ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့ပေါ်တွင် Chin Taung Tan Foundation ( CTTF) က ကြီးမှူးပြီး ကမ္ဘာ့ ငြိမ်းချမ်း ရေးနေ့ကို စက်တင်ဘာ ၂၃ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။
Author: Editor
ယခုတလော ချင်းပြည်နယ်မတူပီမြို့ပေါ်တွင် တာဝန်ကျသည့် ခမရ ၃၀၄ မှ စစ်သားတွေက နယ်မှ ဈေးဝယ်လာသူ ဒေသ ခံ ရွာသား များအား စစ်ဆေးမှုပြုလုပ်နေသည်ဟု ကြားသိရသည်။
ချင်းပြည်နယ် ပလက်ဝ မြို့နယ် လယ်လှ အုပ်စု၊ သူဌေးကုန်း ရွာသား ဦးကံလုံးသည် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လ တုန်းက လယ်နှစ်ဧကစာ ထောက်ပံ့ကြေး ရရှိရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးထံလျှောက်လွှာ တင်ထားသည့်အပေါ် ကျပ် ငွေ ၁၀ သိန်း ရရှိမည်ဟု သိရသော်လည်း သတင်းမ ထူးတော့ကြောင်း သိရသည်။
ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးမှူး ဦးသန်းလွင်က ရုံးရှေ့မှ ကားဖြတ်မောင်းသူ တဦးအား ချင်းတွေ ဦးနှောက်ထဲမှာ ချေး ညိနေသည်ဟု ဆဲဆိုပြီး ပါး ရိုက်လိုက်ကြောင်း သိရသည်။
ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ယခုလ ၁၂ ရက်နေ့က ချင်းပြည်သူလူထုဖက်စုံ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ် ရုံ ဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြကြောင်း သတင်း ရရှိသည်။
ချင်းပြည်နယ် ထန်တလန်မြို့ အတွက် အစိုးရမှ ချပေးသည့် လျှပ်စစ် မီတာဘုတ် ၃၀ ကို သက်ဆိုင်ရာ လျှပ်စစ်မှူးက ဖ လမ်းမြို့သို့ ပို့ခိုင်း လိုက်ကြောင်း သိရသည်။
၁၂ စက်တင်ဘာလတွင် ဦးလှထွန်း ဦးဆောင်သည့် APA အမည်ခံ ဓါးမြ အဖွဲ့ ၄ ဦးက ချင်းပြည်နယ် ပလက်ဝမြို့နယ် ကာရမိတ်အုပ်စု၊ ကုန်ပြင်ကျေးရွာသား တဦးကို ပြန်ပေးဆွဲပြီး ကျပ်ငွေ ၁၁ သိန်းဖြင့် ရွေးယူစေခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် တာဝန်ကျ ဒု ရဲအုပ် ထွန်းလွင်ဆိုသူက ယခုလ ၁၂ ရက်နေ့ည ၉း၀၀ နာရီခန့်က ဓမ္မဆရာ တဦးကို ကျောက်ခဲဖြင့် ထုပြီး သူ၏ နေအိမ်အား ကျောက်ခဲဖြင့် ပစ်ပေါက်သည်ဟု ကြားသိရသည်။
ယခုလ စက်တင်ဘာ ၁၄ – ၁၆ အကြား ထိုင်းမြန်မာနယ်စပ်တနေရာတွင် UNFC (United Nationalities Federal Council ) မှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသား လူမျိုးများ ညီလာခံက လက်ရှိ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖော်ဆောင်နေ သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေး စီမံချက်များ ချမှတ်လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ကာ ကုန်သည်များထံမှ ဖမ်းဆီးထားသည့် အိန္ဒိယ နိုင်ငံထုတ် ဆေးလုံးများကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ အာဏာပိုင်များက ပြန်လည်ရောင်းချ ခဲ့ကြောင်း သိရသည်။