Author: Editor

ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာနှင့် လိုင်လင်းပီကြားတွင် ယမန်နေ့ ၀၆၊ ၀၂၊ ၂၀၁၄ နေ့က ဂျစ်ကား တစ်စီး ဘရိတ် ပေါက် တိမ်းမှောက်မှုဖြစ်ပြီး  ခရီးသည် နှစ်ဦးသေဆုံးကြောင်း သတင်း ရရှိသည်။ ဖြစ်ပုံမှာ မတူပီမြို့၊ စံပြရပ်ကွက်နေ  ပူး ခိုင်လောင်း ( Khai Lau) သည် ၄င်း တာဝန်ယူ ဆောက် လုပ်နေသော စပေါ် ကျေးရွာရှိ မူလတန်းလွန်ကျောင်းဆောင် ဆောက်လုပ်ရေးအတွက် လိုအပ်သော ပစ္စည်းများ ၀ယ်ယူရန် စပေါ်ရွာမှ ရေဇွာမြို့သို့ အသွား စပေါ်ကျေးရွာနှင့်ရွာမန်းကျေးရွာ အကြား အတက်လမ်းတွင် တိမ်းမှောက်ပြီး ယဉ်မောင်းနှင့် ဦးခိုင် လောင်းတို့ နှစ်ဦး သေဆုံး ခဲ့ခြင်းဖြစ် သည်။ “အရမ်းဆိုးရွားသောလမ်းဖြစ်တယ်၊ ဆိုင်ကယ်နှင့် သွားရမှာပင် အန္ဒရာယ်များတယ်၊ အတက် အဆင်း ကြမ်းသော လမ်းဖြစ်တယ်” ဟု ခိုနုမ်းထုန် သတင်းထောက် ဘီးဆိုက ပြောသည်။ ရေဇွာ-လိုင်လင်းပီလမ်းသည် စစ်အစိုးရ လက်ထက် ၂၀၀၇ – ၂၀၀၈ ခုနှစ်ကတည်းက လူထုလုပ် အားသုံးစွဲပြီး ဖောက် လုပ်လာခဲ့သော လမ်းဖြစ်ကြောင်း မရာဒေသခံများ ရေဇွာ – ဟားခါး – မတူပီ မြို့သို့သွားလာရာတွင် အဓိက အသုံးပြု သော လမ်းဖြစ်သည်။ ၂၀၁၄ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဘတ်ဂျက်စီမံကိန်းတွင် ရေဇွာ – လိုင်လင်းပီ ကားလမ်းပြုပြင်ရေး ကို Canaan Development Co.Ltd…

Read More

ယခုနှစ် ၂၀၁၄ ခုနှစ် ဇန္န၀ါရီ ၂၄ – ၂၆ အထိ ချင်းပြည်နယ် ဖလမ်းခရိုင်အပိုင် ဖလမ်း၊ ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ထန် တလန် (၅) မြို့နယ်မှ အထက်တန်းအဆင့် အဌမတန်း၊ န၀မတန်း၊ ဒသမတန်း ကျောင်းသားများ လူရည်ချွန် ဖြေဆိုရာမှာ အညံ့ဆုံး ၁၀ တန်း ကျောင်းသားတဦးကို ဘုတ်အဖွဲ့မှ ရွေးခဲ့ကြပါတယ်၊ အမှန်မှာ အမှတ် အများဆုံးကျောင်းသားဟာ ဟားခါးမြို့ အမှတ် (၁) အ ထ က မှ ၁၀ တန်းကျောင်း သားဖြစ်ပြီး အခုအရွေး ခံရသူဟာ အင်္ဂလိပ်စာမှာ ၅ မှတ်သာရရှိပြီး ရှူံးနိမ့်သူဖြစ်ပါတယ်၊ အမှတ် အများဆုံးကျောင်းသားနဲ့ အမှတ် ပေါင်း ၁၀၀ ကွာခြားပါတယ်၊ လူရည်ချွန်ရွေးရာမှာ အတန်းတတန်းအသီးသီးစီမှ ကျား နှင့် မ တဦး နှစ်ဦးစီရွေးရမှာဖြစ်ပြီး အခု ၁၀ တန်းအဆင့်မှာ  အမျိုးသမီးရွေးတာက ကျေနပ်စရာဖြစ်သော် လည်း ယောင်္ကျားလေး ရွေးတာ ကျတော့ ပွင့်လင်းသန့်ရှင်းမှု မရှိ ကြောင်းပါ၊ ယခင်နှစ် ဟားခါးမှာ ပြုလုပ်တဲ့ လူရည်ချွန်ပြိုင်ပွဲမှာလည်း ယခုနှစ်ပုံစံဖြစ်ခဲ့ပါတယ်၊  နိုင်ငံတော် အစိုးရက ဂုဏ်ပြုလက် ဆောင်အပြင် မြန်မာပြည်အတွင်း အထင်ကရနေရာများ ကို လေ့လာမှုပြု လုပ်ပေးလေ့ရှိတယ်၊ ဘာပဲဖြစ်ဖြစ် သက်ဆိုင်ရာက အရေးယူပေးစေလိုပါတယ်၊ ပညာရေး ၀န်ထမ်းတဦး ဖလမ်းမြို့

Read More

နိုင်ငံတော်အစိုးရက ချမှတ်ပေးထားသည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာငွေဖြင့် မြန်မာနိုင်ငံ ချင်းပြည် နယ်မြို့ တော် ဟားခါးမြို့ နယ် ကျေးလက် ဖွံ့ ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဘတ်ဂျက်ငွေ ချထားပေး ပြီဖြစ်ကြောင်း သိရသည်။

Read More

မြန်မာနိုင်ငံတွင် တတိယ အမြင့်ဆုံး ကုန်သွယ်ရေးလမ်းဖြစ်သည့် အိန္ဒိယ- မြန်မာ နယ်စပ်မှတဆင့် စီစီ ၁၀၀၀ အောက်ရှိ အိန္ဒိယ ထုတ်ကားများ တင်သွင်း ခွင့် ပြုတော့မည် ဖြစ်ကြောင်းသိရသည်။ ဇန်န၀ါရီလ ၂၉ ရက်နေ့  စစ်ကိုင်းတိုင်း၊ တမူးမြို့ တွင် ပြုလုပ်သည့် ကုန်သည် များနှင့် တွေ့ ဆုံပွဲတွင် စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယင်းကဲ့သို့  ပြော ကြား ခဲ့ကြောင်း ကလေးမြို့ နယ် အင်တာနက် စာမျက်နှာ တွင်ဖေါ်ပြထားသည်။

Read More

၂၀၁၃ခုနှစ် နိုဝင်ဘာလ မှ၍ ချင်းပြည်နယ်အစိုးရက ထန်တလန်မြို့ ရှိ တာဝန်ရှိသူများကို အသိပေးခြင်း မရှိဘဲ ဟားခါးမြို့ ရှိ ကုမ္ပဏီများကိုသာ တင်ဒါခေါ်ယူခြင်းအပေါ် မကျေမနပ်ဖြစ် ကြသောကြောင့် တင်ဒါ အသစ်ပြန် လည်ခေါ်ယူပေး ရန် တောင်းဆိုထားခြင်းကို မလိုက်လျောပေး ပါက ဆက်လက် ဆန္ဒဖေါ်ထုတ်မည်ဖြစ်ကြောင်း သိရသည်။

Read More

မြန်မာနိုင်ငံ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ တွင် စိုက်ပျိုးရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ဇန်န၀ါရီလ ၂၉ နှင့် ၃၀ ရက်နေ့ များတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

Read More

မြန်မာနိုင်ငံအနောက်ဘက် ချင်းပြည်နယ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်း အသစ် တခု ပြန်လည် တည်ဆောက် မည်ဖြစ်ကြောင်း ချင်းပြည်နယ်သို့ ရောက်ရှိ လာသည့် စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီး ဌာနနှင့် ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။ ထန်တလန်မြို့ နယ် မှောင်တလန်ကျေးရွာ အနီးတွင် ကုန်သွယ်ရေး စခန်း ဆောက်လုပ်ရန်စီစဉ် ထားကြောင်း၊ ယင်းကိစ္စဆောင်ရွက်နိုင်ရန် ၀န်ကြီးနှင့် ချင်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန် အပါအ၀င် တာဝန်ရှိသူ များက ဇန်န၀ါရီလ (၂၆) ရက်နေ့ တွင် သွားရောက်လေ့ခဲ့ကြောင်း ယနေ့ ထုတ် နိုင်ငံ ပိုင် မြန်မာ့အလင်း သတင်းစာ ကဖေါ်ပြထားသည်။

Read More

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ ရံပုံငွေထဲမှ လှူဒါန်းသည့် ဘတ်ဂျက်ငွေဖြင့် ချင်းပြည် နယ်နှင့် စစ်ကိုင်းတိုင်း ကလေးဒေသရှိ တံတား (၈) စင်း ဆောက်လုပ် ရန်  လုပ်ငန်းစတင် ဆောင် ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။ မိုးတွင်းကာလနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသည့် ချောင်းကူး တံတားများ ကို နိုင်ငံတော် သမ္မတ၏ ရံပုံငွေမှ  ဆောက်လုပ်မည်ဖြစ်ကြောင်း အတွဲ ၄၊ အမှတ်စဉ် ၁၇၇ ထုတ် The Hot news ဂျာနယ် တွင်ဖေါ်ပြ ထား သည်။ မည့်သည်အချိန်မှစ၍ ယင်းလုပ်ငန်းများ စတင်အကောင်အထည်ဖေါ်မည်ကို အတိအကျဖေါ်ပြခြင်း မရှိသော် လည်း ချင်းပြည်နယ်နှင့် ကလေးဒေသသည် ယခုနွေရာသီတွင် သွားလာရေး ခက်ခဲမည် မဟုတ်သည့်အတွက် တံတား ဆောက်လုပ်ပါက ခြောက်သွေ့ ရာသီတွင် အပြီးဆောက်လုပ် မည်ဖြစ်ကြောင်း ကလေးမြို့ ၊ မြို့ နယ် အထောက်အ ကူပြုအဖွဲ့ မှ တာဝန်ရှိသူတဦး က ပြောပြကြောင်း ဆိုသည်။ အဆိုပါ တံတားများထဲတွင် ချင်းပြည်နယ်က တံတား (၁) စင်း၊ ကလေးမြို့ ပေါ်တွင် တံတား (၁) စင်းနှင့် က လေးနယ်တွင် တံတား (၆) စင်း စုစုပေါင်း (၈) စင်းပါဝင်မည်ဖြစ်သည်။ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့ နယ်၊ နတ်တံခါး ချောင်းကူးတံတားအတွက် ကျပ်ငွေ သိန်း ၆၂.၅၀ ကို၎င်း၊…

Read More

လာမည့် မတ်လအတွင်း သန်းခေါင်စာရင်းကောက်ယူသည့်အခါ လူမျိုးနေရာ၌ ချင်းပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် ဘုံအမည်ဖြစ်သော “ချင်း” ကိုသာ တခဲနက်ထည့်သွင်းကြရန် ၂၀၁၄ သန်းခေါင် စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက် အကူပြုကော်မတီက တောင်းဆိုလိုက်သည်။

Read More

ပြီးခဲ့သော ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက မိုးသည်းထန်စွာရွာသွန်း၍ ချောင်းရေကြီးမူကြောင့် ကလေးမြို့နယ် အတွင်းရှိပျက်စီး သွားသော တံတားခုနှစ်စင်းကို ပြန်လည်ပြုပြင်ရန် သမ္မတက ခွင့်ပြုလိုက်ကြောင်း ကလေးမြို့နယ် စည်ပင် သာယာရေးကော်မတီး ဥက္ကဌ ဦးခမ်လျန်းခိုင် က ပြောသည်။ “ပျက်စီးသွားသောတံတားပြုပြင်ရေးကိစ္စနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရမှ တစ်ဆင့် နိုင်ငံတော် သမ္မတ ထံတင်ပြတောင်းခံခဲ တာဖြစ်တယ်၊ သမ္မတကလည်း ခွင့်ပြုတယ်”လို့ ဦးခမ်လျန်းခိုင်က ပြောဆိုခဲ့ကြောင်း ကလေးမြို့မီဒီယာ အွန်လိုင်းဝပ်ဆိုက် တွင် ဖော်ပြသည်။ အဆိုပါ ပြန်လည်ပြုပြင်ရန်တောင်းဆိုထားသော တံတားခုနှစ်စင်းမှာ ဆိပ်ကမ်းသာတံတား၊ ဆည်ကြီးတံ တား၊ ပြည်တော်သာတံတား၊ နတ်တံခါးတံတား၊ ဇီးချောင်းတံတား၊ နတ်မြောင်း တံတား နှစ်စင်း တို့ ဖြစ်ကြောင်း သိရသည်။ ယင်းတံတားများအနက် နတ်တံခါးတံတား၊ ဇီးချောင်းတံတား နှင့် ဆိပ်ကမ်းသာတံတားများကို သံကူကွန်ကရစ် တံတားအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး၊ ကျန်တံတားများကို သစ်သား တံတားအဖြစ် တည်ဆောက်သွား မည်ဖြစ်ကြောင်း နဲ့ ကျပ်သန်း ၄၉၆ ဒသမ ၆၂၀ ကုန်ကျ မည်ဖြစ်ကြောင်း သိရသည်။ “၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းက ပျက်စီးသွားတဲ့တံတားများဟာ အများသုံးဖြစ်တယ်၊ တရွာနဲ့တရွာ၊ တမြို့နယ်နဲ့ တမြို့နယ်ကို အဓိကဖောင်ကူးပေးနေတဲ့ တံတားများဖြစ်တဲ့အတွက်ကြောင့် အကောင်း ဆုံး တည်ဆောက်စေ ချင်တယ်။ နတ်တံခါး တံတားဆိုရင် ငွေအများကြီး ကုန်ကျခံပြီး ဆောက် လုပ်ခဲ့တာဖြစ် တယ် ဒါပေမဲ့ ဆောက်ပြီး တာတောင်သိပ်မကြာဘူး ပျက်စီးသွားတယ်။ အခုဆိုရင် သွားရေးလာရေးမှာ အရမ်း ဒုက္ခရောက်တယ်”…

Read More