ယမန်နေ့ အိန္ဒိယ စံတော်ချိန် ၉ နာရီခန့်က အိန္ဒိယ နိုင်ငံအရှေ့မြောက် မီဇိုရမ်ပြည်နယ် ဆိုင်ဟားခရိုင် အတွင်း ဇာတိရွာ ပြန်မည့် ချင်း လူမျိုးများ စီးသည့် ကားတစီးတိမ်းမှောက်ပြီး တလ အရွယ် သမီးငယ် ပွဲချင်းပြီးသေဆုံးကာ အခြား ခရီးသည် ၁၀ ဦး ဒါဏ်ရာရရှိသွားကြသည်။ “ ကားသမားနှင့် အတူ အခြား ခရီးသည်တွေလည်း အခု ဆေးရုံမှာပါ၊ သတိရလာသူတွေ နည်းနည်းပဲရှိသေးတယ် ” ဟု သေဆုံးသူ ဆွေမျိုး အမျိုးသမီး တဦးက ပြောသည်။ ယခု ခရီးသည်များသည် ချင်းပြည်နယ်မတူပီမြို့နယ် စဘောင်းပီ၊ စဘောင်းသဲ၊ မာလာရွာ နှင့် ပလက်ဝမြို့နယ် ပိုက် တေ ရွာသားများဖြစ်ကြသည်ဟု ဆက်ဆိုသည်။ တလအရွယ် သမီးငယ်သည် သူ့အမေက ဆိုင်ဟားဆေးရုံတွင် ဗိုက်ခွဲမွေးပြီး ရွာသို့ အပြန်မှာ ယခုကဲ့သို့ ကားမှောက်ရာ ပါသွားခြင်းဖြစ်သည်။
Author: Editor
ဖေဖေါ်ဝါရီလ အတွင်း ချင်းပြည်နယ်သို့ ရောက်ရှိလာသော ပြည်ထောင်စု သမ္မတ မြန် မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ချင်းအမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Lal Maung Cung က ချင်းပြည်နယ်အတွက် အချက် ၇ ချက်ကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က တင်ပြခဲ့သည်။ “ ကျတော်တင်ပြချိန်မရတော့လို့ သမ္မတမှ အမှတ်တရလက်ဆောင်တွေ ချီးမြှင့်ချိန်မှာ အချက် ၇ ချက်ကို စာတမ်းနဲ့ တင်ပြခဲ့ တာပါ” ဟု ပြောသည်။ တင်ပြသည့် အချက်များမှာ (၁) ဒီမိုကရေစီ အစိုးရ သစ် တက်လာပြီး (၂) နှစ်ကျော်ကာလ အတွင်း ယခု အကြိမ်ဟာ သမ္မတ၏ ပထမ ဆုံး ချင်းပြည် နယ် ခရီး စဉ်ဖြစ်ကြောင်း ၊ ချင်းပြည်နယ် ဟာ UN က အဆင်းရဲ ဆုံးပြည် နယ် ဖြစ်သည်ဟု သတ်မှတ်ခဲ့ကြောင်း ၊ ထို့ ကြောင့် ယခု သမ္မတ ခရီးစဉ်တွင်ချင်းပြည်နယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် ၄င်း အဆင်းရဲဆုံးပြည်နယ်မှ လွှတ်မြောက်နိုင် ရေးအတွက် ၄င်း ၊ ပြည်သူလူထု က မျှော်လင့်ချက်ကြီးမားစွာဖြင့် သမ္မတကြီးအား ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြောင်း ၊ထို့ ကြောင့် အထူး အစီအစဉ်ဖြင့် နည်ပညာ နှင့် ဖွံ့  ဖြိုးရေး အထောက်အပံ့ များပေးရန် တင်ပြလိုပါတယ် ။ (…
ချင်းပြည်နယ် မတူပီမြို့ပေါ်တွင် ဗဟိုအစိုးရစစ် အဌမတန်းစာမေးပွဲဖြေဆိုမည့် နောက်ဆုံးဘာသာ ပထ၀ီဝင် နှင့် သမိုင်း ဘာသာ ဖြေဆိုမည့် အချိန်ဇယား လွဲမှားမှုကြောင့် ကျောင်း သား များ အခက် ကြုံရ သည်ဟု သိရသည်။ ၂၇ ၊ ၂၊ ၂၀၁၃ ရက်နေ့နံနက်ပိုင်းတွင် ပထ၀ီဝင်ဘာသာ၊ ညနေပိုင်းတွင် သမိုင်းဘာသာဖြေ ဆိုမည် ဟု ကြော်ငြာဘုတ်တွင် ကပ်ထားသော်လည်း ကျောင်းဆရာက နံနက်ပိုင်းတွင် သမိုင်း ဘာသာ၊ ညနေပိုင်းတွင် ပထ၀ီဝင်ဘာသာဖြေဆိုမည်ဟု နံ နက်ပိုင်း တန်းစီချိန်တွင် ကြေညာ လိုက်သည်။ “ကျောင်းသားတွေ စာမေးပွဲခန်းထဲ ၀င်တော့ နံနက်ပိုင်းမှာ ပထ၀ီဝင်မေးခွန်းလွှာကို ဖြန့်ဝေပြန် တယ်၊ ညနေပိုင်းကျမှ သ မိုင်းကို ပြန်ဖြေခိုင်းတယ်၊ ကျောင်းသားတွေ တွေဝေကုန်တာပေါ့ဗျာ” ဟု ကျောင်းသားမိဘတဦးက ပြောသည်။ မတူပီမြို့ပေါ်ရှိ ကျောင်းဆရာများ၊ ပညာရေးရုံးဝန်ထမ်းများအတွင်း လဒ်ပေးလဒ်ယူမှုများ ရှိနေကြောင်း ပြောကြသည်။ မတူပီမြို့နယ်အတွင်း ပညာရေးဌာန တာဝန်ရှိများ၏ လုပ်ရပ်သည် လက်အောက်ငယ်သား ၀န်ထမ်း များ၊ အနာဂါတ် က လေးငယ်များအတွက် ဆိုးမွေများသာ ဖြစ်ကြောင်း သက်ဆိုင်ရာမှ အရေးတယူ စုံစမ်းစစ်ဆေးပြီး လုပ်သင့်သည်များ မနှေး အ မြန်ပြုလုပ်ပေးစေ လိုကြောင်း ကျောင်း သားမိဘ ဦး ယောင်ရု က ပြောသည်။ မတူပီ အထက (၁) နှင့် အထက (၂) ရှိ ကျောင်းသူ၊ ကျောင်းသားများသည် မူလတန်း၊…
ချင်းတော်လှန်ရေးလက်နက်ကိုင် CNF က ချင်းပြည်နယ်အတွင်း အဖိုးတန် ပန်းမာလ် များ ရောင်း ၀ယ်လုပ်စားခြင်းမပြုရန် ယနေ့ တားမြစ်လိုက်သည်။ စာအမှတ် ၀၁/၂၀၁၃။ အပိုဒ် ၀၁/၁၀ အရ ပဉ္စမအကြိမ်ပါတီညီလာခံသက်တမ်း၊ သတ္တမ အကြိမ် ဗဟိုအလုပ်အ မှုဆောင်ကော် မီတီအစည်းအဝေး ဆုံးဖြတ် အရ ချင်းလဲန်းတွင် အလှပန်းမာလ် များ၊ တောင်ဇလပ်ပန်းနှင့် ပန်းရိုးများရောင်း ဝယ် လုပ် စားခြင်းကြောင့် သစ်တောဖြုန်း တီးမှုများ ရှိနေကြောင်း သိရှိရပါသဖြင့် ယခုကဲ့သို့ တားမြစ်လိုက်ခြင်းဖြစ်သည် ဟု သိရ သည်။ “ကျတော်တို့ ချင်းလဲန်ထဲမှ အဖိုးတန်သစ်ခွ၊ သဇင်၊ တောင်ဇလပ်ပန်းများကြောင့် သစ်ပင်တွေကို စည်းမဲ့ကမ်းမဲ့ ခုတ်လှဲ နေကြတာ တားမြစ်ပေး ဖို့ ပြည်သူတွေက တောင်းဆိုလာတဲ့ အပေါ် ယခုလို လုပ်လိုက်ရတာပါ” ဟု ပါတီရေး ရာဌာန အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က ပြောသည်။
ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ချင်းပြည်နယ် အစိုးရနှင့် CNF တို့ ကမကထပြုကျင်းပသည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ချင်းအမျိုး သားနေ့အခမ်းအနားသို့ ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်းနှင့် ပြည်ထောင်စု ၀န်ကြီး များ တက်ရောက် ကြောင်း သတင်းရရှိသည်။ အခမ်းအနားသို့ ချင်းအမျိုးသား တပ်ဦးမှ အဓိပတိကောင်စီ အဖွဲ့ဝင် ဒေါက်တာလျန်မှုန်း ဆာခေါင်း၊ ဒေါက်တာရွှေခါးနှင့် အတူ တခြားခေါင်းဆောင်များ၊ လူထု တသောင်းကျော် တက်ရောက်ခဲ့ကြသည်။ “ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်တုန်းက မင်းတပ်မြို့မှာ ပူး ၀မ္မသူးမောင်း ဦးဆောင်ပြီး ချင်းအမျိုးသားနေ့ ကျင်းပတုန်းက သမ္မတကြီး စပ်ရွှေသိုက် တက်ရောက်ခဲ့တယ်၊ အခု ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း တက်ရောက်ခဲ့တယ်၊ အဲဒါ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ညွန်းနေတာပါ” ဟု ဟားခါးမြို့မှ မြို့မိမြို့ဖ တဦးက ပြောသည်။
နိုင်ငံတော်အစိုးရက နှစ် (၃၀)ကြာခန့်  ကန့် သတ် ခဲ့ပြီးနောက် မနက်ဖြန်တွင် တရားဝင် ကျင်းပပြု လုပ်တော့ မည့် ၆၅ ကြိမ်မြောက် ချင်းအမျိုး သားနေ့  အခမ်းအနား စာတမ်းထိုးပွဲအစီအစဉ် များကို ယနေ့  ချင်းပြည်နယ် မြို့ များ တွင် ပြု လုပ်နေပြီဖြစ်သည်။
ချင်းပြည်နယ်၏ အဓိကလိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး နှင့် သောက်သုံးရေ ဖူလုံစွာရရှိ နိုင်ရေးတို့ကို အစိုးရအနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ချင်းပြည်နယ်ကို ရောက်ရှိလာစဉ်တွင် ပြောဆိုခဲ့သည်။ ယခုလ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဟားခါးမြို့ပြည်နယ်အစိုးရရုံးတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြိုဖများနှင့်တွေ့ဆုံစဉ်တွင် ယခုကဲ့သို့ပြောဆို လိုက်ခြင်းဖြစ်သည်ဟုတွေ့ဆုံပွဲ တွင် တက်ရောက်ခဲ့သော ဟားခါးမြို့မိမြို့ဖ ဦးရွှေထီးအိုးကပြောသည်။ “ ကျနော်တို့ အတောင့်တဆုံးဖြစ်တဲ့ လျှပ်စစ်မီးရရှိရေးကိုလည်း ဆောင်ရွက်ပေးမယ်လို့ပြောပါတယ် ခင်ဗျား၊ ရေရရှိ ရေးလည်းဆောင်ရွက်ပေးမယ်လို့ပြောပါတယ်ခင်ဗျား၊ နောက်ပြီးချင်းပြည်နယ်မှာအလိုအပ်ဆုံးဖြစ်တဲ့ ကားလမ်းလည်း ကောင်းအောင်လုပ်ပေးမယ်လို့ပြောပါတယ်ခင်ဗျား’’ ဟု သူကပြောသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် အစိုးရအရာရှိအချို့တို့သည် ယခုလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှတဆင့် ရဟတ်ယဉ်ဖြင့် ချင်းပြည်နယ် တီးတိန်မြို့ ၊ ဖလမ်းမြို့ နှင့် ပြည်နယ်မြို့တော်ဟားခါးမြို့သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီ ၁၇ ရက်နေ့နံနက်ပိုင်း ၁၀ နာရီကနေ ၁ နာရီအထိ ပြည်နယ်တာဝန်ရှိသူများ၊ မြို့မိမြို့ဖ များ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယင်းတွေ့ဆုံပွဲတွင် ဟားခါးဒေသခံများမှ သမ္မတထံ တင်ပြရန် ဆုံးဖြတ်ထားကြသော အချက် ၃ ချက်ကို အချိန် မလောက်ငှမှုကြောင့် တင်ပြဆွေးနွေးခွင့်မရခဲ့ကြောင်း ဦးရွှေထီးအိုးကပြောသည်။ သို့သော်လည်း ယင်းအချက် ၃ ချက်အား အသေးစိတ်တွက်ချက်ရေးသားထားသော စာရွက်စာတန်းကိုမူ နိုင်ငံတော် သမ္မတထံ ပေးပို့နိုင်ခဲ့သည်ဟု ၎င်းကပြောသည်။ ထို့အပြင် နိုင်ငံတော်သမ္မတက တီးတိန်လူထုမှ…
ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က ချင်းပြည်နယ်သို့ ပထမဆုံးခရီးစဉ် အဖြစ် ရောက် ရှိလာသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော် သမ္မတ ဦးသိန်းစိန် နှင့် နိုင်ငံတော်ခေါင်းဆောင်များ စီးလာသည့် ရဟတ်ယာဉ် စက်ချွတ် ယွင်းသွားသည်။ အဆိုပါ ရဟတ်ယာဉ်သည် ၁၆ ရက်နေ့တွင် ဟားခါးမြို့ ဂေါက်ကွင်းတွင် ဆင်းသက်ပြီးမှ စက်ချွတ်ယွင်း ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြား သား စက်ပြင်တွေက ယနေ့ထိ ပြင်နေကြောင်း သိရသည်။ “ ယနေ့ထိ သမ္မတ ရဲ့ အဖြူရောင် ရဟတ်ယာဉ် ကို နိုင်ငံခြား သားတွေက ပြင်နေကြတယ်၊ စက်ချွတ်ယွင်းမှု အသေးစိပ်ကို တော့ မသိရပါ” ဟု မြို့မိမြို့ဖ တဦးက ပြောသည်။
ချင်းအမျိုးသားတပ်ဦးက ဖေဖေါ်ဝါရီလ ဒုတိယ ပတ်ကတည်းက စပြီး ၄င်းတို့၏ ၀ိတိုရိယ ဌာနချုပ် နယ်မြေအတွင်း ကား လမ်းတိုးချဲ့နေ သည်ဟု ကြားသိရသည်။ ၄င်းတို့ ဌာနချုပ်ထားရှိရာ ချင်းပြည်နယ် ထန်တလန် မြို့နယ် တလန်လိုရွာ နှင့် ထန်တလန် မြို့အကြား ပြည်သူလူထု၏ ကိုယ်ထူကိုယ်ထ ကားလမ်းကို တိုး ချဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဖေဖေါ်ဝါရီလအတွင်း ဟားခါးမြို့သစ်ရပ်ကွက် ရဲကင်းတွင် တာဝန်ကျပြည်သူ့ရဲတွေက ထင်းမီး သယ်ယူသူများထံ ငွေ ကောက် ခံနေကြောင်း သိရသည်။ ထင်းမီးခုတ်လုပ်သယ်ဆောင်ခွင့် လိုင်စင်ရှိသူများသည် သက်ဆိုင်ရာ သစ်တောဦးစီးဌာနသို့ ထင်းမီး ကားတစီးစာ အ တွက် ကျပ်ငွေ ၂၅၀၀ အခွန်ဆောင်ပြီးဖြစ်သော်လည်း ပြည်သူ့ရဲတွေက ကားတစီးစာအတွက် ကျပ်ငွေ ၅၀၀၀ ထပ်မံ ကောက်ယူနေခြင်း ဖြစ်သည်။ “ ကျတော်တို့က ထင်းမီးကိုပဲ အားကိုးနေရတာ၊ အခုလို သက်ဆိုင်ရာက ကောက်ခံနေတော့ ကားခနဲ့ဆို အင်မတန် နာသွားတာပေါ့ ” ဟု ဒေသခံတဦးက ပြောသည်။ ရဲကင်းတာဝန်ကျများသည် ယခုကဲ့သို့ အခွန်ကောက်ခံရာတွင် တဦးနှင့် တဦးကောက်ခံမှုနှုန်းမတူကြကြောင်းလည်း ပြော ကြသည်။ ချင်းပြည်သူများသည် ထမင်းချက်ရာတွင် အဓိက ထင်းမီးကို အသုံးပြုကြသဖြင့် ဒေသအတွင်း သစ်တောပြုန်းတီးမှုလည်း များပြားနေသည်။ထို့အပြင် ဟားခါးမြို့ရှိ ပြည်သူ့ရဲများသည် အိန္ဒိယ – မြန်မာနယ်စပ်မှ တင်သွင်းလာသည့် ကုန်စည်များအပေါ် အခွန်များ ပရမ်းပတာကောက်ခံနေကြောင်းလည်း သိရသည်။ “ ဂိတ်မှာရော၊ လမ်းပေါ်မှာရော ကားကို ရပ်ခိုင်းပြီးကောက်နေကြတယ်” ဟု ကုန်သည်တဦးက ပြောသည်။
