Author: Editor

(006SV) စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အတွင်း လိုက်နာကျင့်သုံးမည့် “ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော်က အတည်ပြုပြဌာန်းလိုက်နိုင်ခြင်းကို အထူးဝမ်းမြောက်ဂုဏ်ယူကြောင်း ချင်းပြည် (Chinland) လွှတ်တော်က သဝဏ်လွှာပေးပို့သည်။ အခက်အခဲပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရသည့် ကြားမှပင် စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ် လွတ်တော်က “ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ” တတိယမူကြမ်းကို ပဥ္စမပုံမှန်အစည်းအဝေးတွင် အတည်ပြုနိုင်သည့်အတွက် ချင်းပြည်လွှတ်တော်က ဇွန်လ ၂၆ ရက်တွင် သဝဏ်လွှာပေးပို့ရာတွင် ပြောဆိုထားသည်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း နေထိုင်ကြသော ပြည်သူလူထုသည် စစ်အာဏာရှင် တော်လှန်ရေးကာလအတွင်း အသက် အိုးအိမ်စည်းစမ် ဥစ္စာများ ထိခိုက်ပျက်စီး ဆုံးရှုံးမှု ကြီးမာစွာ ပေးဆပ်ပြီး တွေ့ကြုံရင်ဆိုင်နေကြသဖြင့် ထပ်တူခံစားရကြောင်း ချင်းပြည်လွှတ်တော်က ဆိုသည်။ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊ ပဥ္စမပုံမှန် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်မှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း မှီတင်း နေထိုင်ကြသည့် ပြည်သူတစ်ရပ်လုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာပါစေကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်ကိုင်းတိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်က ဇွန်လ ၂၅ ရက် အတည်ပြုပြဌာန်းနိုင်ခဲ့သည်။ စစ်ကိုင်းတိုင်းဖက်ဒရယ် ယူနစ်အတွင်းရှိ ပြည်သူ့အကျိုးစီးပွားကို ရှေ့ရှုဖော်ဆောင်နိုင်မည့် လိုအပ်လျက်ရှိသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးများကို ပီပြင်စွာ ပေါ်ပေါ်လာစေရန် ရည်ရွယ် ဆောင်ရွက်သည်ဟု သိရသည်။ ယင်းအခြေခံဥပဒေပါ ပြဌာန်းများမှတစ်ဆင့် ကြားကာလပဋိပက္ခများ ပြေလျော့အောင် ကြိုးပမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပြီး အနာဂါတ်တွင်လည်း ချောမွေ့သော အသွင်ကူးပြောင်းရေးတစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် ကြားကာလအခြေခံဥပဒေကို…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် ကျင့်သုံးမည့် သစ်တောမူဝါဒ (မူကြမ်း) ကို ရေးဆွဲနေပြီး မူဝါဒ အချောသတ် အတည်ပြုနိုင်ရေးအတွက် မင်းတပ်မြို့နယ်မှ ပြည်သူများအနေဖြင့် အကြံပြုချက်များ ပေးပို့နိုင်ရန် မင်တပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ ၂၆ ရက်က ထုတ်ပြန်သည်။ ဇွန်လ ၁၃ ရက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအစည်းအဝေးတွင် မင်းတပ်- ပအဖ၊ သစ်တောဌာန ကိုယ်စား တက်ရောက်လာသော တွဲဖက်တာဝန်ခံက သစ်တောဌာနအနေဖြင့် ဌာန၏ လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေမှုကို ဆွေးနွေးတင်ပြပြီး သစ်တောဌာန၏ သစ်တောမူဝါဒ (မူကြမ်း)ကို ချပြသည်ဟု သိရသည်။ သစ်တောမူဝါဒ (မူကြမ်း) ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ဖွဲ့/ ဌာန ဆိုင်ရာအကြီးအကဲများနှင့် မြို့/တိုက်နယ် အုပ်ချုပ်ရေးမှူးများက ယင်းအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေး၊ ဖြည့်စွက်အတည်ပြုထားသည်ဟု သိရသည်။ အစည်းအဝေးက အတည်ပြုလိုက်သော သစ်တောမူဝါဒ (မူကြမ်း) ကို သစ်တောဌာနအနေဖြင့် မြို့/ တိုက်နယ်အဆင့်အထိ အဆင့်ဆင့် နယ်ဆင်းဟောပြော၊ ချပြဆွေးနွေးပြီး ပြည်သူလူထု၏ အကြံပြုချက်များ ရယူမှတ်သားပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအစည်းအဝေးတွင် အတည်ပြုမည်ဟု သိရသည်။ မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် သစ်တောမူဝါဒ (မူကြမ်း) ကို ဖတ်ရှုပြီး မင်းတပ်- ပအဖရုံးသို့ဖြစ်စေ၊ မင်းတပ်-ပအဖ ၏ ဆိုရှယ်မီဒီယာစာမျက်နှာသို့ ဖြစ်စေ ဆွေးနွေးအကြံပြုချက်များ ပေးပို့နိုင်သည်ဟု မင်းတပ်ပအဖအဖွဲ့က အသိပေးကြေညာထားသည်။ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်တကွ သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်များ၊ တပ်ဖွဲ့/ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့/တိုက်နယ်အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်ဟု သိရသည်။

Read More

(004SS) ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်လကျော်ကြာ ပြိုကျပျက်စီး‌နေသော တီးတိန်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများကို ပြုပြင်လျက်ရှိ‌နေသည်ဟု ZFU/ PDF – Zoland ထံမှ သိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်မှ တီးတိန်မြို့နယ်ဘက် ဆက်သွယ်ရာလမ်းများဖြစ်သော Lentlang-Tuitawh၊ Suangzang-Kaptel၊ Kaptel-Saizang၊ Saizang-Tedim၊ Saizang-Vangteh နှင့် Vangteh-Phunum လမ်းပိုင်းများကိုလည်းကောင်း၊ တီးတိန် မြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ဆက်သွယ်ရာ လက်ရှိအသုံးပြုနေသော Pimpih လမ်းပိုင်း Tuivial-Tuisau လမ်း ကြားရှိ ပြိုကျပျက်ဆီးမှုများကို ဒေသခံများနှင့် ညှိနှိုင်းကာ ပြုပြင်နေခြင်းဟု သိရသည်။ “ကားလမ်းကြတော့ တစ်ချို့နေရာမှာဆိုရင် လမ်းပါပြိုတဲ့နေရာရှိတယ်။ နောက်တစ်ချို့နေရာတွေက တောင်ကျရေ အရမ်းများနေလို့ ပျက်စီးတာတွေရှိတယ်။ ကျွန်တော်တို့ ပြင်ပြီးသား လမ်းတွေကတော့ ကားတွေ သွားလို့ရပြီ။ တစ်ချို့ မပြီးသေတဲ့ နေရာတွေကျတော့ လမ်းပြိုတော့မပြိုဘူး၊ ဒါပေမဲ့ အရမ်းချော်တယ်။ ကားတွေ ရုန်းလို့မရဘူး။ ပျက်စီး တာတော့ တစ်လကျော်နေပြီ ပြင်တာက နှစ်ပါတ်ရှိပါပြီ” ဟု ZFU/PDF- Zoland မှ တာဝန်ရှိသူ Ko Tony က ပြောသည်။ ပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ကျေးရွာအချာင်းချင်း ချိတ်ဆက်သွားလာနိုင်‌ရေးအတွက် ပျက်စီးနေသော လမ်းပိုင်းများကို JCB စက်များငှားရမ်းကာ ပြုပြင်နေသည်ဟု သိရသည်။ ကျေးရွာလမ်းများ ပျက်စီးနေမှုကြောင့် ကုန်စျေးနှုန်းများ တက်လာခြင်း၊ သာရေး-နာရေးကိစ္စ သွားလာရေး၊ တရွာနှင့်တရွာ ဆက်သွယ်သွားလာရေးပင် ပြတ်တောက်နေခဲ့သည်ဟု သိရသည်။ လက်ရှိတွင် ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ စီးပွားရေးအခက်အခဲကြုံတွေ့နေရသည့်…

Read More

(005MK) မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက မြန်မာစစ်ဘေးရှောင်များထဲက ဥပဒေချိုးဖောက်သူများကို ပြင်းထန်စွာ အရေးသွားမည်ဟု ပြောဆိုလိုက်သည်။ ယနေ့ဇွန်လ ၂၆ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်သို့ရောက်ရှိလာသော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၊ တွဲဖက် အတွင်းရေးမှူး Surinder Bhagat နှင့် သူ၏ ရုံးခန်းတွင် တွေ့ဆုံစဉ်မှာ မြန်မာစစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ “မြန်မာစစ်ဘေးရှောင်တွေထဲမှာ ကောင်းကောင်းမွန်မွန်နဲ့လာရောက်ခိုလုံသူတွေလည်းရှိသလို တဖက်မှာလည်း သူတို့နိုင်ငံရေးအခြေအနေကိုအကြောင်းပြပြီး နယ်စပ်ဖြတ်ကျော် ဝင်ထွက်သွားလာပြီး မီဇိုရမ်ပြည်နယ်ရဲ့ တည်ဆဲ ဥပဒေတွေကို ချိုးဖောက်နေသူတွေလည်းရှိပါတယ်၊ ဒီလိုဥပဒေချိုးဖောက်နေသူတွေအပေါ်မှာ ပြင်းထန်စွာအရေးယူ သွားဖို့ရှိပါတယ်” ဟု မီဇိုရမ်ဝန်ကြီးချုပ်ကပြောသည်။ မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်၍ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်လာသူများကိုလည်း သူတို့ နေထိုင်စဉ် ကာလအတွင်း ၎င်းတို့၏ မြန်မာမှတ်ပုံတင်များအား သိမ်းဆည်းခြင်းများ လုပ်ဆောင်သင့်သည်ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။ထို့အပြင် မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်များကို လည်း လာမည့်ဇူလိုင်လတွင် စတင်ကောက်ယူသွားမည်ဟုပြောဆိုခဲ့သည်။ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်လာကြသူ သုံးသောင်းကျော်ရှိသည်ဟုသိရသည်။

Read More

အမည်စာရင်း ပေးသွင်းပြီးသူများအနက် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင် (004SS) ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ထဲ စစ်ရေးလှုပ်ရှားနေသော PDF-Zoland က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၇) အတွက် တက်ရောက်မည့် သင်တန်းသားများ လက်ခံနေပြီး တက်ရောက်ရန် အမည်စာရင်းပေးသွင်းပြီးသူထဲတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်‌ကြောင်း PDF-Zoland တာဝန်ရှိသူများထံမှ သိရသည်။ PDF-Zoland ၏ အပါတ်စဉ် (၁၆) အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ ပြီးဆုံးကြောင်း ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် အပတ်စဉ် (၁၇) အတွက် ပြည်ချစ်လူငယ်များ စစ်ကောင်စီကို တွန်းလှန်ရန် စာရင်းပေးသွင်းနိုင်ပြီဟု ဇွန်လ ၂၃ ရက်နေ့တွင် ထပ်မံကြေညာခဲ့ခြင်း ဖြစ်သည်။ “အခုက ကျွန်တော်တို့ PDF-Zoland ရဲ့ အခြေခံစပညာသင်တန်း အပါတ်စဉ် ၁၇ ကို မကြာမီစတင်တော့မှာ။ စာရင်းပေး သွင်းတဲ့သူကျတော့ အယောက် ၅၀ ကျော်နေပြီ၊ သို့သော် သင်တန်းတော့မစသေးဘူး။ နောက် အမျိုးသမီးကတော့ ၃၀ % လောက်ပါတယ်။ အာဏာရှင်စနစ် အမြစ်ပြတ်အောင် တိုက်ထုတ်ချင်တဲ့ မည်သူမဆို ကျွန်တော်တို့ကို လာ join ပါ အမြဲတမ်းကြိုဆိုနေတယ်” ဟု ZFU/PDF-Zoland မှ တာဝန်ရှိသူ Ko Tony ပြောသည်။ သင်တန်းတွင် စစ်ရေးစစ်ရာ၊ လက်နက် အသုံးပြုနည်း၊ အမိန့်နာခံမှု၊ PDF-Zoland ၏ ပေါ်လစီများ၊ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု စသည်များကို သင်ကြားပို့ချပေးကာ သင်တန်း…

Read More

(004SS) စစ်ကိုင်းတိုင်း ကလေးမြို့၊ အ.ထ.က (၈) ကျောင်းတွင် ပညာသင်ကြားနေသော အသက် ၁၄ နှစ်မှ ၂၁ နှစ်ရှိ ကျောင်းသား ၆ ဦးသည် ဇွန်လ ၁၉ ရက်နေ့ကစ၍ ယနေ့အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။ ဇွန်လ ၁၉ ရက်နေ့တွင် ဦးအောင်သိုက် ၏သား မောင်အောင်မြင့်နိုင် (၂၁ နှစ်)၊ မောင်ကောင်းမြင့်နိုင် (၁၇ နှစ်)၊ ဦးကျော်လွင်၏ သား မောင်ကျော်ဇင်ဖြိုး (၁၅ နှစ်)၊ မောင်မားဟုန် (၁၇ နှစ်) နှင့် ဦးစန်းလွင်ဦး၏သား မောင်ဇော်သူလင်း (၁၅ နှစ်) တို့သည် ကျောင်းတက်ရန်သွားခဲ့ကြသော်လည်း ကျောင်းသို့ ရောက်ရှိခြင်းမရှိသကဲ့သို့ အမ်သို့ ပြန်လာခြင်းမရှိဘဲ ပျောက်ဆုံးခဲ့ကြ သည်ဟု သိရသည်။ ဦးငွန်အုပ်ထန်၏သား မောင်ဘွေထချွ (၁၄ နှစ်) မှာမူ ဇွန်လ ၂၀ ရက်နေ့က သူငယ်ချင်း၏ စက်ဘီးဝင်ပေးရန် ကျောင်းစောသွားမည်ဟုဆိုကာ အိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။ မိသားစုဝင်များက ဖုန်းဖြင့်ဆက်သွယ်ခြင်း၊ လိုက်လံရှာဖွေခြင်းများ ပြုလုပ်ခဲ့သော်လည်း ဖုန်းအဆက်အသွယ်မရှိ သည့်အပြင် ယနေ့တိုင်ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်းသိရသည်။ မောင်ဘွေထချွ၏ အစ်မဖြစ်သူက “ကျွန်မ မောင်လေး မောင်ဘွေထချွက အပြောနည်းပြီး အနေအေးသူလေးပါရှင့် ခုလို ပျောက်သည့်အထဲ ပါသွား တာကြောင်း အမျိုးမျိုးတွေးပြီး စိတ်ပူတယ်ရှင့် ဒီနေ့နဲ့ဆိုရင် (၆)ရက် ရှိပါပြီ ဟိုနားတွေ့တယ် ဒီနား တွေ့မိတယ်နဲ့ အကုန်လုံး ပတ်ရှာနေကြပါတယ်ရှင့်ကူညီကြပါအုံးရှင့်” ဟု…

Read More

(006SV) ဇိုမီးအမျိုးသားပါတီ (Zomi National Party) ကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပြုလိုက်ပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် လျှောက်ထားရန် စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကထုတ် ပြန်သည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဇိုမီးအမျိုးသား ပါတီကို စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၄ ရက်က နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်သည်ဟု သိရသည်။ ရန်ကုန်မြို့အတွင်း ပါတီရုံးဖွင့်ထားသည့် ဇိုမီးအမျိုးသားပါတီသည် စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီတည်ထောင်လိုသူ ၁၈ ဦးဖြင့် လျှောက်ထားချက်ကို စိစစ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကိုယ်စားလှယ်တစ်ဦးကို ခွင့်မပြုဘဲ ကျန် ၁၇ ဦးဖြင့် ခွင့်ပြုထားသည်ဟု ဇွန်လ ၂၄ ရက်က ပါတီထံ အကြောင်းကြားစာတွင် ဖော်ပြထားသည်။ ပါတီတည်ထောင်ခွင့် ရရှိသော ဇိုမီးအမျိုးသားပါတီအနေဖြင့် ခွင့်ပြုချက်ရရှိသည့် နေမှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ပါတီခေါင်းဆောင် ၁ ဦးနှင့် ဒုတိယ ခေါင်းဆောင် ၁ ဦးတို့ကို ရွေးချယ်၍ ကော်မရှင်ထံသို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဟု သိရသည်။ ဇိုမီးအမျိုးသားပါတီသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ဧပြီလ ၃၀ ရက်က လျှောက်ထားသည်ဟု သိရသည်။…

Read More

(004SS) အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ခိုလှုံနေထိုင်ကြသော ရိုဟင်ဂျာခရစ်ယာန်ဒုက္ခသည်များ၏ ကိုယ်ရေးအချက် အလက် များကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR India) ရုံးက အိန္ဒိယအစိုးရထံ ပေးအပ်ခဲ့ခြင်း ကြောင့် ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေကြရပါသည်ဟု India for Myanmar က ယနေ့ထုတ်ပြန်သည်။ ယင်းအခြေအနေကြောင့် အကျိုးဆက်အနေဖြင့် မေလ (၆) ရက်နေ့မှစတင်ကာ အိန္ဒိယနိုင်ငံ၏ FRRO တာဝန်ရှိသူ များနှင့် နယူးဒေလီရဲတပ်ဖွဲ့တို့က ရိုဟင်ဂျာခရစ်ယာန်ဒုက္ခသည်များ၏ နေအိမ်များသို့ အဓမ္မဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိရာ ဒုက္ခသည်အများအပြားမှာ မိမိတို့နေအိမ်သို့မပြန်နိုင်ဘဲ ဘေးလွတ်ရာသို့ ပုန်းအောင်းနေထိုင်နေ ကြရသည့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေသည်ဟု India for Myanmar က ဆိုသည်။ ထို့အပြင် ရိုဟင်ဂျာခရစ်ယာန် (၁၅) ဦး အပါအဝင် ဒုက္ခသည် (၄၀) ဦးအား မြန်မာနိုင်ငံသို့ အဓမ္မပြန်ပို့ခဲ့ပြီး ယနေ့တိုင် မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်ကာ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ဖော်ပြထားသည်။ ဤကဲ့သို့ လူသားမဆန်သော ဖိနှိပ်မှုများကြားမှ ဒုက္ခသည်များနှင့် တစ်သားတည်းရပ်တည်လျက်၊ India for Myanmar အဖွဲ့သည် စာနာမှုပြသသည့်အနေဖြင့် ဒုက္ခရောက်နေသော ရိုဟင်ဂျာခရစ်ယာန် မိသားစု (၃၄) စုအတွက် အိန္ဒိယရူပီး ၅၄၀၀၀ တိတိကို ရိုဟင်ဂျာအသိုင်းအဝိုင်းခေါင်းဆောင်မှတစ်ဆင့် ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။ လက်ရှိ ရိုဟင်ဂျာဒုက္ခသည်များ ကြုံတွေ့နေရသော အခြေအနေသည် အိန္ဒိယရှိ မြန်မာနိုင်ငံသားအားလုံးအတွက် အချိန်မရွေး ကျရောက်လာနိုင်သည့် အန္တရာယ်ဖြစ်သည်ကို အလေးအနက် သတိပြုစေလိုသည်ဟု…

Read More

(006SV) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ နှင့် သိုင်းငင်းကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ၂ ရက်ဆက် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၂ ရက် ညနေ ၄ နာရီ ဝန်းကျင်က ခိုင်ကမ်းမြို့က ခိုင်ကမ်းဆင်စခန်းအနီးကို လေကြောင်းမှ ၁ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၁ ဦးလည်း ရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ ဇွန်လ ၂၃ ရက်ကလည်း တီးတိန်မြို့နယ်၊ သိုင်းငင်းရွာနှင့် တီးတိန်မြို့ကြားက အဓိက လမ်းမကြီးပေါ်ရှိ လေထန်ကုန်း ကြားစခန်းကို စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။“ဟိုတနေ့က ကလေးမြို့ ဒကစကနေ တီးတိန်မြို့ ပတ်လမ်းလို့ ပြောရမလား၊ ဆင်စခန်းကို လေယာဉ်နဲ့ တခါလာပြီး ဗုံးကြဲတယ်။ အပြစ်မဲ့ ပြည်သူ တစ်ဦးတော့ သေဆုံးသွားတယ်။ ပြီးတော့‌ ကလေးနဲ့ တီးတိန်ကြားမှာ ရှိတဲ့ လေထန်ကုန်ကို လေယာဉ်နဲ့ ဗုံးကြဲတယ်။ အဲဒါ အထိအခိုက်အသေအပျောက်တော့ မကြားရသေးဘူး” ဟု ခိုင်ကမ်းမြို့မှ ဒေသခံတဦးက ပြောသည်။ ခိုင်ကမ်းဆင်စခန်းသည် ခိုင်ကမ်းမြို့အနီးနှင့် တီးတိန်မြို့ကြားတွင် တည်ရှိပြီး ကလေး- တီးတိန်လမ်းကို စစ်ရေးအခြေ အနေကြောင့် သွားလာခွင့် ပိတ်ထားသည့်အတွက် ဒေသခံများက ပတ်လမ်းတခုအနေဖြင့် အသုံးပြုသည်ဟု သိရသည်။ လေထန်ကုန်းသည် ကလေး-တီးတိန် ကားလမ်းမပေါ်က…

Read More

(005MK) မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့မှာ စစ်ဘေးရှောင်အဖြစ်နေထိုင်သော မြန်မာစစ်ဘေးရှောင် ၂ ဦးသည် မူးယစ်ရမ်းကားပြီး ရပ်ကွက်ထဲမှာ ပြသနာရှာသည့်အတွက် မြန်မာနိုင်ငံသို့ပြန်သွားရန် မီဇိုးလူငယ်အသင်း (YMA) က မောင်းထုတ်လိုက် သည်ဟု သိရသည်။ နယူးကျန်ဖိုင်း ရပ်ကွက်တွင်နေထိုင်သူ Lalhmachhuana နဲ့ Mangkarthanga တို့ ၂ ဦးသည် ဇွန်လ ၂၂ ရက်ညက အရက်မူးပြီး ပြသနာရှာသည့်အပြင် လက်နက်ကိရိယာတစ်ခုခုဖြင့် ခြိမ်းခြောက်မှုများလည်း ပြုလုပ်သည့်အတွက် ဇွန်လ ၂၈ ရက်နေ့မတိုင်ခင် ရပ်ကွက်မှထွက်ခွါ၍ မြန်မာနိုင်ငံသို့ပြန်သွားရန် အသိပေးထားကြောင်း နယူးကျန်ဖိုင်း YMA က ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း စစ်ဘေးရှောင်တစ်ဦး Pu Vum Deih Lian သည် မူးယစ်ရမ်းကား ပြသနာရှာ လေ့ရှိသည့်အပြင် လက်နက်ကိရိယာတစ်ခုခုဖြင့် ခြိမ်းခြောက်မှုများလည်း ပြုလုပ်လေ့ရှိသည့်အတွက် ဇွန်လ ၁၈ ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံသို့ပြန်သွားရန် နယူးကျန်ဖိုင်း YMA က နှင်ထုတ်ခဲ့ပြီးဖြစ်သည်။ အလားတူ မေလတုန်းကလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရသူ စစ်ဘေးရှောင် ၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို မီဇိုးလူငယ်အသင်း YMA က ရပ်ကွက်ထဲ နေခွင့်မပြုတော့ဘဲ မြန်မာနိုင်ငံကိုပြန်ရန် နှင်ထုတ်ခဲ့ပြီးဖြစ်သည်။

Read More