ယခုလ စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် လက်ပံချောင်းကျေးရွာတွင် နွားလှည်းပေါ် တွင်ဖွက်ထားသော ကျပ်ငွေ (၃၆၄၂) သိန်းတန်ဘိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား ဖမ်းဆီးရမိတယ် လို့ သိရပါတယ်။ သတင်းအရ ကလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ကလေးမူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာတွင် ဆူဒိုအက်ဖီဒရင်းဆေးပြား (၂၀၂၂၀၀၀) ကို သက်သေများနှင့် အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
Author: Editor
မြန်မာပြည်အနောက်မြောက်ဘက် ချင်းတွင်းမြစ်ပေါ်တည်ဆောက်ရန် ရည်ရွယ်ခဲ့သည့် ထမံသီရေအားလျပ်စစ်စီမံ ကိန်းကြောင့် အတင်းအဓမ္မ ပြောင်းရွှေ့ခြင်းခံခဲ့ရသော ကျေးရွာသားများက အိန္ဒိယနှင့် မြန်မာအစိုးရကို မိမိတို့၏ဆုံးရှုံး မှုများအတွက် နစ်နာကြေးပေးရန် တောင်းဆိုလိုက်ကြသည်။
တီးတိန်မြို့နယ် ဘုတ်ဖိရ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရွေးချယ် အတည်ပြုခြင်းအပေါ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်ထဲရေး ၀န်ကြီးဌာနမှ ပြဌာန်း ထားသော ရပ်ကွက် (သို့)ကျေးရွာအုပ်စု ရွေးချယ်မှု ဆိုင်ရာ ဥပဒေ နှင့် ဆန့်ကျင်သည်ဟု ဆိုပြီး ဒေသခံတွေက စီတန်းလှည့်လည် ဆန္ဒပြရန် စီစဉ်နေကြ သည် ဟု သိရသည်။
အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် National Endowment for Democracy (NED) မှ ရွေးချယ်သော အသက် ၃၀ အောက် ကမ္ဘာ့အလားအလာအရှိဆုံး နိုင်ငံရေးသမား ၃၀ ဦးထဲတွင် မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသားတဦးပါဝင်သည်။
ယခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က မဏိပူရ်အခြေစိုက် THESANGAI EXPRESS က Chin National Conference ခေါင်း စဉ်ဖြင့် “Chin and Zomi will never come together under one roof anymore” ချင်း နှင့် ဇိုမီးသည် အမိုး တခု အောက်မှာ မည်သည့်အခါမျှ ယှဉ်တွဲနေထိုင်ရန် မဖြစ်ပါ” ဟု CNF မှ ပြောကြောင်း ရေးသားချက်ကို ယနေ့ ယခုလ ၂၁ စက်တင်ဘာတွင် တုံ့ပြန်လိုက်သည်။ စီအဲန်အက်ဖ်နှင့် သမ္မတ ဦးသိန်းစိန်အစိုးရအကြား ငြိမ်းချမ်းရေးတိုးတက်မှုဖြစ်စဉ်အရ ချင်းအမျိုးသားညီလာခံကို ယခုနှစ် နိုဝင်ဘာ ဒုတိယပတ်တွင် ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ကျင်းပရန်ပြင်ဆင်နေသည်။
ချင်းပြည်နယ်အစိုးရ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအတွင်း လူမှောင်ခိုကုန်ကူးမှု ကာကွယ်တိုက်ဖျက် ပညာပေးရေး ရှင်းလင်း ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့က ဟားခါးမြို့တော် ခန်းမတွင်ပြုလုပ်ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် ပြည်နယ် ၀န်ကြီးချုပ် Pu Hung Ngai နှင့် ၀န်ကြီးများ၊ ပြည်နယ် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာလူကြီး များ၊ ဘာသာရေး ဂိုဏ်းပေါင်းစုံမှ ပုဂ္ဂိုလ်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ စသဖြင့် အင်အား ၃၀၀ ကျော် ပါဝင်တက် ရောက်ကြသည်။
မီဇိုရမ်ပြည်နယ်ရှိ ချင်းလူမျိုးများအများစုနေထိုင်သော Saikhumphai ကျေးရွာကို အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ် စပ် ကုန်သွယ်ရေးစင်တာအဖြစ်ပြုလုပ်ရန် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ပြည်နယ်ဝန်ကြီး Lalrinlianna Sailo, Minister of Trade & Commerce မှ သဘောတူညီမှုကျောက်တိုင်စိုက်ထူခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် ၀န်ကြီးမှ Saikhumphai ကျေးရွာလူကြီးများနဲ့ Vaphai Village Council တွေကို ခေါ်ပြီး နှစ်ဖက်အကြားရှိခဲ့သော ပဋိပက္ခများကိုချုပ်ငြိမ်းပြီး ငြိမ်းချမ်းစွာနဲ့စည်းစည်းလုံးလုံး နေထိုင်သွားကြရန် မှာကြား ခဲ့သည်။
ချင်းကျောင်းသား၊ ကျောင်းသူအများစု တက်ရောက်သည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးတက္ကသိုလ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာတယ်လို့ သိရပါတယ်။ အခုလို တက္ကသိုလ်ကျောင်းသားများကြားတွင် မူးယစ်ဆေးဝါးသုံးစွဲမှုများပြားလာသည်နှင့် အတူ မူးယစ် ဆေးဝါးသုံးစွဲမှုဖြင့် အရေးယူထားတဲ့ ကျောင်းသားကျောင်းသူများလည်း ရှိနေတယ်လို့ ကလေးမြို့နယ်ရဲတပ်ဖွဲ့ မြို့နယ်မှူး ရဲမှူးစိုးမြင့်က ပြောတယ်လို့ သိရသည်။
ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ကိုယ်ထူကိုယ်ထ တက္ကသိုလ် တရားဝင် ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတ ထံ ပြီးခဲ့သည့် သြဂုတ်လ က တရားဝင် တင်ပြလျှောက်ထားလိုက်ပြီဟု သိရသည်။ ၂၀၁၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ဟားခါးမြို့မိမြို့ဖ ကော်မီတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဟားခါးတက္ကသိုလ် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ Pu SiangMang, ဒုတိယ ဥက္ကဌ Dr. Hla Aung နှင့် အတွင်းရေးမှူး Pu SuiThio တို့၏ နာမည်ဖြင့် လျှောက်ထားကြခြင်းဖြစ်သည်။
တရုတ်ပိုင် North Mining Investment Company (NMIC) မှ တူးဖော်မည့် ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်၊ ဖားတောင် စီမံကိန်းအား အလျင်စလို အကောင်အထည် မဖော်စေလိုသေးကြောင်း ချင်းနိုင်ငံရေး ၄ ပါတီ က ထုတ်ဖော်ပြောဆိုလိုက်သည်။ လက်ရှိမြန်မာနိုင်ငံတွင် သယံဇာတ အကျိုးအမြတ်ခွဲဝေးရေးနှင့်ပတ်သက်၍ ဥပဒေတရပ်ထွက်ပေါ်လာရေး အခြေအ နေဖြစ်နေခြင်း၊ သဘာဝ ထိန်းသိမ်းရေးဥပဒေ ရှိပြီးသော်လည်း နည်းပဒေပြဌာန်းနိုင်မှုမရှိသေးခြင်း၊ တရားဥပ ဒေ စိုးမိုးမှု အားနည်းနေသေးခြင်း၊ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများမှ လုံလောက်သော နားလည်
