May 9, 2012 by khonumthungburmese ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ နှင့် ပြည်ထောင်စုအဆင့်အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ တို့ သည် ယမန်နေ့က ချင်းပြည်နယ် ဟားခါးမြို့တွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့ကြပြီး အချက် ပေါင်း ၁၅ ချက်ကို သဘောတူညီ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဟားခါးမြို့ ပြည်ထောင်စုရိပ်သာ၌ မေလ ၇ ရက်နေ့ နံနက်ပိုင်း ၉ နာရီ မှ ညနေပိုင်း ၄ နာရီအထိ ကျင်းပပြုလုပ်သော ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် တဖက် နှင့် တဖက် အပြန် အလှန်နားလည်မှုကြောင့် ခုလို လက်မှတ်ရေး ထိုးနိုင်ရခြင်းဖြစ် သည်ဟု သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ခိုနူမ်းထုန်ကိုပြောသည်။
Author: Editor
May 3, 2012 by khonumthungburmese ချင်းပြည်နယ်အစိုးရ နှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် အရ ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့ ဆက်ဆံရေးရုံးထားရှိမည့် ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့ ဘုံတလာ ခန်းမဆောင် တွင် ပထမ ဦးဆုံးအကြိမ် Public Consultation (လူထု နှင့် တွေ့ဆုံဆွေးနွေးခြင်း) ကို ယနေ့ မေလ ၃ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်သည်။
May 3, 2012 by khonumthungburmese ၂ မေလ ၂၀၁၂၊ ဧပြီလ ၃၀ ရက်နေ့ ည ၁၀ နာရီတွင် ချင်းပြည်နယ် မြို့တော် ဟားခါးသို့ ရောက်ရှိသော စီအဲန်အက်ဖ် ငြိမ်းချမ်း ရေး အဖွဲ့ သည် ပြည်ထောင်စု အဆင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မတိုင်ခင် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့သို့ သွား ရောက် ကြ မည်ဟု သိရသည်။
May 3, 2012 by khonumthungburmese ၃၀ ဧပြီလ ၂၀၁၂၊ မေ ၈- ၉ ရက်အကြား ဒုတိယအကြိမ်မြောက် စီအဲန်အက်ဖ်နဲ့ ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေးဆွေးနွေး ပွဲတွင် ပြည်ပ မှ လေ့လာသူများ တက်ရောက်မည်ဟု ကြားသိရသည်။စီအဲန်အက်ဖ်ဖက်မှ Norwegian Peace Initiative Consultant Asley South , CHRO Executive Director Salai Bawi Lian Mang, နဲ့ Euro Burma မှ ဦး ဟန်ယောင်ဟွေ တို့အား တက်ရောက်ခွင့်ပြုရေး တင်ပြချက်ကို ပြည်ထောင်စု အစိုးရမှ သဘောတူလက်ခံလိုက်ခြင်းဖြစ်သည်။ သို့သော် ဦးဟန်ယောင်ဟွေ့သည် ၄င်း၏ ကျန်းမာရေးအခြေအ နေကြောင့် တက်ရောက်နိုင်မည်မဟုတ်ပါ၊
May 3, 2012 by khonumthungburmese ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ အဓိပတိကောင်စီအလှည့်ကျ ဥက္ကဌ ဒေါက်တာ ဇလှေထန်းဟာ ချင်းပြည်နယ် ဖလမ်းမြို့ နယ် TlangHmun ကျေးရွာက အဖ U Hrang Sin နှင့် အမိ Pi Khaw Lian Cuai တို့ရဲ့သားဖြစ်ပါ တယ်။ မွေးချင်း အမ တယောက်ရှိပါတယ်။
May 3, 2012 by khonumthungburmese ဇန္န၀ါရီလ ၆ ရက်နေ့ က ပြည်ထောင်စု အဆင့် ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ သက်သေပြုသည့် စီအဲန်အက်ဖ် နှင့် ချင်းပြည်နယ်အစိုးရတို့အကြား (၉)ချက်ပါ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက် အား ဆက်လက်အကောင် အထည် ဖော်ရန် စီအဲန်အက်ဖ်နှင့် ပြည်ထောင်စုအဆင့်အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ တို့ ပြန်လည်ဆွေးနွေး ကြမည်ဟု သိရသည်။
May 3, 2012 by khonumthungburmese ၂၄ ဧပြီလ ၂၀၁၂၊ ချင်းပြည်နယ်တွင် ဗုဒ္ဓ၊ ခရစ်ယာန် နှင့် နတ် ကိုးကွယ်တဲ့ ဘာသာ ၃မျိုးရှိသည့်အနက် ဗုဒ္ဓဘာသာ မဟုတ်သော အခြား ဘာသာများအား နိုင်ငံတော်အစိုးရကခွဲခြားဆက်ဆံမှုများရှိနေသည်ဟု ချင်းအမျိုး သားပါတီ CNP က ပြောဆိုလိုက်သည်။ ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် စေတီပုထိုးများတည်ဆောက်ရန် အစိုးရကပြင်ဆင်နေချိန်တွင် ချင်းပြည်နယ်အတွင်းရှိ ခရစ်ယာန်လက်ဝါးကားတိုင်းများကိုမူ ဖြိုဖျက်ခံနေရသည့်အပြင် သက်ဆိုင်ရာ အစိုးရလည်း အရေးယူဆောင်ရွက်ပေးခြင်း မျိုးမရှိကြောင်းချင်းအမျိုးသားပါတီ CNP အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းကပြောသည်။
May 3, 2012 by khonumthungburmese ၁၂ ဧပြီလ ၂၀၁၂၊ လက်ရှိ ချင်းပြည်နယ် ထန်တလန်မြို့နယ် လျှပ်စစ်မှူးသည် အလွဲသုံးစား လုပ်ထားသည့် မီတာ ဘောက်ကြေး ယနေ့အထိ အကြွေး မကျေနိုင်သေးကြောင်း သိရသည်။ လျှပ်စစ်မှူး ဦး ရွှေကုန်းသည် ၁၉၉၉ ခုနှစ် မှ ၂၀၀၆ ခုနှစ်အထိ ထန်တလန်မြို့တွင် တာဝန်ကျစဉ် အစိုးရမှ ခွဲတမ်း ချပေး သော လျှပ်စစ်မီတာဘောက်များကို ကိုယ်ကျိုးအတွက် ရောင်းစားပြီး အကြွေး တင်လွန်းသောကြောင့် အခြားနေရာသို့ ပြောင်းရွှေ့ ခံခဲ့ရသည်။
May 3, 2012 by khonumthungburmese ၁၀ ဧပြီလ ၂၀၁၂၊နှစ်ရှည်လများ နိုင်ငံရေးလှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေသည့် ချင်းပြည်နယ် NLD က နိုင်ငံရေး လှုပ်ရှားမှု များ ပြန်လည်ပြု လုပ်လာနိုင်ရန် ချင်းပြည်နယ် ၈ မြို့နယ်တွင် ၎င်းတို့၏ ပါတီရုံးများကို ပြန်လည်ဖွင့် လှစ်လိုက်ပြီဖြစ်သည်။ ယခုနှစ် မတ်လဆန်းပိုင်းကစပြီး ယခုချိန်ထိ ပလက်ဝမြို့နယ်မှအပ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ ဟားခါး ၊ မတူပီ နှင့် ရိခေါ်ဒါရ်းမြို့နယ်ခွဲတို့ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးများကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ချင်းပြည်နယ် NLD ဥက္ကဌ ဦးဗန်လျံ ကပြောသည်။
May 3, 2012 by khonumthungburmese ၉ ဧပြီလ ၂၀၁၂၊ Arakan Liberation Party ( ALP) နှင့် ရခိုင်ပြည်နယ်အစိုးရအကြား ငြိမ်းချမ်းရေး သဘောတူညီ ချက် အရ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့တွင် ALP မှ ဆက်ဆံရေးရုံး ဖွင့်လှစ်ရေးကိုဒေသခံခူမီး ချင်းများနှင့် ချင်းခေါင်းဆောင်များ ကန့် ကွက်ကြသည်။
