မီဇိုရမ်ပြည်နယ်ရောက် မြန်မာယက္ကန်းသမားများအကြား မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာပြီး အထူးသဖြင့် မူးယစ် ဆေးဝါးသုံးစွဲသူ အမျိုးသမီးများ သိသိ သာသာများပြား လာတယ်လို့ Burmese Woman Union (BWU) အိုက်ဇောလ် တာဝန်ခံ Maneihi က ပြောပါတယ်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး လူကို မူးယစ်စေ တတ်သောချောင်း ဆိုးပျောက်ဆေး အရည်၊ ပြီးတော့ ဆေးပြား စသည့် မူးယစ်ဆေးဝါးများ သုံးစွဲမှု များပြားလာတယ်၊ ယင်းမူးယစ် ဆေး ၀ါးကြောင့် မလိုလားအပ်တဲ့ပြသာနာ များလည်း အကြိမ်ကြိမ်ကြုံတွေ့ဖြေရှင်းနေရကြောင်း မြန်မာနိုင်ငံသားတဦးထံမှ ၀ယ်ယူနေကြကြောင်း ယခုလို ဆက်ပြော ပါတယ်။
Author: Editor
၂၀၁၄ ဇန်န၀ါရီလ ၇ ရက်နေ့ နံနေ့ ၁၀ နာရီတွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဟီလောင်းကျေး ရွာ အခြေခံမူလတန်းကျောင်းဘော်လုံးကွင်းတွင်ရေအား လျှစ်စစ်ဓာတ်အားဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ သည်။ ယင်းအခမ်းအနားတွင် ချင်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနိန်နိုင်း၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးထန်လိန်း၊ မင်းတပ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဒိုးတို့က ဖွင့်လျစ်ပေးခဲ့ကြ သည်။ ဓာတ်အားဖွင့်ပွဲတွင်ရေအား လျှစ်စစ်ဓာတ်အားထုတ်ယူခြင်း မရနိုင်သောကြောင့် မင်းတပ်မြို့မှ သယ်ဆောင်ခဲ့သည့် မီးစက်ဖွင့်ပြီး မီးအလင်းရောင်ပေးကာဟန်ပြဖွင့်လှစ်ပေးကြသည်။ မင်းတပ်မြို့  မှ ၁၅ မိုင်ခန့် ကွာဝေးသည့် ဟီလောင်းကျေးရွာရေအား လျှစ်စစ် ဓာတ်အား ကို နိုင်ငံတော်၏ ဘဏ္ဍာငွေ ကျပ်သိန်း (၄၀) ဖြင့်အကောင် အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်သည် ။ ဟီလောင်းကျေးရွာသားများအနေဖြင့် လျှပ်စစ်မီး မရရှိကြဘဲ ဖွင့်ပွဲအခန်းအနား အတွက် နွားနောက် တစ်ကောင်၊ ခေါင်းအို(၃)လုံး၊ ဘိယာ(၂)ဖါ၊ ဆန်တစ်အိတ်၊ အရက်ပြင် (၁)ဖာနှင့် လုပ်အားခအပါအ၀င် အကျွှေး ကျပ် ၅၀၀၀၀၀သိန်းခန့်  ကျေးရွာသားများက တင်ရှိတင်လျက်ရှိပြီး မီးမရကြသဖြင့်ရေအား ထက်ငိုအားသန်နေကြရပါကြောင်း နိုင်ငံတော်အကြီအကဲမှသိရှိပြီး ကောင်းမွန်စွာ ပြန်လည်ပြုလုပ်ပေးပါရန် ဤစာအားဖြင့် တင်ပြတောင်း ဆိုအပ်ပါသည်။ ဒေသခံလူထုရင်ဖွင့်စာ မင်းတပ်မြို့ 
အစိုးရက မြန်မာနိုင်ငံအတွင်း ချင်းလူမျိုး ၅၃ မျိုးရှိသည်ဟု ဖော်ပြထားရာမှာ ချင်းပြည်နယ်တောင် ပိုင်းတွင် နေထိုင်ကြသော ရင်ဒူးဒါး(ရ်) မျိုးနွယ်စုများက ဒိုင် (ရင်ဒူး)ဟု ဖေါ်ပြသည့် အပေါ် မကျေ မနပ်ဖြစ် နေကြောင်း သိရသည်။ ၂၀၁၄ ဇန်န၀ါရီလ ၉ ရက်မှ ၁၃ ရက်နေ့အထိ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ပင်လောင်း အုပ်စု ပင်လောင်း ကျေးရွာတွင် ကျင်းပပြု လုပ်သော (၈)ကြိမ် မြောက် ရင်ဒူးဒါး(ရ်)စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မီတီ သင်းလုံးကျွတ်အစည်း အဝေးကြီး၏ ဆုံးဖြတ်ချက်အရ ၂၀၁၄ခုနှစ် တွင် ပြုလုပ်သွားမည့် မြန်မာနိုင်ငံ လူဦးရေ သန်းခေါင် စာရင်းကောက် ယူရာတွင် နိုင်ငံတော် အစိုးရမှ လူမျိုးနွယ်စုတစ်ခု အဖြစ် ပြန်လည် သတ်မှတ်ပေးသွားရန်အတွက် နိုင်ငံတော် သမ္မတ ကြီးနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့ရုံးချုပ် သို့ပေးပို့ သွားမည်ဖြစ်ကြောင်း မလေးရှား ရောက် Yinduu Daa Social Organization (YDSO) ဥက္ကဌ Kauktu Naing Mana က အင်တာနက်မှတဆင့် ခိုနုမ်းသုန် သတင်းဌာန ကိုပြောကြား ခဲ့သည်။
ချင်းပြည်နယ်အတွင်း လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ထန်တလန် – အိုင်ဘူရ် – နှာရိန် – မတူပီ လမ်း) ပြည်ထောင်စုလမ်းမကြီး အခြေ အနေကို ချင်းပြည်နယ် ၀န်ကြီးချူပ် ပူးဟုန်းဟိုင်း က ကွင်းဆင်းလေ့လာခဲ့ သည်။ ဇန်န၀ါရီ ၁၄ မှ ၁၅ ရက်နေ့အထိ ကွင်းဆင်းလေ့လာသည့် ယင်းခရီးစဉ်တွင် ၀န်ကြီးချူပ် ဦးဟုန်းငိုင်းက ကားလမ်း ဖောက်လုပ်ရာတွင် ပြည်သူများ အတွက် ရေရှည်တည်တံ့ခိုင်မြဲသော လမ်းကြောင်းကိုသာ ရွေးချယ်ဖောက် လုပ်သွား ရမည်ဖြစ်ကြောင်း မည်သူ့မျက်နှာကို မှ ထောက်စရာမလိုကြောင်း ပြော ဆိုခဲ့သည်။
၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပေါ်တွင် ၂၄ နာရီအတွင်း လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ ယခုလ ၁၅ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကလေးမြို့ သို့  မဟာဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်အတွင်း ကြိုးစားဆောင် ရွက်နေကြောင်း မြို့ နယ် အထောက် အကူပြုကော်မီတီ ထံမှ သိရကြောင်း ဖေါ်ပြ ထားသည်။
နိုင်ငံတော်အစိုးရမှ တနိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်းစာရင်းကောက်ခံ မည့်ကိစ္စအပေါ် အနီး ကပ်လေ့လာ စောင့်ကြည့်ရန် ချင်းနိုင်ငံရေးပါတီများ နှင့် ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး “၂၀၁၄ သန်းခေါင်စာရင်း ဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြုကော်မတီ” ကို ဖွဲ့စည်းလိုက်ကြသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းအမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ တိုင်းရင်းသား လူမျိုး များဖွံ့ဖြိုးရေးပါတီ နှင့် ချင်းလူမှုအဖွဲ့အစည်းများက ဇန်န၀ါရီလ ၁၄ ရက်နေ့ ၌ ရန်ကုန်မြို့ ညီနောင် တိုင်းရင်းသားများ ဖယ်ဒရယ်ရေးရှင်းရုံးတွင် အလုပ်ရုံဆွေးနွေးပွဲတခုပြုလုပ်ပြီး ယခုကဲ့သို့ ဖွဲ့စည်း လိုက်ကြခြင်းဖြစ်သည်။
အယ်ဒီတာချုပ်ရှင့် ကျမတို့နေတဲ့ဟားခါးမြို့ပေါ် ဈေးဟောင်းရပ်ကွက်က အရက်ဆိုင်မှာ ညစဉ်ညတိုင်းလိုလို ဆူညံနေ တာကြောင့် ရပ် ကွက်နေ ပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်၊ အရက်ဆိုင် သုံးဆိုင်ဟာ အိမ်ဆိုင်သဘောမျိုးဖွင့် လှစ်ခဲ့ကြတာဖြစ်ပြီး ချက်အရက်နှင့် အရက်မျိုးစုံ ကို ရောင်းနေကြ တာပါ၊ ညည အရက်သောက်စားနေသူတွေကြာင့် ပြည်သူတွေ လမ်းသွားလမ်း လာရာမှာ နှောက်ယှက်ခံနေတာ တွေ လည်းရှိနေပါတယ်၊ အရက်ရောင်းတဲ့ အိမ်ရှင်ဖြစ်သူ လှမင်းဟန်၊ အောင်နိုင်ဦး၊ စောအောင် တို့ကို ရပ်ကွက်လူကြီး၊ ဘာသာရေး ခေါင်းဆောင်၊ လူငယ်တွေက အရက်မရောင်းရန် တောင်းဆိုသည်ကိုလည်း စားဝတ်နေရေး အခက်အခဲကို အကြောင်း ပြပြီး ငြင်းပယ်ခဲ့ကြပါတယ်၊ အရက်ဆိုင်ကြောင့် အနီးအနားရှိ ကျောင်းသားကျောင်းသူတွေ စာကြည့်ရာ မှာလည်း အနှောင့် အယှက်ဖြစ်နေပါတယ်၊ သက်ဆိုင်သူတွေက အမြန်ဆုံး အရေးယူဆောင်ရွက်ပေးပါရန် တင်ပြလိုသည်။ ရပ်ကွက်သူ ဈေးဟောင်းရပ်ကွက် ဟားခါးမြို့
စစ်ကိုင်းတိုင်း၊ ကလေးမြို့ နယ် မောက်လင်းအုပ်စု၊ ပျဉ်းခုံကြီးကျေးရွာတွင် ကျပ်ငွေ ၁၂၁.၆ သန်း တန်ဖိုးရှိ ဆူဒိုအက်ဖီ ဒရင်း ခေါ် စိတ်ကိုပြောင်းလဲစေသော ဆေးပြား ဇန်န၀ါရီလ ၈ ရက်နေ့က ဒေသခံ အာဏာပိုင် များက ဖမ်းဆီးခဲ့ သည်။
၂၀၁၄ ဇန်န၀ါရီ ၁၁ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် ကလေး-တမူး ကားလမ်း ၅၅ မိုင်ရှိ ရေကျော်ကြီးဂွေ့မှာ ကားတစီးတိမ်မှောက်ခဲ့ရာ ချင်းအမျိုးသမီးတဦး ပွဲချင်း ပြီးသေဆုံးပြီး ခရီးသည် ၃ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်သည် ဆယ်စုနှစ်တခု အတွင်း ပထမဆုံးကြိမ် အဖြစ် မြန်မာနိုင်ငံ အနောက်မြောက်ဘက်ဒေသတွင်တည်ရှိသော ချင်းတောင်ကို လာရောက်ခဲ့ ပြီး ဒေသခံ ချင်းပြည် သူတရပ်လုံး က နွေးထွေးစွာနှင့် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြ သည်။ ၂၀၀၈ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ချင်းတောင်တွင် လူထုဟောပြောပွဲများပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ ကလေးမြို့သို့ ရောက်ရှိလာချိန်တွင် ထောင်ပေါင်းများ စွာသော ဒေသခံ တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အလံ၊ အမေစု ကျန်းမာပါစေ ဆိုသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမကို လာရောက်ကြိုဆိုကြသည့် ထောင်ပေါင်းများ စွာသော ဒေသ ခံပြည်သူများကို နှစ် မိနစ်ခန့် နှုတ်ဆက်စကားပြောဆိုသွားခဲ့သည်။ “ပြည်သူလူထုက ဘာ့ကြောင့်ထောက်ခံသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိပြီးတော့ ထောက်ခံမှ သာ တကယ်တန်ဖိုးရှိ မှာပါ၊ အဓိပ္ပာယ်ရှိမှာပါ၊ ဘာမသိညာမသိနဲ့ ထောက်ခံတယ်ဆိုရင် မေတ္တာ အရ ထောက်ခံတယ်ဆိုလို့ရှိရင် ကျေးဇူးတင် ပေမယ့် မေတ္တာအရ နိုင်ငံရေးမှာ ထောက်ခံလို့မဖြစ်ပါဘူး၊ ပြည်သူလူထုရဲ့ မေတ္တာကို အင်မတန်မှ အလေးထားတာ ကြောင့်မို့ ဒီမေတ္တာကို အလွဲသုံးစား မလုပ်ချင်ပါဘူး” ဟု ပြောဆိုသွား သည်။ ဒေါ်စုသည် ကလေးမြို့…
