Author: Editor

ယခုလ ဇူလိုင် ၄ ရက်နေ့ နေ့လည် ၁၂ ခန့်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် သံထောင် အထကကျောင်းတွင် ပဉ္စမတန်း ကျောင်းသား မောရှေဆိုသူအား ဒေသခံရဲစခန်းမှ ဒုတိယ တပ်ကြပ် မြင့်တိုး ဆိုသူက ထိုးကြိတ်ရိုက်နှက်သဖြင့် အရေးပေါ်လူနာအဖြစ် ဆေးရုံ တင်ရကြောင်း သိရသည်။ အသေးစိပ်မှာ ပဉ္စမတန်း အတန်းခေါင်းဆောင် မောင်မောရှေ သည် တာဝန်အရ ကျောင်း သားရေးရာများ (အတန်း ရေးရာ များ) ဆောင်ရွက်နေစဉ် အတန်းဖော်ကျောင်းသားတစ်ဦးနှင့်  အခြေအတင် စကားများခဲ့ကြသည်ကို အဆိုပါ ကျောင်း သား၏ ဆွေမျိုးဖြစ်သူ ဒုတိယ တပ်ကြပ် မြင့်တိုးက မကျေနပ်သဖြင့် မောင်မောရှေအား ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ “ အဲဒီရဲသားက မောင်မောရှေ နေထိုင်တဲ့ IKK ဘော်ဒါဆောင်ကို သွားပြီး မောင်မောရှေကို ထိုးကြိတ်ရိုက်နှက်ခဲ့တာ၊ သတိလစ်သွားတယ်၊ နားမှ သွေးတွေထွက်တယ်၊ ဘာမှလည်း ပြန် မထူး နိုင်တော့ဘူး၊ ဒါနဲ့ ဒေသခံတွေက အနီးစပ်ဆုံး ရခိုင်ပြည်နယ် မြောက်ဦး ဆေးရုံကို အရေးပေါ် လူနာအဖြစ်ချက်ချင်းပို့လိုက်တယ်” ဟု ကို ဘူးထန်ပိုင်က ပြောသည်။ ဒုတိယတပ်ကြပ် မြင့်တိုး (ရခိုင်) ဆိုသူသည် ဒေသခံအရပ်ဖက်ပြည်သူလူထုအပေါ် မတော် မတရားအာဏာပြနှိပ်စက်ခြင်း၊ ချင်း –  ရခိုင် စသည့် လူမျိုးရေးခွဲခြားဆက်ဆံသည့် အပြုအမူ များ ပြုကျင့်လေ့ရှိသည်ဟုလည်း ပြောကြသည်။ ဒီအမှုနှင့် ပါတ်သက်ပြီး သက်ဆိုင်ရာ ပညာရေးဌာန နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တွေက…

Read More

ပြည်ပရောက် ချင်းကျောင်းသားလူငယ်များက ဖွဲ့စည်းထားသည့် Chin Youth Organization  မှ တနှစ်တကြိမ် ရွေးချယ် ပြီး ဂုဏ်ပြုလေ့ရှိသည့် Chin Person of the  Year 2013 ဂုဏ်ထူးဆောင် ဘွဲ့ကို Pu ThangShing က ရရှိလိုက်သည်ဟု Central Executive Committee  ၊ Chin Youth Organization of North America ၏ ဇူလိုင်လ (၁) ရက်နေ့ ကြေညာ ချက်အရ သိရသည်။ ၂၀၁၃ ခုနှစ်အတွက် Chin Person of the year ဂုဏ်ထူးဆောင်ဘွဲ့အတွက် ပြည်တွင်းပြည်ပရှိ ချင်းပြည်သူလူထုက Rev. Dr. C. Duhkawm, Executive Minister, Chin Baptist Churches USA (CBC-USA)၊ Pu Ngunlianchunga Cinzah, Chief Executive Member, Lawngtlai Autonomous Council, Mizoram State, India၊ Dr. Sa Sa, Founder, Health and Hope Society၊  Dr. Stephen Hre Kio, Senior Pastor, Indiana Chin Baptist Church၊ Pu Thang Shing၊ Pi Za Tlem, Member of Parliament…

Read More

ဆလိုင်းရောဘတ်   –  သမ္မတ သိန်းစိန် ဦးဆောင် တဲ့ မြန်မာအစိုးရ နှင့်  တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ North Mining Investment Company တို့ ချင်းပြည်နယ် အထက်ပိုင်း တီးတိန်မြို့နယ်အတွင်း မြွေတောင်၊ ဖားတောင်မှာ ထွက်ရှိတဲ့ နီကယ် ၊ သံရောရာသတ္တုတွေ တူးဖော် ထုတ်လုပ်ဖို့ သဘောတူညီထားချက်အရ မကြာခင်မှာဘဲ ကုမ္ပဏီဘက်က သတ္တုတူးဖော်ရေး လုပ်ငန်း တွေ စတင် ဖွယ်ရှိနေပါတယ်။ ဒီမြွေတောင်၊ ဖားတောင် နီကယ် စီမံကိန်းဟာ ယခင် လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ခန့်ကတည်းက တရုတ်ပိုင် ကင်ဘို ကုမ္ပဏီ က စမ်းသပ်တူးဖော်ခဲ့ဘူးပေမဲ့ ပြန်လည်ရပ်ဆိုင်းခဲ့ပါတယ်၊ ယခု  Zijin Mining Group  နဲ့ Wanbao Mining ကုမ္ပဏီတို့ ပူးပေါင်းပြီး North Mining Investment Company ဆိုတဲ့အမည်နာမ နဲ့ ဒီစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ဖို့ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ ၂၀၁၂ ခုနှစ် သြဂုတ်လတုန်းက သဘောတူညီခဲ့ကြတာပါ။ Wanbao ကုမ္ပဏီဟာ လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းကို တူးဖော်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းလင်းမှုမရှိတာက စီမံကိန်းကာလဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကဖြစ်ဖြစ်၊ အစိုးရ ဘက်ကဖြစ်ဖြစ် လူထုထံ ပွင့်ပွင့် လင်းလင်း ချပြတာမရှိခဲ့ပါ၊ နှစ်ပေါင်း ၃၀ သို့မဟုတ် နှစ်ပေါင်း ၄၀  အတွက် စာချုပ်ချုပ်ထားတယ်လို့ တိကျသေ ချာမှု မရှိတဲ့ ပြောဆိုသံတွေကလည်း ကြားနေရတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းနေပြီဆိုတဲ့ မြန်မာအစိုးရအနေနဲ့…

Read More

ပြည်နယ်နှင့် မြို့နယ်အကြား အာဏာပြိုင်မှုကြောင့် ချင်းပြည်နယ်မတူပီမြို့နယ်၊ ရေဇွာမြို့နယ်ခွဲအတွင်း ရွာဗား (ဘီ) ရွာ လူထု ၄၀၀ ကျော် ယနေ့ထိ တောင်ယာ မျိုးမချသေးကြောင်း သိရသည်။ ရေဇွာမြို့နယ်ခွဲအတွင်း ရွာဗား ( ဘီ) နှင့် စာလ်ထောင်ရွာတို့အကြား လက်ရှိ ရွာဗား(ဘီ)ရွာသားတို့ ခုတ်လုပ်ထားသည့် တောင်ယာ နယ်မြေ လုမှုကို အထက်အာဏာပိုင် နှစ်ဖွဲ့မှ ပြတ်သားသော ဖြေရှင်းမှု မပေးခြင်းကြောင့် ရွာဗားဒေ သခံလူ ထုသည် ယနေ့ထိ မျိုးမချနိုင်ကြပါ၊ “ ကျတော်တို့ဟာ အထက်ဆုံးဖြတ်ချက်အတိုင်း အဲဒီနယ်မြေမှာ ယာခုတ်ပြီး ယာမီးရှို့ဖို့ အလုပ်မှာ မတူပီမြို့နယ် အာဏာပိုင်တွေက မီးမရှို့ဖို့ အမိန့်ပေးတယ်၊ ဒါပေမဲ့ ပြည်နယ် ခွင့်ပြုချက်အရ ယာမီးကို ရှို့တယ်၊ ဒါပေမဲ့ မြို့နယ်က မျိုး မချဖို့နဲ့ မေလ ၂၄ ရက်နေ့မှာ ကွင်းဆင်း မယ်ပြောတယ်၊ ခုထိ ဘာမှ မဆောင်ရွက်ဘူး” ဟု ရွာဗား ( ဘီ )မှ ကျောင်း ဆရာ အငြိမ်းစားတဦးက ပြောသည်။ အဆိုပါ ယာနယ်မြေပိုင်ဆိုင်လိုမှုအတွက် နှစ်ဖက် ဒေသခံများသည် ၁၉၇၆ ခုနှစ်တွင်တကြိမ်၊ ၂၀၁၁ ခုနှစ်တွင် တကြိမ် စုစုပေါင်းနှစ်ကြိမ် တရားစွဲဆိုခဲ့ကြရာ သက်ဆိုင်ရာက နှစ်ကြိမ်စလုံး ရွားဗား (ဘီ)ကို ပိုင်ဆိုင်ခုတ်လုပ်ခွင့်ပေးထားခဲ့သည်။ ရွာဗား (ဘီ) ရွာတွင် အိမ်ခြေ ၃၅ ဆောင်ရှိပြီး…

Read More

လာမည့် ဇူလိုင် ၉ ရက်နေ့တွင် ဥရောပ ပါလီမန် ၊ ဘရပ်ဆဲလ် ၌ ချင်း အရေး နှင့် မြန်မာ့ အရေး လူထုကြား နာပွဲပြု လုပ်မည်ဟု သိရသည်။ အဆိုပါ ချင်းအရေး ကြားနာပွဲ သည် ဥရောပ ပါလီမန် တွင် ပြုလုပ်ခြင်းဖြစ်သည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ပေါ်တွင် လင် ဖြစ်သူက မယားအား သတ်ဖြတ်သည့် အမှု ဖြစ်ပွားသည်ဟု သိရသည်။ မတူပီမြို့ စန်ဘောင်ရပ်ကွက်တွင်နေထိုင်ပြီး ပန်းရံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဦးသန်းစိုး (ပခုက္ကူဇာတိ) ၏ ဇနီး ဒေါ်ပပ ဆိုသူသည် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်။ “ သေဆုံးသူရဲ့  နဖူး၊ နောက်စေ့၊ မျက်နှာ နဲ့ နှုတ်ခမ်းတွေမှာ သွေးတွေပေကျံပြီးယောင်ကိုင်းနေတယ်” ဟု အလောင်းကို သွားကြည့်သည့် ဂျိမ်းရိုလဲန်းက ပြောသည်။ ဦးသန်းစိုးသည် ဇွန်လ ၂၂ ရက်နေ့တွင် မယားဖြစ်သူ ဒေါ်ပပအား ပြည်သူ့ ဆေးရုံလာတင်ခဲ့ပြီး အတွင်းလူနာအဖြစ်ကုသမှု ခံယူနေစဉ် ဇွန်လ ၂၆ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သေဆုံးသူအလောင်းအား ခွဲစိပ်ရာတွင် ဦးခေါင်းနောက်စေ့ အကြောတွေ ပြတ်သွားကြောင်း၊  ထိုသို့ အကြောတွေ ပြတ်သွားခြင်းမှာ နောက်စေ့ ဒါဏ်ရာကြောင့် ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိကြသည်။ လင်မယားနှစ်ယောက်စလုံးသည်  ဇွန်လ ၂၂ ရက်နေ့ညမှာ နှစ်ယောက်စလုံး စကားများ ရန်ဖြစ်ကြပြီး ယောင်္ကျားဖြစ်သူက အမျိုးသမီးကို ရိုက်နှက်ကြောင်း သိရသည်။ နယ်မြေခံ ပြည်သူ့ရဲတွေက ဦးသန်းစိုး၏ သားကို မေးစမ်းကြည့်ရာတွင် အဖေက အမေ့ကို ရိုက်ခဲ့လို့ အမေအိပ်ရာမှ မထနိုင် တောတဲ့ အခါကျမှ  ဆေးရုံကို တင်လာရခြင်းဖြစ်ကြောင်း သိရသည်။ …

Read More

ဇွန်လ ၂၅ ရက်နေ့ ည ၁၀း ၀၀ နာရီခန့်က အမှတ် (၁) အိန္ဒိယ – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ထရပ်ကား တစီးတိမ်းမှောက်ခဲ့သဖြင့် ကားဒရိုင်ဗာနှင့် စပယ် ယာ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရ သည်။

Read More

၂၀၁၂ -၂၀၁၃ စာသင်နှစ် ချင်းပြည်နယ်စာစစ်ဌာနမှ ကျင်းပသည့် ၁၀ တန်းစာမေးပွဲသည် မသမာမှု အကင်း ဆုံးဖြစ်ကြောင်း ယင်းအပေါ် အထူးဝမ်းသာ ဂုဏ်ယူကြောင်း လိုင်(ချင်း) ကျောင်းသား များအသင်း( တက္က သိုလ်များ- မြန်မာပြည်) က ယနေ့ဆိုသည်။ တပြည်လုံး ၁၀ တန်းစာမေးပွဲအောင်ချက်တွင် ချင်းပြည်နယ်သည် အောင်ချက်ရာခိုင်နှုန်း အနိမ့်ဆုံး ဖြစ်သော် ငြားလည်း  ချင်းပြည်နယ်စာစစ်ဌာနတွင် ယခုနှစ် ကျင်းပပြုလုပ် သည့် ၁၀ တန်း စာမေးပွဲသည်  ခါတိုင်းနှစ်များ နှင် မတူပဲ လဒ်ပေး လဒ် ယူမှုနှင့် မသာမှု အကင်း ရှင်းဆုံး အောင်ချက်ဖြစ်သည်ဟု သုံးသပ်ရကြောင်း နှင့် ၁၀ တန်း အောင်မြင်သူများ၊ စာမေးပွဲ ကြီးကြပ်သူ တာဝန်ရှိအားလုံးအပေါ် အင်မတန် လေးစားမိပါကြောင်း ၄င်းတို့၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ လေ့လာရသလောက်က ဟားခါး နဲ့ ထန်တလန်စာစစ်ဌာန မှာ အစိုးရ၊ ဘာသာရေးအသင်းအဖွဲ့၊ မြို့မိမြို့ဖ နဲ့ မိဘပြည်သူတွေက ယခုနှစ်မှာ ကျောင်းသားတွေ စာမခိုးရေး၊ စာကြိုးစားရေးကို ခါတိုင်းနှစ်အပေါ် အ တွေ့အကြုံယူပြီးကြပ်မတ်ကြတယ်၊ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ အောင်မြင်မှု အကျိုးတရားအပေါ် ၀မ်းသာ တာ ပေါ့ဗျာ၊ အောင်ချက် နိမ့်သည်၊ မြင်သည် အဓိက မဟုတ်ပါ” ဟု ကျောင်းသားခေါင်းဆောင် Salai Kep Chin Thang က ခိုနုမ်းသုန်ကို ပြောသည်။…

Read More

ယခုနှစ် မတ်လ ကတည်းက ချင်းပြည်နယ် အိန္ဒိယ – မြန်မာနယ်စပ်၊ တီးတိန်မြို့နယ် ထင်းလေ၊ ဇိမ်ပီး၊ ဇိမ်သဲ ကျေးရွာ ပတ်ဝန်းကျင်ရှိ အခွန်ဆောင်ပြီး သစ်ထုတ် လုပ်နေသူများအပေါ် နယ်မြေခံ စစ်တပ်တွေက သစ်သယ် ကားတစီး လျှင် ကျပ် ငွေ တ သောင်းစီ အခွန်ကောက် ခံနေသည်။

Read More

ပြည်ပရောက် Chin Youth Organization (CYO) မှ ယခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ် မည့် ညီလာ ခံသို့ ချင်းအဆိုတော် များဖြစ်ကြသည့် SaLai Cung Lian Thawng ( Thawngbawih), Vandawt Cin ( Moe Moe) နှင့် မီဇို အဆိုတော် Mamivarte တို့ ဖိတ်ကြား ထားကြောင်း သိရသည်။

Read More