နောက်ဆုံးရရှိသော မဲစာရင်းရလဒ်အရ မဲဆန္ဒနယ်မြေ စုစုပေါင်း (၃၉) နေရာရှိသည့် ချင်းပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD က မဲဆန္ဒနယ်မြေ (၂၆) နေရာရရှိပြီး ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်မြေ (၇) နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် ZCD ပါတီက မဲဆန္ဒနယ်မြေ(၆) နေရာအသီးသီးရရှိကြသည်ဟု သိရသည်။
Author: Editor
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးစုရေးရာဝန်ကြီးနေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးလာလ်ထောင်ထန်က ပြိုင်ဘက် ကိုယ်စားလှယ်လောင် ၆ ဦးကို မဲအပြတ်အသတ်ဖြင့်အနိုင်ရရှိ သွားဖြစ်သည်။
ချင်းပြည်နယ် တီးတိန်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်သော ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD)ဥက္ကဌ ပူးကျင်းရှင်းထန်သည် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများထက် မဲအသာစီးရရှိနေပြီး သေချာသလောက်ရှိ နေပြီဟု သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ချင်းတိုင်းရင်းသားလူမျိုးစုလွှတ်တော်အတွက် မဲပေးခွင့်မရှိသူ ချင်းလူမျိုး မဲဆန္ဒရှင်အများအပြားရှိနေသည်ဟု သိရသည်။
ယနေ့ နိုဝင်ဘာ (၈)ရက်နေ့ နံနက် (၆)နာရီမှ စတင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည် နယ်မြို့တော် ဟားခါးမြို့ပေါ် မဲရုံများ၌ ဗွီဒီယို၊ ဓါတ်ပုံမှတ်တမ်းများ ရိုက်ယူခွင့် ပိတ်ပင်ထားသည်။
နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချူပ် NLD က ချင်းပြည်နယ်တွင် ၇၀ ရာခိုင်နှုန်းအနိုင်ရရှိမည်ဟု ခန့်မှန်းထားကြောင်း ချင်းပြည်နယ် NLD ဥက္ကဌ ဦးဇိုဘွဲ့ကပြောသည်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က တပြည်လုံးပစ်ခတ်တိုက်ခိုက်မှု သဘောတူညီချက်စာချုပ်တွင် CNF ပါဝင် လက်မှတ်ရေးထိုးမှုအပေါ် ချင်းကျေးလက်ပြည်သူများက ၀မ်းမြောက်ကြိုဆိုကြောင်း ဆုတောင်းခြင်း အခမ်းအနား တ ရပ် ယခုလ နိုဝင်ဘာ (၂) ရက်နေ့က ထန်တလန်မြို့နယ် တလွန်ရမ်ရွာတွင် ကျင်းပပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
သဘာဝဘေးဒဏ်အပြင်းအထန်ခံစားရပြီး စားဝတ်နေရေးအတွက် ခက်ခဲစွာရှာဖွေနေကြရသည့် ချင်းပြည်နယ် ပလက်ဝ မြို့နယ် နယ်စပ် ဒေသ ပီချောင်း တလျှောက်ရှိ ဒေသခံများသည် ရခိုင် လက်နက်ကိုင် အဖွဲ့များ မြှုပ်ထားသည့် မြေမြှုပ် မိုင်းတွေကြောင့် ၀မ်းစာ ရှာဖွေရေး အခက်အခဲကြုံနေရသည်ဟု သိရသည်။
KNT။ ။ အိပ်မက်ဆုံရာ ရာသက်ပန် Season 2 မှာ ၀င်ပြိုင်ဖို့ ဖြစ်လာပုံလေးပြောပြပါဦး။ David Lai ။ ။ ဒီ အိပ်မက်မှာ မျောခဲ့တာ ကြာပါပြီ၊ ဒီ အိပ်မက်က အလုံးအထည် ဖြစ်လာတော့ ကျနော် ၀င်ပြိုင်ဖို့ စိတ်အား ထက်သန်ခဲ့တယ်၊ ဒါပေမဲ့ ကျတော့်ဖက်က ကွက်လပ်တွေများတယ်၊ ငွေကြေး က အစပေါ့၊ ဘာပဲဖြစ်ဖြစ် ကျတော် ဆာလံ ၂၇: ၁၄ က ဘုရားပေးတဲ့ နှုတ်ထွက်စကားနဲ့ အားယူပြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ၊ KNT။ ။ ပြိုင်ပွဲဝင် အယောက် ၈၀၀ ထဲက ၁၅ ဦး စာရင်းမှာပါလာနိုင်ဖို့ ဘယ်လိုဖြတ်သန်းခဲ့သလဲ၊ David Lai ။ ။ ဟုတ်ကဲ့၊ သီချင်း မကျင့်ခင် ဆုတောင်းပါတယ်၊ Mode ကို ဟန့်တားမည့် အနှောင် အဖွဲ့တွေ ရှောင်ပါတယ်၊ သီချင်းအမျိုးအစားပေါင်းစုံဆိုရတော့လေ တခါတခါ သီချင်းက ကိုယ်မ ပိုင် တာတွေဖြစ်နေ တတ် တော့ တော်တော် ဒုက္ခရောက်ရပါတယ်၊ Version ပြင်ရတာလည်း အတော်ခက်တယ် ၊ သီချင်း တစ်ပုဒ်အပေါ် ဘယ် လို version နဲ့ တီထွင်ရမလဲ? နားထောင်သူတွေ လက်ခံနိုင်ရဲ့လား စသဖြင့်ပေါ့၊ တကယ့်ကို လုပ်ယူရပါတယ်၊ ဒါပေမဲ့ ဒါတွေကို ၀ါသနာ နဲ့ အနိုင်ပိုင်းခဲ့တာပေါ့၊ ပြီးတော့…
သဘာဝဘေးဒဏ်ကြောင့် နေအိမ်များပြိုကျပျက်စီးပြီး ဒုက္ခအတိရောက်နေကြသော ဟားခါးမြို့ဒေသခံ အိမ်ထောင်စု ၇၀၀ ကျော်အတွက် အသစ်ပြန်လည် တည်ဆောက်လျက်ရှိသည့် လူနေအိမ်များသည် လာမည့်နှစ် ဖေဖော်ဝါရီလကျမှသာ အပြီး သတ်နိုင်မည် ဟု မျှော်လင့်ကြောင်း ချင်းပြည်နယ်စည်ပင် သာယာရေးအဖွဲ့ညွန်ကြားရေးမှူးကပြောသည်။
