ပြီးခဲ့တဲ့ ဇန္န၀ါရီလ ၂၇ ရက်နေ့က နေပြည်တော်အခြေစိုက် Ayeya Shwelin Company မှ ကျွမ်းကျင်အဖွဲ့ ချင်းပြည် နယ်မြို့တော် ဟားခါး ပြည်သူ များ သောက်သုံး ရေ ဖူလှုံရေး လာရောက်ကွင်းဆင်းလေ့လာသည်ဟု ကြားသိရ သည်။ ၂၃ ရက်နေ့တွင် မြို့နယ်စည်ပင်မှူး ဦးတမ်အောင်က ၂၄ ဦးပါ မြို့မိမြို့ဖ များအား မြို့တော် သောက်သုံးရေ ဖူလှုံစွာ ရရှိရေးအတွက် ခေါ်ယူတွေ့ဆုံ အပြီး ယခုကဲ့သို့ လာရောက်ကွင်းဆင်း ကြခြင်းဖြစ်သည်ဟု ဒေသထုတ် သတင်း စာတွင် ဖော်ပြထားသည်။
Author: Editor
ချင်းပြည်နယ်အထက်ပိုင်း တီးတိန်မြို့နယ်ရှိ မြွေတောင်၊ ဖားတောင်တွင် သတ္တုရိုင်းတူးဖော်ရေး စီမံကိန်းများ ပြုလုပ် လာပါက ဖြစ်ပေါ်လာ နိုင်သော အကျိုးသက်ရောက်မှုများ လေ့လာ စမ်းစစ် သည့်တွေ့ဆုံဆွေးနွေးပွဲတရပ်ကို စစ်ကိုင်း တိုင်း ဒေသကြီး ကလေးမြို့နယ် စန်းမြို့ ရပ်ကွက်ရှိ Youth Center ခန်းမတွင် မနေ့က ကျင်းပခဲ့ကြသည်။ ယင်းတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံဒေသအသီးသီး တွင် သယံဇာတ တူးဖော်မှုကြောင့်ဖြစ်ပေါ် လာသော အကျိုးဆက်များ ကို လေ့လာခဲ့ကျပြီး၊ ချင်းတောင်တွင် အဆိုပါကဲ့သို့ သယံဇာတ တူးဖော်မှုများပြု လုပ်လာပါက ဖြစ်ပေါ်လာ နိုင်သော အကျိုးဆက်များကိုလည်း ဆွေးနွေး ခဲ့ကြသည်ဟု စီစဉ်ဆောင် ရွက်သူ အထက်ချင်း တွင်းလူငယ်များကွန်ယက်မှ ကိုဇမ်ထွမ်းကပြောသည်။
ယခုနှစ် ချင်းပြည်နယ်မြို့တော်ဟားခါးတွင် ကျင်းပမည့် ၂၀၁၃ ခုနှစ် ၆၅ ကြိမ်မြောက် ချင်းအမျိုး သားနေ့ကို CNF နဲ့ ချင်းပြည်နယ်အစိုးရမှ ဦးဆောင် သွားကြမည်ဟု သိရသည်။ ယခုလ ၆ ရက်နေ့က ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေးအကြိုဆွေးနွေးပွဲပြုလုပ်ရာမှာ သိန်း ၁၃၀ ကုန်ကျစရိတ် ခန့် မှန်းရပြီး နှစ်ဖက် တ၀က်စီ ကျခံရန် ညှိနှိုင်းထားကြကြောင်း ထပ်မံသိရသည်။ အခမ်းအနားသို့ ချင်းအမျိုးသားတပ်ဦး ထိပ်သီးခေါင်းဆောင်များဖြစ်ကြသည့် Pu Lian Uk, Dr. Za Hlei Thang နှင့် တခြားခေါင်းဆောင် များပါဝင် ကြမည် ဖြစ်ပြီး ပြည်ထောင်စုအစိုးရဖက်မှ ဒုတိယ သမ္မတ၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင် မင်း၊ ဦးဝင်းထွန်း တို့ပါဝင်ကြမည်ဖြစ်သည်ဟု သိရသည်။ “ ဒါတင်မကပဲ၊ ငြိမ်းချမ်းရေးအတွက် ကူညီပံ့ကြသည့် ပြည်ပ အဲန်ဂျီအိုများ ပါဝင်နိုင်ဖို့လည်း စီစဉ်နေတယ်” ဟု စီအဲန် အက်ဖ် ခေါင်းဆောင်တဦး က ပြောသည်။ ထို့အပြင် နိုင်ငံကျော် ချင်းအဆိုရှင်များ၊ တဖက် မီဇိုရမ်ပြည်နယ်မှ အဆိုရှင်များက ဖျော်ဖြေကြ မည်ဟု သိရပြီး အခမ်း အနားကို Sky net TV ဖြင့် ထုတ်လွှင့် ရန် ပြည်နယ်အစိုးရမှ ပြင်ဆင် ထားကြောင်း ပြောကြသည်။ အခမ်းအနားကို ဟားခါးမြို့ ၀မ္မသူးမောင်း အားကစားကွင်းတွင်ကျင်းပကြမည်ဖြစ်ပြီး ပျော်ပွဲတွင် ချင်းရိုးရာ နပမ်းသတ်၊ ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊…
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်တွင် ဦးမျိုးမြင့်မှ တည်ခိုခန်းတည်ဆောက်ရန် အတွက် ဒေသခံ ပြည်သူများက ကာ ကွယ်ထားသည့် ရေစမ်း ဦး ရေဝေရေလဲ နယ်အတွင်း ရေသွယ်ယူမည့် အပေါ်ဒေသ ခံပြည်သူများက ကန့်ကွက် လိုက်သည်။ အဆိုပါ ရေစမ်းဦးချောင်းသည် ကန်ပက်လက်မြို့ပေါ် အုတ်ဖိုရပ်ကွက်နှင့် မကျောက်အား ကျေးရွာ အထက်နား ကာကွယ် ထား သည့် နေရာ မှ ကောလင်းချောင်းသို့စီးဆင်းသွားသည်။ “ ရေစမ်းဦးချောင်းက ရေ အားလုံးသွယ်ယူ မှာဖြစ်တယ်၊ အနာဂါတ်ဒေသခံအတွက် စိုးရိမ် ရပါ တယ်” ဟု ဒေသခံ တဦးကပြော သည်။ ဦးမျိုးမြင့်က မိမိကိုယ်ပိုင်စီးပွားရေးအတွက် ရေသွယ်ယူမည့် အပေါ် အုတ်ဖို၊ ၁၀ မိုင်ကုန်း၊ ကြက်ခြံကျေးရွာ မှ ဒေသခံ ၆၃ ဦးက ကန့်ကွက်လက်မှတ် ထိုးပြီး သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးထံ အရေးယူဆောင် ရွက်ပေးရေး ယခုလ ပထမ ပတ်က တင်ပြ တောင်းဆို ထားသည်။ “ ဦးမျိုးမြင့်က ကန်ပက်လက်မြို့ပေါ်မှ မြို့မိမြို့ဖ ဦးမြမောင်၏ ခွင့်ပြုချက်အရ လုပ်ဆောင် ခြင်းဖြစ်တယ်လို့ အကြောင်း ပြတာ၊ အဲဒါက ဦးမြမောင်နဲ့ မဆိုင်ဘူး၊ အာဏာပိုင်၊ ဒေသခံ ပြည်သူတွေနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တယ်” ဟု ဒေသခံ တဦးက ပြောသည်။
ယခုလ ပထမပတ်အတွင်း ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း တွီဒိန်အုပ်စု (၅၆) မိုင်ရွာတွင် ခရစ်ယာန်ဓမ္မဆရာ အိမ်ဆောက် လုပ်နေမှုအား ခရစ်ယာန်ဘာသာဝင်မဟုတ် သူတွေဒေသခံတွေ က နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုပြု လုပ်နေ ကြောင်း သိရ သည်။ ၅၆ မိုင်ကျေးရွာတွင် အိမ်ခြေပေါင်း ၂၇၊ နှစ်ခြင်း ခရစ်ယာန်အိမ်ခြေ ၁၄ အိမ်၊ ကာသိုလိပ် ခရစ်ယာန် အိမ်ခြေ ၄၊ ဗုဒ္ဒ ဘာ သာအိမ်ခြေ ၉ ရှိသည်။ ခရစ်ယာန်တွေကြောင့်ဗုဒ္ဒနဲ့မူဆလင်တွေ ပြသာနာတက်တာ ခရစ် ယာန်တွေကြောင့် ဖြစ်တယ် ဆိုပြီး စွပ်စွဲမှုတွေ ရှိနေ ကြောင်းလည်း ပြောကြသည်။ “ ဘာမှ မဆိုင်တဲ့ဟာတွေကို အကြောင်းပြပြီး ဓမ္မဆရာအိမ် မဆောက်နိုင်အောင်တားဖြစ်ကြတာက မဖြစ်သင့်ဘူး၊ ကျတော်တို့ ကျေး လက်ဒေသ မှာ မူဆလင်တွေလည်း မရှိဘူး၊” ဟု ဒေသခံ ခရစ်ယာန် အသင်းတော်လူကြီး က ပြောသည်။ ဖြစ်စဉ်မှာ သက်ဆိုင်ရာ ခွင့်ပြုချက်အရ မင်းတပ်မြို့နယ်နှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့မှ တွီဒိန်အုပ်စု ( ၅၆) မိုင်ရွာရှိ နှစ်ခြင်း ခရစ်ယာန်အသင်း ဓမ္မဆရာနေအိမ်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောက်လုပ်နေအား တားမြစ်ခြိမ်း ခြောက် နေကြခြင်းဖြစ်သည်။
ယခုနှစ် ဖေဖေါ်ဝါရီ ၂၀ တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အဖြစ် ချင်းအမျိုးသား ခေါင်းဆောင်ကြီး ပူး ၀မ္မသူးမောင်း ပုံပါသော အင်္ကျီကို ချင်းပြည်နယ်တောင် ပိုင်း မင်းတပ်မြို့ပေါ်တွင် ယခု ဖြန့်ဝေ နေပြီဟု ကြားသိရသည်။ “ ခေါင်းဆောင်ကြီး ၀မ္မသူးမောင်း အသက်ပြန်ရှင်လာသလို ခံစားရတယ်ဗျာ၊” ဟု ဒေသခံ လူကြီး ပူး လဲခွီရှိန်းက ပြော သည်။ ဒေသခံတဦးက အရင်းအနှီးထုတ်ပေးပြီး ချိုးလူငယ်အဖွဲ့မှ အဆိုပါ အထိမ်းအမှတ်အင်္ကျီ အထည် ၁၀၀၀ ကို ယခုလ ၀၇ ရက်နေ့မှ စပြီး ဖြန့်ဝေ ခြင်းဖြစ်သည်ဟု ပြောကြသည်။ အင်္ကျီရှေ့ဖက်တွင် ပူး ၀မ္မသူးမောင်းဓါတ်ပုံနှင့် အ၀န်းလိုင်းတွင် FEBRUARY 20 ALWAYS ၊ ဟူ၍၄င်း၊ အင်္ကျီကျော ဖက်တွင် အောက်ချင်းငှက်ပုံနှင့် အပေါ်ပိုင်းတွင် KCHOPAKHUIHNGUUP၊ အောက်ပိုင်းတွင် CHIN NATIONAL DAY ဟူ၍၄င်းပါရှိ သည်။ အလားတူစွာ ချင်းအမျိုးသားပါတီကလည့်း ပူးဝမ္မသူးမောင်း၏ တော်လှန်ရေးလှုပ်ရှားမှု သမိုင်းအကျဉ်းပါ Pamphlet ကို ထုတ်ဝေဖြန့်ချိနေ ကြကြောင်း လည်း သိရသည်။ ပူး ၀မ္မသူးမောင်း ဦးဆောင်မှုဖြင့် ၁၉၄၈ ခုနှစ်ဖေဖေါ်ဝါရီ ၂၀ တွင် လူထု ၅၀၀၀ ခန့်တက်ရောက် သည့် ဖလမ်းညီလာခံကြီးက ချင်းအမျိုး သားနေ့ ကို မွေးဖွားပေးလိုက်သည်။ “ ဖလမ်းညီလာခံဆိုတာက ကျတော်တို့…
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မဏိပူရ်ပြည်နယ်တွင် Kuki ပြည်နယ် ရရှိရေး အတွက် လှုပ်ရှားနေကြသော Kuki State Demand Committee (KSDC) အဖွဲ့၏ လှုပ်ရှားမှုကို အားပေးထောက်ခံကြောင်း မီဇိုရမ်ပြည်နယ်ရှိ အစိုးရ မဟုတ်သော NGO များက ပြောဆို လိုက်သည်။
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့ပေါ်ရှိ ဟားခါး ချင်းလူငယ် (၄) ဖွဲ့ ပြီးခဲ့ တဲ့ ဖေဖေါ်ဝါရီ ၀၂ ရက်နေ့ က ချင်းလူငယ် အဖွဲ့ ချုပ် ( Chin Youth Organization ) ဟူ၍ ပေါင်းစည်း ဖွဲ့စည်းခဲ့ကြ ပြီဖြစ်သည်။ ဟားခါးမြို့ Carson Hall တွင် Hakha Youth Organization, Vazuun, Hero, Toe စသည့် မြို့ပေါ် အခြေစိုက်ချင်း လူ ငယ် အဖွဲ့ အစည်း ကိုယ်စားလှယ် အင်အား ၄၀ ကျော် တွေ့ ဆုံ ဆွေးနွေး ခဲ့ကြပြီး ယခုကဲ့သို့ တဖွဲ့တည်း ပေါင်း စည်း လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ အဆိုပါ လူငယ်အဖွဲ့တွေ တဖွဲ့တည်းပေါင်းစည်းရေး ဆန္ဒရှိခဲ့ကြတာ ကြာပြီ၊ ခု က အခြေအနေအနေအထားက ပေါင်း စည်းဖို့ ဖြစ်လာလို့ ယခုလို ပေါင်းစည်း တာဖြစ်တယ်”ဟု လူငယ်ခေါင်းဆောင် တဦးက ပြောသည်။ အဓိက မူးယစ်ဆေး ၀ါးတားဆီးရေး၊ သာရေးနာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စာပေ၊ ယဉ်ကျေးမှု မြှင့်တင် ထိန်းသိမ်းရေး ရည်ရွယ်ချက်များဖြင့် ထူထောင်ခဲ့ကြသည့် ဟားခါးလူငယ်အဖွဲ့ ယခုကဲ့သို့ ပေါင်းစည်းခြင်း အပေါ် အထူး ၀မ်းမြောက် ၀မ်းသာဖြစ်ကြကြောင်း သိရသည်။“
ဇန္န၀ါရီလ ၃၁ ရက်နေ့က ဒေါက်တာမှုထန်း ( ညောင်နှစ်ပင်ညီလာခံ တက်ရောက် ခဲ့သူ) အပါအ၀င် ဟားခါးမြို့ပေါ် လူငယ် မြို့မိမြို့ဖ ၁၅ ဦးတို့ ပါဝင်ပြီး ချင်းတောင် တွင် နိုင်ငံခြား သားများ အပန်းဖြေ စခန်းအတွက်နေရာလေ့ လာမှုပြုကြကြောင်း သိရသည်။
၂၀၁၃ ခုနှစ်ဖေဖေါ်ဝါရီ (၂၀) တွင် ကျင်းပမည့် ၆၅ နှစ်မြောက် ချင်းအမျိုး သားနေ့ ပွဲတော် သဘင် တွင် ချင်းပြည်နယ်ရှိ ပညာရေး ၀န်ထမ်း များ၊ ကျောင်း သူကျောင်းသားများ ပါဝင်ဆင်နွှဲနိုင်မည် မဟုတ်ကြောင်း သိရသည်။ ပြည်ထောင်စု အစိုးရနှင့် ချင်းအမျိုး သား တပ်ဦးတို့ ဆွေးနွေး သဘော တူညီချက်အကျိုးဆက်အဖြစ် ချင်းအမျိုးသားနေ့တွင် အစိုးရ၀န်ထမ်းများ တက်တက်ကြွကြွ ပါဝင် ဆင်နွှဲ့နိုင်ရေး အတွက် ချင်းပြည် နယ်အတွင်း ရုံးပိတ်ပေးရန် ၁၉၊ ၁၂၊ ၂၀၁၂ ရက်နေ့ က ပြည် နယ်အစိုးရ၊ ပြည်နယ် လွှတ်တော် နှင့် ချင်းအမျိုးသားတပ်ဦးတို့အကြား ဆွေးနွေးခဲ့ကြသည်။ “ ပြည်နယ်အစိုးရနဲ့ စီအဲန်အက်ဖ် ဆွေးနွေးချက် အရ ပြည်နယ် ပညာရေးမှူးကို ချင်းအမျိုးသားနေ့ မှာ ကျောင်းသားတွေ စာမေးပွဲမဖြေဖို့၊ ရက်ရွှေ့ပေးဖို့ ကျတော် ဆွေးနွေးတယ်၊ ပညာရေးမှူးက အထက်ညွန်ကြား ချက်ဖြစ်တယ်လို့ပဲ တုံ့ပြန် တယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Lal Maung Cung က ယနေ့ ပြောသည်။
