Author: Editor

အစိုးရက လာမည့် မတ်လမှစပြီး သန်းခေါင်စာရင်း ကောက်ခံမည့်အပေါ် ချင်းအမျိုးသားလက်နက်ကိုင် Chin National Front (CNF) က ကန့်ကွက် လိုက်သည်။

Read More

အိုက်ဇောလ်ရောက် မြန်မာယက္ကန်းသမားများ လက်ရှိရင်ဆိုင်နေရသည့်ဒုက္ခများနဲ့ဆက်နွယ်ပြီး ၄င်းတို့ နေထိုင် အလုပ် လုပ်ကိုင်နေသည့်ရပ်ကွက်တွင် လုံခြုံစွာ အလုပ်လုပ်ကိုင်နေထိုင်နိုင်ရေးအတွက် ဆွေးနွေးပွဲတခုကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့်။ အဆိုပါ ဆွေးနွေးချက်အရ မြန်မာယက္ကန်းသမားများ လုံခြုံစွာ နေထိုင်နိုင်ရန် ပထမအဆင့်အနေနဲ့ အိုင်ဇောလ်မြို့  Zuangtui ရပ်ကွက်ရှိယက္ကန်းပိုင်ရှင်များက ဖွဲ့စည်း ထားသော Handloom Association တာဝန်ရှိသူများထံ အသိပေး သွားမှာဖြစ်ပြီး၊ လိုအပ်ရင်လိုအပ်သလို ရပ်ကွက် Young Mizo Association (YMA), Village Council (VC) များကို မြန်မာ လူမူရေးအသင်းအနေဖြင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာလူမူရေးအသင်း ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ “လတ်တလော သူခိုးတွေသောင်းကျန်းနေတယ်။ ပစ္စည်းခိုးတာမက ယက္ကန်းရုံကိုမီးရှို့ ခြင်း၊ ယက္ကန်း သမားတချို့ ကို ဓားထောက်ပြီး ပစ္စည်းလုယက်မူတွေ ခဏခဏ ဖြစ်တယ်။ ဒါကြောင့် ယက္ကန်းသမား တော်တော်များများ ဒီနေရာမှာ မနေရဲကြတော့ ပဲ မြန်မာပြည်ကို ပြန်ကုန်ကြတယ်။ ဒါပေမဲ့ ကျန်နေသေးတဲ့ ယက္ကန်းသမားများ လုံလုံခြုံခြုံ နေနိုင်အောင်အတွက်ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ပြုလုပ်တာဖြစ်တယ်” လို့ အဆိုပါ ပုဂ္ဂိုလ်က ဆက်ပြောပါတယ်။ ဆက်လက်ပြီး “ယခုရက်ပိုင်းအတွင်း ယက္ကန်းသမား ၁၀၀ နဲ့ချီပြန်သွားကြပြီး၊ အချို့ကတော့ သန်းခေါင်စာရင်း ကိစ္စကြောင့်ပြန်တာမှန်ပေမဲ့ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်း ကတော့ ဒီမှာနေရတာ ကြောက်လို့ ပြန်ကြတာ ဖြစ်တယ်” လို့ ဆွေးနွေးပွဲကို တက်ရောက်လာသူ တဦးက ပြောဆိုခဲ့တယ်။…

Read More

ယခုနှစ် ဖေဖေါ်ဝါရီ (၂၀) ရက်နေ့၊ မင်းတပ်မြို့တွင် ကျင်းပမည့် (၆၆) နှစ်မြောက် ချင်းအမျိုးသားအခမ်းအနားတွင် ချင်းအမျိုးသားခေါင်းဆောင် ပူးဝမ္မးသူးမောင်း အား ချင်းအမျိုးသားတပ်ဦးက ဂုဏ်ပြုလွှာ ချီးမြှင့်မှာဖြစ်သည်။ ပူး ၀မ္မသူးမောင်းသည် ချင်းအမျိုးသားနေ့ သတ်မှတ်ခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ဖလမ်းမြို့တွင် ကျင်းပသည့် ချင်းအမျိုးသား ညီလာခံတွင် ဦးဆောင်သူ နှင့်  ပထမဆုံးသော ချင်းအမျိုး သား နိုင်ငံရေးပါတီဖြစ်သည့် ချင်းတောင်ညီညွတ်ရေးပါတီထူထောင်သူ အမျိုးသားခေါင်းဆောင် ဖြစ် သည်ဟု သိရသည်။ ” ချင်းလူမျိုးတွေထဲက အင်္ဂလိပ်ကို ပထမဆုံးတော်လှန်သူဖြစ်တယ်၊ ဂုဏ်ပြုထိုက်သူမို့ ဂုဏ်ပြုကြတာပါ၊ စီအဲန် အက်ဖ်က လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ “ဟု ဒေသခံ တဦးက ပြောသည်။ ဂုဏ်ပြုလွှာကို လက်ရှိ ချင်းအမျိုးသားတပ်ဦး ဥက္ကဌ Salai Kipp Kholian က ချီးမြှင့်မှာဖြစ်သည်ဟု သိရသည်။ အဆိုပါ ချင်းအမျိုးသားနေ့အခမ်းအနားကို ချင်းပြည်နယ် မင်းတပ်မြို့တွင် စီအဲန်အက်ဖ် နှင့် အစိုးရတို့ ပူးတွဲ ကျင်းပကြမှာဖြစ်ပြီး အစိုးရဖက်မှ ပြည်ထောင်စု သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ ၀န်ကြီး များ၊  CNF ဖက်မှ အဓိပတိကောင်စီဥက္ကဌ ဆလိုင်းကစ်ခိုလျန် နှင့် ဥက္ကဌ အဖွဲ့ဝင်များ ၊ အထွေထွေအ တွင်းရေးမှူး ချုပ် ပူးဇင်ကျုံး နှင့် ပါတီခေါင်းဆောင်များ အပြင် အိုင်အယ်လ်အိုမှ တာဝန်ရှိများလည်း ပါဝင်လိမ့်မည်ဟုလည်း…

Read More

မပြီးပြတ်သေးသောအိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရိဒ်ရေကန် နှင့် ဟိုင်မွာလ် – တီးတိန်းကားလမ်းကို ယခုနှစ်နွေရာသီတွင် မွမ်းမံ ကြမည်ဟု သိရသည်။ ယင်းကိစ္စနှင့် ပါတ်သက်ပြီး အိန္ဒိယ အရှေ့မြောက် မီဇိုရမ်ပြည်နယ် Chief Minister Lal Thanhawla နှင့် အိန္ဒိယ-မြန်မာနှစ် နိုင်ငံ သံအမတ် Gautam Makhopadhaya တို့ Kolkata Mizoram House တွင်ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

Read More

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ပြည်နယ် မီဇိုရမ်တွင် ၁၅ နှစ်ကျော်ကြာ ကျင့်သုံး လာခဲ့သော အရက် တားဆီး ပိတ်ပင်မှု ဥပဒေ (Mizoram Liquor Total Prohibition Act, 1995) ကို အဆုံး သတ်ပြီး အရက်ရောင်းချခွင့်ပြုသည့် ဥပဒေ နှင့် အစားထိုးသွားမည်ဟု သိရသည်။

Read More

မြန်မာနိုင်ငံ၊ ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ နယ်အတွင်းရှိ မတူမျိုးနွယ်စု များ၏ ရှေ့ ရေး အတွက် ရှေးရှုလျက် ပထမဆုံးအကြိမ် မတူဖိုရမ်တစ်ရပ်ကို လမည့် ဧပြီလ ၁၅ ရက်နေ့ မှ ၁၇ ရက်နေ့  အထိ မတူပီမြို့  တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

Read More

နိုင်ငံတော်အစိုးရက ၂၀၁၂- ၂၀၁၃  ဘဏ္ဍာငွေဖြင့် ကျေးလက်ဒေသ ဖွံ့ ဖြိုးရေး လုပ်ငန်း အတွက် မြို့နယ် တခုစီတွင် ကျပ်ငွေ သိန်းပေါင်း ၁၀၀၀ ချမှတ်ပေး သည့် ငွေကို ထန်တလန်မြို့  နယ် ကျေးရွာအသီးသီးမှ ယခု ထုတ်ယူနေပြီဟု သိရသည်။ ပြည်ထောင်စုအစိုးရက လွှဲပေးသော ယင်းငွေကို ၂၀၁၄ ဇန်န၀ါရီလ (၃၁) ရက်နေ့ ၌ ထန်တလန်မြို့  မှလက်ခံပြီး နေ့ ချင်း ထုတ်ယူခဲ့ကြောင်း၊ ဘဏ်ငွေ လွှဲခအတွက် ကျပ်ငွေ ၁၅၀၂၅၀ ကုန်ကျကြောင်းနှင့် ယင်းငွေများကို သက်ဆိုင် ရာ ကျေးရွာ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းများအတွက် ထုတ်ယူ နေပြီ ဖြစ်ကြောင်း မြို့ နယ် လွှတ်တော် ကူညီရေးကော်မီတီ ည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ် Lal Maung Cung က အင်တာနက်မှ တဆင့် ပေးပို့ သည့် စာတွင်ဖေါ်ပြ ထားသည်။

Read More

ထန်တလန်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဆောက်လုပ်ရန်အတွက် ရပ်ကွက်နေပြည် သူများထံမှ ရံပုံငွေကောက် ခံနေကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးရုံး ဆောက်လုပ်ရန် အစိုးရ၏ တာဝန် သာဖြစ်ကြောင်း၊ ဆင်းရဲသားပြည်သူများထံမှ ရံပုံငွေဖြင့် ဆောက်လုပ်ရန် မဟုတ်ကြောင်းဖြင့် ရံပုံငွေကောက်ခံခြင်းကို ဝေဖန် ကန့် ကွတ်ထားခြင်းကို ၂၀၁၃ ဒီဇင်ဘာလ Vol-1, No-8 ထုတ် ခိုနုမ်းသုန်သတင်း စာမျက်နှာ (၅) တွင် ဖေါ်ပြ ထားကြောင်း သိရှိရပါသည်။ အစိုးရမှ ရပ်ကွက်အုပ်ချုပ်ရေးရုံး ဆောက်လုပ်ရန် အစီစဉ်မရှိသဖြင့် အမှတ် (၁) အုပ်ချုပ်ရေးမှူး ရုံးအတွက် ပုဂ္ဂိလိက အိမ်ခန်းကို တစ်လ ၂၅၀၀၀ ကျပ်ဖြင့် ဌားရမ်းပြီး ရုံးဖွင့်လျက်ရှိပါသည်။ အိမ်ခန်းဌားခသည် နှစ်စဉ်နှင့် အမျှ ဈေးတက်ခြင်းကြောင့်၎င်း၊ ရုံးရံပုံငွေအခက်အခဲ ရှိသဖြင့် ရေရှည် ဌားရမ်းရန် အခက်အခဲရှိသဖြင့်၎င်း၊ အစိုးရ မှတာဝန်ယူဆောင်ရွက်ပေးရန် အစီစဉ် မရှိသဖြင့်၎င်း၊ အမှတ် (၁) ရပ်ကွက်အတွက် အတည်တကျရုံး တက်ရန် ရပ်ကွက်ပိုင် အုပ်ချုပ်ရေးမှူးရုံး မဖြစ်မနေဆောက်လုပ်ရန် လိုအပ်ကြောင်းနှင့် ရပ်နီးရပ်ဝေးရှိ အမှတ် (၁) ရပ်ကွက်နယ် ခံသားများထံ အလှူငွေ၊ ရံပုံငွေ ကောက်ခံရန် ၃၊ ၁၀၊ ၂၀၁၃ နေ့ တွင်ပြုလုပ်သည့် ရပ်ကွက် အုပ်ချုပ်ရေးကော်မီတီနှင့် ရပ်မိရပ်ဖများ စုစုပေါင်း (၄၅)ဦး တို့ မှ အစည်းအဝေးတွင် စနစ်တကျဆုံးဖြတ်ချက် ချခဲ့ပါသည်။ ရပ်ကွက်အုပ်ချုပ်ရေးကော်မီတီနှင့် ရပ်မိရပ်ဖများ ဆုံးဖြတ်ချက်များကို ၅၊ ၁၀၊…

Read More

၂၀၁၄ခုနှစ် ဖေဖေါ်ရီလ (၃) ရက်နေ့ က ချင်းပြည်နယ် ထန်တလန်မြို့ တွင် ၁၂နှစ် အရွယ် ကျောင်း သူတစ်ဦး အား မုဒိန်းကျင့်ခဲ့သည့် ကျောင်းဆရာ ယခုအထိ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်။ ထန်တလန်မြို့ နယ်၊ Sihmuh ကျေးရွာတွင် တာဝန်ကျနေသည့် မူလတန်းကျောင်း ဆရာ Thawng Bik (၃၂)နှစ်သည် ပဉ္စမတန်းကျောင်းသူလေးအား မုဒိန်းကျင့်ပြီး ထွက်ပြေးတိမ်းရှောင် ခဲ့ကြောင်း ထန်တလန်မြို့  ဒေသခံ တစ်ဦးထံမှ သိရ သည်။ “ကျတော်တို့ သိသလောက်ကတော့ ကျောင်းဆရာက ကျောင်းသူလေးကို သူ့အိမ်မှာ ညအိပ် ဖို့ ခေါ်တယ်တဲ့၊ အဲဒီညမှာဘဲ မုဒိန်းကျင့်ခံရတယ်။ ကလေးမကတော့ မပြောဘူး။ သူမ သွေးအလွန် ထွက်နေလို့  မိသားစုတွေက မေးမှဘဲ သိရတယ်” ဟုအဆိုပါဒေသခံကဆိုသည်။ ကျောင်းသူလေးသည် ဖေဖေါ်ဝါရီလ (၄) ရက်နေ့ တွင် ထန်တလန်မြို့ ပြည်သူ့ ဆေးရုံတွင် တင်ထားကြောင်း၊ ကျောင်း ဆရာ ဦး ထောင်ဘိခ်သည် ဖေဖေါ်ဝါရီ (၄) နံနက်ပိုင်းမှစ၍ ထွက်ပြေး ခဲ့ရာ ဒေသ အာဏာပိုင်များက လိုက်လံရှာဖွေနေ သည်ဟု သိရသည်။ “ကျောင်းဆရာက သူ့ဆွေမျိုးတော်သူရဲ့  သားနှင့်အတူနေကြတယ်။ အဲဒီညမှာ ကလေးမ ကိုခေါ်ပြီး ငါအပြင် သွားဦးမယ်၊ ငါ့သားနှင့် ဒီညအတူအိပ်ပေးပါအုံးလို့  ပြောတယ်တဲ့။ အဲလိုပြောတော့ ကလေးမ လည်း ညအိပ်ရတာပါ” ဟု ဆက်ဆို သည်။…

Read More

မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ပေါ်တွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ရူပီးသိန်း ၆၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားကို ဒေသခံအာဏာပိုင်များက  ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံသို့ တင်ပို့မည့် Pseudoephedrine စိတ်ကြွဆေးပြား အလုံးရေ(၁၅) သိန်း၊ တန်ဖိုး အားဖြင့် ရူပီးငွေသိန်း (၆၀) ခန့်ရှိ မူးယစ်ဆေးဝါးကို ပိုင်ရှင်ဟု ယူဆရသူ အသက် (၃၅) နှစ်အရွယ် Lalrintluanga နှင့်အတူ မီဇိုရမ်ပြည်နယ် အိုက်ဇောလ် Superintendant Police (SP) လက် အောက် District Special Branch မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Read More