မြန်မာနိုင်ငံမှ တရားမဝင်ခိုးသွင်းလာသည့် ရူပီး ငွေ သိန်း ၁၁၈၃၃၁၅၀ တန်ဖိုးရှိ လက်နက် ၃၀ ကျော်ကို မတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် အာဏာပိုင်တွေက ဖမ်းဆီးလိုက်သည်ဟု သိရသည်။ အဆိုပါလက်နက်များကို အိန္ဒိယ အရှေ့မြောက် မီဇိုရမ်ပြည်နယ်ပြည်သူ့ရဲ၊ SB နှင့် CID, Special Narcotics PS Staff နှင့် Assam rifles တွေက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးထားသည့် လက်နက်များသည် Bangladesh လက်နက်ကိုင် Santi Bahini အဖွဲ့မှ ခွဲထွက်သော Parbatya Chattagram Jana Sanghati Samiti (PCJSS) အဖွဲ့တွေရဲ့ လက်နက်ဖြစ်ကြောင်း အာဏာ ပိုင်တွေ ပြောကြားချက်အရ သိရသည်။ AK-47 rifle 31, LMG နှစ်ခု နှင့် ကျည်စံ ၈၀၉ ထောင့်ကို Santi Bahini လက်နက်ကိုင်အဖွဲ့ဝင်များလို့ သိရသည့် Chakma အမျိုးသား ၃ ဦးထံမှ ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ သယ်ဆောင် လာသူမှာ မြန်မာနိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသသတင်းစာတွင် ရေးသားထားသည်။
Author: Editor
မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ ၌ မတူစာပေနှင့် ယဉ်ကျေး မှု ကော်မတီတွင် တာဝန် ထမ်းဆောင်ရမည့် ခေါင်းဆောင်သစ် များကို ၂၀၁၃ခုနှစ် မတ်လ ၅ ရက်နေ့ တွင် ရွေး ချယ် ခဲ့ကြောင်း သိရသည်။ ခေါင်းဆောင်များရွေးချယ်ရေးနှင့် ရှေ့ လုပ်ငန်းချမှတ်နိုင်ရန် မတူပီမြို့  That Dun Church ၏ Batupuei Baptist Area (BBA) ရုံးခန်းတွင် အစည်းအဝေးပြု လုပ်ခဲ့ကြကြောင်း၊ အစည်းအဝေး တွင် (၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း ယနေ့  ( ၂၀၁၃ခုနှစ် မတ်လ ၁၀) ရက်စွဲဖြင့် ထုတ်ဝေ သည့် The Matupi Times သတင်းစာတွင် ဖေါ်ပြထားသည်။ အဆိုပါသတင်းစာက မတူစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌအဖြစ် Rev. Hai Lai Thang, ဒုတိယ ဥက္ကဌအဖြစ် Saya An Sai အတွင်းရေးမှူး၊ Pastor Kui Lung, တွဲဘက် အတွင်းရေးမှူး Saya Okla Bik နှင့် အဖွဲ့ ဝင် ၂၀ဦးတို့ ကို ရွေး ချယ် လိုက်ကြောင်း ဖေါ်ပြထားသည်။
မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်တခုဖြစ်သော ချင်းပြည်နယ်တွင် (World Bank) ကမ္ဘာ့ဘဏ်က လူထုအခြေပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယခုနှစ်မှ စတင်အကောင်ထည်ဖော်တော့ မည်ဟု သိရသည်။ World Bank ရန်ကုန်ဌာနခွဲမှ ကိုယ်စားလှယ်များ နှင့် ချင်းပြည်နယ် အစိုးရ၊ ဒေသတွင်း NGO အဖွဲ့အစည်းများ၊ မြို့မိ မြို့ဖများ နှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဟားခါးမြို့တော် တွေ့ဆုံဆွေးနွေးရာတွင် ချင်းပြည် နယ် ၊ ရှမ်းပြည် နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့၌ ဖွံဖြိုးရေးလုပ်ငန်းများကို ယခုနှစ်ကစပြီး စတင်အကောင် ထည်ဖော်ဆောင် ရွက် မည်ဟု World Bank ကိုယ်စားလှယ်များက ပြောကြားလိုက်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက ပြောသည်။ “World Bank က ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်နယ် တိုင်း ၁၄ ခုနဲ့နေပြည်တော်ကောင်စီ စုစုပေါင်း ၁၅ ခုမှာ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမှာဖြစ်တယ်၊ ခု ၂၀၁၃-၁၄ မှာ ပြည်နယ် နဲ့ တိုင်း ၃ ခုပေါ့နော် ချင်းပြည် နယ်၊ ရှမ်း ပြည်နယ် နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့ မှာ လူထုအခြေပြုဖွံ့ဖြိုးရေးစီကိန်းတွေ စတင်အကောင် ထည်ဖော်ဆောင်ရွက် မှာဖြစ်ပါတယ်” ဟု ၀န်ကြီးကပြောသည်။ ပထမဆုံးစတင်အကောင်အထည်ဖော်မယ့် သက်ဆိုင်ရာပြည်နယ်များသည် မိမိတို့ပြည်နယ်ထဲမှ မြို့နယ် တခုစီကို ရွေးချယ်ရမှာဖြစ်ပြီး ယင်းမြို့နယ် အတွင်းတည်ရှိသော ကျေးရွာအုပ်စု တစုစီကို တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၂၇၀၀၀ စီ…
ချင်းပြည်နယ်တွင် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အ စည်းဖော်ဆောင်ရေးဟောပြောရန် ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုး ဆက်ကျောင်း သား အဖွဲ့ မနေ့က ချင်းပြည်နယ် တီးတိန်မြို့ကို ရောက်ရှိ ခဲ့ကြသည်။ ၁၅ ဦးပါဝင်သော ၈၈ မျိုးဆက်ကျောင်း သားအဖွဲ့သည် မနေ့က တီးတိန်ဒေ သခံများ နှင့် ရာပြည့်ခန်းမ တွင် မွန်းလွဲပိုင်း ၃ နာရီခွဲ မှ ၅ နာရီ အထိ တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဆိုင်ရာ များ ဟောပြော ခဲ့ကြောင်း အဆိုပါဟောပြောပွဲကိုတက်ရောက်သူ တီးတိန်လူငယ်အသင်းဥက္ကဌ ကိုနူန်ရှန်း သွင် က ပြောသည်။ “ ဟုတ်ကဲ့ရောက်လာတယ်၊ ၃ နာရီ မှာရောက်တယ်၊ ရာပြည့်ခန်းမ မှာ ဟောပြောပွဲ လုပ်တယ်၊ အဓိကတော့ ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး အဲဒါ အဓိကဘဲ’’ ဟုသူကပြောသည်။ တီးတိန်ဒေသခံများက ၈၈ မျိုးဆက်ကျောင်းသားများ ကျန်းမာပါစေ၊ ချမ်းသာပါစေ ဆိုသော စာတန်းများ ကိုင်ဆောင် ကာ ရိုးရာဝတ်စုံများ နှင့် တီးတိန်မြို့အ၀င်၌ ၈၈ မျိုးဆက်ကျောင်းသားများကို ကြိုဆိုခဲ့ကြ ကြောင်း သိရသည်။
ပြည်ထောင်စုနယ်စပ်ရေးရာဝန်ကြီး တာဝန်ယူဖော်ဆောင်မည့် ချင်းပြည်နယ် အတွင်း ၉၂ မိုင် အရှည် မော်တော်ကားလမ်း တခုဖောက်လုပ်တော့မည်ဟု ကြားသိရသည်။ အဆိုပါကားလမ်းသည် ရေဇွာမြို့နယ်ခွဲရေဇွာမြို့သစ်မှ မတူပီမြို့နယ် လိုင်လင်းပီ – လိုင်လင်းပီမှ ပလက်ဝမြို့နယ် ကုလား တန်မြစ် ပေါ်ရှိ ရှင်းလက်ဝ အကြားကား လမ်းဖြစ်သည်။ အဆိုပါကားလမ်းဖောက်လုပ်ရေးကို ချင်းပြည်နယ်ဝန်ကြီးချုပ် ပူး ဟုန်းငိုင်က လိုင်လင်းပီရွာမှ ပူး အေဘီ က ဖောက် လုပ် ရန် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က အတည်ပြုလိုက်ပြီဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပူး ဗန်ကျင် က ၄င်း၏ ဖေဖေါ်ဝါရီ ၁၉ – ၂၆ အကြား မဲဆန္ဒနယ်ခရီးစဉ် အတွင်းပြောကြားခဲ့သည်။
မူလတန်းကျောင်းသား၊သူ (၆)ဦးကို စာမေးပွဲဖြေ ဆိုခွင့် ပိတ်ပင်လိုက် သည့်အတွက် ဒေသခံ လူထု က ချင်းပြည် နယ်၊ မတူပီမြို့ နယ် လက်ထောက် ပညာရေးမှူးကို ၀န်ကြီး ချုပ် ပူးဟုန်းငိုင် ထံ ဖေဖေါ် ၀ါရီလ (၂၈)ရက် နေ့ စွဲဖြင့် တိုင်ကြား ခဲ့ကြ သည်။ လက်ထောက် မြို့နယ်ပညာရေးမှူး ဦး ဟာရှိန်းကီး သည် ဇန်န၀ါရီလ (၁၂)ရက်နေ့ တွင် မတူပီမြို့  နယ် မားဒူ အုပ်စု အတွင်း နယ်လှည့် ကွင်းဆင်းစဉ်တွင် ထုံနားကျေးရွာသို့ရောက်ရှိပြီး အပြန် ခဲန်းစား ရွာအရောက် တွင် ကျေးရွာ သား များက ကြိုဆိုရန် ပျက်ကွက်ခဲ့ကြသဖြင့် ခဲန်းစားကျေး ရွာ မှ ကျောင်းသူ၊ သားများကို အတန်း တင် စာမေးပွဲဖြေဆိုရန် ပိတ်ပင် လိုက်ခြင်းဖြစ်ကြောင်း ဖေါ်ပြ ထားသည်။ အဆိုပါတိုင်တန်းစာတွင် ကျောင်းသား၊သူများ စာမေးပွဲဖြေဆိုခွင့် ရရှိနိုင်ရန် လက်ထောက် မြို့နယ် ပညာရေးမှူးက လူတဦး အတွက် ကျပ်ငွေ ၁၀၀၀၀ကျပ်စီ သက်ဆိုင်ရာဌာနသို့  ပေးသွင်း ရမည် ဟု နှုတ်မိန့် ဖြင့်မှာကြားခဲ့သော်လည်း ကျေးရွာလူ ထုအစည်းအဝေးက ယင်းငွေပမာဏ ကို မပေး သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၈၇ ခုနှစ်ကတည်းက သူငယ်တန်းမှ ဒုတိယတန်းအထိ ထုံနား အမက ကျောင်းခွဲအဖြစ် ဖွင့်လှစ် လိုက်သော ခဲန်းစား…
ရန်ကုန်အခြေစိုက် Myanmar Egress က ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်တွင် WAY out to Freedom ခေါင်း စဉ်ဖြင့် သင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိသည်။ သင်တန်းကာလမှာ ဖေဖေါ်ဝါရီ ၂၆ ရက် မှ ၂၉ ရက်နေ့အထိကြာမြင့်ပြီး သင်တန်းဆရာ (၄) ယောက် နှင့် သင်တန်းသား ၁၀၀ ခန့်ပါဝင်ကြောင်း သင်တန်းတွင် နိုင်ငံရေးပါတီ၊ လူမှုအသင်းအဖွဲ့မှ ပုဂ္ဂိုလ်များ အဓိက ပါဝင်ကြောင်းသိရသည်။ “ ယောင်္ကျားလေး ၆၀၊ မိန်းကလေး ၄၀ ပါဝင်တယ်၊ အဓိက ချင်းအမျိုးသားပါတီနှင့် ချိုးလူငယ်အသင်းတို့မှ ကမကထပြု တယ်၊ သင်တန်းကို မင်းတပ်မြို့ စံပြရပ်ကွက်ကုမ်သီခန်းမမှာ ပြုလုပ်တာဖြစ်တယ်” ဟု ဆလိုင်းအောင်အောင်က ပြော သည်။ သင်တန်းဘာသာရပ်များတွင် မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ၊ ဒီမိုကရေစီ နှင့် နိုင်ငံတော်တည်ဆောက်ရေး၊ အစိုးရစနစ်အတွင်း လူထုပါဝင်လုပ်ဆောင်မှုနှင့် လူမှုရေး တာဝန်ခံမှု၊ အရပ်ဖက်လူမှု အဖွဲ့ အစည်းနှင့် ဒီမိုကရေစီဇေးရှင်း၊ နိုင်ငံရေးဘောဂဗေဒ ဆိုင်ရာဘာသာရပ် တို့ပါဝင်ကြောင်း ဆက်ဆိုသည်။ သင်တန်းသားများကို အဖွဲ့ ခုနှစ်ဖွဲ့ဖြင့် ဖွဲ့စည်းစေပြီး မိဘမဲ့ကလေးထောက်ပံ့ရေး အဖွဲ့ ၅ မှ ပထမဆု ရရှိကြောင်း ကျန်အဖွဲ့များကိုလည်း လက်ဆောင်ချီးမြှင့်ကြောင်း ထို့အပြင် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့် ကြောင်း သိရသည်။ နောက်နောင်တွင်ဒီလိုမျိုးသင်းတန်းဆက်တိုက်ပို့ချဖို့ သင်တန်းသားများမှ မေတ္တာရပ်ခံထားသည့်အပြင် သင်တန်းဆရာ များအား ချိုးလူငယ်အဖွဲ့မှ အမှတ်တရ လက်ဆောင်များ ပေးအပ်ကြောင်း သိရသည်။
ယမန်နေ့ အိန္ဒိယ စံတော်ချိန် ၉ နာရီခန့်က အိန္ဒိယ နိုင်ငံအရှေ့မြောက် မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင် အတွင်း ဇာတိရွာ ပြန်မည့် ချင်း လူမျိုးများ စီးသည့် ကားတစီးတိမ်းမှောက်ပြီး တလ အရွယ် သမီးငယ် ပွဲချင်းပြီးသေဆုံးကာ အခြား ခရီးသည် ၁၀ ဦး ဒါဏ်ရာရရှိသွားကြသည်။ “ ကားသမားနှင့် အတူ အခြား ခရီးသည်တွေလည်း အခု ဆေးရုံမှာပါ၊ သတိရလာသူတွေ နည်းနည်းပဲရှိသေးတယ် ” ဟု သေဆုံးသူ ဆွေမျိုး အမျိုးသမီး တဦးက ပြောသည်။ ယခု ခရီးသည်များသည် ချင်းပြည်နယ်မတူပီမြို့နယ် စဘောင်းပီ၊ စဘောင်းသဲ၊ မာလာရွာ နှင့် ပလက်ဝမြို့နယ် ပိုက် တေ ရွာသားများဖြစ်ကြသည်ဟု ဆက်ဆိုသည်။ တလအရွယ် သမီးငယ်သည် သူ့အမေက ဆိုင်ဟားဆေးရုံတွင် ဗိုက်ခွဲမွေးပြီး ရွာသို့ အပြန်မှာ ယခုကဲ့သို့ ကားမှောက်ရာ ပါသွားခြင်းဖြစ်သည်။
ဖေဖေါ်ဝါရီလ အတွင်း ချင်းပြည်နယ်သို့ ရောက်ရှိလာသော ပြည်ထောင်စု သမ္မတ မြန် မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ချင်းအမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Lal Maung Cung က ချင်းပြည်နယ်အတွက် အချက် ၇ ချက်ကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က တင်ပြခဲ့သည်။ “ ကျတော်တင်ပြချိန်မရတော့လို့ သမ္မတမှ အမှတ်တရလက်ဆောင်တွေ ချီးမြှင့်ချိန်မှာ အချက် ၇ ချက်ကို စာတမ်းနဲ့ တင်ပြခဲ့ တာပါ” ဟု ပြောသည်။ တင်ပြသည့် အချက်များမှာ (၁) ဒီမိုကရေစီ အစိုးရ သစ် တက်လာပြီး (၂) နှစ်ကျော်ကာလ အတွင်း ယခု အကြိမ်ဟာ သမ္မတ၏ ပထမ ဆုံး ချင်းပြည် နယ် ခရီး စဉ်ဖြစ်ကြောင်း ၊ ချင်းပြည်နယ် ဟာ UN က အဆင်းရဲ ဆုံးပြည် နယ် ဖြစ်သည်ဟု သတ်မှတ်ခဲ့ကြောင်း ၊ ထို့ ကြောင့် ယခု သမ္မတ ခရီးစဉ်တွင်ချင်းပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် ၄င်း အဆင်းရဲဆုံးပြည်နယ်မှ လွှတ်မြောက်နိုင် ရေးအတွက် ၄င်း ၊ ပြည်သူလူထု က မျှော်လင့်ချက်ကြီးမားစွာဖြင့် သမ္မတကြီးအား ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြောင်း ၊ထို့ ကြောင့် အထူး အစီအစဉ်ဖြင့် နည်ပညာ နှင့် ဖွံ့  ဖြိုးရေး အထောက်အပံ့ များပေးရန် တင်ပြလိုပါတယ် ။ (…
ချင်းပြည်နယ် မတူပီမြို့ပေါ်တွင် ဗဟိုအစိုးရစစ် အဌမတန်းစာမေးပွဲဖြေဆိုမည့် နောက်ဆုံးဘာသာ ပထ၀ီဝင် နှင့် သမိုင်း ဘာသာ ဖြေဆိုမည့် အချိန်ဇယား လွဲမှားမှုကြောင့် ကျောင်း သား များ အခက် ကြုံရ သည်ဟု သိရသည်။ ၂၇ ၊ ၂၊ ၂၀၁၃ ရက်နေ့နံနက်ပိုင်းတွင် ပထ၀ီဝင်ဘာသာ၊ ညနေပိုင်းတွင် သမိုင်းဘာသာဖြေ ဆိုမည် ဟု ကြော်ငြာဘုတ်တွင် ကပ်ထားသော်လည်း ကျောင်းဆရာက နံနက်ပိုင်းတွင် သမိုင်း ဘာသာ၊ ညနေပိုင်းတွင် ပထ၀ီဝင်ဘာသာဖြေဆိုမည်ဟု နံ နက်ပိုင်း တန်းစီချိန်တွင် ကြေညာ လိုက်သည်။ “ကျောင်းသားတွေ စာမေးပွဲခန်းထဲ ၀င်တော့ နံနက်ပိုင်းမှာ ပထ၀ီဝင်မေးခွန်းလွှာကို ဖြန့်ဝေပြန် တယ်၊ ညနေပိုင်းကျမှ သ မိုင်းကို ပြန်ဖြေခိုင်းတယ်၊ ကျောင်းသားတွေ တွေဝေကုန်တာပေါ့ဗျာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။ မတူပီမြို့ပေါ်ရှိ ကျောင်းဆရာများ၊ ပညာရေးရုံးဝန်ထမ်းများအတွင်း လဒ်ပေးလဒ်ယူမှုများ ရှိနေကြောင်း ပြောကြသည်။ မတူပီမြို့နယ်အတွင်း ပညာရေးဌာန တာဝန်ရှိများ၏ လုပ်ရပ်သည် လက်အောက်ငယ်သား ၀န်ထမ်း များ၊ အနာဂါတ် က လေးငယ်များအတွက် ဆိုးမွေများသာ ဖြစ်ကြောင်း သက်ဆိုင်ရာမှ အရေးတယူ စုံစမ်းစစ်ဆေးပြီး လုပ်သင့်သည်များ မနှေး အ မြန်ပြုလုပ်ပေးစေ လိုကြောင်း ကျောင်း သားမိဘ ဦး ယောင်ရု က ပြောသည်။ မတူပီ အထက (၁) နှင့် အထက (၂) ရှိ ကျောင်းသူ၊ ကျောင်းသားများသည် မူလတန်း၊…
