို့ ချင်းပြည်နယ် အထက်ပိုင်း တီးတိန်မြို့နယ်အတွင်း မြွေတောင်၊ ဖားတောင်မှာ ထွက်ရှိတဲ့ နီကယ် ၊ သံရောရာသတ္တုတွေ တူးဖော် ထုတ်လုပ်ဖို့ သဘောတူညီထားချက်အရ မကြာခင်မှာဘဲ ကုမ္ပဏီဘက်က သတ္တုတူးဖော်ရေး လုပ်ငန်း တွေ စတင် ဖွယ်ရှိနေပါတယ်။ ဒီမြွေတောင်၊ ဖားတောင် နီကယ် စီမံကိန်းဟာ ယခင် လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ခန့်ကတည်းက တရုတ်ပိုင် ကင်ဘို ကုမ္ပဏီ က စမ်းသပ်တူးဖော်ခဲ့ဘူးပေမဲ့ ပြန်လည်ရပ်ဆိုင်းခဲ့ပါတယ်၊ ယခု  Zijin Mining Group  နဲ့ Wanbao Mining ကုမ္ပဏီတို့ ပူးပေါင်းပြီး North Mining Investment Company ဆိုတဲ့အမည်နာမ နဲ့ ဒီစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ဖို့ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လတုန်းက သဘောတူညီခဲ့ကြတာပါ။ Wanbao ကုမ္ပဏီဟာ လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းကို တူးဖော်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းလင်းမှုမရှိတာက စီမံကိန်းကာလဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကဖြစ်ဖြစ်၊ အစိုးရ ဘက်ကဖြစ်ဖြစ် လူထုထံ ပွင့်ပွင့် လင်းလင်း ချပြတာမရှိခဲ့ပါ၊ နှစ်ပေါင်း ၃၀ သို့မဟုတ် နှစ်ပေါင်း ၄၀  အတွက် စာချုပ်ချုပ်ထားတယ်လို့ တိကျသေ ချာမှု မရှိတဲ့ ပြောဆိုသံတွေကလည်း ကြားနေရတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းနေပြီဆိုတဲ့ မြန်မာအစိုးရအနေနဲ့…

Read More

ပြည်နယ်နှင့် မြို့နယ်အကြား အာဏာပြိုင်မှုကြောင့် ချင်းပြည်နယ်မတူပီမြို့နယ်၊ ရေဇွာမြို့နယ်ခွဲအတွင်း ရွာဗား (ဘီ) ရွာ လူထု ၄၀၀ ကျော် ယနေ့ထိ တောင်ယာ မျိုးမချသေးကြောင်း သိရသည်။ ရေဇွာမြို့နယ်ခွဲအတွင်း ရွာဗား ( ဘီ) နှင့် စာလ်ထောင်ရွာတို့အကြား လက်ရှိ ရွာဗား(ဘီ)ရွာသားတို့ ခုတ်လုပ်ထားသည့် တောင်ယာ နယ်မြေ လုမှုကို အထက်အာဏာပိုင် နှစ်ဖွဲ့မှ ပြတ်သားသော ဖြေရှင်းမှု မပေးခြင်းကြောင့် ရွာဗားဒေ သခံလူ ထုသည် ယနေ့ထိ မျိုးမချနိုင်ကြပါ၊ “ ကျတော်တို့ဟာ အထက်ဆုံးဖြတ်ချက်အတိုင်း အဲဒီနယ်မြေမှာ ယာခုတ်ပြီး ယာမီးရှို့ဖို့ အလုပ်မှာ မတူပီမြို့နယ် အာဏာပိုင်တွေက မီးမရှို့ဖို့ အမိန့်ပေးတယ်၊ ဒါပေမဲ့ ပြည်နယ် ခွင့်ပြုချက်အရ ယာမီးကို ရှို့တယ်၊ ဒါပေမဲ့ မြို့နယ်က မျိုး မချဖို့နဲ့ မေလ ၂၄ ရက်နေ့မှာ ကွင်းဆင်း မယ်ပြောတယ်၊ ခုထိ ဘာမှ မဆောင်ရွက်ဘူး” ဟု ရွာဗား ( ဘီ )မှ ကျောင်း ဆရာ အငြိမ်းစားတဦးက ပြောသည်။ အဆိုပါ ယာနယ်မြေပိုင်ဆိုင်လိုမှုအတွက် နှစ်ဖက် ဒေသခံများသည် ၁၉၇၆ ခုနှစ်တွင်တကြိမ်၊ ၂၀၁၁ ခုနှစ်တွင် တကြိမ် စုစုပေါင်းနှစ်ကြိမ် တရားစွဲဆိုခဲ့ကြရာ သက်ဆိုင်ရာက နှစ်ကြိမ်စလုံး ရွားဗား (ဘီ)ကို ပိုင်ဆိုင်ခုတ်လုပ်ခွင့်ပေးထားခဲ့သည်။ ရွာဗား (ဘီ) ရွာတွင် အိမ်ခြေ ၃၅ ဆောင်ရှိပြီး…

Read More

လာမည့် ဇူလိုင် ၉ ရက်နေ့တွင် ဥရောပ ပါလီမန် ၊ ဘရပ်ဆဲလ် ၌ ချင်း အရေး နှင့် မြန်မာ့ အရေး လူထုကြား နာပွဲပြု လုပ်မည်ဟု သိရသည်။ အဆိုပါ ချင်းအရေး ကြားနာပွဲ သည် ဥရောပ ပါလီမန် တွင် ပြုလုပ်ခြင်းဖြစ်သည်။

Read More