Author: Editor

မိုင်ပေါင်း ၃၀၀ ခန့်ရှိမည့် ချင်းပြည်နယ် မြို့ တော် ဟားခါးမှ မတူပီ – ပလက်ဝမြို့ အထိ ဆက်သွယ်သွားလာသည့် ပြည်ထောင်စု အစိုးရမှ စတင် ဖောက် လုပ်နေသည့် လမ်း မကြီးကို ၂၀၁၅- ၁၆ ခုနှစ်အတွင်း အပြီး ဖောက်လုပ် သွားနိုင် မည်ဖြစ်ကြောင်း သိရသည်။

Read More

ချင်းပြည်နယ်မတူပီမြို့နယ်၊ ရေဇွာမြို့ အခြေစိုက် ဗိုလ်မှူးအောင်သူဝင်း ဦးဆောင်သည့် ခလရ (၂၆၉) မှ ကိုယ်ပှိုင် အမှတ် တသ- ၃၇၁၈၅၀ ဖြစ်သူ တပ်သား မျိုး သူရကျော် က အိမ်ထောင်ရှင် အမျိုးသမီးတဦးအား ယခုလ ဇွန် ၁၀ ရက် နေ့က အဓမ္မ ပြုကျင့်ရန်ကြံစည်ခဲ့သည်။

Read More

ချင်းပြည်နယ် ၊ မီဇိုရမ်ပြည်နယ် နှင့် ဘင်္ဂလားဒေရှ့် နိုင်ငံ နယ်စပ် တရိဂံနယ်မြေအကြား ကုန်စည်ကူး သန်းနေသူ များ ထံ ရခိုင်လက်နက်ကိုင်အဖွဲ့မှ ဂိတ်များဖွင့်ပြီး အခွန်များ ကောက်ခံနေကြသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဂိတ်ဖွင့်လှစ်သည့် နေရာများမှာ ချင်းပြည်နယ်အတွင်း စိုက်ထူထားသည့်  မြန်မာ နှင့် ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ နယ်စပ် ကျောက်တိုင်အမှတ် ၇၀ နှင့် ကျောက်တိုင်အမှတ် (၇၃) ၊ ချင်းပြည်နယ် နှင့် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည် နယ် နယ်စပ်အ ကြားတွင်ဖြစ်သည်။ တကယ်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့အနေဖြင့် အခွန်များ ကောက်ခံလိုပါက ရခိုင်ပြည်နယ် နှင့် ဘင်္ဂလားဒေရှ့် နယ် စပ်မှာ ကောက်ခံသင့်သည်၊ ချင်းပြည်နယ်အတွင်း ခြေကုတ်ယူပြီး အခွန်ကောက်နေပါက  ရေရှည်တွင် ကြီးမားသည့် ပြသာနာများ ဖြစ်လာနိုင်သည်။ ယင်းကိစ္စကို သက်ဆိုင်သူ အစိုးရ အာဏာပိုင်များက ဖြေရှင်းပေးကြပါ လို့ တင်ပြ လိုသည်။ တကယ်လို့သာ ၄င်းနယ်မြေမှာ တာဝန်ရှိသည့် အစိုးရတပ်များ၊ ပြည်သူ့ရဲများမှ နယ်မြေ စိုးမိုးမှု အားနည်းနေပါက ချင်းလက်နက်ကိုင်အဖွဲ့မှ နယ်မြေလုံခြုံရေးအတွက် တာဝန်ကျရန်လည်း ထပ်မံတင်ပြရေးသားလိုက်ရသည်။

Read More

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစပြီး မူလတန်း မှ အလယ်တန်းအထိ အခမဲ့ပညာရေးစနစ် ဖော်ဆောင်ချိန်တွင် ချင်း ပြည်နယ် အထက်ပိုင်း တီးတိန် နှင့် ဖလမ်းမြို့ အစိုး ရကျောင်း များတွင် ငွေကြေးကောက်ခံ မှုများရှိနေသည်ဟု သိရ သည်။

Read More

ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ အိန္ဒိယ – မြန်မာနယ်စပ်ရှိ ရိခေါ်ဒါရ်မြို့သစ်၊ အမှတ်(၂) ရက်ကွက် တီအိုရွာ အုပ်ချုပ်ရေး အဖွဲ့၏ လုပ်သားများအပေါ် ချယ်လှယ်နေမှုကို အထက်က ကွင်းဆင်း အရေးယူပေးရန် တင်ပြလိုသည်။ အမှတ် (၂) အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ ရိဒ်ခေါ်ဒါရ်မြို့သစ်၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့သည် နေ့စားလုပ်သားများအား တဖွဲ့ ၁၀ စီဖြင့် အေ၊ ဘီ၊ စီ၊ ဒီ ဟု အုပ်စု (၄) ခု ခွဲပြီး လုပ်သား များအပေါ် အောက် ပါအတိုင်း ခေါင်းပုံဖြတ် စီမံခန့်ခွဲလျက်ရှိသည်။ ၁။ အုပ်စု တခု စီမှ လုပ်သား၊ ကူလီခေါင်းများ နေရာတွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဆယ်အိမ်ခေါင်းများသာ တပတ်တကြိမ်အလှည့်ကျ လဲလှယ် တာဝန်ပေးသည်။ ၂။ ကုန်တင်ကုန်ချ နှင့် ပါတ်သက်ပြီး ၀က်ကုန်တင်ကုန်ချ အတွက် အဖွဲ့ဝင်ကြေးကို တဦး ကျပ်ငွေ ၈၀၀၀ ၊ အခြား မော်တော်ယာဉ် ကုန်တင်ကုန်ချ အတွက် အဖွဲ့ဝင်ကြေးကို တဦး ကျပ်ငွေ ၄၀၀၀ ကောက်ခံပြီး ကွမ်းသီး၊ ပန်းသီး၊ မြေဆီများ ကုန်တင်ကုန်ချရာတွင် အုပ်ချုပ်ရေးအဖွဲ့ ကိုယ်တိုင် ဦးစီးပြီး ၄င်းတို့ ကြိုက်သည့် အလုပ်သမားများအား အသုံးပြုလျက်ရှိသည်။ ၃။ ကလေးမြို့မှ ရောက်ရှိလာသည့် ၀က် ကားများအပေါ် အထွေထွေအုပ်ချုပ်ရေးမှူးက ကားတစီးလျှင်…

Read More

ချင်းပြည်နယ်အစိုးရက ချင်းအမျိုးသားတပ်ဦး (CNF) အား ချင်းပြည်နယ် ဖလမ်းနှင့် မင်းတပ်မြို့များတွင် စီးပွားရေး ရုံးများ တိုးချဲ့ဖွင့်လှစ်ရေး တင်ပြချက်ကို ယခုလ ဇွန် (၉)ရက်နေ့က ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ CNF သည် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က ဖလမ်းမြို့နှင့် မင်းတပ်မြို့များတွင် စီးပွား ရေး ရုံး ဖွင့်လှစ် ခွင့်ပြုရေး တင်ပြချက်ကို သက်ဆိုင်ရာပြည်နယ်အစိုးရက စာအမှတ် ၃/၆-၁၆ (ခရ) / ဦး – ၁ ဖြင့် တရား ၀င်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Read More

အိန္ဒိယ-မြန်မာအစိုးရ တို့မှ အကျိုးတူပူးပေါင်းဆောင်ရွက်နေသော ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်၍ မှန်ကန်သောအချက် အလက်များကို ဒေသခံလူထုထံ ရှင်းရှင်း လင်းလင်း ချပြရန် အိန္ဒိယ၊ မြန်မာအစိုးရ နှင့် ESSAR ကုမ္ပဏီ ကို ကုလားတန် လှုပ်ရှား မှု အဖွဲ့က ယနေ့တောင်း ဆိုလိုက် သည်။

Read More

ပြီးခဲ့တဲ့ ဇွန်လ ၀၅ ရက်နေ့က ဖလမ်းမြို့နယ်အတွင်း အိန္ဒိယ – မြန်မာနယ်စပ် ရိဒ်ခေါ်ဒါရ် ပြည်သူ့ရဲတပ်ဖွဲ့က တ ဖက်အိန္ဒိယ နိုင်ငံသား မီဇိုလူမျိုး နှစ်ဦးထံမှ ဘိန်းဖြူများ လက်ဆုပ်လက်ကိုင်ဖမ်းဆီးထားသည်ကို အမှုမလုပ်ပဲ ပြန် လွှတ်ပေးခဲ့သည်ဟု သိရသည်။

Read More

၂၀၁၃ – ၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို တစ်နိုင်ငံလုံးရှိ ပြည်နယ်တိုင်းဒေ သကြီးများ စာစစ်ဌာနများတွင်ဇွန်လ(ရ)ရက်နံနက်အချိန်တွင် ထုတ်ပြန်ကြေငြာလိုက်ပြီး ချင်းပြည်နယ်၏အောင်ချက်မှာ ၈.၀၇ ရာခိုင်နှုန်းသာရှိသည်။ ချင်းပြည်နယ်မှ ၂၀၁၃ -၂၀၁၄ စာသင်နှစ်အတွင်း ၁၀ တန်းဖြေဆိုသူပေါင်း ၁၀၁၀၂အနက်၊ ၈၇၂၁ ဖြေဆိုကြပြီး ၇၀၄ ဦးအောင်မြင်ကြသည်။ ၉ မြို့နယ် စာစစ်ဌာနမှအကောင်းဆုံးမှာ ဖလမ်းမြို့နယ် စာစစ်ဌာန (၁၂. ၁၅{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} ) ဖြစ်ပြီး အညံ့ဆုံးမှာထန်တလန်မြို့နယ်စာစစ်ဌာန (၂.၆၈{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}) ဖြစ်သည်။

Read More

ပြီးခဲ့တဲ့ ဇွန်လ ၀၂ ရက်နေ့က အိန္ဒိယ – မြန်မာနယ်စပ်၊ မတူပီမြို့နယ် မရာဒေသ အတွင်း နံ့သာနီသစ် သယ်ဆောင် လာသည့် ဟိုင်မွာလ် ဂျစ်ကား တိမ်းမှောက်ပြီး သစ်ပိုင်ရှင် ပွဲချင်းသေဆုံးသွားသည်ဟု သိရသည်။  အဆိုပါကားသည် ရေဇွာမြို့မှ တဆင့် ဆန်အိတ်များကို မရာဒေသ အတွင်း ဖြန့်ဝေရန် ကားပိုင် Rominthang မှ သယ်ဆောင်လာခြင်းဖြစ်ပြီး အပြန်ခရီး ဒါရ်လင်း နှင့် စပေါ်ကျေးရွာအကြား ချောင်းအနီးတွင် တိမ်းမှောက် သွား ခြင်း ဖြစ်သည်ဟု စပေါ်ရွာသား တဦးက ပြောသည်။

Read More