ဟားခါးမြို့ ဆုတောင်းပြည့်တောင်ကုန်ပေါ်ရှိ စိုက်ထူထားသော လက်ဝါးကား တိုင်ပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်ချက် ပြန် လည်ရုပ်သိမ်းခြင်းကို ကြိုဆိုသော် လည်း ထိုနေရာအနီးတွင် ဗုဒ္ဓ ဘာသာစေတီတည်ရန် ချင်းပြည်နယ် အစိုးရ၏ ဆုံးဖြတ် ချက်ကိုမူ ပြင်းထန်စွာရှုတ်ချသည်ဟု ကလေးမြို့ ရှိ ချင်းကျောင်းသား သမဂ္ဂ ( Chin Students Union- CSU) က ယနေ့ပြော ဆိုလိုက်သည်။
Author: Editor
အိန္ဒိယအစိုးရ နှင့် မီဇိုးလူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့ Mizo National Front (MNF) အဖွဲ့တို့ချူပ်ဆိုခဲ့ကြသော (The Mizo Accord) မီဇိုးငြိမ်းချမ်းရေးသဘောတူညီချက် ကို မြန်မာအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့မှ ခေါင်းဆောင်များ က သွားရောက်လေ့လာကြမည်ဟု သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့ ရှိ လက်ဝါးကားတိုင် စိုက်ထူခွင့် ရရှိနိုင်ရေး အတွက် ပြည်နယ်အစိုးရက ဟားခါးမြို့ ရှိ (Hakha Christian Ministry Fellowship- HCMF) တာဝန်ရှိသူများကို မှတ်ပုံတင် လျှောက်ခွင့် ပြု လိုက် ကြောင်း သိရသည်။
လေးစားရပါသော ချင်းအမျိုးသားတပ်ဦး နှင့် တပ်မတော်အဖွဲ့ဝင်များ ဗဟိုကော်မတီဝင်များ၊ ဗဟိုကော်မတီအစည်းအဝေးတွင် တက်ရောက်နေကြသော ပုဂ္ဂိုလ်များ အားလုံး ခင်ဗျား- ကျွန်တော် ထန်နန်လျန်းထန်မှ စကားပြောခွင့်ရသောကြောင့် ဂုဏ်ယူကျေးဇူး တင်စွာဖြင့် နှုတ်ခွန်းဆက်သ လိုက်ပါသည်။ ကျနော်တို့အားလုံး၏ ရည်မှန်းချက်ဖြစ်သော ချင်းအမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ပြန်လည် ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး နှင့် ဒီမိုကရေစီ ထွန်းကားရေးအတွက် ကျနော်တို့ အတူလက်တွဲပြီး ချင်းအမျိုး သားနိုင်ငံ ရေးမှာ ပါဝင်လှုပ်ရှားနေကြခြင်းဖြစ်ပါသည်။ ချင်းအမျိုးသားတပ်ဦး၏ အရေးပေါ်ပါတီညီလာခံကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ ကြပြီး၊ ရွေးချယ်တာဝန်ပေးအပ်ခံရသည့်အချိန်မှစ၍ အတူလက်တွဲပါဝင်လာခဲ့သည်မှာ ယနေ့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ပါတီဗဟိုကော်မတီအစည်းအဝေးကြီးအထိဖြစ်ပါသည်။ ကျနော်တို့အားလုံး စည်းလုံး ညီညွတ်စွာ နှင့် ချင်းအမျိုးသားရေးမှာ ပါဝင်ကြပါသည်။ တစ်ဦးနှင့်တစ်ဦး ပိုမိုယုံကြည်စိတ်ချမှု၊ အပြန်အလှန် ပိုမိုနားလည်မှုရှိခြင်းကြောင့်၊ ယနေ့အထိ လက်တွဲ အောင်မြင်လာခြင်းပင်ဖြစ် ပါသည်။ ဤအစည်းအဝေးကြီးမှလည်း ကျွန်တော့ကို အလှည့်ကျ ဥက္ကဌတာဝန် ရွေးချယ်ပေးအပ်လာသည့်အတွက် ကျေးဇူးတင် ဂုဏ်ယူမိပါသည်။ ကျွန်တော်တို့၏ ချင်းအမျိုး သားတော်လှန်ရေးသည် ခေါင်းဆောင် တစ်ဦး တစ်ယောက်တည်း၏ ဦးဆောင် မှုနှင့် လုပ်ဆောင်သည်မဟုတ်ပါ။ ကျနော်တို့အားလုံး စည်းလုံးမှု၊ စုပေါင်း ဦးဆောင်မှု၊ စုပေါင်း တာဝန်ယူမှု၊ တာဝန်ခံမှု၊ ကျရာနေရာမှာ တာဝန်ကျေမှုများကြောင့် ဒီနေ့အထိ အောင်မြင်မှု များနှင့် ရပ်တည်နိုင်ခြင်းဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်အတွင်း မှာလည်း အားလုံး စည်းစည်းလုံးလုံးနှင့် ပူးပေါင်း…
အစိုးရ နှင့် တိုင်းရင်းသားလက်နက်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာ ချူပ် အမြန်ဆုံး လက်မှတ်ရေးထိုးရန် ချင်းအမျိုးသားတပ်ဦး CNF က ယနေ့တောင်းဆို လိုက်သည်။
ဟားခါးမြို့ ဆုတောင်းပြည့်တောင်ပေါ်၌ စိုက်ထူးထားသော ခရစ်ယာန်ဘာသာရေးအထိမ်းအမှတ်ကျောက်တိုင် လက်ဝါးကားတိုင်ပြောင်းရွှေ့ရန် ချင်းပြည်နယ်အစိုးရ၏ အမိန့်ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းရန် ချင်းလူ့အခွင့် အရေးအဖွဲ့ (CHRO) က ယနေ့ တောင်းဆိုလိုက်သည်။
ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် ကြာရ်ကြန်တလန်(ခေါ်)ဆုတောင်းပြည့်တောင် ကုန်းပေါ်တွင် စိုက်ထူထားသော ခရစ်ယာန်ဘာသာရေး အထိမ်း အမှတ်ကျောက် တိုင် (လက်ဝါးကားတိုင်)ကို ဇန်န၀ါရီလ ၃၀ ရက်နေ့မတိုင်ခင် ပြောင်းရွှေ့ရန် ချင်းပြည်နယ် ၀န်ကြီးချူပ် ဦးဟုန်းဟိုင်းက ဇန်န၀ါရီလ ၁၃ ရက်နေ့က အမိန့် ထုတ်ပြန်သည်။
ဇို(ချင်း)မျိုးနွယ်စုများအတွက် အရေးကြီးသော သမိုင်းမှတ်တိုင်တခုဖြစ်သည့် (၁၈၉၂) ချင်း-လူရှိုင်းညီလာခံ ၁၂၃ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားကို အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ဒေသ မဏိပူရ်ပြည်နယ် ချာရီကျန်ပူမြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပကြမည်ဟုသိရသည်။
အင်္ဂလန် အခြေစိုက် Inter Mediate (Imo1 Ltd) အဖွဲ့က မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း၊ လက်ရှိ Mizo National Front (MNF) ဥက္ကဌ Pu Zoramthanga အား မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အောင်မြင် လာစေရေးအတွက် ကြားဝင် ကူညီဆောင်ရွက်ပေးရန် ဖိတ်ခေါ်ထားသည့်အတိုင်း ယမန်နေ့ က မြန်မာနိုင်ငံ သို့  ထွက်ခွားခဲ့ ကြောင်း သိရသည်။
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမပတ် ကစတင်ပြီး ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ လိုက်လံဖျက်ဆီးခဲ့ရာ ယခုလ ၇ ရက်နေ့အထိ ဘိန်းစိုက်ခင်း ၅၆၆.၈၁ ဧက ဖျက်ဆီးနိုင်ခဲ့ကြသည် ဟုသိရသည်။
