Author: Editor

By မိုးကျော် – ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ဒေသခံများ အဓိကအသုံးပြုနေသည်ဟု ရေအရင်းအမြစ် ရေထွက်လျော့နည်းလာခြင်းကြောင့် သောက်သုံးရေရရှိမှု အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ အဓိကအသုံးပြုနေသည့် စိမ့်စမ်းရေခန်းခြောက်လာပြီး ရေထွက်လျော့နည်းလာခြင်းကြောင့် ဒေသခံများ သောက်သုံးရေရရှိ မှု အခက်တွေ့ကြုံနေရသည့်အပြင် ဆေးရုံတွင် (၃) ရက်လုံးလုံး ရေပြတ်သွားကြောင်း အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာက ပြောသည်။ “ဒီနှစ်ကခါတိုင်းနှစ်ထက် စောပြီးရေရှားနေပါတယ်၊ ကျွန်တော်တို့ ရပ်ကွက် (၁) မှာ ရေလှောင်ကန် (၃) ကန်ကနေ ရေဖြန့်ဝေသုံးစွဲကြပါတယ်၊ ရေပိုက်လိုင်းနဲ့နီးတဲ့ ရပ်ကွက်ကတော့ အစဉ်ပြေသေးတယ်၊ ကျန်ကန်ကနေ ဖြန့်ဝေပေးတဲ့ရပ်ကွက်တွေကတော့တခါတလေ တရက်မှာ (၅) ဂါလံလောက်ဘဲရေရကြပါတယ်၊ ပြီးခဲ့တဲ့ အပတ်တုန်းကဆို ဆေးရုံမှာ (၃)ရက်လုံးလုံးရေမရဘူး” ဟု ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြို့အုပ်ချုပ်ရေးမှူးနှင့် စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေကြောင်း သိရပြီး လုံလုံလောက်လောက်မရရှိသေးသော်လည်း လောလောဆယ် အဆင်ပြေ နေသေးကြောင်းနှင့် မတ်လနောက်ပိုင်းတွင် ဒီထက် ရေရှားပါးလာနိုင်ကြောင်း ဦးချန့်လျန်နာက ယခုလို ဆက်ပြောသည်။ “အနီ်းနားက ရေထွက်သေးသေးလေးတွေကိုစုပြီး ကိုယ့်အားကိုယ်ကိုးဖြင့်ပလပ်စတစ်ပိုက်များဝယ်ယူပြီး ဒေသခံပြည်သူများ လုပ်အားဖြင့် သွယ်ယူကြပါတယ် လုံလုံလောက်လောက်မရရှိသေးသော်လည်း လော လောဆယ်တော့ အဆင်ပြေနေပါတယ်။ ဒါပေမယ့်လည်း မတ်လနောက်ပိုင်းဆိုရင်ပိုပြီးတော့ ရေရှားလာဖွယ်ရှိပါတယ်” ဟု သူကဆက်ပြောသည်။ ဒေသခံအချို့သည် ရိရေကန်မှ ကန်ရေကို ခပ်ယူအသုံးပြုနေကြရကြောင်းနှင့် အနံ့အသက်မကောင်းသည့်အတွက် သောက်သုံးရန်မသင့်သော်လည်း ဆိုင်ကယ်ဖြင့် သယ်ယူသုံးစွဲနေကြရသည်ဟု ဦးချန့်လျန်ကပြောသည်။ ရိခေါဒါရ်မြို့ရှိ နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရသော ရေပြဿနာကို ဖြေရှင်းရန် ရာသီမရွေး…

Read More

By လားနွန် – ကလေးမြို့နေ ပြည်သူများအနေဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာပြီး ယာဉ်တိုက်မှု လျှော့နည်းလာစေရေးအတွက် အသိပညာပေးသည့်လှုပ်ရှားမှုကို ကလေးခရိုင်မော်တော်ယာဉ်ထိန်းသိမ်းရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။ ကလေးမြို့နယ်အတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရှိမှုနှင့် သေဆုံးမှုများလျှော့နည်းလာပြီး ပြည်သူများ အသက်အန္တရာယ်ကင်းစေရန် အတွက် ဆိုင်ကယ်များတွင် စတီကာကပ်ပေးမှုနှင့် ဆိုင်ကယ်ဦး ထုပ်ပေးဝေမှုများ ပြုလုပ်ခဲ့သည်ဟု ကလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးအောင်ကျော်ကပြောသည်။ “ဘာပဲပြောပြော ဆယ်ခွန်းပြောလို့ရှိရင်တော့ နှစ်ခွန်းလောက်တော့ရောက်သွားရင်တော့ ကျွန်တော်တို့အမြတ်ပေါ့ ဆိုင်ကယ်စီးလို့ရှိရင် ဦးထုပ်ဆောင်းဖို့ရန် အသိပညာလေး ရသွားရင်တော့ သူတို့အတွက်လည်းကောင်းမယ် ကျွန်တော်တို့လည်း စည်းကမ်းထိန်းသိမ်းရတာ အဆင်ပြေချောမွေ့ဖို့အတွက် ဆောင်ရွက်ခြင်းဖြစ်တယ်။ ကျွန်တော်တို့ အသိပညာပေးပြီးသွားရင် အရေးယူမှုအပိုင်းတွေကို ဆက်လုပ်သွားပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ အသိပညာပေးပြီးသွားပြီ အဲဒီအသိပညာပေးမှုကို လိုက်နာခြင်းမလိုက်ခြင်းကို စီစစ်ပြီးတော့ ဆက်လက်ဆောင်ရွက်သွားပါမည်” ဟု ဒုတိယရဲမှူးကြီး ဦးအောင်ကျော်ကပြောသည်။ ကလေးမြို့မော်တော်ယာဉ်ထိန်းတပ်ဖွဲ့၏ မှတ်တမ်းအရ ကလေးမြို့တွင် တစ်ပတ်လျင် အနည်းဆုံး ဆိုင်ကယ် မတော်တဆဖြစ်မှု (၂) ကြိမ်ဖြစ်ပွားလေ့ရှိပြီး ယခုဇန်န၀ါရီလအတွင်း ယာဉ်တိုက်မှု (၆) ကြိမ်ဖြစ်ပွားခဲ့သည် ဟု သိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် သေဆုံးသည့် ပမာဏမှာ ယမန်နှစ်က (၅) ထောင်ကျော်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ (၂) သောင်းကျော်ခဲ့သည်ဟု ယာဉ်ထိန်းတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။ ယနေ့ပြုလုပ်သည့် အသိပညာပေးမှုဆောင်ရွက်ရာတွင် ကလေးခရိုင်အတွင်း ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲ တပ်ဖွဲ့၊ မြို့နယ် ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များ ပါဝင်ကြောင်းသိရသည်။

Read More

By မိုး​ကျော်​ – အမျိုးသားညီညွတ်ရေးကိုရှေ့ရှု၍ ပလက်ဝ၊ ဆမီးနှင့် မီးဇာမြို့နယ်တို့ကိုစုစည်းကာ ပလက်ဝခရိုင်အဖြစ် ဖွဲ့စည်းပေးရန် ခူမီး (ခမီး) အမျိုးသားပါတီက ချင်းပြည်နယ်ဝန်ကြီးချူပ်နှင့် လွှတ်တော်ဥက္ကဌတို့ထံ လိပ်မူပြီး ဇန်န၀ါရီလ (၂၈) ရက်နေ့က အိပ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်သည်။ ချင်းပြည်နယ်အတွင်း ပလက်ဝမြို့သည် လူဦးရေအများဆုံး၊ ကျေးရွာအုပ်စုအများဆုံး၊ ကျေးရွာအများဆုံး မြို့နယ်ဖြစ်ပြီး ခရိုင်မြို့ အဖြစ် ရုံးစိုက်ရန် ပလက်ဝတိုးချဲ့မြို့သစ်စီမံကိန်းများဖြစ်သော ကားလမ်း၊ ရေလမ်း၊ လေယဉ်ကွင်း၊ အဆင်သင့်ရှိနေသည့်အပြင် မဟာဓာတ်အားလိုင်မှ လျှပ်စစ်ဓာတ်အားပေးရန် စီမံကိန်းရှိနေပြီဖြစ်ကြောင်း နှင့် ရခိုင်ပြည်နယ်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်၍ လုံခြုံရေးအရ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်နေသောကြောင့် စစ်ရေးအရ မဟာဗျူဟာကျသော မြို့နယ်ဖြစ်ကြောင်း အိပ်ဖွင့်ပေးစာတွင် ဖော်ပြသည်။ ထို့ကြောင့် ပလက်ဝခရိုင်ဖွဲ့စည်းပေးနိုင်ရေးအတွက် ချင်းပြည်နယ်လွှတ်တော်၊ ချင်းပြည်နယ်အစိုးရအဖွဲ့တို့မှ ဆုံးဖြတ်ချက်ချမှတ်ပေးပါရန် အလေးအနက်အကြံပြုတင်ပြအပ်ပါသည်ဟု ခူမီး(ခမီး) အမျိုးသားပါတီက တောင်းဆိုသည်။ ထို့အပြင် လွတ်လပ်ရေးနှင့်အတူ ပလက်ဝခရိုင်ရရှိရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် “နိုင်ငံရေးနည်း” ဖြင့် နှစ်ပေါင်း (၇၀) ကြိုးပမ်းလာခဲ့သော ပလက်ဝမြို့နယ်ကို “ချင်းပြည်နယ်မှ ခွဲမထွက်စေလိုလျှင်” ပလက်ဝအရေးကို ဥပေက္ခမပြုသင့်တော့ကြောင်း ၎င်းတို့၏ အိပ်ဖွင့်ပေးစာတွင်ဖော်ပြထားသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ခူမီး(ခမီး)အမျိုးသားပါတီဥက္ကဌ ဦးကျော်ထွန်းကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

Read More

By လားနွန် – ချင်းအမျိုးသမီးအရေးလှုပ်ရှားသည့် နေနူး (Ninu) အဖွဲ့က သမ္မာကျမ်းစာကို ဖေးမီးနစ်ရှုထောင့်မှလေ့လာသည့် “အာဗြဟံ ၏ဘုရားမှ ဟာဂရ၏ဘုရားသို့” ဆိုသည့် စာအုပ်ကို ထုတ်ဝေမည်ဖြစ်ပြီး ပထမဆုံးအကြိမ် စာအုပ်မိတ်ဆက်ခြင်းအခမ်းအနားကို ချင်းပြည်နယ်၊ မတူပီမြို့ အမျိုးသမီးများအဖွဲ့ရုံး၌ ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။ ကျား/မ (အမျိုးသားနှင့် အမျိုးသမီး) ရေးရာနှင့် ပတ်သက်သည့် သင်တန်းများတွင် ခရစ်ယာန်အချင်းချင်းကြား တွင် ကျားမတန်းတူမှုကို လက်မခံကြသည့် အဖြစ်အပျက်များ ကြုံတွေ့နေသည့်အတွက် သမ္မာကျမ်းစာကို ပြန်လည်လေ့လာ၍ ဆွေးနွေးနိုင်ရန် ရည်ရွယ်ပြီး ထုတ်ဝေရခြင်းဖြစ်သည်ဟု နေနူးအဖွဲ့ ဒါရိုက်တာ Mai Len Nei Cer ကပြောသည်။ “ကျမ်းစာကတော့ အမျိုးသားတွေကပဲရေးသားတာဖြစ်တယ် ဘာသာပြန်တဲ့လူတွေလည်း အမျိုးသားတွေပဲဖြစ်တယ်ပေါ့ အများသောအားဖြင့် ဘုရားကျောင်းတွေမှာ ခရစ်ယာန်အသိုင်းဝိုင်းတွေမှာ ပါစတာလည်း အမျိုးသားတွေပဲများတယ် အဲတာကို အမျိုးသမီးတွေအနေနဲ့ ဒီစာအုပ်တွေကိုလေ့လာခြင်းအားဖြင့် ဘုရားသခင်က တကယ်ကို ဘာပြောချင်လဲ သိလာလိမ့်မယ် ပြီးတော့ အသင်းတော်တွေထဲမှာ အမျိုးသမီးတွေခွဲခြားခံရတာပိုနည်းလာပြီးတော့ ကျားမတန်းတူ ညီမှု တွေလည်းရှိလာလိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ထားတယ်” ဟု Mai Len Nei Cer ကပြောသည်။ ယခုထွက်ရှိမည့် စာအုပ်တွင် ချင်းဓမ္မပညာရှင်၊ အမှုတော်ဆောင် ၁၉ ယောက်တို့၏ သမ္မာကျမ်းစာအား ဖီးမီးနစ် (ယောက်ျားများနှင့် တန်းတူအခွင့်အရေးရလိုသည့်အမျိုးသမီးဝါဒ ထောက်ခံအားပေးသူ) ရှုထောင်မှ လေ့လားထားသည့် အတွေးအမြင်များစုစည်းမှုတို့ပါဝင်မည်ဖြစ်သည်။ အဆိုပါ စာအုပ်ကို နယ်ဘက်တွင် အရင် ဖြန့်ချိမည်ဖြစ်ပြီး တစ်အုပ်ကို ကျပ် ၃၀၀၀…

Read More

By လားနွန် – ချင်းပြည်နယ်၊ ဟားခါမြို့ပြစီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိပြီး ဥပဒေအတိုင်းလုပ်ဆောင်မှုများ အစိုးရမှ ဆောင်ရွက်​​ပေးမှု မရှိခြင်း​ကြောင့်​ ဇန်နဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်း (၁၁) နာရီတွင် ​တောင်သူလယ်သမား (၅၀၀) ခန့်​က ​ဟားခါမြို့သစ်ရပ်ကွက်၊ ထန်တလန်လမ်းဆုံ မှစုဝေးကြပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။ ဟာခါးမြို့ပြစီမံကိန်းသည် မြေပိုင်ရှင်များနှင့် တောင်သူလယ်သမားအတွက် အစိုးရမှ ဥပဒေအရ မြေပိုင်ရှင်တွေထံ ညှို့နှိုင်းဆောင်ရွက်မှုမရှိကာ မြို့ပြစီမံကိန်းဆောင်ရွက်အကောင်ထည်ဖော်ခြင်းသည် ပွင့်လင်းမြင်သာမှုမရှိခြင်းဖြစ်ကြောင်း တောင်သူလယ်သမားအဖွဲ့အစည်းမှ အကြံပေးပုဂ္ဂိုလ် ဒေါ်ဇာတလဲမ်းကပြောသည်။ “ကျွန်မတို့ ခေါင်းစဉ် အရေးအကြီးဆုံးက မြို့ပြစီမံကိန်းဆောင်ရွက်ရာဖြစ်တယ် ပွင့်လင်းမြင်သာမှုမရှိဘူး၊ ဥပဒေနည်းလမ်းအတိုင်းမလုပ်ဘူး၊ ပြီးတော့ တရားဥပဒေစိုးမိုးရေးလည်းမရှိဘူး ချင်းပြည်နယ်အစိုးရက အဂတိလိုက်စားမှုလည်းများလွန်းတယ် ဒါကြောင့် ကျွန်မတို့ဆန္ဒဖော်ထုတ်တာ၊ ကျွန်မတို့ ဥပဒေဘယ်လိုပြောလဲဆိုတော့ မြေပိုင်ရှင်တွေကို ကိုယ်တိုင်ကို ညှို့နှိုင်းပါ ညှို့နှိုင်းပြီးမှပဲဆောင်ရွက်ပါ ကျွန်မတို့မြေကိုလုံးဝ ညှို့နှိုင်းမှုမရှိပဲနဲ့ လမ်းတွေဖောက်တယ်၊ ပြီးတော့ မြေဂရမ်ကို တခြားစီမှာ မူလပိုင်ရှင်ကို ကျူးကျော်ပေးမှ တစ်ခြားစီမှာ မြေဂရမ်ထုတ်ရောင်းပေးလိုက်တယ် အဲဒါမျိုးလုပ်ဆောင်ချက်ကို ကျွန်မတို့မကျေနပ်လို့” ဟု​​ဒေါ်ဇာတလဲမ်းကပြောသည်။ ၎င်းဖြစ်ခဲ့သည့် ကိစ္စအပေါ် အစိုးရမှ ဘာတစ်စုံတစ်ရာမှ လုပ်ဆောင်ပေးမည့် အစီအစဉ်များလည်း မရှိသေးကာ မြေပိုင်ရှင်တွေနှင့် တောင်သူလယ်သမားများတို့ဘက်မှ ဥပဒေအတိုင်းသာဖြစ်စေ ဖြေရှင်းရန်လိုအပ်ကြောင်းလည်း သူကဆက်ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ် ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျွန်တော်တို့ ညှို့နှိုင်းပါတယ် ကျွန်တော်တို့ပြေပြေလည်လည်ညှို့နှိုင်းတယ်၊ တောင်သူတွေကို ညှို့နှိုင်းမှုမရှိဘူးလို့ပြောရအောင် ကျွန်တော်တို့ မြေလည်းအခုထိမချရသေးပါဘူး အခုမှ မာစတာအစီအစဉ်ဆွဲတုန်းပဲရှိပါတယ်၊ ကျွန်တော်တို့ မနေ့ကတောင်မှ အဲဒီတောင်သူတွေနဲ့ ၀န်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့တွေလည်းပါတယ် မြို့တော်ခန်းမမှာတောင် သေချာလေးရှင်းပြရတယ်…

Read More

By မိုးကျော် – ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်ပိုက်နက်ဖြစ်သည်ဟု ရက္ခိုင့်တပ်မတော်(AA) ၏ နယ်မြေချဲ့ထွင်ရေးဝါဒကို လုံးဝဆန့်ကျင်ကန့်ကွက်ရှုတ်ချသည်ဟု ခူမီး(ခမီး)အမျိုးသားပါတီက ပြောဆိုလိုက်သည်။ ရက္ခိုင့်တပ်မတော်သည် ပလက်ဝမြို့နယ်အတွင်း လှုပ်ရှားစဉ် ကျေးရွာရှိပြည်သူများအား ပလက်ဝမြို့နယ်သည် ရခိုင်ပိုက်နက်ဖြစ်ကြောင်း တော်လှန်ရေးပြီးဆုံးပါက ရခိုင်ပြည်နယ်တွင် ပေါင်းထည့်မည်၊ ဆန်၊ ကြက်၊ ဝက် တန်ဖိုးကို တော်လှန်ရေးပြီးဆုံးလျင် ပေးချေမည်ဖြစ်ကြောင်း ၀ါဒဖြန့်ပြောဆိုမှုကို ဆန့်ကျင်ကန့်ကွက်ပြီး ပလက်ဝမြို့နယ်သည် မည်သည့်အခါကမျှ ရခိုင်ပိုက်နက်မဖြစ်ခဲ့ဘူးကြောင်း ဇန်န၀ါရီလ ၂၄ ရက်နေ့စွဲဖြင့် ခူမီး(ခမီး)အမျိုးသားပါတီက ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။ ခူမီး(ခမီး)အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်အွေ့ဟွေ့လူးက “AA တွေက ပလက်ဝကို သူတို့ပိုင်တဲ့မြေလို့ပြောတယ်လေ ကျေးရွာတွေမှာ ၀င်တဲ့အခါမှာ လူထုတွေဆီမှာ အမြဲတမ်းပြော တယ်လေ ပလက်ဝမြို့နယ်ရဲ့ သမိုင်းတစ်လျှောက်လုံးမှာ ရခိုင်တွေက ပိုင်တယ် ပိုင်ခဲ့တယ်ဆိုတဲ့ဟာ တခါမှမရှိဘူး အရင် အင်္ဂလိပ်လက်ထက်ကလည်းမရှိဘူး အရင်ဘုရင်လက်ထက်ကလည်းမရှိဘူးဆိုတာ သိစေချင်တယ်’’ ဟု ပြောသည်။ ပလက်ဝမြို့နယ်သည် ရခိုင်တောင်တန်းဒေသ သို့မဟုတ် ရခိုင်မြောက်ပိုင်းခရိုင်အမည်ဖြင့် အင်္ဂလိပ်လက်ထက်ကပင် သတ်မှတ် ခဲ့ဖူးပြီး သီးခြားကိုယ်ပိုင်နယ်မြေ၊ သီးခြားကိုယ်ပိုင်နယ်နိမိတ်၊ သီးခြားကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဉ် ကျေးမှုရှိသော နယ်မြေ (၁၀) ခုတွင် ပါဝင်သော လွတ်လပ်သောနယ်မြေဖြစ်ကြောင်း ရခိုင်တော င်တန်းဒေသဥပဒေ (The Arakan Hill tract Regulation Act – 1906)၊ ရခိုင်တောင်တန်းတရားစီရင်ရေးဥပဒေ (The Arakan Hill Tract Justice Regulation Act – 1874-76) တို့ဖြင့် အုပ်ချုပ်ခဲ့သည်။…

Read More

ချင်းပြည်နယ်အစိုးရမှ ဟားခါးမြို့ပြစီမံကိန်းအတွက် မြို့ဧရိယာ မြေကွက် (၂၈၀၀၀) ဧက နှင့် မြို့ပြဧရိယာ မြေကွက် (၇၀၀) တိုးချဲ့နေမှုကို ကန့်ကွက်သည့်အနေဖြင့် ချင်းတောင်သူလယ်သမားများက ဇန်န၀ါရီလ (၂၅) ရက်နေ့တွင် စီတန်း လှည့်လည်ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။ မြို့ပြစီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးအတွက် ချင်းပြည်နယ်အစိုးရ၏ လုပ်ဆောင်မှုသည် ပွင့်လင်းမြင်သာမှုမရှိ သည့်အပြင် ဘိုးဘွားပိုင်မြေပိုင်ရှင်များနှင့် ဆွေးနွေးညှိနှိုင်းမှုမရှိသည့်အတွက် ယခုကဲ့သို့ဆန္ဒဖော်ထုတ်ရန် စီစဉ်ရခြင်းဖြစ် သည်ဟု ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်ပါဝင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဇာတလဲမ်းကပြောသည်။ “လုံးဝပွင့်လင်းမြင်သာမှုမရှိဘူး ဘိုးဘွားပိုင်မြေမရှိဘူး မြေလွတ်မြေရိုင်းဆိုပြီးမှ ကျမတို့တောင်သူ မြေပိုင်ရှင်ကို တစ်ခုမှ အသိအမှတ်မပြုဘူး ပြီးတော့ မြို့ပြစီမံကိန်းရေးဆွဲတဲ့အခါမှာ အဲဒီနေရာမှာရှိတဲ့ တောင်သူတွေ တခါမှမဆွေးနွေးဘူး မညှိနှိုင်းဘူး အခုလမ်းတွေဖောက်ပြီး မီးတွေလုပ်ပြီ အကုန်လုံးပေါ့နော် အဲဒါကြောင့် ကျမတို့ဆန္ဒပြမှာ’’ ဟု ဒေါ်ဇာတလဲမ်း ကပြောသည်။ ဟားခါးမြို့သည် မြို့တော်အင်္ဂါရပ်ညီညွတ်ရန်နှင့် အိမ်မြေကွက်မရှိသူများအတွက် ရည်ရွယ်ပြီး မြို့ပြစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရန် ချင်းပြည်နယ်အစိုးရမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ဆန္ဒဖော်ထုတ်ရန်အတွက် ခွင့်ပြုမိန့်ကို ဇန်န၀ါရီလ ၂၁ ရက်နေ့က ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ တင်ပြထားပြီး ယနေ့ထိ ခွင့်ပြုမိန့်မရသေးကြောင်း၊ ခွင့်ပြုမိန့်မရလျင်လည်း မနက်ဖြန်တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သူမကပြောသည်။ “ခွင့်ပြုမိန့်ကအခုထိတော့မရသေး ဒါပေမယ့် ဆန္ဒပြမှာဘဲ ကျမတို့က အကုန်လုံးပြင်ဆင်ထားပြီးသားဆိုတော့လေ ဒီမိုကရေစီစနစ်မှာ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်က ခွင့်ပြုပြီးသားဘဲ ဥပဒေဘောင်အတွင်းကနေဘဲ လုပ်မှာပါ၊ ဥပဒေကို ကျော်ပြီးမှလုပ်မှာမဟုတ်ဘူး’’ ဟု ဒေါ်ဇာတလဲမ်းကပြောသည်။ မနက်ဖြန်ဆန္ဒဖော်ထုတ်မှုကို ဟားခါးမြို့ မြို့သစ်ရပ်ကွက် ထန်တလန်လမ်းဆုံမှ နံနက်ပိုင်း (၁၀) နာရီကနေ စတင်ချီတက် ကြမည်ဖြစ်ပြီး လူဦးရေ…

Read More

By မိုးကျော် – အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ UN ရုံးတွင် ချင်းဒုက္ခသည်အရေးနှင့်ပတ်သက်၍ UNHCR တာဝန်ရှိသူများနှင့် ချင်းဒုက္ခသည် ခေါင်းဆောင်များ ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ဆွေးနွေးပွဲမှာ အောင်မြင်မှုမရှိကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် ဒုက္ခသည်များ မျှောလင့်ထားသော ရလဒ်များထွက်ပေါ်လာခြင်းမရှိသည့်အတွက် အောင်မြင်မှုမရှိဟု တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်သူ Chin Human Right Organization (CHRO) ရုံးတာဝန်ခံ Salai Cung Dawt က ပြောသည်။ “ကျနော်တို့တောင်းဆိုတဲ့အပေါ် အောင်မြင်မှုမရှိဘူးလို့ဘဲပြောရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တောင်းတာက တစ်ချက် အနေနဲ့ international protections continue လုပ်ပါဆိုတဲ့အရာ၊ ဒီအချက်အပေါ်မှာ ပေါ်လစီကိုအမြဲတမ်း review လုပ်လို့ ရပါတယ်။ ဒါပေမယ့် အဓိကအရေးကြီးတာက ချင်းပြည်နယ်ရဲ့အခြေအနေကို သိဖို့လိုတယ်။ သေချာမသိဘဲ ပေါ်လစီကို ပြောင်းလို့မရဘူးလို့ UN ဘက်က ပြောတယ်” ဟုပြောသည်။ ဆက်လက်၍ “ကျနော်တို့တောင်းဆိုထားတဲ့ UN card ကို သက်တမ်းတိုးပေးဖို့ဆိုတဲ့ဟာလည်း ဘာမှတုန့်ပြန်မှုမရှိဘူး။ တောင်းဆိုထားတဲ့အရာ အကုန်လုံးက ပေါ်လစီနဲ့ဆိုင်တယ်ဆိုတော့လေ။ ဒါကြောင့် ဒီနေ့ ဆွေးနွေးပွဲက မအောင်မြင်ဘူးလို့ဘဲ ပြောရမယ်။” ဟု Salai Cung Dawt က ပြောသည်။ အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များသည် UNHCR ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဇန်န၀ါရီ ၁၆ မှ ၁၇ ရက်နေ့အထိ နယူးဒေလီ UN ရုံးရှေ့တွင် ၃ ရက်ဆက်တိုက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး…

Read More

ချင်းပြည်နယ် တီးတိန်နှင့် တွန်းဇံမြို့နယ်နှစ်ခုကို တီးတိန်ခရိုင်အဖြစ် တိုးမြှင့်ပေရေး ကူညီဆောင်ရွက်ပေးရန် ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဇန်န၀ါရီလ (၂၁) ရက်နေ့က တောင်းဆိုလိုက်သည်။ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့သည် ချင်းပြည်နယ်လူဦးရေ၏ လေးပုံတစ်ပုံခန့်ရှိသော မြို့နယ်များဖြစ်ကြသည့်အပြင် ဖလမ်းခရိုင်တွင် နှစ်ပေါင်း (၆၀) ခန့်တွဲထားလျက် ပြည်သူလူထုနှင့် ဌာနဆိုင်ရာအစိုးရရုံးများသည် မိုင်ပေါင်း (၁၅၀) ကျော် ဝေးကွာသော ခရိုင်သို့ သွားလာနေရသော အခက်အခဲများကြုံနေရသည်အတွက် ခရိုင်အဆင့်သို့ တိုးမြှင့်ပေးရန် ZCD လွှတ်တော်ကိုယ်စားလှယ်များက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိပ်ဖွင့်ပေးစာပေးပို့ကာ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ZCD အတွင်းရေးမှူးလည်းဖြစ် တီးတိန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပူးဂင့်ကမ်းလျန်းက “လူဦးရေအနေအထားအရရော ပထ၀ီအနေအထားအရရော ခရိုင်ပေးသင့်ပါတယ်၊ ခရိုင်ကိစ္စဆိုရင် ဖလမ်းအထိ သွားရတာလေ၊ တိုက်ရိုက်လိုင်းကားလည်းမရှိဘူး ဌာနဆိုင်ရာနဲ့ ပြည်သူလူထုတွေ အတော်လေးအခက်ကြုံနေရတယ် လေ’’ ဟု ပြောသည်။ တီးတိန်ခရိုင်အဆင့်တိုးမြှင့်ရေးကိစ္စနှင့်ပတ်သက်၍ တီတိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူးကျင့်ရှန်းထန်နှင့် တွန်းဇံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူးခမ်ခန့်ထန်တို့သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ပြခဲ့ပြီးဖြစ်ကြောင်း ယခုအခါ အတိုင်ပင်ခံပုဂ္ဂိုလ် ချင်းပြည်နယ်သို့လာရောက်သည့်ခရီးစဉ်တွင် ထပ်လောင်း တင်ပြဆောင်းဆိုခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ ယခုလက်ရှိတွင် ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊ မင်းတပ် နှင့် မတူပီခရိုင် စုစုပေါင်းခရိုင် (၄) ခုရှိပြီဖြစ်သည်။

Read More

By မိုးကျော် – ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ဒေသခံ ရပ်မိရပ်ဖများက ရိခေါ်ဒါရ်မြို့အတွင်း သောက်သုံးရေ နှင့် လျှပ်စစ်မီး ရရှိနိုင်ရေးကိစ္စကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်ခရီးစဉ်၌ ရိခေါ်ဒါရ်မြို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ရိခေါ်ဒါရ်မြို့ဒေသခံ ရပ်မိရပ်ဖများက ယခုလို ရေနှင့်မီးကိစ္စကို တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရိခေါ်ဒါရ်လူထုနဲ့တွေ့ဆုံပွဲမရှိဘဲ တင်ပြစာအပေါ် တစ်စုံတရာပြောကြားခြင်းမရှိကြောင်း ရိခေါ်ဒါရ်မြို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာက ယခုလို ပြောသည်။ “လူထုနဲ့တွေ့ဆုံပွဲ သီးသန့်မရှိဘူး။ ကျနော်တို့ တင်ပြစာအပေါ်တစ်စုံတရာပြောကြားခြင်းလည်းမရှိဘူး။ ဒေသဖွံ့ဖြိုးရေး အတွက် ဘာတစ်ခုမှပြောသွားတာမရှိဘူး” ဟုပြောသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရိခေါ်ဒါရ်မြို့ဒေသခံ ရပ်မိရပ်ဖများမှ တင်ပြသည့်အချက်အလက်များအရ ဦးစားပေး (၁) အနေနဲ့ ရိခေါ်ဒါရ်မြို့ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ဝုမ်းသွီးဒေါန် (Vomtuidawn) ရေထွက်မှ မိုင် (၂၀) ကျော် (၂%)မိုင် သွယ်ယူပါက ခန့်မှန်းခြေကုန်ကျငွေ စုစုပေါင်း ကျပ် (၄၅၀.၀၀) သန်း ကျန်ကျမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။ ၄င်းအပြင် ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း စုစုပေါင်း အိမ်ခြေ ၈၄၅၊ လူဦးရေ (၄၁၀၀) ရှိပြီး ရေဖူလုံမှုအနေဖြင့် မိုးရာသီတွင် (၇၅%) ဖြစ်ပြီး၊ နွေရာသီတွင် (၃၀%)သာ ရှိသောကြောင့် မြို့ရေပေးဝေရေးအတွက် ရေထွက်အသစ် ထပ်မံလိုအပ် ကြောင်းလည်း တင်ပြခဲ့သည်။ တင်ပြသည့်အချက်အလက်များအရ ဦးစားပေး (၂)…

Read More