ကျတော်သည် ထန်တလန်မြို့နယ်၊ ဘွာလ်ပဲန်တောင်ကြော၊ မှုန်ဟဲလ် ကျေးရွာက သိက္ခာတော်ရ ဆရာ တဦးပါ၊ အစိုး ရက ကျတော်တို့ ကျေးရွာ အိမ်ခြေ (၆၀) မီးလင်းရေးအတွက် ရည်ရွယ်ပြီး ကျပ်သိန်းပေါင်း တထောင် တန် ဆိုလာ မီးထွန်းပေးရေး ပရိုဂျက်ကို ချပေးခဲ့ပါတယ်၊ ၄င်းကို Brother Company က တာဝန်ယူ ဖော်ဆောင်မည်ဟု ထန်တ လန်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောခဲ့ပါတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ၄င်းအတွက် ဆိုလာ၊ ဘက်ထရီ မီးချောင်း တွေကို လာရောက် ထုတ်ယူဖို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ထန်တလန်မြိ့သို့ ခေါ်ယူခဲ့ရာမှာ ကျတော်တို့ မှုန်ဟဲလ်ကျေးရွာ အိမ်ခြေ ၆၀ အတွက် ကာလ ပေါက်ဈေး ကျပ် တသိန်း နှစ်သောင်းတန် ဆိုလာပြားတချပ်၊ ကာလပေါက်ဈေး ကျပ် ရှစ်ထောင်တန် ဘက်ထရီ အသေး အလုံး ၆၀ ကို ပေးခဲ့သည်။ ကျပ်ငွေအားဖြင့် ကျပ်ငွေ ကိုးသိန်း ဖိုး နှင့် ညီမျှသည်ဟု ဆိုရမည်ဖြစ်သည်။ အစိုးရက ချပေးသည်မှာ ကျပ်ငွေ သိန်းတထောင်၊ ကျတော်တို့ဆီရောက်တာ ကျပ် ကိုးသိန်း ဟု ဆိုချင်သည်။ အစိုးရသည် ကျတော်တို့ ကျေးလက်ဒေသ မီးလင်းရေးအတွက် ထောက်ပံ့သည့် အပေါ် လူထုက အင်မတန်မှ ၀မ်းသာကြိုဆိုနေပေမဲ့ ကြားထဲက မြို့နယ် အုပ်ချုပ်ရေးဆိုမလား၊ Brother Company ဆိုမလား၊ နှစ်ခုစလုံး ပေါင်းကြံကြတာလား၊ နာနေတာက ကျတော်တို့…
Author: Editor
တိုင်းရင်းသားသတင်းမီဒီယာများအတွက် သတင်းစာ၊ ဂျာနယ်များ ထုတ်ဝေရေး ပိုမိုလွယ်ကူရန်အတွက် ပြည်နယ် နှင့် တိုင်းဒေသများတွင် သတင်းစာပုံနှိပ်စက်များထားရှိပေးရန် သက်ဆိုင်ရာ အစိုးရအသီးသီးကို တတိယအကြိမ် တိုင်းရင်း မီဒီယာ ညီလာခံက တောင်းဆိုလိုက်သည်။
(ဟွာလ်ငိုသား)။ ။ ချင်းမျိုးနွယ်စုတစ်ခုဖြစ်သော ဟွာလ်ငို မျိုးနွယ်၏ သမိုင်းအမွေအနှစ် “KUTPUI” ပွဲတော်ကို မတ်လ ၄ ရက်နေ့က စတင်ပြီး ကလေးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြသည်။
(ဟွာလ်ငိုသား)။ ။ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသနေပြည်သူများအကြား ကုန်စည်ကူးသန်းရောင်းဝယ်ဖောက် ကားမှု ပိုမိုလွယ်ကူချောမွေ့စေရေး အတွက် ချင်းပြည်နယ် မြောက်ဘက်ဒေသ နှင့် ဆက်စပ်သည့်နေရာ၌ နယ်စပ်ကုန် သွယ်ရေး စခန်းသစ် ဖွင့်လှစ်ရန် အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မဏိပူရ်အစိုးရမှ လျာထားကြောင်း သိရသည်။
ဟားခါး။ ။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားသတင်းမီဒီယာအဖွဲ့အစည်းများ၏ တတိယအကြိမ်မြောက် တိုင်းရင်း မီဒီ ယာ ညီလာခံကို သက်ဆိုင်ရာ ပြည်နယ် အစိုးရ ခွင့်ပြုချက်ဖြင့် ချင်းပြည်နယ် မြို့တော် ဟားခါးတွင် မတ်လ ၁၈ ရက်နေ့မှ စပြီး စတင်ကျင်းပမည်ဖြစ်သည်။
(ဟားခါး)။ ။ ချင်းပြည်နယ်၏မြို့တော် ဟားခါးတွင် ၀ိဇ္ဇာ-သိပ္ပံကောလိပ် နှင့် ပညာရေးကောလိပ် တည်ဆောက် ရေးစီမံကိန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂ ရက်နေ့က ကျင်းပခဲ့ကြပြီး အမှတ်(၁)အခြေခံ ပညာရေးဦးစီးဌာနမှ ညွန်ကြား ရေးမှူးချူပ် ဦးအောင်သန်းဦးနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာဘမောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ချင်းပြည်နယ်တွင် ယခင်ကထက် လျှပ်စစ်ဓာတ်အားပေးစနစ်များ ပိုမိုသုံးစွဲလာနိုင်ခြင်းသည် ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရရှိခြင်း၏ အကျိုးကျေးဇူးများ ပင်ဖြစ်သည်ဟု ပြည်ထောင်စု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် စိုးက ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နှစ်ခြင်းခရစ်ယာန်သာသနာပြု နယ်လှည့်အဖွဲ့အား ဒေသအခြေစိုက် ခလရ ၂၈၉၊ ခ၀ဲစခန်းထိုင် စစ်ကြောင်းမှူးက မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာမပါသည့်အတွက်ကြောင့်ဟုဆိုကာ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ကျပ်ငွေ ၂၀၀၀၀၀ သိန်း တောင်းယူခဲ့သည်ဟု သိရသည်။
ယခုလ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း နှစ်ခြင်း ခရစ်ယာန် သာသနာပြုနယ် လှည့်အဖွဲ့အား ဒေသအခြေစိုက် ခလရ ၂၈၉၊ ခ၀ဲ စခန်း ထိုင် စစ်ကြောင်းမှူးက မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာ မပါကြောင်း ဆိုပြီး ကျပ်ငွေ (၂၀၀၀၀၀) တောင်းယူခဲ့သည်ဟု သိရသည်။ ပလက်ဝ အခြေစိုက် နယ်လှည့်ခရစ်ယာန်သာသနာပြုအဖွဲ့ ၁၀ ဦးသည် ပလက်ဝမြို့နယ်အတွင်း ပီချောင်း နယ်ရှိ ကျေးရွာများတွင် နယ်လှည့် ခရစ်ယာန် ဓမ္မ တရားဟောကြားသည့် ခရီးစဉ်အတွင်း တပေါက်ကံရွာတွင် ခလရ ၂၈၉၊ နယ်လှည့် စစ်ကြေင်းမှူးနှင့် အဖွဲ့က ငွေတောင်း ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။ “မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံစာကို ခါတိုင်းလည်း မယူပါဘူး၊ ဘယ်လိုမှ ပြောလို့ ဆိုလို့မရတဲ့ အဆုံး ကျပ်ငွေ နှစ်သိန်း တောင်း တယ်၊ မနည်းတောင်းပန်ပြီးမှ ကျပ်ငွေ ၁၈၀၀၀၀ ပေးရတယ်၊ ည ၁၁ နာရီခန့်မှာ ကျတော်တို့ တည်းတဲ့အိမ်ကို လာကြတယ်၊ နောက်နေ့ ကျတော်တို့ ပလက်ဝဖက် အလှည့်မှာ ကျေးရွာ အုပ်ချုပ်ရေး က ကျတော်တို့ကို ပြန်လည်လိုက်လာပြီး ကျပ်ငွေ ၂၀၀၀၀ ပြန်လာပေးခိုင်းတယ်” ဟု နှစ်ခြင်း သာသနာပြု နယ်လှည့် တာဝန်ခံ ဓမ္မဆရာတော် ဦး ဟွေ့ကြိုင်က ပြော သည်။ သာသနာပြုအဖွဲ့သည် အစိုးရစစ်တပ်နှင့် တွေ့ဆုံအပြီး မြို့နယ်အုပ်ချုပ် ရေးမှူးထံ ခရီးသွားထောက်ခံစာကို တောင်းခံပြီး နယ်လှည့်ရန်…
ချင်းပြည်နယ်ဝန်ကြီးအဖွဲ့နှင့် Hakha Christian Ministers Fellowship နှစ်ဦးနှစ် ဖက်အကြား ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၁၆) ရက်နေ့ ဒုတိယ အကြိမ် တွေ့ဆုံမှုသည် ပြည်သူလူထု ကျေနပ်လောက်သည့် ရေရာသော ရလဒ် မထွက်ကြောင်း သိရှိရသည်။
