Author: Editor

ကျေးရွာ(၄၁)ရွာမှ ရွာသူရွာသား (၁၀၀) ကျော် တို့သည် ချင်းပြည်နယ် မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းအသီးသီးတွင် ကျင်းပပြုလုပ်သည့် ရပ်ရွာလူထုဖွံ့ဖြိုးရေး တွေ့ဆုံပွဲများ သို့ တက်ရောက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူထုပိုမိုပါဝင်ရန် တောင်းဆိုလိုက်သည်။ ချင်းလူထုဖွံ.ဖြိုးရေးကွန်ယက်အဖွဲ့အစည်းက ဦးဆောင်ကျင်းပပြုလုပ်ခဲ့သော လူထုဖွံ့ဖြိုးရေး ဆွေးနွေးပွဲ ကို ၂၀၁၃ခုနှစ်၊ ဇွန်လ(၂၁-၂၂)ရက်နေ့တွင် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို.နယ်၊ ငင်းသဲ ကျေးရွာတွင်လည်းကောင်း၊ ဇူလှိုင်လ(၁၂-၁၃)ရက်နေ့တွင် ချင်းပြည်နယ် အလယ်ပိုင်း ထန်တလန် မြို့နယ် ဘဲလ်ဟာရ်ကျေးရွာတွင်လည်းကောင်း၊ ဇူလှိုင်လ (၃-၄ )ရက်နေ့တွင် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် ကာရာမိတ်ကျေးရွာတွင်လည်းကောင်း (၃)နေရာ၌ ကျင်းပပြုလုပ်နိုင်ခဲ့သည်။   လက်ရှိ ချင်းပြည်နယ်အတိုင်းအတာဖြင့် အစိုးရနှင့် သက်ဆိုင်ရာကုမ္ပဏီအမျိုးမျိုးတို့ ပူးပေါင်းပြီး ဒေသ ခံပြည်သူလူထု၏ စိုးရိမ်မှုများကို အလေးထားစဉ်းစားပေးခြင်းမရှိဘဲ မြွေတောင်နီကယ် သတ္တုတွင်း စီမံကိန်း၊ လေမျို ရေကာတာစီမံကိန်း၊ ကုလားတန် ဖက်စုံပို့ဆောင်ဆက်သွယ်ရေး စီမံကိန်း၊ နတ်မ တောင်အမျိုးသားဥယျာဉ် စီမံကိန်းနှင့် မဏိပူရရေကာတာစီမံကိန်းများကို အကောင်အထည်ဖော် လျက် ရှိကြပါသည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ထုံးတမ်းစဉ်လာမြေယာပိုင်ဆိုင်မှုစနစ်များကို အသိအမှတ်ပြု ပေးခြင်းမရှိခြင်းနှင့် ဘိုးစဉ်ဘောင်ဆက်ခေတ်အဆက်ဆက် မိသားစုပိုင်ဆိုင်လာခဲ့ကြသည့် မြေယာ များကို လျော်ကြေးတပြားတချပ်မျှခံစားရရှိခြင်းမရှိဘဲ သိမ်းဆီးခြင်းခံခဲ့ကြရပါသည်။ ယခုလိုဖြစ် ပျက်ခြင်းမှတဆင့် ချင်းပြည်သူလူထုတို့ ဆက်လက်အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အခက်အခဲ များ ပေါ်ပေါက်စေပါသည်။ ပြည်တွင်းနှင့်နိုင်ငံတကာ အင်ဂျီအို တော်တော်များများသည်လည်း ချင်းပြည်နယ်ကျေးရွာများတွင် ၀င်ရောက် ကူညီလာခဲ့ကြရာတွင် ၄င်းတို့လုပ်ငန်းအစီအစဉ်များထဲ လူထုပါဝင်မှု၊ ရေရှည် တည်တံ့ ခိုင်မြဲမှုနှင့်…

Read More

နိုင်ငံတော် မြှားပစ် အားကစားမယ် မိုင် တမ်အွမ်ငိုင်း ( ၂၇ နှစ်) အား ၂၀၁၃ ခုနှစ် ဟားခါးမြို့တွင်ကျင်းပသည့်  ၆၅ နှစ် မြောက် ချင်းအမျိုးသားနေ့တွင် ဂုဏ်ပြုဆု ချီးမြှင့် ခဲ့ကြရာ အခွံသက်သက်သာ လက်ခံရရှိကြောင်း သိရသည်။

Read More

ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ  ယမန်နေ့ ၁၄၊ ၇၊ ၂၀၁၃ နေ့က ချင်း လူငယ်နှစ်ဦးမောင်းနှင်သည့် ဆိုင်ကယ် မတော်တဆတိမ်းမှောက်သွားခဲ့ရာ ဆလိုင်း ဆန်ဘီ ( အသက် ၂၄နှစ်)သည်လည်ပင်းတွင် ဒဏ်ရာ ပြင်းထန်စွာရရှိကာ နောက်နေ့ မနက် ရနာရီတွင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ် နောက်ကနေ လိုက်ပါလာသူ ဆလိုင်း ကျိုးဟားဘီးမှာ ဒဏ်ရာ ပြင်းထန်စွာရရှိကာ စစ်တွေ ပြည်သူ့ဆေးရုံတွင်  တင်ထားရကြောင်းသိရသည်။ “  အဲဒီည ၉ နာရီခန့်မှာပဲ ဆိုင်ကယ်နဲ့ နှစ်ဦးသား ထွက်သွားကြတာ၊ ၁၀ နာရီကျော်လောက်မှာ  အခုလို  accident ဖြစ်ကြောင်းသိရတယ်”  ဟု စစ်တွေရှိမရာဧ၀ံဂေလိ အသင်းတော်မှ လူကြီး တစ်ဦးက ပြောသည်။ သေဆုံးသွားသူ ဆလိုင်း ဆန်ဘီသည် ချင်းပြည်နယ် မတူပီမြို့နယ်၊ ပါဆင်းရွာ ဇာတိဖြစ်ပြီး ရန်ကုန်မြို့ မှော်ဘီရှိ Myanmar Christian Seminary တွင်  ကျမ်းစာ ဒုတိယနှစ်  တက်ရောက် သင်ကြားနေသူဖြစ်ပြီး ရွာသို့ ခဏ ပြန်အလာ အခုလို စစ်တွေတွင် ဆိုင်ကယ်မှောက်ပြီးသေဆုံးသွားခြင်းဖြစ်သည်။ “ ဆိုင်ကယ် အချင်းချင်းတိုက်တာလည်း မဟုတ်ဘူး။ သူတို့ဟာနဲ့ သူတို့ အရှိန်လွန်လို့ဖြစ်မှာပါ” ဟု စစ်တွေရှိ ချင်း လူကြီး တစ်ယောက်ကပြောသည်။ ဆေးရုံတင်ထားရသူ ဆလိုင်း ကျိုးဟားဘီးသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရကန်းကျေးရွာ ဇာတိဖြစ်ပြီး စစ်တွေ တက္ကသိုလ်တွင် ရုက္ခဗေဒ အထူးပြုဖြင့်  နောက်ဆုံးနှစ်…

Read More

အိန္ဒိယ – မြန်မာနယ်စပ်အခြေစိုက် ချင်းလူငယ်တစုက ဖွဲ့စည်းထားသည့် Network for Chin Community Development ( NCCD) အဖွဲ့က ချင်းလူထုဖွံ့ဖြိုးရေးဆိုင်ရာနှင့် ပါတ်သက်ပြီး အချက်လေးချက်ကို ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့က အစိုးရထံ တောင်းဆိုလိုက်သည်။ ( NCCD) အဖွဲ့က ချင်းလူထု ဖွံ့ဖြိုးရေး ဆွေးနွေးပွဲကို ၂၀၁၃ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှ စပြီး ချင်းပြည်နယ်တီးတိန်မြို့နယ်၊  ထန်တလန်မြို့နယ် ၊ ပလက် ၀မြို့နယ် များတွင် ကျင်းပပြု လုပ်နိုင်ခဲ့ကြရာမှ အချက်လေးချက်ကို ဖော်ထုတ်ပြီး တောင်းဆို လိုက်ခြင်းဖြစ်သည်။

Read More

မတူပီအထက ၁ က စာရေးကြီးက ကျောင်းပြောင်းလက်မှတ် ဖိုး တောင်းနေပါတယ် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနဖြစ်ဖြစ် တာဝန်ရှိသူတွေဖြစ်ဖြစ် သိစေဖို့ ဒီစာကို  တင်ပြပေးရန်ဖြစ်ပါတယ်၊ ကျတော် က ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဟာလ်တူး ရွာက  မိဘပြည်သူ တဦးပါ၊ ကျတော်တို့ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ် ပညာရေးမှူးရုံးက ရုံးစာရေးကြီး ဦး သိန်းဘူဟာ ၂၀၁၂- ၂၀၁၃ ပညာသင်နှစ်အတွင်း မတူပီ မြို့ပေါ် အထက (၁) မှာ ပညာသင်ယူပြီး ၂၀၁၃ – ၂၀၁၄  ပညာသင်နှစ်တွင် တခြား ကျောင်း သို့ ပြောင်းရွှေ့လိုတဲ့ ကျောင်းသားတွေအပေါ် ကျောင်းပြောင်းလက်မှတ်ထုတ်ပေးရာမှာ ငွေတောင်းနေပါတယ်၊ အဆိုပါ စာရေးကြီးဟာ ယခုလို ကျောင်းပြောင်းလက်မှတ်ထုတ်ပေးခ တောင်းတဲ့နေရာမှာ လက်ငင်းပေးနိုင်သူတွေကို ချက်ချင်းထုတ်ပေးပြီး ခရီးဝေးကနဲ့လာပီး ကျောင်းပြောင်းလက်မှတ်လာတောင်းသူတွေကို ခင်ဗျာ ဒုက္ခရောက်နေပါတယ်၊ နယ်ကျောင်းသား တွေခင်ဗျာ ရပ်ဝေး က နေ ဆိုင်ကယ်ငှား စရိတ်၊ မြို့ပေါ် စားစရိတ်နဲ့ အင်မတန်မှ အခက်ကြုံနေရတယ်၊ တကယ်တော့ ပညာရေးဝန်ကြီးဌာနက ကျောင်းပြောင်းလက်မှတ် ထုတ်ပေးရာမှာ မည့်သည် အခကြေးငွေ မျှ လုံးဝမယူဖို့ အောက်ခြေ ပညာရေးဌာနအဆင့်ဆင့်ကို ညွှန်ကြားထားခဲ့တာ ကြာခဲ့ပါပြီ၊  ဒီစာရေးကြီးရဲ့ လုပ်ရပ်ဟာ အထက်လူကြီးတွေ ခွင့်ပြုချက်ဖြစ်ချင်လည်း ဖြစ်မယ်၊ အကြောင်းကတော့ ကျောင်းပြောင်းလက်မှတ်ဆိုတာ ကျောင်းအုပ်ကြီးရဲ့ လက်မှတ် ပါမှ သာ ထုတ်ပေးလို့ရတာကလား၊ တခုရှိတာက…

Read More

ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့က India နိုင်ငံ Assam ပြည်နယ်၊ Kachar ခရိုင်မြို့တော် Shillong မြို့အနီးတွင် မြန်မာနိုင်ငံသား ချင်းလူမျိုး ခရီးသည် သုံးဦး ဒမြ အဖွဲ့၏ လုယက်ခြင်းခံရသည်ဟု သိရသည်။ ဖြစ်စဉ်မှာ ချင်းလူမျိုးသုံးဦးတို့သည် ဒေလီကနေ ချင်းပြည်နယ်သို့ အပြန် ဇူလိုင် ၁၀ ရက် အိနိယ စံတော်ချိန် နံနက် ၃း၀၀ နာရီခန့်မှာ ဒမြ အဖွဲ့တဖွဲ့က ၄င်းတို့စီးလာသည့် ကားကို တားဆီး  ရိုက်ခွဲပြီး ခရီးသည်တွေ အားလုံးအနက် သူတို့ သုံးဦးကို ကွက်ပြီး လုယက်ခြင်းဖြစ်သည်။

Read More

ချင်းပြည်နယ်မတူပီမြို့အမှတ် (၂) အစိုးရ အထက်တန်းကျောင်းအုပ်ဆရာကြီး ပူး နွယ်မှူန် လာမည့် ၂၀၁၃- ၂၀၁၄ ခုနှစ် ၁၀ တန်းအောင်ချက် ၃၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} အထိရှိအောင် ကြိုးပမ်းရမည်ဟု ပြောသည်။ ဇွန်လ ၆ ရက်နေ့တွင် ပြုလုပ်သည့် မိဘဆရာသင်းလုံးကျွတ်အစည်းအဝေးတွင် ကျောင်းအုပ်ကြီးက ၂၀၁၁ – ၂၀၁၂ ပညာ သင်နှစ်မှာ အထက ( ၂) ၁၀ တန်းအောင်ချက် ၁၂{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24}သာရှိပြီး ၂၀၁၂- ၂၀၁၃ စာသင်နှစ်မှာ ၅{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} ထိုးကျသွားကြောင်း ထို့ ကြောင့် ၂၀၁၃ -၂၀၁၄ စာသင်နှစ်မှာ ၃၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} ထိ တက်သွားအောင် အားလုံးပူးပေါင်း လုပ်ဆောင်သင့်ကြောင်း မှာကြား သွားတာဖြစ်သည်။

Read More

ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် CNF ၏ ဆက်ဆံရေး အရာရှိ Pu H.C Ralhnin ( အိပ်ခ်ျစီ ရာလ်နှင်း) သည် ယမန်နေ့က ဆိုင်ကယ်တိမ်းမှောက်ပြီး ဆေးရုံတင်ရသည်ဟု သိရသည်။ “ ယမန်နေ့ မွန်းလွဲ တနာရီခန့်မှာ ရုံးကနေ အိမ်ပြန်တယ်၊ လမ်း အကွေ့မှာ ဘီးချော်သွားတယ်၊ မျက်ခုံးကွဲပြီး သွေးထွက် များသွားတော့ ဆေးရုံကို အရေးပေါ် လူနာအဖြစ်တင်ရတယ်” ဟု ရုံးစာရေးမလေး ဆုန်ဆုန်က ပြောသည်။

Read More

ယခုလ ဇူလိုင် ၄ ရက်နေ့ နေ့လည် ၁၂ ခန့်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် သံထောင် အထကကျောင်းတွင် ပဉ္စမတန်း ကျောင်းသား မောရှေဆိုသူအား ဒေသခံရဲစခန်းမှ ဒုတိယ တပ်ကြပ် မြင့်တိုး ဆိုသူက ထိုးကြိတ်ရိုက်နှက်သဖြင့် အရေးပေါ်လူနာအဖြစ် ဆေးရုံ တင်ရကြောင်း သိရသည်။ အသေးစိပ်မှာ ပဉ္စမတန်း အတန်းခေါင်းဆောင် မောင်မောရှေ သည် တာဝန်အရ ကျောင်း သားရေးရာများ (အတန်း ရေးရာ များ) ဆောင်ရွက်နေစဉ် အတန်းဖော်ကျောင်းသားတစ်ဦးနှင့်  အခြေအတင် စကားများခဲ့ကြသည်ကို အဆိုပါ ကျောင်း သား၏ ဆွေမျိုးဖြစ်သူ ဒုတိယ တပ်ကြပ် မြင့်တိုးက မကျေနပ်သဖြင့် မောင်မောရှေအား ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။ “ အဲဒီရဲသားက မောင်မောရှေ နေထိုင်တဲ့ IKK ဘော်ဒါဆောင်ကို သွားပြီး မောင်မောရှေကို ထိုးကြိတ်ရိုက်နှက်ခဲ့တာ၊ သတိလစ်သွားတယ်၊ နားမှ သွေးတွေထွက်တယ်၊ ဘာမှလည်း ပြန် မထူး နိုင်တော့ဘူး၊ ဒါနဲ့ ဒေသခံတွေက အနီးစပ်ဆုံး ရခိုင်ပြည်နယ် မြောက်ဦး ဆေးရုံကို အရေးပေါ် လူနာအဖြစ်ချက်ချင်းပို့လိုက်တယ်” ဟု ကို ဘူးထန်ပိုင်က ပြောသည်။ ဒုတိယတပ်ကြပ် မြင့်တိုး (ရခိုင်) ဆိုသူသည် ဒေသခံအရပ်ဖက်ပြည်သူလူထုအပေါ် မတော် မတရားအာဏာပြနှိပ်စက်ခြင်း၊ ချင်း –  ရခိုင် စသည့် လူမျိုးရေးခွဲခြားဆက်ဆံသည့် အပြုအမူ များ ပြုကျင့်လေ့ရှိသည်ဟုလည်း ပြောကြသည်။ ဒီအမှုနှင့် ပါတ်သက်ပြီး သက်ဆိုင်ရာ ပညာရေးဌာန နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တွေက…

Read More

ပြည်ပရောက် ချင်းကျောင်းသားလူငယ်များက ဖွဲ့စည်းထားသည့် Chin Youth Organization  မှ တနှစ်တကြိမ် ရွေးချယ် ပြီး ဂုဏ်ပြုလေ့ရှိသည့် Chin Person of the  Year 2013 ဂုဏ်ထူးဆောင် ဘွဲ့ကို Pu ThangShing က ရရှိလိုက်သည်ဟု Central Executive Committee  ၊ Chin Youth Organization of North America ၏ ဇူလိုင်လ (၁) ရက်နေ့ ကြေညာ ချက်အရ သိရသည်။ ၂၀၁၃ ခုနှစ်အတွက် Chin Person of the year ဂုဏ်ထူးဆောင်ဘွဲ့အတွက် ပြည်တွင်းပြည်ပရှိ ချင်းပြည်သူလူထုက Rev. Dr. C. Duhkawm, Executive Minister, Chin Baptist Churches USA (CBC-USA)၊ Pu Ngunlianchunga Cinzah, Chief Executive Member, Lawngtlai Autonomous Council, Mizoram State, India၊ Dr. Sa Sa, Founder, Health and Hope Society၊  Dr. Stephen Hre Kio, Senior Pastor, Indiana Chin Baptist Church၊ Pu Thang Shing၊ Pi Za Tlem, Member of Parliament…

Read More