ချင်းပြည်နယ်အတွင်း ဘာသာရေးခွဲခြားဆက်ဆံမှု ပပျောက်ရေးအတွက် ဆောင်ရွက်နေသည့် Chin Advocacy Group ( CAG) Coordinator ဖြစ်သူ Salai M Cung နဲ့ Salai Van Bawi Lian တို့အား ချင်းပြည်နယ် ၀န်ကြီးချုပ်နဲ့ ပြည်နယ် သာသနာဦးစီးမှူးတို့က ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့ကြကြောင်း သိရသည်။
Author: Editor
မီဇိုရမ်ပြည်နယ်တွင် ဘိန်းဖြူ အဓိက ဖြန့်ဝေသူဟု ယူဆရသော မြန်မာနိုင်ငံသားတဦးကို မီဇိုး လူငယ်များအသင်း( Young Mizo Association) လက်အောက်တွင် ဖွဲ့စည်းထားသော Central Anti Drugs Squad(C A D S) အဖွဲ့က ဖမ်းဆီးပြီး ရဲ လက်ထဲ မအပ်ခင် သေဆုံး သွားခဲ့သည် ဟုသိရ သည်။
ဇူလိုင်လ (၁) ရက်နေ့၊ တနင်္ဂနွေနေ့၊ နေ့လည်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့မြို့မရပ် ကွက်ရှိ ဘုန်းကြီး ကျောင်း တွင် ပလက်ဝမြို့၌ ALP ဆက်ဆံရေးရုံး ထားရှိရေးအတွက် ရခိုင် တိုးတက်ရေးပါတီက လူထုစည်းရုံးရေး ပြုလုပ်ကြောင်းဒေသခံ တစ်ဦး ၏ ပြောကြား ချက်အရ သိရသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ် ဆိုဇန် ကျေးရွာတွင် ရဲ နဲ့ စစ်သားများက လိုင်စင်မဲ့ ဆိုင်ကယ်ပိုင် ရှင်များ ထံ ငွေကြေးတောင်း ခံရာမှ ခိုက်ရန်ဖြစ်ပွားမှုတခုဖြစ်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့က ရွာသားတဦး သေဆုံးသွားသည်ဟု သိရသည်။
ပင်လုံညီလာခံအပြီး ချင်းခေါင်းဆောင်များမှ မြန်မာအစိုးရကိုယ်စားလှယ်များထံ အနာဂါတ် ချင်းပြည် အုပ်ချုပ်ရေးဆိုင်ရာ စာတမ်း ( မေမြို့၊ ၁၉၄၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့) တင်ပြအပြီး နယ်စပ်ဒေသ စုံစမ်းရေးကော်မီတီ ( မြန်မာ အစိုးရ ကိုယ်စားလှယ်များ) သည် ချင်းခေါင်းဆောင် များအား သီးသန့်စီ ပြန်လည်တွေ့ဆုံမေးမြန်းခဲ့ကြသည်။
ချင်းပြည်နယ် တီးတိန်မြို့ပေါ်ရှိ ၅၂၈ စားသောက်ဆိုင်ပိုင်ရှင် မမာမာန်းအား လည်ပင်းညှစ်ကာ ထိုး နှက်ခဲ့သူ စစ်ဘက် ရေးရာ လုံခြုံရေး(စရဖ) ရဲဘော် တပ်ကြပ် ဇင်ထွေး ကို သက်ဆိုင်ရာ အာဏာပိုင် များထံ မနေ့က အမှုဖွင့်တိုင်ကြားလိုက် သည်ဟုသိရသည်။
စာတမ်းတင် ချင်းတောင်တန်းခရိုင် (ဖလမ်း၊ ဟားခါး၊ ကန်ပက်လက်) မှ ကိုယ်စားလှယ်များ ၁။ Thang Tin Lian (A T M Chief of Zahau Tract, Falam Subdivision) ၂။ Hniar Kulh (Chief of Laizo, Falam)
ချင်းပြည်နယ် ၀န်ကြီးချုပ် ပူး ဟုန်းငိုင် ဦးဆောင်မှုဖြင့် ဒေသ စိမ်းလန်းစိုပြေရေး အတွက် ပြည်နယ်မြို့တော် ဟားခါး နှင့် ဖလမ်းမြို့များတွင် သစ်ပင်ပေါင်း ၂၃၄၀ ခန့် စိုက်ပျိုးကြသည်ဟု ဒေသထုတ် HYF သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၊ ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ ပေါ် မြို့ မိမြို့ ဖ များ က လျှပ်စစ်မီး ပုံမှန်ရရှိနိုင်ရန် လူထုလက်မှတ်ရေး ထိုးပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ဇူလိုင်လ (၃)ရက်နေ့  က ပေး ပို့  ခဲ့ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာနယ်စပ်တွင် ချင်းလူမျိုး နွားကုန်သည်များ၏ နွားများကို ဖမ်းဆီးပြီး အဆမ တန်ငွေကြေးတောင်း ခံခဲ့သော မြန်မာ စစ်သား ၂ ဦးကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် အခြေစိုက် အာသံစစ်တပ်က ဇူလိုင်လ ၃ ရက်နေ့ က ဖမ်းဆီးခဲ့ သည်ဟုသိရသည်။