Author: Editor

Kachin Independent Organization (KIO) က ချင်းပြည်နယ် (၉) မြို့နယ်အတွင်း ရေဘေးသင့် ချင်းပြည်သူများ အတွက် ယနေ့ သြဂုတ် ၁၃ ရက်နေ့က ကျပ်ငွေသိန်းပေါင်း ၁၀၀၀ လှူဒါန်းလိုက်သည်။

Read More

Health and Hope Society တည်ထောင်သူ  Dr. Sasa မှ လက်ရှိ သဘာဝ မိုးဒါဏ် ဒုက္ခ ကြုံတွေ့နေရသည့် ဟားခါး မြို့သူမြို့သား များအတွက် ဆန်အိတ် ၅၀၀ နှင့် စားကုန်များ ထောက်ပံ့ကူညီသည်ဟု သိရသည်။  အဆိုပါ ဆန်အိတ်နှင့် လူသုံးစားကုန်များကို အိန္ဒိယနိုင်ငံ Silchar မြို့မှာ ၀ယ်ယူပြီး မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှ တဆင့် ပြည်တွင်းသို့ တင်သွင်းသယ်ယူသွားကြမှာဖြစ်ပြီး တခြား မြို့တွေကိုလည်း ထောက်ပံ့နိုင်ဖို့ တတ်အားသရွေ့ ကြိုးပမ်းနေကြောင်း သိရသည်။

Read More

မိုးအဆက် မပြတ်ရွာသွန်းပြီး လူနေအိမ်များသာမက ကားလမ်းများလည်း ပြိုကျပျက်စီး ကုန်သောကြောင့် ဟားခါးမြို့တွင်း သို့ စားနပ်ရိက္ခာဝင်ရောက်နိုင်ခြင်း မရှိတော့ ဘဲ တမြို့လုံးနီးပါးရိက္ခာပြတ် လှနီးပါးဖြစ်နေပြီဟု သိရသည်။ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ ဆက်သွယ်သော ထန်တလန်၊ ဖလမ်း၊မတူပီ နှင့် ဂန့်ဂေါကား လမ်းများသည် မြေသားပြိုကျမှုများကြောင့် ယခုအခါသွား လာ၍ မရဖြစ်နေပြီး ရိက္ခာများ ပြတ်လပ်ကာ ဟားခါးတမြို့လုံး ဒုက္ခသည် ပုံစံဖြစ်နေပြီဟု ဟားခါး ကယ်ဆယ် ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးလည်းဖြစ် ချင်းလူငယ် အဖွဲ့ဥက္ကဌ ကို ယာကုတ် ထန်ကပြောသည်။

Read More

 သြဂုတ်လ ၆-၇ ရက်နေ့များတွင် မီဇိုရမ်ပြည်နယ် NGO တစ်ခုဖြစ်သော Zofa Global Network နှင့် Green Mizoram Network တို့မှ ဦးဆောင်ပြီး မြန်မာနိုင်ငံ ရေဘေးသင့်သူများကူညီရေးရန်ပုံငွေအတွက် Mobile Charity Concert ဖျော်ဖြေရေးအစီအစဉ် ပြုလုပ်ခဲ့သည်။  Mobile Charity Concert “In Aid of Disaster Victims in Myanmar” ဆိုသည့် အဆိုပါ ဖျော်ဖြေရေးအစီအစဉ်ကို ပြည်နယ် မြို့တော် အိုင်ဇောလ် ရပ်ကွက် ၄ နေရာတွင်ပြုလုပ်ခဲ့တာဖြစ်ပြီး မီဇို နာမည်ကြီး အဆိုတော်များက သီချင်းအားဖြင့် ဖျော်ဖြေကာ Miss Mizoram အလှမယ်များက အ လှူခံခဲ့ကြသည်။

Read More

ချင်းပြည်သူများ လက်ရှိကြုံတွေ့နေရသည့် သဘာဝ ဘေး ဒုက္ခအတွက် မီဇိုရမ်ပြည်နယ်၏ လက်ရှိ အစိုးရပါတီ Congress ၊ ဘာသာရေးအဖွဲ့ Mizoram Synod နှင့်  Central Young Mizo Association (CYMA)၊ Zoro, Zofa Global Network တို့မှ စားရေရိက္ခ ကူညီသွားမည်ဟု သိရသည်။ ” တာဝန်ရှိတွေနဲ့ ကျတော်တို့ ညှိနှိုင်းတော့ ပြသာနာက မီဇိုရမ်ကနေ မည်သည့်လမ်းကြောင်းကို အသုံးပြုမည် ဆိုတာပါ၊ တီးတိန် – ဟားခါး – မတူပီ – ပလက်ဝ လမ်းကြောင်းတွေက မတူဘူးဖြစ်နေတော့ ဒါ ပြည်တွင်းက တာဝန်ရှိ တွေ နဲ့  ညှိနှိုင်းပြီး ဆက် လက်ဆောင်ရွက်သွားမယ်၊ အခု ပြည်တွင်းတာဝန်ရှိ တွေနဲ့ ညှိနှိုင်းနေတယ်”  ဟု CNF အထွေထွေ အတွင်းရေးမှူး (၁) Pu Paul Sitha က ပြောသည်။

Read More

မိုးအဆက် မပြတ်ရွာသွန်းပြီး တောင်ပြို၊ မြေပြိုမှုများကြောင့် ဟားခါးမြို့တွင် အိမ်ခြေ ၃၀၀ ခန့်ပျက်စီး သွားပြီး လူပေါင်း ၂၀၀၀ ကျော်ကိုဘေ ကင်းလုံခြုံရာသို့ ပြောင်းရွှေ့နေရာ ချထားပေး သည်ဟု သိရသည်။  မြေပြိုမှုများကြောင့် ဟားခါးမြို့ပေါ်ရှိ မြို့ဟောင်းရပ် ကွက်တွင် အိမ်ခြေ၁၉၆ ၊ အထက (၁) ကျောင်းအောက် ရှိ Kei Thei Bo ရပ်ကွက် တွင် အိမ်ခြေ ၆၅ ၊ ဈေးသစ်ရပ်ကွက်တွင် အိမ်ခြေ ၁၆အိမ် ပျက်စီးခဲ့ပြီး လူဦးရေ ၂၆၀၀ ကျော်နေ ရာပြောင်းရွှေ့ထားရကြောင်း ဟားခါးမြို့ မိမြို့ဖ အဖွဲ့မှ ဦးရွှေထီယိုကပြောသည်။

Read More

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းရေကြီး မှုကြောင့် ရေဘေးသင့်ပြည်သူ ၈၀၀၀ နီးပါးခန့် ရှိနေပြီဟု သိရသည်။ ကလေးမြို့နယ် ရေဘေးကယ်ဆယ်ရေးကွပ် ကဲမှုအဖွဲ့မှရရှိသော စာရင်းအရ ကလေးမြို့ပေါ်ရှိ ညောင်ပင်သာ၊ အောင်မင်္ဂ လာ၊ အောင်မြေမာန်၊ အောင်သစ္စာ စ သည့် ရပ်ကွက် ၅ ခု နှင့် အနီးအနား ပတ်ဝန်းကျင်ကျေးရွာပေါင်း ၃၀ ခန့်တွင် ရေလွှမ်းမိုး မှုကြောင့် ဒေသခံပြည်သူ ၇၇၀၈ ဦးကို မြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်းတွင် နေရာချထားပေး ရကြောင်း သိရသည်။

Read More

၁။ ယခုလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တဖက် မီဇိုရမ်ပြည်နယ်မှ ရဲသားနှစ်ဦးများသည် ကျတော်တို့ အမှတ် (၂) ရပ်ကွက်၊ ရိဒ်ခေါ်ရ်ဒါရ်မြို့သစ်နေ အဘ ဦး Engmawia ရဲ့ သား Zautea (၃၀) အား လာရောက် ဖမ်းဆီး သွားခဲ့သည်၊ ယင်းကိစ္စနှင့် ပါတ်သက်ပြီး Zautea ၏ မိဘများက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အသိပေး သော်လည်း တစုံ တရာ သိရှိခြင်းမရှိကြောင်းသာ တုံ့ပြန်ခဲ့သည်၊ ဖမ်းဆီးခံ Zautea ကို တဖက် မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ Champhai သို့ ခေါ်ဆောင်သွားကြပြီး CID, Custom အဖွဲ့မှ စစ်ဆေးခြင်း များ ပြုလုပ်နေသည်ဟု သိရသည်။ ၂။ မိမိတို့မြန်မာပြည်မှ ကားများ တဖက်ကမ်း မီဇိုရမ်ပြည်နယ်ဖက် သွားမိယင် ၅ မိနစ်အထက်ရပ်နားခွင့်မရှိသည့် အချိန်မှာ တဖက်မီဇိုရမ်ပြည်နယ်မှ ယာဉ်ကြီး၊ ယာဉ်ငယ်များ သည် အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်း တံတားကို ဖြတ်ပြီး မိမိတို့ ရိဒ်ခေါ်ဒါဖက်သို့ အချိန်မရှိ အခါမရှိ ဥဒဟို ၀င်ထွက်သွားလာနေကြပြီး စည်းမရှိ ကမ်းမရှိ လမ်း ဘေးမှာ ရပ်နေကြ သည်မှာ ယာဉ်ပိတ်ဆိုမှုတွေနဲ့ ကျဉ်းကျပ်နေပါသည်၊ တကယ်က အဆိုပါ အမှတ် (၂) ကုန် သွယ် ရေးဂိတ်( တံတား) ကို မြန်မာစံတော်ချိန် ညနေ ၆…

Read More

ဇူလိုင်လ ၂၀ နောက်ပိုင်း မိုးသည်း ထန်မှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ကုလားတန်မြစ်ကမ်းဘေး ရှိ ဒေသခံ ကျေးရွာတချို့၏ လူနေအိမ်များ ရေလွှမ်းမိုးခြင်းခံရ သည်ဟု သိရသည်။ ယခု လ ၂၀ ရက်နောက်ပိုင်း မိုးသည်းထန်မှုကြောင့် ပလက်ဝမြို့နယ် ကုလားတန်မြစ်ြေoကာင်းပေါ်ရှိ ပလက်ဝမြို့ အပါ အ၀င် ကာရမိတ် ၊ ရှင်းလက်ဝ၊ ထရွန် အိုင်၊ တောင်ပြိုရွာ ရှိ လူနေအိမ်များ ယခုလ ၂၅ ရက်နေ့မှ ရေလွှမ်းမိုးသွား သည် မှာ ယနေ့အထိ ပင်ဖြစ်သည်ဟု သိရသည်။

Read More

တိုင်းရင်းသာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) တို့၏ (၈) ကြိမ်းမြောက် NCA ညှိနှိုင်းေ ဆွးနွေး ပွဲ တွင် SD ဒုတိယ အဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျုံး ပြောကြားသော မိန့်ခွန်း – လေးစားအပ်ပါသော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အစိုးရကိုယ်စားလှယ်များ၊ ဥပဒေပြုလွှတ်တော် အမတ်ဦးသိန်းဇော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် တပ်မတော်ကိုယ်စားလှယ်များခင်ဗျား…   အခုလို အဌမကြိမ်မြောက် NCA ညှိနှိုင်းဆွေးနွေးပွဲမှာ စကားပြောခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း နှင့် ညှိနှိုင်း ဆွေးနွေးပွဲကို လက်ခံကျင်းပပေးတဲ့အတွက် အထူးဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း ဦးစွာဖော်ပြလိုပါတယ်။ MPC မှ နည်းပညာ အထောက် အကူပြုအဖွဲ့ဝင် များနှင့် ရုံးအဖွဲ့ဝင်များအားလုံးကိုလည်း အားကြိုးမာန်တက် စီစဉ်ဆောင်ရွက်ပေးမှုများအတွက် ကျေးဇူး တင်ပါတယ်။ ဒီညှိနှိုင်းဆွေးနွေးပွဲကို လေ့လာသူအဖြစ် တက်ရောက်ချီးမြှင့်ပေးတဲ့ ပုဂ္ဂိုလ်များအားလုံးကိုလည်း အထူးကျေးဇူး ဥပကာရတင်ရှိကြောင်း ဖော်ပြလိုပါတယ်။ ကျွန်တော်တို့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) ဟာ ပြီးခဲ့တဲ့ ဇွန်လက လော်ခီးလာမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကနေ ဖွဲ့စည်းတာဝန်ပေးလိုက် တာဖြစ်ပါတယ်။ (NCA) ကို ညှိနှိုင်းဆွေးနွေး ဖို့အဆင့်မြင့်ခေါင်းဆောင်များကို ရွေးချယ်စေလွှတ်ပြီးလုပ်ပိုင်ခွင့်အပြည့် ပေးထား တာဖြစ်ပါတယ်။ အခုဆိုရင် (NCA) မှာ အင်မတန်အရေးကြီးတဲ့ အချက်အလက်အနည်းငယ်သာ ကျန်ပါတော့တယ်။ ဒီအရေးကြီးတဲ့ အချက်အလက်တွေကို (UPWC) နှင့်အတူ ညှိနှိုင်း အဖြေရှာသွားမှာဖြစ်ပါတယ်။…

Read More