CNF မှ သြဂုတ်လ ၁၃ ရက်နေ့က ခေါ်ယူသည့် ချင်းပြည်နယ် အထက်တန်းကျောင်းတိုင်းတွင် ကွန်ပြူတာနဲ့အင်တာနက် တပ်ဆင်ပေးရေး တင်ဒါ ကို Company သုံးခုမှ လျှောက်ထားကြရာ ကလေးမြို့ Thit Sa Oo Company က ရရှိသည်ဟု သိရသည်။
Author: Editor
ချင်းပြည်နယ်မြို့တော်ဟားခါးအခြေစိုက် ဘာသာရေး၊လူမှုရေးအသင်းအဖွဲ့ခေါင်းဆောင်များနှင့် CNF ခေါင်းဆောင်များ မြို့တော်ဟားခါးတွင် ကိုယ်ထူကိုယ်ထ တက္ကသိုလ် ဖွင့်လှစ်ရေး ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဆွေးနွေးကြသည်ဟု သိရပါသည်။ ဆွေးနွေးပွဲကို Shalom Foundation Office တွင် ပြုလုပ်ကြပြီး လူထုခေါင်းဆောင် ၄၀ ဦး နှင့် CNF မှ Pu Khua Uk Lian (အထွေထွေအတွင်းရေးမှူး ချုပ် – ၃ )၊ Pu Lalramlawma ( အဓိပတိကောင်စီဝင်)၊ Pu HC Ralhnin ( အဓိပတိ ကောင်စီ ၀င်)၊ Pu Solomon ( ဗဟိုအလုပ် အမှု ဆောင် ကော်မီတီဝင်) တို့ ပါဝင်ကြကြောင်း ဒေသထုတ် သတင်း စာမှာ ဖော်ပြ ထားသည်။ ပထမဦးဆုံး တက္ကသိုလ်ဖွင့်လှစ်ရေးကော်မီတီ ဒုတိယ ဥက္ကဌ Dr. Hla Aung က ချင်းပြည်နယ်မှာ တက္ကသိုလ်ထားရှိပေး ရေးကိစ္စမှာ သက်ဆိုင်ရာက ချင်းပြည်နယ်ထဲမှာ မပါတဲ့ ကလေးမြို့နဲ့ ပခုက္ကူ တက္ကသိုလ်ကို ပြောပြောနေကြတယ်၊ ဒီ တော့ ချင်းပြည်နယ်ထဲမှာ တက္ကသိုလ်ဖွင့်လှစ်ဖို့ဆိုတာ အစိုးရမှာ အစီအစဉ်မရှိဘူးလို့ ပြောရမှာပဲ၊ ဒါနဲ့ ပြည် တွင်း ပြည် ပရှိ ချင်းတွေ အကြံပေးချက်တွေနဲ့ ရည်ရွယ်ချက်သုံးခုထားရှိပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်ရတာပါ။
ခိုနူမ်းထုန်သတင်းဌာန ၏ ၂၊ ၈၊ ၂၀၁၃ ရက်နေ ထုတ် “ဆင်းရဲမွဲတေမှုပပျောက်ရေး ထောက်ပံ့ငွေနဲ့  ကျွန်းသစ်လဲလှယ်” ခေါင်း စဉ်ပါ သတင်းအပေါ် ပြန်လည်ရှင်းလင်းခြင်း ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် လဲပုံအုပ်စု ရဲချောင်းကျေးရွာ ပတ်ဝန်းကျင်ရှိ ကျွန်းသစ်တွေကို မနောဖြူရှင်အေကေ ကုပ္မဏီက ယခုနှစ်ဦးပိုင်းမှစပြီး အာဏာပိုင်တွေ ခွင့်ပြုချက်ဖြင့် ခုတ်လှဲထုတ်ယူနေရသည့် အပေါ် ဒေသခံတွေက အကျိုးအမြတ်ခံစားရန် တင်ပြခဲ့ကြသော်လည်း နိုင်ငံတော်အစိုးရက ဒေသခံတွေ ဆင်းရဲမွဲတေမှုအတွက် ကျပ်ငွေသိန်း ပေါင်းတစ်ထောင် ပေးထားပြီးဖြစ်သဖြင့် ခံစားခွင့်မရှိကြောင်း ကုပ္မဏီက တုံ့ပြန်ပြောဆိုသည်ဟု ဒေသခံ တဦးက ပြောဆိုကြောင်း၊ အဆိုပါ ကုပ္မဏီသည် ကန်ပက်လက်မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကို နဲ့ နီးစပ်သူတွေဖြစ်သောကြောင့် ပြည်နယ်အစိုးရက အရေးယူမှုမပြုလုပ်ရဲ တာနေမှာပါ ဟု ဆက်လက် ပြောဆို ကြောင်း မိမိတို့ ခိုနုမ်းသုန်သတင်းဌာနက “ ဆင်းရဲမွဲတေမှုပပျောက်ရေး ထောက်ပံ့ငွေနဲ့  ကျွန်းသစ်လဲ လှယ်” ခေါင်း စဉ်ဖြင့် ၂၊ ၈၊ ၂၀၁၃ ရက်နေ့တွင် ဖော်ပြရေး သားထား သည်။ ယင်းသတင်းဖော်ပြချက်နှင့် သူရဦးအောင်ကို က မိမိသည် ချင်းပြည်နယ်ဒေသ၏ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ် သည့်နှင့်အညီ ပြည်နယ်၊ ဒေသ ၏အကျိုးများကို ပျက်စီးရာပျက်စီးကြောင်း ယခုလည်းလုပ်မည်မဟုတ်၊ နောင်လည်းလုပ် မည် မဟုတ်ပါကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွါးဘက်ကသာ ထာဝရရပ်တည်နေသည့် အတွက် မလိုလားသူများ (အချို့)က…
လက်ရှိ အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်မှာ နတလ စာသင်ကျောင်းတွေကို နယ်စပ်ဒေသ အချို့ ကျေးရွာများအထိ သိန်းပေါင်း(၅၀၀-၆၀၀)စသဖြင့် အကုန်ကျခံပြီး ဆောက်လုပ်ပေးနေတဲ့အပေါ် ၀မ်းသာစရာ ဖြစ်နေ ပေမဲ့ ရှိပြီးတဲ့ မူ၊ လယ်၊ အထက်တန်းကျောင်းများကို ဂရုမပြုလစ် လျူရှူနေပါတယ်၊ နောက်တချက်က ကျတော်တို့ ကာရမိတ်ကျေးရွာအထက် ကုန်ပြင်ကျေးရွာမှာ အစိုးရမှ သိန်းပေါင်း (၆၃၀)အ ကုန်အကျခံပြီး နတလ ကျောင်းကို ဆောက်ပေးနေပါတယ်၊ ကုန်ပြင်ကျေးရွာဟာ အိမ်ခြေ(၅၀) ကျော်ခန့်သာ ရှိပြီး ကျောင်းသား / သူ (၅၀)ခန့်ရှိသည်။ အိန္ဒိယ-မြန်မာ နယ်စပ် ပလက်ဝမြို့နယ်အတွင်း အိမ်ခြေ(၁၂၀)ခန့်ရှိတဲ့ ကာရမိတ် ကျေးရွာဟာ ကုလားတန်မြစ် ကြောင်း ပေါ်မှာရှိပြီး၊ နယ်စပ်မှရေကြောင်းခရီးဖြင့် (၁)နာရီခန့်ကြာ မောင်းရပြီး ရှင်းလက်ဝ အထက် တန်းကျောင်း နှင့် စက်လှေဖြင့် (၃၀)မိနစ်ခရီးသာဝေးပါတယ်၊ ဒေသခံတွေဟာ တောင်ယာနှင့်နှမ်းခင်းဖြင့် အသက်မွေးဝမ်း ကျောင်းပြုကြတာပါ၊ ကာရမိတ်ကျေးရွာမှာ အစိုးရ ပညာမူလတန်းကျောင်းဖွင့်တာ ကြာပါပြီ၊ ခုဆိုရင် အိမ်ခြေလည်းအရင်ကထက် တိုးလာသလို၊ ကျောင်းသား/သူဦးရေလည်း သူငယ်တန်းမှစတုတ္ထတန်းအထိ (၁၄၀)ကျော်ရှိပါတယ်။ ကျနော်တို့ရွာက အလယ်တန်းကျောင်းသား/သူ (၅၀)ဦးဟာ အနီးဆုံး ရှင်းလက်ဝ အထက ကျောင်းမှာ တက်ရပါတယ်၊ (၅)တန်း အရွယ်က ငယ်ငယ်ဘဲရှိကြပါသေးတယ်။ သူတို့အရွယ်က မိမိဖာသာမိမိ ချက်စား တတ်တဲ့အရွယ် မဟုတ် သေး ဘူး ပေါ့၊ ယခင်နှစ်တွေက ကျောင်းဆရာတဦးနဲ့ အထွေထွေဝန်ထမ်းတဦးပဲ တာဝန်ကျပါတယ်။ စာသင်ချိန် တနှစ်လုံးပေါ့နော်၊ ဆရာတဦးက စာသင်ခန်း(၅)ခန်းကို ဘယ်လိုစာပြမယ်ဆိုတာ မလွယ်တဲ့အရာပါ၊…
တရုတ်ပိုင် North Mining Investment Company (NMIC) မှ တူးဖော်မည့် ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ မြွေတောင်၊ ဖားတောင် သံ၊ သတ္တုတူးဖော်ရေးစီမံကိန်းကို ချင်းနိုင်ငံရေးပါတီ ၄ ခုက လာမည့် စက်တင်ဘာလဆန်းပိုင်းတွင် သွားရောက်လေ့ လာကြ မည်ဟုသိရသည်။
ယခုတလော စစ်ကိုင်းတိုင်း ကလေး – ကဘော်ဒေသအတွင်း မိုးသည်းထန်မှုကြောင့် ကလေး – ဂန့်ဂေါ ကြားကား လမ်း ပျက်စီးမှုများနေသဖြင့် တမူး၊ ကလေး၊ မုံရွာ၊ နေပြည်တော်၊ ရန်ကုန် နှင့် မော်လမြိုင် ပြေးဆွဲနေသည့် ကလေးမြို့ရှိ ပုံမှန်ပြေးဆွဲနေသည့် ရာဇာမင်းကားဂိတ် ယာယီပိတ်ထားရသည်ဟု သိရသည်။
မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့တွင် ၁၇၊၈၊၂၀၁၃ နေ့က ကျင်းပပြုလုပ်သည့် ကမ္ဘာ့လူငယ် များနေ့ အပြေးပြိုင်ပွဲ အမျိုးသမီး အပြေးပြိုင်ပွဲတွင် ချင်းပြည်နယ် ပလက်ဝဒေသက မိုင် Awi Ami က ပထမဆု ရရှိကြောင်း သတင်းရရှိသည်။
UNFC နဲ့ အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ (UPWC) တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒေါ် အောင်ဆန်းစုကြည် ပါဝင်တက်ရောက်စေလိုကြောင်း UNFC က UPWC ထံ ယခုလ သြဂုတ် ၁၈ ရက်နေ့က အကြောင်း ကြားထားသည်ဟု သိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ကျနေသော နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် ဒေါက်တာ ကျော်ထက်ဝင်း၏ ဆေးဝါးကုသမှု၊ ဆက်ဆံရေးပြေပြစ်မှုအပေါ် ဒေသခံပြည်သူ၊ ဝေဒနာရှင်များ နှစ်ထောင်း အားရဖြစ်နေသည်ဟု သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား ချင်းပြည်နယ်ကို ရောက်ရှိလာခြင်းသည် ပြသာနာရှာဖို့ လာရောက်ခြင်းသာဖြစ်သည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်က ယနေ့ ပြောသည်။
