လာမည့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် KHUMI (KHAMI) NATIONAL PARTY ( KNP ) ခေါ် ချင်းနိုင်ငံရေးပါတီဖြစ်သည့် ခူမီးအမျိုးသားပါတီအား တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် ပြုလိုက်ကြောင်း သိရ သည်။ ၂၅/၁၁/၂၀၁၃ ရက် စွဲဖြင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်(နေပြည်တော်) သို့ လျှောက်ထားချက်ကို စာ အမှတ်၊၂/နငရ-မပဘ(၁)/ကမရ အရ ၂၀၁၄ ခုနှစ် မေလ(၂၃)ရက်နေ့ တွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မ ရှင် က တရားဝင် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
Author: Editor
အိန္ဒိယ နှင့် မြန်မာနှစ်နိုင်ငံမှ အကောင်အထည်ဖော်နေသည့် ချင်းပြည်နယ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကုန် ကျမည့် ကုလားတန် ဖက်စုံဖွံ့ဖြိုးရေး စီမံကိန်း ကြောင့် ၂၀၁၃ ခုနှစ်ကတည်းက ဒေသခံများ လုပ်ကိုင်ခွင့်ဆုံး ရှူံးသွား သည့် ကမ်းမြေ ဧက (၁၆) အတွက် ယနေ့ထိ လျှော်ကြေး မရသေးကြောင်း သိရသည်။
ချင်းသတင်းသမားများအနေဖြင့် သတင်းရေးသား တင်ဆက်ရာတွင် ကိုယ်လိုရာစွဲပြီး တဖက်သတ် သတင်းရေးသားမှုများ ရှိနေသည်ဟု ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးဟောင်ခင်းခမ်က ပြောသည်။
ချင်းအမျိုးသားတပ်ဦး၊ သတင်းပြန်ကြားရေးဌာန မှ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ (၂၈) ရက်စွဲဖြင့် ၄င်းတို့၏ ဥက္ကဌ ဟောင်း၊ လက်ရှိ Chin Progressive Party(CPP) ဥက္ကဌ Pu NoThangkap အား အချက် (၈)ချက်ပါ စွပ်စွဲချက်နှင့် ပါတ်သက်ပြီး ရှင်းလင်းထုတ်ပြန်ချက်အပေါ် CPP ဗဟိုအလုပ်အမှုဆောင်ကော်မီတီ၏ ယခုလ မေ (၁၃) ရက်နေ့ ထုတ်ပြန်ချက် နံပါတ်စဉ် (၄) အပေါ် CNF ၏ ဥက္ကဌ ဟောင်း Dr. Za HLeithang က ယနေ့ တုံ့ပြန် လိုက်သည်။
ယခုလ မေ ၁၅ ရက်နေ့က ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ပြည်နယ်အဆင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တာဝန်ရှိ ခေါင်းဆောင်များတွေ့ဆုံဆွေးနွေမှုပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ တွေ့ဆုံပွဲတွင် ချင်းပြည်နယ်ဆိုင်ရာ NLD ဥက္ကဌ အပါအ၀င် ပြည်နယ်ဗဟိုအလုပ်အမှု ဆောင်ကော်မီတီဝင်များ၊ ချင်း ပြည်နယ် (၉) မြို့နယ်မှ မြို့နယ်အဆင့် ဥက္ကဌများ၊ ဟားခါးမြို့နယ်အဆင့် ဗဟိုအလုပ် အမှုဆောင်ကော်မီ တီဝင်များ စုစုပေါင်း (၅၀) ခန့်တက်ရောက်ကြသည်ဟု ထပ်မံ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ စံသာသုသာန်နေရာတွင် အထကကျောင်းတည်ဆောက် သွားမယ့် စီမံချက်နှင့် ပါတ်သက်ပြီး မေလ ၂၀ရက်နေ့က သာရေးခေါင်းဆောင် များက သတင်းစာ ရှင်းလင်းပွဲတရပ် Agape ဘုရားရှိခိုး ကျောင်း တွင် ပြုလုပ်ခဲ့ကြသည်။
ဆလိုင်းချင်းဖြူ – လွတ်လပ်ရေးအတွက်ပြင်ဆင်ခြင်း ဒုတိယကမ္ဘာစစ်ကြီးကာလတွင် ဗြိတိသျှအစိုးက မဟာမိတ်များ အနိုင်ရပါက ကိုလိုနီ နယ်များအား လွတ်လပ်ရေး ပေး မည် ဟုထုတ်ပြန်ကျေညာသည့်အတိုင်းစစ်ကြီး ပြီးသည် နှင့် ဗြိတိ သျှလက်အောက်ခံ ကိုလိုနီနယ်များသည် လွတ် လပ်ရေး အတွက် ပြင်ဆင်ကြရသည်၊ တောင်အာရှနိုင်ငံများ ဖြစ်သည့် အိန္ဒိယ သည်ဗြိတိသျှတို့၏ သွေးခွဲအုပ် ချုပ်ရေး ကြောင့်ပြန်လည်မပေါင်းစည်း နိုင်တော့ဘဲ သီးခြား လွတ်လပ်ရေး အတွက်ကြိုးစား လာကြလေ သည်၊ ဗုဒ္ဒဘာ သာဝင် နိုင်ငံဖြစ်သော သီဟိုလ်ကျွန်း(ယခုသီရိလင်္ကာနိုင်ငံ)၊ မွတ်ဆလင်ဘာသာဝင်များထူထပ်ရာ ဆိန်းဒ်ပြည် နယ်နှင့် အရှေ့ ဘင်္ဂလားနယ်အား ပါကစ္စတန်၊ ဟိန္ဒူ ဘာသာဝင် များသောဟိန္ဒူစတန် အား အိန္ဒိယဟူ၍ သီးခြားနိုင်ငံများ ထူထောင် ရန် စိုင်းပြင်းလာကြသည်၊ ထိုကြောင့် အနောက်ဖက်ဒေသ ချင်းအမျိုးသားများသည် အရှေ့ပါကစ္စတန် နှင့် အိန္ဒိယ နိုင်ငံတို့တွင်ပူးပေါင်းရန်အားသန် ခဲ့ကြသည်၊ အရှေ့ဖက် ချင်းအမျိုးသားများမှာလည်း လောလောဆယ်တွင် အချုပ်အခြာအာဏာပိုင်နိုင်ငံမျိုးတည် ထောင်ရန် နည်းလမ်းမရှာကြံတတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံး သွေးဆောင်မှု အပေါ်ယုံကြည်အား ထားလာ ကြသည်၊ တောင် ပိုင်းချင်းတောင်မှ ချင်းအမျိုးသားများသည် နဂိုက ပင်မြန်မာပြည် နှင့်ပူးပေါင်းရန်သဘောတူပြီးဖြစ် သောကြောင့်မြောက်ပိုင်းချင်းအမျိုးသားများ အားမြန်မာပြည် နှင့်ပူးပေါင်း ရေးအတွက် စည်းရုံးနှိုးဆော်ရာတွင် အထူး လက်ဝင်နေခဲ့ကြသည်၊ အခြားတဖက်တွင်မူ အင်္ဂလိပ်တို့သည် တောင်တန်းဒေသ များဖြစ်သောရှမ်းပြည်နယ်၊ ကချင် တောင်တန်းနှင့်ချင်း တောင်တန်းတို့အား မြန်မာနိုင်ငံနှင့် မပူးပေါင်းစေဘဲ နှစ်ပေါင်း…
ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ မှ ၁၀ မိုင်ခန့် ကွာဝေးသည့် ဘုံတလာရေအား လျှပ်စစ်ဓါတ်အား စက်ရုံကို ဗျူဟာ မှူး ဗိုလ်မှူးဆန်းအောင်(၂၀၀၇) က လူထုလုပ် အားနှင့် စစ်တပ် ဘတ်ဂျက်ငွေဖြင့် ဦးဆောင်ဆောက်လုပ်ခဲ့သည်။ လျှပ်စစ်ဓါတ်အားအတွက် ဘုံတလာရေတံခွန်အနီး Namlawng ချောင်းမှ အရှည်ပေ ၅၀၅၀ ခန့် ရေးမြောင်းဖောက် လုပ်ခဲ့ခြင်းဖြစ်သည်။
LETTER TO EDITOR – ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တူးဖော်ရန် ပြည်ထောင်စုအစိုးမှ အတည်ပြုခဲ့သော ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီမြို့နယ်ရှိ လွီဗန်း-ဆတူးကားလမ်းကို K&L or SHWE KA HSOUN CO…LTD မှ တာဝန်ယူ ဖောက်လုပ်ခဲ့သည်။ လွီဗန်း-ဆတူး ကားလမ်း အထောက်အကူပြုဆပ်ကော်မီတီမှ လမ်းအူကြောင်းကို ဆင်ခြေလျှော့ (၆ံ) အောက် ပိုပြီး မြေသားခိုင်မာသော တောင်စောင်းများကို ရက်ပေါင်းများစွာ အချိန်ပေးပြီး ရှာဖွေရေးဆွဲခဲ့ကြရာ ပထမ လမ်းအူ ကြောင်းသည် အုံးကာချောင်း ကမ်းနံဘေး ၌ ကျောက် ကမ်းပါး ခံထားပါသဖြင့် ပိုမို ကောင်းမွန်သောဒုတိယ လမ်းအူ ကြောင်းကို အတည်ပြု ခဲ့ကြပါသည်။ အောက်ခြေလူထုနှင့် လမ်းအထောက်အကူပြုဆပ်ကော်မီတီတို့ အတည်ပြုခဲ့သေ ဒုတိယ လမ်းအူ ကြောင်းပေါ်၌ ဘွေရိန်း(ခ)ရွာ တောင်ယာလုပ်ကွက်(၄)ကွက်ရှိပါသဖြင့် အထောက်အကူပြုဆပ်ကော်မီတီနှင့် ပြည်နယ်လွှတ်တော်ဒု-ဥက္ကဌ ဦး အုန်းလွင်နှင့် ဌာနဆိုင်ရာအရာရှိများက ဒုတိယလမ်းအူကြောင်းအလွန် (၄)ဖာလုံခန့်အကွာတွင် တတိယ လမ်းအူကြောင်းကို ကွေးပြီး ဖောက်လုပ်ရာတွင် ဒုတိယလမ်းအူကြောင်းနှင့် လက်ရှိ ဘွေရိန်း (ခ) တောင်ယာ အလွန်(၅)ဖာလုံခန့်အကွာ၌ ပြန်ဆုံစေရန် အတည်ပြုကြပါသည်။ သို့သော် နောက်ဆုံး အတည်ပြုထားသော တတိယ လမ်းအူကြောင်း အတိုင်း တူးဖော် ဆောင်ရွက်ခြင်းမရှိပဲ ဘွေရိန်း(ခ)ရွာဖက်သို့ ဆက်လက် ဦးတည်ဖောက် လုပ်နေ သည်ကို တွေ့ရှိရပါသည်။ လွီဗန်း-ဆတူး ကားလမ်းအူကြောင်း ရှာဖွေချိန်တွင် ဘွေရိန်း (ခ) လူထုမှ ပါဝင်ခြင်း လုံးဝမရှိပဲ ရွာအနီး အနားသို့ လမ်းရောက်သောအခါ…
အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်တွင် ယခုရက်ပိုင်းအတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မီဇိုရမ်ပြည်နယ် ၀န်ကြီးချူပ်၏ ချင်းပြည်နယ်အတွင်းရှိ ကျေးရွာ ၂ ရွာသို့ သွားရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရသည်ဟု သိရသည်။
