Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကန့်သတ်မှုကြားမှ ဟားခါးမြို့နယ်ပြင်ပထွက်ခွါပြီး ပြန်မလာသူများကို တော်လှန်ရေးကာလအလွန်တွင်လည်း ပြန်လာခွင့်ပြုတော့မည်မဟုတ်ဟု CDF-Hakha ပြော

ကန့်သတ်မှုကြားမှ ဟားခါးမြို့နယ်ပြင်ပထွက်ခွါပြီး ပြန်မလာသူများကို တော်လှန်ရေးကာလအလွန်တွင်လည်း ပြန်လာခွင့်ပြုတော့မည်မဟုတ်ဟု CDF-Hakha ပြော

0
By Editor on July 18, 2025 Headline

(004SS)

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ လူငယ်များသည် ကျန်းမာရေးနှင့်အခြားသောအရေးပေါ်ကိစ္စရပ်တစ်ခုခုကလွဲ၍ ဟားခါးမြို့နယ်ပြင်ပသို့ထွက်ခွါခွင့်မပြုဘဲ အကယ်၍မြို့နယ်ပြင်ပထွက်ခွါသူများအနေဖြင့် ပြန်လာခြင်းမရှိပါက တော်လှန် ရေးကာလအလွန်တွင်လည်း ဟားခါးမြို့သို့ဝင်ရောက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း CDF-Hakha က ပြော သည်။

CDF-Hakha ၏ ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့ ဟားခါးမြို့သိမ်းဖို့ အစီအစဉ်ရှိတော့ ဒီဟာမပြီးမချင်းလူငယ်တွေ အပြင်ထွက်ခွင့်ကို ပိတ်တာဖြစ်တယ်။ နောက်အိန္ဒိယရောက်နေတဲ့သူတွေ၊ ပြည်တွင်းက မြို့နယ်ပြင်ပရောက်နေတဲ့သူတွေ ဇူလိုင်လ မကုန်ခင် အားလုံး ပြန်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ အခုတော်လှန်ရေး ကာလအတွင်းဖြစ်ဖြစ်၊ အခုတာမြစ်ထားတဲ့ အချိန်တွင်းဖြစ်ဖြစ် ပြင်ပထွက်ခွာပြီး ပြန်မလာတဲ့သူကို ဟားခါးမြို့သိမ်းပြီးရင် ပြန်ဝင်ခွင့် ပိတ်မှာဖြစ်တယ်” ဟု ပြောသည်။

CDF-Hakha အနေဖြင့် ဟားခါးမြို့နယ်ပြင်ပထွက်ခွါခွင့်ကို ချွင်းချက်အနေဖြင့် နာတာရှည်ရောဂါသည်များ၊ ဆေးကုသရန် လိုအပ်သောသူများ သို့မဟုတ် မိသားစုဆိုင်ရာ အရေးကိစ္စများအတွက်သာ ခွင့်ပြထားပြီး ယင်းအတွက် ဆရာဝန်၏ ထောက်ခံစာ သို့မဟုတ် သက်ဆိုင်ရာ ရပ်/ကျေး၏ အတည်ပြုချက်နှင့် ခရီးသွားသူအတွက် အာမခံပေးမည့်သူ တစ်ဦးလို အပ်မှာဖြစ်သည်ဟု ဆိုသည်။

အဆိုပါထောက်ခံချက်များပြည့်စုံ၍ ဟားခါးမြို့နယ်ပြင်ပသို့ ထွက်ခွါခွင့်ပြုသူသည် သတ်မှတ်ကာလအတွင်း ပြန်မလာပါက အာမခံပေးသူအား အရေးယူခံရမည်ဟု CDF-Hakha က ဇူလိုင် ၁၆ ရက်နေ့က ထုတ်ပြန်သည်။

အလားတူ စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသော အဖွဲ့အစည်းများဖြစ်သည့် အသင်းတော်၊ NGO နှင့် အခြားအဖွဲ့ အစည်းများ မှ တာဝန်ဖြင့် ခရီးထွက်သူများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထောက်ခံစာနှင့် ခရီးသွားလာခြင်းအကြောင်းအရင်းကို ရှင်းလင်းစွာ ဖော်ပြမည်ဆိုပါက ခွင့်ပြုမည်ဖြစ်ကာ ဟားခါးသို့ ပြန်လာရမည်ဟု ဆိုသည်။

ဟားခါးမြို့နယ်ရှိ အချို့သော လူငယ်နှင့် မိဘများသည် တော်လှန်ရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်နိုင်ရန် အားနည်းနေသည့်အပြင် လူငယ်များသည် နိုင်ငံခြားသို့ထွက်ခွာကာ အလုပ်လုပ်ကိုင်ရန် သို့မဟုတ် ပညာသင်ကြားရန် ဟားခါးမြို့နယ်မှ တဖြည်းဖြည်း ထွက်ခွာသွားကြသောကြောင့် ကျန်ရစ်‌သော လူငယ်များအတွက် စိတ်ဓာတ်ကျဖွယ်ရာ အခြေအနေများ ဖြစ်ပေါ်လာစေသည်ဟု CDF- Hakha တာဝန်ရှိသူက ဆိုသည်။

ထို့ကြောင့် လက်ရှိတွင် ဟားခါးမြို့နယ်အဝင်အထွက်လမ်းများတွင် CDF-Hakha က စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ မြို့နယ်ပြင်ပထွက်သွားသည့် လူငယ်များအား တင်းကြပ်ထားကြောင်း၊ အနည်းဆုံး ဟားခါမြို့သိမ်းပြီးသည်အထိ လူငယ်အားလုံး စစ်သင်တန်းတက်ရောက်ကြရန် နှင့် တာဝန်ထမ်းဆောင်ကြရန် ၎င်းက တိုက်တွန်းနိုးဆော်သည်။

“ဟားခါးကနေထွက်တဲ့ လမ်းမှန်သမျှအကုန်လုံးမှာ ကျနော်တို့စစ်ဆေးရေးဂိတ် ထားထားတယ်အဲဒီကနေ လူငယ် တွေကို ပြန်လှည့်ခိုင်းတယ်။ နောက်ပြီးတော့လူငယ်တိုင်း စစ်သင်တန်းတက်ရမယ်။ ခွဲတမ်းနဲ့တာဝန်ထမ်းဆောင်ဖို့လည်း ကျွန်တော် တို့စင်စီစဉ်ထားတာရှိတယ်။ အဓိက ကတော့လူငယ်အင်အားလိုအပ်နေတယ်ပေါ့နော်။ လူငယ်တွေ မိမိအသိစိတ်နဲ့ ပါဝင် ပေးကြဖို့ ဟားခါးမြို့သိမ်းတဲ့အထိပါ။ အကြာကြီးလည်းမဟုတ်ပါဘူး” ဟု CDF-Hakha တာဝန်ရှိသူကပြောသည်။

CDF- Hakha အနေဖြင့် ယခုကဲ့သို့ တင်းကြပ်သည့် စည်းမျဉ်းများ ချမှတ်ရခြင်းမှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဒုက္ခ ရောက်စေရန် ရည်ရွယ်ခြင်းမရှိဘဲ၊ လူတိုင်းအား မိမိတို့၏ နိုင်ငံသားအဖြစ် တာဝန်များကို နားလည်သဘော ပေါက်စေရန်၊ လက်ရှိဖြစ်ပေါ်နေသော တော်လှန်ရေးလှုပ်ရှားမှုတွင် မိမိတို့၏ အခန်းကဏ္ဍကို သိရှိနားလည်စေရန်နှင့် အနာဂတ်မျိုးဆက် သစ်များအတွက် ပိုမိုကောင်းမွန်သော နိုင်ငံတစ်ခုကို အတူတကွ တည်ဆောက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့တွင် CDF-Hakha က ပြည်တွင်းနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ဟားခါးလူငယ်များအား ဇူလိုင်လအတွင်း ဟားခါးမြို့သို့ပြန်လာရန် စာထုတ်ကာ နှိုးဆော်ခဲ့ပြီး၊ တော်လှန်ရေးကာလအတွင်း နိုင်ငံရပ်ခြားသို့ အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေကြသော ဟားခါးမြို့နယ် လူငယ်များအနေဖြင့်လည်း ၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးရန်ပုံငွေအဖြစ် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀ ထည့်ဝင်ကြရန် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.