Author: Editor

ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ကိုယ်ထူကိုယ်ထ တက္ကသိုလ် တရားဝင် ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတ ထံ ပြီးခဲ့သည့် သြဂုတ်လ က  တရားဝင် တင်ပြလျှောက်ထားလိုက်ပြီဟု သိရသည်။ ၂၀၁၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ဟားခါးမြို့မိမြို့ဖ ကော်မီတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဟားခါးတက္ကသိုလ် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ Pu SiangMang, ဒုတိယ ဥက္ကဌ Dr. Hla Aung နှင့် အတွင်းရေးမှူး Pu SuiThio တို့၏ နာမည်ဖြင့် လျှောက်ထားကြခြင်းဖြစ်သည်။

Read More

တရုတ်ပိုင် North Mining Investment Company (NMIC) မှ တူးဖော်မည့် ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ မြွေတောင်၊ ဖားတောင် စီမံကိန်းအား အလျင်စလို အကောင်အထည် မဖော်စေလိုသေးကြောင်း ချင်းနိုင်ငံရေး ၄ ပါတီ က ထုတ်ဖော်ပြောဆိုလိုက်သည်။ လက်ရှိမြန်မာနိုင်ငံတွင် သယံဇာတ အကျိုးအမြတ်ခွဲဝေးရေးနှင့်ပတ်သက်၍ ဥပဒေတရပ်ထွက်ပေါ်လာရေး အခြေအ နေဖြစ်နေခြင်း၊ သဘာဝ ထိန်းသိမ်းရေးဥပဒေ ရှိပြီးသော်လည်း နည်းပဒေပြဌာန်းနိုင်မှုမရှိသေးခြင်း၊ တရားဥပ ဒေ စိုးမိုးမှု အားနည်းနေသေးခြင်း၊ စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံများမှ လုံလောက်သော နားလည်

Read More

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံကိုတင်ပို့မည့် Pseudoephedrine ဆေးပြားကို စက်တင်ဘာလ ပထမပတ်အတွင်း ဖမ်းဆီးရမိသော တန်ဖိုးမှာ ရူပီး သိန်း ၂၀၀ ကျော်ပြီးဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ (၁၁) ရက်နေ့ညနေ ၄း၃၀ က မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Khankawn ကျေးရွာတွင် မြန်မာနိုင်ငံကို တင်ပို့မယ့် ဆေးပြား ၅၁၃၇၀၀ လုံး တန်ဖိုးအားဖြင့် (ရှုပီး သိန်း ၄၆၂၃၃၀၀) ကို ကျန်ဖိုင်းရဲများက ဖမ်းဆီးခဲ့သည်။

Read More

ချင်းပြည်နယ် မြို့တော် ဟားခါး ပြည်သူ့ဆေးရုံအုပ်ကြီးက နေ့စားလုပ်အားပေး ၅ ဦးထံမှ တရားဝင်ဝန် ထမ်းရရှိ ရေးအတွက် တောင်းထားသည့် ငွေကို ယခုလ ၁၀ ရက်နေ့က ပြန်လည်ပေးအပ်လိုက်သည်ဟု သိရသည်။ ပြည်သူ့ဆေးရုံ အုပ်ကြီးသည် ပြီးခဲ့တဲ့ နှစ်လ ကျော်ကတည်းက တရားဝင် ၀န်ထမ်းအလုပ်ရရှိရေးအတွက်ဆုပြီး နေ့စားလုပ်သား ငါးဦးထံ တဦး ကျပ်ငွေ ၂ သိန်းငါးသောင်းစီ တောင်းယူခဲ့ဖြစ်သည်ဟု သိရသည်။

Read More

ပြီးခဲ့တဲ့  ၂၀၁၃ ခုနှစ် သြဂုတ်လ (၉)ရက်နေ့က ချင်းပြည်နယ်ထန်တလန်မြို့ အစိုးရ အထက်တန်းကျောင်း ဆရာ မကြီး Mai Mai Htay Htay ကို ၀န်ထမ်းအဖြစ်မှ ရပ်စဲလိုက်သည်။

Read More

ခိုနုမ်းသုမ်ဂျာနယ်၏ ၂၀၁၃ခုနှစ် သြဂုတ်လထုတ် Vol.1,No.4  စာမျက်နှာ(၇)၊ ကော်လံ(၄)ပါ မတူပီဒေသခံတစ်ဦး၏ အယ်ဒီတာချုပ်ထံ ပေးစာနှင့်ပါတ်သက်၍ စာရေးသူကံယာကံရှင်နှင့် စာရှုသူများ အဖြစ်မှန်ကိုသိရှိစေလိုသောကြောင့် ပြန်လည်ဖြေရှင်း/ ရှင်းလင်းအပ်ပါသည်။

Read More

ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြေပြိုမှုဒဏ်ခံခဲ့ရသော ချင်းပြည်နယ် ဖလမ်းမြို့နယ် ဇာလိုင်ကျေးရွာရှိ မိသားစုများ များ ဆက်လက်နေထိုင်ရန် စိုးရိမ်ရသည့်အတွက် ပြည်နယ်အစိုးရက ရွာလုံးကျွတ်ပြောင်းရွှေ့ပေးမည်ဟု သိရသည်။

Read More

 ဒေါက်တာ တီပန်လိုင်း   ( ပခုက္ကူ တက္ကသိုလ်) – ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် ကိုယ်ထူကိုယ်ထ ဒီဂရီကောလိပ်/ တက္ကသိုလ် ထားရှိရေးကော်မီတီကို မြို့မိ/မြို့ဖ (၃၀) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်းကို Volume 1. No.4 ထုတ် Khonumthung ဂျာနယ်တွင် ဖတ်ခဲ့ရလို့ ၀မ်း မြောက်ဝမ်းသာကြိုဆိုပါတယ်။ အကြောင်းမှာ ချင်းပြည်နယ်အစိုးရ တာဝန်ရှိသူများသည် ချင်းပြည်နယ်တွင် ဒီဂရီကော လိပ်/ တက္ကသိုလ်ထားရှိပေးရေး တောင်းဆိုခဲ့ကြသော်လည်း နေရာဒေသ ရွေးချယ်မှုနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲ

Read More

တောခွေး တကောင်သတ်လျှင် ကျပ်ငွေ တသောင်းနှုန်း ဆုချရန် ယခုလက စပြီး ချင်းပြည်နယ် ၀န်ကြီးချုပ်က ပြည်သူ လူထုထံ အသိပေးထားသည်ဟု သိရသည်။ ယခုတလော ချင်းပြည်နယ်အတွင်း တောခွေးများသည် အိမ်မွေး တိရိစ္ဆာန်တွေ ကိုက်သတ်မှု များနေသဖြင့် အာဏာပိုင် တွေဖက်က ပြည်သူ့ စည်းစိမ် ကာကွယ်လိုသည့် ဆန္ဒကြောင့် ဖြစ်ကြောင်း တောခွေး သေစေနိုင်တဲ့ ဆေးတွေကို သက် ဆိုင်ရာ တိရိစ္ဆာန်မွေးမြူရေး ကုသရေးဌာနမှာ အခမဲ့ထုတ်ယူနိုင်ကြောင်းလည်း ဒေသခံတွေက ပြောကြသည်။ ” တောခွေးတွေဟာ အကောင် ၁၅ မှ ၂၀ အထိ အုပ်လိုက်ဖွဲ့ပြီး တနေရာကနေ တနေရာကို ရွှေ့ပြောင်းပြီးတော့ အိမ်မွေး တိရိစ္ဆာန်တွေကို ကိုက်သတ်ကြတယ်၊ ပြောင်းရွှေ့ရာ ဒေသက အိမ်မွေးတိရိစ္ဆာန်တွေ မျိုးပြုတ်သလောက်ပဲ” ဟု မုဆိုးတဦးက ဆိုသည်။ တောခွေး သတ်ဖြတ်သူသည် တောခွေးမြီးကို ဖြတ်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာနှင့် အတူ တင်ပြပြီး ဆုငွေတွေကို ထုတ်ယူရမှာဖြစ်ကြောင်း ချင်းပြည်သူများသည် အဓိကအားဖြင့် နွားနောက်၊ ကျွဲ၊ နွား၊ မြင်း၊ ဆိတ်များ၊ ၀က်များကို မိသားစု တပိုင်တနိုင် အဖြစ် မွေးမြူကြသည်။ ထို့အပြင် မြေခွေးများသည်လည်း ရွာအနီး ပတ်ဝန်းကျင်ရှိ သစ်ခေါင်း၊ ကျောက်ဂူများတွင် ခိုအောင်းပြီး အိမ်မွေး ခွေး၊ ၀က်ပေါက်စ နှင့် ကြက်တွေကို…

Read More

အရက်သေစာ ရောင်းဝယ်မှု နဲ့ပါတ်သက်ပြီး ကျတော်တို့ ထန်တလန်မြို့ပေါ်က တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်မှုတွေကို တင်ပြ ချင်တာပါ၊ အရက်သေစာ ပပျောက်ရေးအတွက် နေ့မအား ညမအား ဆောင်ရွက်နေတဲ့ TCF ခေါ် Thantlang Churches Fellowship ,  အစိုးရ တာဝန်ရှိ၊ အာဏာပိုင်တွေက အရက် ကို စစ်ဆေးနေပါတယ်၊ –       ယခု စက်တင်ဘာလ ၄ ရက်နေ့က  TCF နဲ့ တာဝန်ရှိ ပြည်သူ့ရဲ တွေဟာ ဟားခါး – ထန်တလန်မြို့အ၀င် မှာ တာဝန် အရ ခရီးသွားတွေကို  စစ်ဆေးခဲ့ကြရာမှာ ထန်တလန် နတလ ဒုတိယ ကျောင်းအုပ် ဦး မောင်မောင်ထွန်း ထံမှ မန္တလေး ရမ် အလုံး ၇၀ ကို၎င်း၊ Pu Thla Uk ထံမှ ဘီယာ နှစ်လုံးကိုလည်းကောင်း သိမ်းဆည်းခဲ့ကြပါတယ်၊ သူတို့ကို သက်ဆိုင်ရာသို့ ဥပဒေအရ အရေးယူဆောင်ရွက်ပေးရေး တင်ပြခဲ့ကြရာ မြို့နယ်ရဲမှူးက ဗမာ လူမျိုးကို ယစ်မျိုး ဥပဒေ အရ ၄င်း၊ ချင်းလူမျိုးကို ချင်းအက် ဥပဒေအရ အရေးယူမှာဖြစ်ပြီး လူမျိုး ဘာသာ ခွဲခြားသည့် ပွင့်လင်းမြင်သာမှု မရှိသော အရေးယူမှုဖြစ်ပါက  ဆန္ဒပြဖို့ ပြင်ဆင်ထားပါတယ်၊ –       စက်တင်ဘာလ ၅ ရက်နေ့မှာ မြို့နယ် ပြည်သူ့ရဲစခန်းပရ၀ဏ်မှာ ဒု ရဲ အုပ် San Tun Aung ဆိုသူ အိုဘီ အရက် ရောင်းနေတယ်လို့ ကြားရပါတယ်၊ TCF အဖွဲ့ဟာ…

Read More