ယခုရက်ပိုင်းအတွင်း မီဇိုရမ်ပြည်နယ်မြို့နယ်တချို့တွင် ၀က်ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံဘက်မှ ၀က်များကို မီဇိုရမ်ပြည်နယ်သို့ တင်ပို့ခွင့် ခေတ္တပိတ်ပင်ထားသည်ဟု သိရသည်။ ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် Lunglei မြို့နယ်တွင် (Viral Disease porcine reproduction syndrome) ခေါ် ၀က်ရောဂါဖြစ်ပွားလျက်ရှိရာ အဆိုပါ ၀က်ရောဂါ သည် မြန်မာနိုင်ငံမှ ၀င်လာသော ၀က်များမှတဆင့် ကူးဆက်ပြန့်ပွားသည်ဟု ယူဆရသောကြောင့် မေလ ၉ ရက်မှ စပြီး နှစ်လကြာ ၀က်တင်သွင်းခွင့် ပိတ်ပင်ကြောင်း Lunglei မြို့အုပ်ချူပ်ရေးမှူးက အမိန့်ထုတ်ပြန်လိုက်သည်။ Lunglei မြို့နယ်အတွင်းရှိ ဒေသခံများ နှင့် ၀က်မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေသူများအတွက် ပိုမိုလုံခြုံမှုရှိစေရန် မြန်မာ နိုင်ငံမှ ၀က်များကို မွေးမြူရန် အတွက်သော် ၎င်း၊ အသားစားရန်အတွက်သော်၎င်း ၀ယ်ယူတင်ပို့ခြင်းများမပြု လုပ်ကြရန် Lunglei အုပ်ချူပ်ရေးမှူးက ပြောသည်။
Author: Editor
ဆလိုင်းချင်းဖြူ – ဗြိတိသျှခေတ်ချင်းပြည်အုပ်ချုပ်ရေး၊ နယ်ချဲ့အင်္ဂလိပ်တို့သည် ချင်းနိုင်ငံအားနှစ်ပေါင်းများစွာတိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် သည်၊ ထိုစဉ်က ချင်းနိုင်ငံရေး စနစ်သည် ဟောင်းနွမ်းဆွေးမြေ့နေပြီး ခေတ်မမီတော့ချေ၊ စော်ဘွားနယ် အချင်းချင်း ရန်စောင်တိုက်ခိုက်ခြင်း၊ အိမ်နီးချင်းများနှင့် မကြာခဏ စစ်တိုက်ခြင်း၊ ခေတ်နှင့်အညီ တိုးတက်နေသော ပတ်ဝန်း ကျင်နိုင်ငံနှင့် ဆက်ဆံမှုမရှိခြင်း၊ ပြင်ပလောကနှင့် ကုန်စည် ကူးသန်းရောင်းဝယ်ဖောက်ကားမှု မရှိ၍ လူနေမှု အဆင့်အတန်းနိမ့်ကျလွန်းခြင်း၊ ခေတ်မီကောင်းမွန်သော ကုန်ထုတ်ကိရိယာ နှင့် ကုန်ထုတ်လုပ်ငန်း မရှိခြင်း၊ လက်နက် ခဲယမ်းမီးကျောက် မရရှိနိုင်ခြင်း၊ ခေတ်မီပြီး စည်းစနစ်ကောင်းမွန်သောလက်နက်ကိုင်တပ်ဖွဲ့မထားရှိနိုင်ခြင်း စသောအကြောင်းများ ကြောင့် နယ်ချဲ့တို့၏ ကျုးကျော် တိုက်ခိုက်မှုဒါဏ်ကို ရေရှည်တွင် မခံနိုင်ဘဲ လက်မြှောက် အရှုံးပေးရလေတော့သည်၊ အင်္ဂလိပ်တို့သည် ချင်း စော်ဘွားများနိုင်ငံအား သိမ်းပိုက်လိုက်သည်နှင့်တပြိုင်နက် Divide & Rules( D & R ) ခေါ် သွေးခွဲအုပ်ချုပ်ရေးစနစ်ကို စတင်ကျင့်သုံးလေတော့သည်၊ ပထမဦးစွာသိမ်းပိုက်ထား သော စစ်တကောင်းနယ်အားဘင်္ဂလားနယ် တွင်ထားပြီး အုပ်ချုပ်ခဲ့သည်၊ ထို့နောက်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄–၁၈၂၆)အပြီး အာသံ၊ မဏိပူရ် နှင့် ရခိုင်နယ်တိုအင်္ဂလိပ် လက်အောက် ကျရောက်လာသောအခါ ထိုဒေသ များမှ ချင်းအနွယ်ဝင်များ ဖြစ်သည့် နာဂ၊ ကသည်း၊ ထာ့ဒိုး ၊ အရှို၊ ခူမီး၊ မြို ၊ ယင်ဒူး၊ ကောက်ကဒန်းစသော သွေးချင်း များသည်လည်း အင်္ဂလိပ်တို့၏ လက်အောက်သို့ ကျရောက်ခဲ့သည်၊ များ မကြာမီ တြိပူရနှင့် ကချာရ်၊ ဂါရို၊ ခါဆီနယ် များကိုလည်းသိမ်းပိုက်ကြပြန်သည်၊ ထိုနယ်များရှိ ကသည်း ခေါ် မေးတေ ချင်းများနှင့် မှာရ်၊ လူရှေချင်း များကိုလည်း တပါတည်းသိမ်းပိုက်ကြပြန်သည်၊ အင်္ဂလိပ်တို့သည် ၄င်းတို့၏ နယ်ချဲ့ကျုးကျော်စစ်ကို…
အကျင့်ပျက်ချစားမှုများ အကြိမ်ကြိမ် ကျုးလွန်နေသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွီကင်းဝ ကျေးရွာ အုပ်စု၊ တွီကင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရန်အောင်အား အရေးယူပေးရန် ဒေသခံပြည်သူများ၏ တိုင်ကြားမှုသည် ယနေ့ ချိန် ထိ လှစ်လျှုရှူခံနေရ သည်ဟု သိရသည်။
အသက် (၁၄) နှစ်အရွယ် ခူမီး(ချင်း) မိန်းကလေးငယ်တစ်ဦးအား အသက် ၅၂ အရွယ် ဗေဒင်ဆရာတစ်ဦးမှသားမ ယားပြု ကျင့်ခဲ့သည့် မှုခင်းတစ်ရပ် ပလက်ဝမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မေလ(၁၄) နံနက် ၁၀း၀၀ နာရီခန့်က ပလက်ဝမြို့ နယ်၊ ကြွေသောင်ကျေး ရွာနေ ဦးကျော်လှနေအိမ်သို့ မေလ(၁၃)ရက်နေ့က ရောက်ရှိနေသော ကုလား လူမျိုး ဗေဒင်ဟောစားနေသူ အဘဦးဆွေမောင်သား ဦးလှထွန်း ( အသက် ၅၂ ဟိန္ဒူ/ဗုဒ္ဒဘာသာဝင် ) သည် အိမ်ရှင် မိသားစု လူကြီးများ တောင်ယာသို့ သွားနေ ခိုက် နေအိမ်တွင် ကျန် ရစ်ခဲ့သော အိမ်ရှင်သမီး အသက် ၁၄ နှစ်အရွယ် မဝင်းတင်အား အိပ်ဆေးတိုက်ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ် သည်။
ဆလိုင်းချင်းဖြူ – ရှေးဦးချင်းနိုင်ငံရေး ချင်းလူမျိုးများသည် အခြားသော ကမ္ဘာသူကမ္ဘာသားများနည်းတူ လူမှုရေးစနစ် အမျိုးမျိုးကို ဖြတ်ကျော်လာခဲ့ရင်း နိုင်ငံရေးစနစ် အမျိုးမျိုးကိုလည်း ကျင့်သုံးလာခဲ့မည်မှာ မြေကြီးလက်ခတ်မလွဲ သေချာပါသည်၊ တိဘက် ကုန်းပြင်မြင့် တွင် နေထိုင်ခဲ့စဉ်က ယဉ်ကျေးမှု အဆင့်အတန်း အတန်မြင့်မားခဲ့ရကား ထိုအချိန်တွင် အုပ်ချုပ် ရေးစနစ် ကိုပါ ကျင့်သုံးခဲ့မည်ဟု ယူဆရပေမည်၊ အုပ်ချုပ်ရေးသည် နိုင်ငံရေးပင် ဖြစ်ရာ အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံလူတန်းစား များပါ ပေါ်ပေါက်ဘွယ်ရာ ရှိပေသည်၊ ချင်းလူအဖွဲ့အစည်းတွင် ကျွန်ပိုင်ရှင်စနစ်နှင့် ပဒေသရာဇ်စနစ် သိသိသာသာ ကွဲပြားခြားနားမည်ဟုယူဆရန်ခဲယဉ်းလှပေသည်၊ အကြောင်းမှာ ပဒေသရာဇ်ခေတ်နှောင်းပိုင်းကာလအထိ ကျေးကျွန်များရှိနေသေးသောကြောင့်ဖြစ်ပါသည်၊ ချင်းပဒေသရာဇ်များသည် မိမိတို့ပိုင်နက်နယ်မြေ ကျယ်ပြန့်သည်ဖြစ်စေ၊ ကျဉ်းမြောင်းသည်မြစ်စေ ကံကျွေးချ စနစ် ကိုသော်၎င်း၊ သက်ဦးဆံပိုင်ဘုရင်စနစ်ကိုသော်၎င်း ကျင့်သုံးခဲ့သည်ဟုယူဆရပါသည်၊ သို့ရာတွင် အနောက်တိုင်းသား များကဲ့သို့ ရက်စက်ကြမ်းကြုတ် စွာ သြဇာအာဏာ ကိုင်တွယ်ခြင်းမျိုးကိုမူ မကျင့်သုံးခဲ့ကြချေ၊ နောက်ခံ ပထဝီအနေ အထားအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အချင်းချင်း ကူးလူးဆက်ဆံမှု နည်းပါးသောကြောင့်စီးပွါးရေး တိုးတက် ဖွံ့ဖြိုးမှု အထူးပင်နှေးကွေးခဲ့သည်၊ ကုန်စည် ကူးသန်းရောင်းဝယ်ဖောက်ကားမှု မရှိပဲ မိရိုးဖလာအိမ်တွင်းစိုက် ပျိုးရေး နှင့် အိမ်မွေးတိရိစ္ဆာန်များဖြင့် ရောင့်ရဲ တင်းတိမ်နေခဲ့ကြရသည်၊ စားနပ်ရိက္ခာ များကို မိမိတို့၏ အိမ်တွင်း လုပ်ငန်း များဖြင့် ဖြည့်ဆည်းကြရသည်၊ တစ်နေရာတွင် ဝမ်းစာမဖူလုံနိုင်တော့မှသာ အခြားဒေသများသို့ ရွှေ့ပြောင်းနေ ထိုင်လေ့ရှိ ကြသည်၊ အုပ်ချုပ်သူချင်းပဒေသရာဇမင်းများသည် တစ်တော တစ်ဖတွန် အာဏာပြိုင်ဆိုင်ကြရင်း သူတစ်လူငါ တစ် မင်းဖြင့်…
ဗြိတိသျှနယ်ချဲ့တို့၏ ကျုးကျော်စစ်ကို အံတု တွန်းလှန်တိုက်ခိုက်ခဲ့သော ရှာလ်လုမ်းခံတပ်တိုက်ပွဲသည် နောင်မျိုးဆက် ပေါင်းများစွာအထိ ချင်းမျိုးချစ်စိတ်ခွန်အားကို ပေးဆောင်နေဦးမည့် သမိုင်းဝင်တိုက်ပွဲဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ ဆလိုင်းကစ်(ပ်)ခိုလျန်ကပြောဆိုလိုက်သည်။ ဗြိတိသျှတို့၏ ချင်းပြည်ကို ဝင်ရောက်ကျုးကျော် သိမ်းပိုက်ရေးစီမံချက်ဖြစ်သော Chin-Lushai Expedition အရ ၁၈၈၈ ကစပြီး ချင်းတောင်သို့ ကျုးကျော်တိုက်ခိုက်လာသော ဗြိတိသျှစစ်တပ်ကို ခုခံတော်လှန်ခဲ့သည့် သမိုင်းဝင်ရှာလ်လုမ်းခံတပ် တိုက်ပွဲသည် မေလ ၄ ရက်နေ့က (၁၂၅) နှစ်ပြည့်မြောက်ပြီဖြစ်သည်။
ဆလိုင်း ချင်းဖြူ – ချင်းလူမျိုး၏ မူလဘူတ လူမှုရေးသမိုင်းရှုထောင့်မှသော်၎င်း၊ မနုသာဗေဒအရသော်၎င်း၊ ဘာသာဗေဒအရသော်၎င်း၊ ချင်းလူမျိုးများသည် မွန်ဂိုလ် ( Mongol ) အနွယ်ဝင်၊ တိဘက်-တရုတ် မိသားစုကြီး ( Tibeto-Chinese Family/ Sino-Tibetan) မှ ခွဲထွက်သော တိဘက်-မြန်မာမိသားစု (Tibeto-Burman Sub-Family ) အနက် Assam-Burma Branch ကူကီး-ချင်း (Kuki-Chin) အုပ်စုဝင်များဖြစ်ကြပါသည်၊ ချင်းအမျိုးသားတို့သည်လျှိုမြောင် ကမ်းပါးထူထပ် သည့် တောအပြိုင်း ပြိုင်းတောင်အထပ် ထပ်မြစ်ချောင်း အသွယ် သွယ်ရောပြွန်း သည့်ဒေသတွင် နေထိုင်သူများဖြစ်သည်နှင့်အညီ ဘာသာ စကားကွဲ (Dialects) အမျိုးမျိုးကိုပြောဆိုကြပြီး မိမိတို့ဘာသာစကား ကိုယ်စီဖြင့် မိမိတို့ အမျိုးနာမည်ကို မှည့် ခေါ်ကြ သည်၊ တနည်းအားဖြင့်ဆိုသော် ချင်းတစ်မျိုးသားလုံး အားညွှန်းဆိုသော ဘုံနာမည် (Common Name / Collective Name / Nomenclature) မရှိခဲ့ဟုဆိုရပါမည်၊ အနောက်ဖက်ရှိ ဘင်္ဂလီကုလားများက ကူကီး (Kuki ) ဟူ၍ ၎င်း၊ အရှေ့ဖက် ရှိမြန်မာများက ချင်း ( Chin) ဟူ၍ ၎င်း ခေါ်ကြသည်၊ ကူကီးဟူသော စကားလုံးအဓိပါယ်ကို သေချာတိကျစွာမသိရသော်လည်း သာမန်အား ဖြင့်တောင်တန်း သားများ ဟူသောအနက် ရဟန်တူပါသည်၊ ချင်း ဟူသော စကားလုံး၏ အဓိပါယ်မှာ လူသား ဟူ၍ ဆိုရပါမည်၊ တိဘက်ကုန်းပြင်မြင့်တွင် ချိယန် ( Qi’an / Chi’an ) ဟူသော ခွေး၊ ဝက်များ မွေးမြူသည့်လူစုရှိခဲ့ရာ…
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဟလာဝအုပ်စု၊ ဟလာဝ ကျေးရွာ လက်ရှိ အုပ်ချုပ်ရေးမှူး ပူး ထွန်းဘေး (Tun Bay) သည် ဒေသထွက် ကျွန်းသစ်များကို ခုတ်ပြီး ရခိုင် သူဌေးများ ထံ ရောင်းစားနေကြောင်း သိရသည်။
မကြာသေးခင်က ကောက်ခံခဲ့သော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အားနည်းချက်အမြောက်အများ ရှိနေသည့်အတွက် ယင်းသန်းခေါင်စာရင်းကောက် ခံမှုရလဒ်ကို အခြေခံကာ လူမျိုးကြေညာခြင်းများမပြုလုပ်ရန် သန်း ခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီက တောင်းဆိုလိုက်သည်။
ချင်းပြည်နယ်မြို့တော်ဟားခါး၊ မြို့ဟောင်းရပ်ကွက်နေ ရဲဘက်စခန်းတွင် ၁၀ နှစ်ကြာ အကျဉ်းချခံရဘူးသူ အသက် ၅၇ နှစ်အရွယ် Pu Suitling ၊ ကုလားနာမည် Saila ဆိုသူက ၈လ ကိုယ်ဝန်လွယ်နေသူ Pi Biak Zing (43) အား ယနေ့ နံနက် ၆း၃၀ ခန့်က သတ်ဖြတ်လိုက်သည်ဟု သိရသည်။
