Author: Editor

ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ဒီဂရီကောလိပ်ဖွင့်လှစ်ရေးကော်မီတီ ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က ဟားခါးမြို့တွင် ဖွဲ့စည်းလိုက်ကြသည်။ ဟားခါးမြို့မိမြို့ဖ ၃၀ ဦးပါဝင်လျက် ဟားခါးမြို့ ဈေးသစ်ရပ်ကွက် အုပ်ချုပ်ရေးရုံးတွင် တွေ့ဆုံပြီး အောက်ပါအတိုင်း ဖွဲ့ စည်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ Chairman           – Pu Siang Mang Vice Chairman    – Rev. Dr. Hla Aung Secretary           – Pu Sui Thio Assistant Sect.    – Pu Jacob Thang Treasurer           – Pu Ral Kham Assistant Treasurer- Pi Van Thla Cer Hniang Chungtel:           – Rev. Dr. H. Siang Kung – Rev. Dr. Lal Uk – Pu Lal Kung – Rev. David Shwe – Pu Rual Cung – Pu Thawng Vung – Dr. Hmuh Thang – Rev. Paul Tum Ceu – Rev. M. Thawng Kam – Rev. Joel Nawl Cung Lian -…

Read More

ချင်းကျောင်းသားများ သမဂ္ဂ  တက္ကသိုလ်များ – ကလေး ၏ အလုပ်အမှုဆောင်ကော်မီတီဝင်များကို အောက်ပါအတိုင်း ပြန်လည်ရွေးချယ်တင်မြှောက်ကြသည်။

Read More

ချင်းပြည်နယ် မင်းတပ်ခရိုင်၊ မင်းတပ်မြို့အခြေစိုက် ဂရုဏာနာရေးကူညီမှုအသင်း နှစ်ချုပ်အစည်းအဝေးကို ယခုလ ၂၀ ရက်နေ့က ၄င်းတို့၏ ရုံးတွင် ကျင်းပကြသည်။  အစည်းအဝေးသို့ ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အစိုးရ၀န်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဘာသာရေး အသင်းအဖွဲ့ အသီးသီးမှ ဘုန်းတော်ကြီးများ၊ သိက္ခာတော်ရဆရာတော်များ၊ လူမှုအသင်းအဖွဲ့မှ ပုဂ္ဂိုလ်များ၊ နာရေးကူညီမှုအသင်းမှ တာဝန်ရှိများ နှင့် လေ့လာသူ စုစုပေါင်း ၁၀၀ ခန့်တက်ရောက်ကြသည်ဟု သိရသည်။

Read More

ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ် နှင့် ယဉ်စည်းကမ်း မလိုက်နာ သူများကို ယဉ်ထိန်းရဲများမှအဆမတန်ငွေကောက်နေကြောင်း သိရသည်။  ယခင်က ယဉ်စည်းကမ်းမလိုက်နာသူများကို  ယာဉ်ထိန်းရဲတွေက ငွေကြေးအနည်း ငယ်သာ တောင်းခံသော် လည်း ယခုတ လော နေပြည်တော်ကနေ ပြောင်းလာတဲ့ ရဲတွေကတော့ အဆမတန်ငွေတောင်းခံနေတာဖြစ်ကြောင်း ကလေးမြို့ ဒေသ ခံတဦးက ပြောတာပါ။

Read More

ချင်းပြည်နယ်မြို့တော် ဟားခါးအခြေစိုက် Mara ( Chin ) တွေက Mara Culture Committee ဖွဲ့စည်းလိုက်ကြောင်း အဆိုပါ ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ ဆလိုင်း ဘီးတူ ပြောပြချက်အရ သိရသည်။ ချင်းပြည်နယ်အစိုးရမှ ၂၆၊ ရ၊၂၀၁၃ ရက်စွဲဖြင့် မရာ(ချင်း) ရိုးရာဝတ်စုံ (Mara Culture Dress) ကို ပြည်နယ်အစိုးရထံသို့ သြဂုတ်လ (၂ ) ရက်နေ့ နောက်ဆုံးထားပြီး တင်ပြရန် တရားဝင် အကြောင်းကြားလာသောကြောင့် အမြန်ဆုံး အကောင်အ ထည် ဖော်နိုင်အောင် ချင်းပြည်နယ်မြို့တော် ဟားခါးရှိ မရာ(ချင်း) လူကြီးများသည် ဒီနေ့ ၂၈၊ရ၊၂၀၁၃ နေ့တွင် အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပပြီး Mara Culture Committee ကို  ဖွဲစည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ” အခုလို ပြည်နယ်အစိုးရကနေ မရာရိုးရာ ၀တ်စုံတင်ပြဖို့ အကြောင်းကြားတာက ၂၀၁၃ ဆီးဂိမ်းစ် မှာ  ရိုးရာ အက ကဖို့ အစီအစဉ်ကြောင့်ဖြစ်နိုင်တယ်၊ နောက်ပြီး ကိုယ့်ဝတ်စုံ သူ့ ၀တ်စုံ ဆိုပြီး အချင်းချင်းကြား ငြင်းနေတဲ့ဟာလေးတွေ ရှင်းရှင်းလင်းလင်းရှိနေစေချင်တာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။ Mara Culture Committee အလုပ်အမှုဆောင် ကော်မတီဝင်များကို အောက်ပါအတိုင်းရွေးချယ်ကြသည်။ ၁။ Pu Bie Tha ( ဥက္ကဌ ) ၂။…

Read More

ခရိုင်မြို့အင်္ဂါရပ်နှင့် ညီသော ပြည်သူပိုင်မြို့မဈေးသစ်ကြီးဖွင့်ပေးစေချင် ချင်းပြည်နယ်မင်းတပ်မြို့မှာ နေထိုင်သူ၊ ခရီးကြုံလို့ ရောက်ရှိနေသူတွေ အားလုံးသိကြမြင်ကြမှာပါ၊ ဒီနေရာက အများသူငါ ဈေးဝယ်နေတဲ့  မင်းတပ်မြို့လယ်ခေါင်က စံပြရက်ကွက်၊ တခြားမြို့တွေလက်သုံးစကားငှားသုံးပါက ဆင်ခြေဖုံးရပ်ကွက်က ဈေးပေါ့နော်၊  အဖြစ်က ယခုလက်ရှိ ဈေးဆိုင်ခန်းတွေဟာ ကိုယ်ပိုင်အိမ်တွေလို ညအိပ်ညနေ ထမင်းချက်စား နေထိုင်နေ ကြတဲ့ အပြင် ခေါင်ဆိုင်၊ အသားဈေး၊ ဟင်းသီးဟင်းရွက်ဈေး၊ ကြက်ခြင်းတောင်းစုတ်၊ ဆာလာအိတ်ခွံစုတ်၊ သေတ္တာခွံ၊ အမှိုက်ပုံး၊ ရွံ့ဗွက် တွေနဲ့ ဗလပွ ဖြစ်နေပါတယ်၊ ပိုဆိုးတာက ညအိပ်ညနေ ခေါင်ဆိုင် တွေကြောင့် ရံဖန်ရံခါ စကားများရန်ဖြစ်တာတွေနဲ့ ကျက်သ ရေကင်း မဲ့နေတယ်၊ မင်းတပ်မြို့ဟာ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ တွေရဲ့ ခရိုင်မြို့ပါ၊ ဒါပေမဲ့ ခရိုင်မြို့ရဲ့ ဈေးဟာ သီးခြားကမ္ဘာက မင်းမဲ့ တိုင်းပြည်နဲ့ လားလားမခြားပါ။ မြို့ပေါ် လမ်းဘေးဈေးဆိုင်တွေကလည်း လမ်းမအရောက် မိုးကာချ သေတ္တာတွေ စီတန်းပြီး ဈေးခင်း၊ ဆိုင်ကယ်ပြင်၊ မှောင် ခို ဓါတ်ဆီရောင်း၊ တောင်ပေါ်မြို့ဆိုတော့လည်း အားလုံးသိကြတဲ့ အတိုင်း ကားလမ်းက မြေလိမ်မြွေကောက်၊ ခပ် ကျဉ်း ကျဉ်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေ မရှိတော့ မသကာ ကျရောက်လာမည့် ယာဉ်အန္တရာယ်၊ မီးအန္တရာယ် တွေ အတွက် မတွေးဝံ့စရာ။ မင်းတပ်ခရိုင်မြို့ ဈေးနှင့် ပါတ်သက်ပြီး သိရ ကြုံရတာတွေ ပြောပြချင်သည်။ ၁၉၇၀ ၀န်းကျင်တွင် ယခင် ဦးနေ၀င်းအစိုးရ…

Read More

ဇူလိုင် ၁၉ – ၂၀ ရက်နေ့က ပခုက္ကူတက္ကသိုလ်ရှိ မရာ(ချင်း) ကျောင်းသားကျောင်းသူ ၄၀ ဦးနေပြည်တော် သို့ လေ့ လာရေး ခရီးထွက်ကြကြောင်း သတင်းရရှိသည်။   ” ပထမဦးဆုံး အကြိမ် နေပြည်တော်ရောက်တာ၊ နိုင်ငံမြို့တော် ဆိုတော့ ရောက်ဖူးချင်တာလည်းပါတာပေါ့၊ အတွေ့ အကြုံတခုအနေနဲ့ပါ၊  နာမည်ကြီး ဆင်ဖြူတော်၊ နောက် ဆာဖာရီဥယာဉ် နဲ့ နာမည်ကြီးရေပန်းဥယာဉ်၊ အမျိုးသား ဥယာဉ် တွေ သွားရောက်လေ့လာကြတယ်” ဟု လေ့လာရေး ခရီး ဦးဆောင်သူ ဆလိုင်း ဘီးကျိုးထန်က ခိုနုမ်းသုမ်ကို ပြောသည်။

Read More

ယခုလ ဇူလိုင် ၁၂ ရက်နေ့ ညက ချင်းပြည်နယ်ဟားခါး မြို့တော်အခြေစိုက် Immanuel Baptist Church အသင်းတော် ဘဏ္ဍာ ကျပ်ငွေ ၃၁ သိန်း အခိုးခံရသည်ဟု သိရသည်။ ၁၂ ရက်နေ့ နံနက် ၃း၀၀ နာရီခန့်က အသင်းတော်ရုံးအနီး ပတ်ဝန်းကျင်တွင် လူသံကြားရပေမဲ့ အဲဒီနေ့တွင် အသင်း သားတဦး အသုဘ ရှိသဖြင့် အသုဘကိစ္စ ဆောင်ရွက်နေသူများဖြစ်လိမ့်မည်ဟု ယူဆရသောကြောင့် အလေး မထားမိ ကြောင်း ရုံးအနီး နေထိုင်သူ သိက္ခာတော်ရ ဆရာက ပြောသည်။

Read More

စစ်ကိုင်းတိုင်းဒေသကြီး၊  ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းအား ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက် (ကြာသပတေး)နေ့နေ့လည် ၂း၀၀ ၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးသာအေး မှ ဖွင့်လှစ်ပေးကြောင်း သိရသည်။

Read More

ကျေးရွာ(၄၁)ရွာမှ ရွာသူရွာသား (၁၀၀) ကျော် တို့သည် ချင်းပြည်နယ် မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းအသီးသီးတွင် ကျင်းပပြုလုပ်သည့် ရပ်ရွာလူထုဖွံ့ဖြိုးရေး တွေ့ဆုံပွဲများ သို့ တက်ရောက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူထုပိုမိုပါဝင်ရန် တောင်းဆိုလိုက်သည်။ ချင်းလူထုဖွံ.ဖြိုးရေးကွန်ယက်အဖွဲ့အစည်းက ဦးဆောင်ကျင်းပပြုလုပ်ခဲ့သော လူထုဖွံ့ဖြိုးရေး ဆွေးနွေးပွဲ ကို ၂၀၁၃ခုနှစ်၊ ဇွန်လ(၂၁-၂၂)ရက်နေ့တွင် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို.နယ်၊ ငင်းသဲ ကျေးရွာတွင်လည်းကောင်း၊ ဇူလှိုင်လ(၁၂-၁၃)ရက်နေ့တွင် ချင်းပြည်နယ် အလယ်ပိုင်း ထန်တလန် မြို့နယ် ဘဲလ်ဟာရ်ကျေးရွာတွင်လည်းကောင်း၊ ဇူလှိုင်လ (၃-၄ )ရက်နေ့တွင် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ် ကာရာမိတ်ကျေးရွာတွင်လည်းကောင်း (၃)နေရာ၌ ကျင်းပပြုလုပ်နိုင်ခဲ့သည်။   လက်ရှိ ချင်းပြည်နယ်အတိုင်းအတာဖြင့် အစိုးရနှင့် သက်ဆိုင်ရာကုမ္ပဏီအမျိုးမျိုးတို့ ပူးပေါင်းပြီး ဒေသ ခံပြည်သူလူထု၏ စိုးရိမ်မှုများကို အလေးထားစဉ်းစားပေးခြင်းမရှိဘဲ မြွေတောင်နီကယ် သတ္တုတွင်း စီမံကိန်း၊ လေမျို ရေကာတာစီမံကိန်း၊ ကုလားတန် ဖက်စုံပို့ဆောင်ဆက်သွယ်ရေး စီမံကိန်း၊ နတ်မ တောင်အမျိုးသားဥယျာဉ် စီမံကိန်းနှင့် မဏိပူရရေကာတာစီမံကိန်းများကို အကောင်အထည်ဖော် လျက် ရှိကြပါသည်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ထုံးတမ်းစဉ်လာမြေယာပိုင်ဆိုင်မှုစနစ်များကို အသိအမှတ်ပြု ပေးခြင်းမရှိခြင်းနှင့် ဘိုးစဉ်ဘောင်ဆက်ခေတ်အဆက်ဆက် မိသားစုပိုင်ဆိုင်လာခဲ့ကြသည့် မြေယာ များကို လျော်ကြေးတပြားတချပ်မျှခံစားရရှိခြင်းမရှိဘဲ သိမ်းဆီးခြင်းခံခဲ့ကြရပါသည်။ ယခုလိုဖြစ် ပျက်ခြင်းမှတဆင့် ချင်းပြည်သူလူထုတို့ ဆက်လက်အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အခက်အခဲ များ ပေါ်ပေါက်စေပါသည်။ ပြည်တွင်းနှင့်နိုင်ငံတကာ အင်ဂျီအို တော်တော်များများသည်လည်း ချင်းပြည်နယ်ကျေးရွာများတွင် ၀င်ရောက် ကူညီလာခဲ့ကြရာတွင် ၄င်းတို့လုပ်ငန်းအစီအစဉ်များထဲ လူထုပါဝင်မှု၊ ရေရှည် တည်တံ့ ခိုင်မြဲမှုနှင့်…

Read More