Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်ရှိ မြန်မာ့တပ်မတော် ရှေ့တန်းစစ်ဗျူဟာကုန်းတစ်ခုကို AA ကသိမ်းပိုက်ပြီး တပ်သား (၁၁) ဦး ဖမ်းဆီးရမိဟုဆို

ပလက်ဝမြို့နယ်ရှိ မြန်မာ့တပ်မတော် ရှေ့တန်းစစ်ဗျူဟာကုန်းတစ်ခုကို AA ကသိမ်းပိုက်ပြီး တပ်သား (၁၁) ဦး ဖမ်းဆီးရမိဟုဆို

0
By Editor on March 12, 2019 Headline

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ပီချောင်းဒေသ၊ ပြင်စိုကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့အကြား မတ်လ (၉) ရက်နေ့က တိုက်ပွဲဖြစ်ပွားကာ မြန်မာ့တပ်မတော်၏ ရှေ့တန်းစစ်ဗျူဟာကုန်းကိုသိမ်းပိုက်ပြီး တပ်သား (၁၁) ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားကြောင်း (AA) ၏ ထုတ်ပြန်ချက်အရသိရသည်။

ယခုမတ်လဆန်းပိုင်းကစ၍ AA နှင့်တပ်မတော်အကြား တိုက်ပွဲများထပ်မံဖြစ်ပွားလာနေပြီး မတ်လ (၉) ရက်နေ့၊ နေ့လည် (၁) နာရီအချိန်ကစ၍ ညနေ (၄) နာရီခွဲအထိ ပြင်စိုကျေးရွာတောင်ဖက် (၅.၅) ကီလိုမီတာအကွာတွင် စကခ (၅) လက်အောက်ခံ၊ ဂွအခြေစိုက် ခမရ (၅၆၃) နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

မတ်လ (၉) ရက်နေ့တိုက်ပွဲသည် ယခုလအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများထဲတွင် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်သည်ဟု AA က ထုတ်ပြန်ထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ (AA) ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကို ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

အဆိုပါတိုက်ပွဲတွင် (AA) တပ်ဖွဲ့က မြန်မာ့တပ်မတော်ထံမှ စစ်လက်နက်နှင့် စစ်အထောက်အကူပြုကိရိယာ စက်ပစ္စည်း (၄၀) ခန့်ကိုလည်း သိမ်းဆည်းရမိသည်ဟု ၎င်းတို့ထုတ်ပြန်ချက်ကဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်ကတော့ တစ်စုံတစ်ရာထုတ်ပြန်ခြင်းမျိုးမရှိသေးပေ။

ယင်းလက်နက်များမှာ ၈၁ မမပြောင်းရှည် (၁) လက်၊ ၈၁ မမဗုံးသီး (၁၄)လုံး၊ ၆၀ မမပြောင်းရှည် ချိန်ခွင်ပါ အစုံ (၂) လက်၊ ၆၀ မမဗုံးသီး (၂၀) လုံး၊ ၆၀ မမပို့ယမ်းထုပ် (၂၃၁) ထုပ်၊ RPG-7ဗုံးသီး (၂၇) လုံး၊ RPG-7ပို့ကျည် (၁၃) ခု၊ BA-100 ဗုံးသီး (၁၆) လုံး၊ MA-1 (၃) လက်၊ MA-2 (၂) လက်၊ MA-3 (၃) လက်၊ MA-4 (၁) လက်၊ MA Series ကျည်ဘောက် (၁၆) ဘောက်၊ လက်နက်ငယ်ကျည် (၂၂၈၅) တောင့်၊ MG-42 ကျည် (၂၂၃) တောင့်၊ ၉ မမကျည် (၁၈) တောင့်၊ ပစ္စတိုကျည်ဘောက် (၁) ခု၊ ဘောက်ဝိုင်း (၃) ခု၊ မိုင်းငယ် (၉) လုံး၊ EY (၁၂) လုံး၊ ကွန်ထရိုးရမုတ် Remote Control (၃) ခု၊ သံလိုက်အိမ်မြှောင် (၁) ခု၊ မြေပုံကြီး (၁) ချပ်၊ PHANTOM အမျိုးအစား Drone ဒရုန်းအဖြူ (၂) စီး၊ GPS (၂) လုံး၊ မိုင်းရှာစက် (၃) ခု၊ ကွန်ပြူတာလက်တော့ (၃) လုံး၊မှန်ပြောင်း (၁) ခု၊ အထိုင်စက်ကြီး (၃) လုံး၊အထိုင်စက်အသေး (၁) ခု၊ဆက်သွယ်ရေးနားကြပ် (၁) ခု၊တိုင်(၃) ချောင်းထောက်စကားပြောစက်(၁) လုံး၊အထိုင်ဖုန်း (၁) လုံး၊ Motorola စကားပြောစက် (၃) လုံး၊ စကားပြောစက် (RT) စက် (၄) လုံး၊ ဘထ္ထရီအိုးအသေး (၃) လုံး၊ ဗဟိုအင်ဗာတာ (၁) လုံး၊ Backhoe မြေတူးကား (၁၆) စီး၊ Toyota ကား (၁) စီး၊ ကျောက်တင်ကား (၁) စီး၊ စာရွက်စာတမ်း (၁) အိတ် တို့ဖြစ်ပြီး စစ်သုံ့ပန်းအဖြစ်အဖမ်းခံရသည့် မြန်မာ့တပ်မတော်တပ်သား (၁၁) ဦးကို စစ်ဆေးနေဆဲဖြစ်သည်ဟု AA က ထုတ်ပြန်ထားသည်။

(Photos- AA website)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.