(006SV) စစ်အာဏာရှင်ကို တော်လှန်နေစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသည့် အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးမည့် “ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ” ကို စတင်ပြင်ဆင်ရေးဆွဲနေပြီး လက်ရှိမှာပင် ကျင့်သုံးသွားမည်ဟု တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့က ကြေညာသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့ မှာ တိုင်းရင်းသာားတော်လှန်ရေး အင်အားစု ၉ ဖွဲ့က အချိန်ကိုက် ထုတ်ပြန် ကြေညာလာခြင်းဖြစ်သည်။ အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးမည့် “ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ (AFTA)” ကို စတင်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ စစ်အာဏာရှင်ကို ခုခံတော်လှန်ခြင်း၊ သက်ဆိုင်ရာ ပြည်နယ်များတွင် စတင်အကောင်အထည် ဖော်ခြင်းကို တပြိုက်နက်အတူ ပြုလုပ်သွားမည်ဟု ယင်းထုတ်ပြန်၏ ပြောရေးဆိုခွင့်ရှိသူ နန်းမို့မို့က ပြောသည်။ “စစ်အာဏာရှင်ကို ပုံစံအမျိုးမျိုးနဲ့ တိုက်နေရတယ်။ တဖက်မှာ စစ်အာဏာရှင်ကို တိုက်နေတဲ့အချိန်မှာပဲ ကျမတို့ ပန်းတိုင်က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဖော်ဆောင်ဖို့ဖြစ်တဲ့အတွက် တိုက်ရင်းနဲ့ ဖက်ဒရယ်ကို စတင်အကောင်အထည်ဖော် ကျင့်သုံးသွားဖို့ ၊ဒီ AFTA ကို ဒီကာလမှာ ဖက်ဒရယ်ယူနစ်တွေအနေနဲ့က အုပ်ချုပ်မှုကို ဘယ်လိုပုံစံနဲ့ သွားကြမယ်။ တရားရေးကို ဘယ်လိုပုံစံနဲ့ သွားကြမယ်။ ဥပဒေရေးကို ဘယ်လို သွားကြမယ်။ ဒီအာဏာခွဲဝေတာတွေကို ဘယ်လိုပုံစံနဲ့ သွားကြမယ်ဆိုတာ တွေကို အဓိကက လမ်းညွှန်ပေးနိုင်ဖို့ ဒီ AFTA ကို ရေးဆွဲရတာဖြစ်တယ်။ အခု ကျင့်သုံးဖို့ ဖြစ်တယ်။ ကြားကာလမှာ ကျင့်သုံးဖို့ ဖြစ်တယ်။…
Author: Editor
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ကလေး-ဂန့်ဂေါကားလမ်းမ ကဗ္ဗနီမြစ်ကူးတံတားတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်နေသည်ဟု သိရသည်။ ကဗ္ဗနီမြစ်ကူးတံတားတွင် တပ်စွဲထာသော စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၁ ရက်ညကစ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး ယနေ့အထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေ သည်ဟု သိရသည်။ ကလေးမြို့နယ် တောင်ပိုင်းဒေသခံတဦးက”တိုက်ပွဲဖြစ်နေပါတယ်၊ ဒီမနက်က Y-12 နဲ့ကြဲသွားတယ် အခု တိုက် လေယာဉ်နဲ့လည်း ကြဲနေတယ်။ မြေပြင်မှာ တိုက်ပွဲဖြစ်နေတာ မနေ့က ညနေ (၇) နာရီထိုးမှာ တိုက်ပွဲစတာ အခု ချိန်အထိမနားသေးဘူး၊ ဒီနေ့လည်း တနေကုန်လောက်ချမယ်ထင်တယ်”ဟုပြောသည်။ ကဗ္ဗနီမြစ်ကူးတံတားသည် ကလေးမြို့နယ်တောင်ပိုင်း ဆည်တောကျေးရွာအလွန် နန်းကသည်းချောင်း(မဏိပူရမြစ်) အား ဖြတ်ကူးထားသည့် တံတားဖြစ်ပြီး ကလေးမြို့မှ ပြည်မဘက်သွားရာတွင် အဓိကအသုံးပြုသည့် တံတား ဖြစ်သည်။ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကောင်စီက ဇန်နဝါရီလကုန်ပိုင်းကစ၍ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်နေသောကြောင့် ကျေးရွာ ၁၀ ရွာခန့်က ပြည်သူ တစ်သောင်းကျော် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်။
(006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းအနောက်ဘက် ပျဉ်းဝတောင်စစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်တွင် တပ်စွဲထားသော စစ်ကောင်စီစခန်းကို ချင်းကာကွယ်ရေးတပ်က စီးနင်းတိုက်ခိုက်သည်ဟု သိရသည်။ ဖေဖော်ဝါရီလ ၉ ရက် နေ့လည် ၁ နာရီမှာ ဘုရားတောင်က စစ်ကောင်စီစခန်းကုန်းကို ချင်းကာကွယ်ရေးတပ်က အနီးကပ် နေရာယူ၍ တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများက အနည်းငယ်သာ ပြန်လည်ပစ်ခတ်ကာ စခန်းစွန့်ခွာထွက်ပြေး သည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုက ဖေဖော်ဝါရီလ ၁၁ ရက်မှာ ထုတ်ပြန်သည်။ “တိုက်ခိုက်တာက နေ့ဘက်ဆိုတော့ တချို့ရဲဘော်တွေက ဂိတ်တွေမှာ တာဝန်ကျတာလည်း ရှိနိုင်တယ်။ ကျနော်တို့ သွားရောက်တိုက်ခိုက်ချိန်မှာတော့ ရဲဘော်အင်အားက မရှိဘူး။ ကျနော်တို့ ဘက်က လက်နက်သံ ကြားတဲ့ အချိန်မှာပဲ ဒီအင်အားနည်းတာကို မူတည်ပြီးမှ ပြန်လည်တိုက်ခိုက်ဖို့ မကြိုးစားပဲနဲ့ အနီးအနားမှာလည်း သူတို့ရဲ့ တပ်ရင်းဌာနတွေဘက်ကို ပြေးရင် လွတ်နိုင်တယ်လို့ ယူဆတဲ့အတွက် စခန်းစွန့်ခွာပြေးတယ်လို့ ယူဆရပါတယ်” ဟု CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ တိုက်ပွဲတွင် နှစ်ဖက်စလုံးမှ ထိခိုက်သေဆုံးမှု မရှိကြောင်း၊ ခဲယမ်းတချို့နှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ပြီး ဘုရားတောင်စခန်းကုန်ပေါ်ရှိ စစ်ကောင်စီစခန်းကို မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။ ပျဉ်းဝစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သား အားလုံးလည်း ပဒါန်မြို့အနီးက စစ်ကောင်စီစခန်းများဘက်သို့ ထွက်ပြေးသွား ကြသည်ဟု သိရသည်။ တိုက်ပွဲအပြီး ၁ ရက်အကြာတွင် ဘုရားတောင်စခန်းကုန်းအနီးရှိ ဂုတ်ဝနှင့် ရေနွယ်အရှိုချင်းကျေးရွာများမှ အရပ်သားပြည်သူတချို့ ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသော ပြည်သူတချို့နှင့် ပတ်သက်၍…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေ သောကြောင့် ကျေးရွာ (၁၀) ရွာက ပြည်သူထောင်ချီ တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူများကပြောသည်။ “စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ရက်စိပ်စိပ်လုပ်ဆောင်လာတာနဲ့အမျှ ပြည်သူတွေကလည်း ကိုယ့် နေရပ်မှာ မလုံခြုံတော့ဘူးလို့ခံစားကြရတယ်။ အခုချိန်အထိ ဘေးလွတ်ရာကို ရှောင်ပြေးနေကြဆဲပါ။ စစ်ကောင် စီရဲ့ လုပ်ရပ်တွေကနေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတော့ ဘေးကင်းရာကို ရှောင်ကြတာပေါ့။ စစ်ဘေးရှောင်က တော် တော်လေး များတယ်၊ အဲ့တာကြောင့် လူဦးရေဘယ်လောက်လဲဆိုတာ ခန့်မှန်းလို့မရသေးဘူး။ အခု သူတို့က ဘေး ကင်းရာမှာ နေထိုင်နေကြပါတယ်။” ဟု စစ်ဘေးရှောင်အရေး ကူညီပေးသူက ပြောသည်။ ကလေးမြို့နယ်တောင်ပိုင်းတွင် မြေပြင်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီသည် ဇန်နဝါရီလ (၃၁) ရက်နေ့မှစတင်ကာ ဖေဖော်ဝါရီလ (၉) ရက်နေ့အထိ လေကြောင်းဗုံးကြဲခြင်းများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသည့် အပြင် လက်နက်ကြီးများပါ ရမ်းသမ်းပစ်ခတ်လေ့ရှိသောကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ကာ စစ်ဘေးတိမ်းရှောင် နေရခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ (၉) ရက်နေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီသည် ကလေးမြို့နယ်တောင်ပိုင်းအတွင်းရှိ ကျေးရွာ တို့တွင် တိုက်လေယာဉ် (Y-12) ဖြင့် ဗုံး အလုံး (၂၀) ခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးမှုများရှိသည်ဟု သိရသည်။ စစ်ဘေးတိမ်းရှောင်သည့်ကျေးရွာများမှာ လယ်ခြားရွာ၊ ကုက္ကိုလ်ရွာ၊ ရှားတောရွာ၊ တင်သားရွာ၊ ရှားဖိုရွာ၊ ကျောက်ဖိုရွာ၊ ဒိုးနွယ်ရွာ၊ အရှေ့စည်း ရွာ၊ မင်းလှရွာ၊ ကျောက်ဖူးရွာတို့ဖြစ်ကြပြီး လူဦးရေသောင်းကဏန်းထိရှိသည်ဟုသိရသည်။ လက်ရှိတွင် တောတောင်တွေထဲ တဲထိုးနေထိုင်ကြရပြီး အကူအညီတွေလည်း လိုအပ်နေသည်ဟု…
မင်းတပ်မြို့တွင် ပြန်လည်ဝင်ရောက် နေထိုင်လိုသူများကို မနက်ဖြန် ဇန်နဝါရီလ ၁၁ ရက်မှစတင်၍ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံချက် ပြသနိုင်ရန် လိုအပ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ ချင်းပူးပေါင်တပ်များ၏ မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး နှစ်လနီးပါးအကြာတွင် မင်းတပ်မြို့ကို နှစ်ရှည်လများ အိုးအိမ်စွန့်ခွာရသည့် ပြည်သူများကို ပြန်လည်နေရာချထားနိုင်ရေး မင်းတပ်တော်လှန်ရေးအင်အားစုများက ဆောင်ရွက်ခြင်းဖြစ်သည်။ “ပြန်လည်အခြေချ နေထိုင်လိုသူတွေက လာမယ့် ၁၁ ရက်နေ့၊ အင်္ဂါနေ့ကနေ စတင်ပြီး ဝင်ခွင့်ပြုမှာဆိုတော့ အဲနေ့မှ စဝင်လာကြမှာပါ။ အကန့်အသတ်နဲ့ ဝင်ခိုင်းတယ်ဆိုတာက အကုန်လုံး စုပြုံပြီး ဝင်ရောက်လာရင် မြို့ထဲမှာ လူအုပ်ကြီးဖြစ်မှာစိုးလို့ပါ၊ ရက်ကန့်သတ်ပြီး နည်းနည်းစီ ပြန်လက်ခံတဲ့သဘောပါ။ လူအုပ်ကြီးတွေဖြစ်လာရင် လေကြောင်းအန္တရာယ်၊ လုံခြုံရေးအန္တရာယ်တွေ ဖြစ်မှာစိုးလို့ပါ” ဟု မင်းတပ်မြို့နယ်ပအဖမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။ မင်းတပ်မြို့ပေါ် လုံခြုံပြီဟု သတ်မှတ်၍ရသောကြောင့် လူထုကို ပြန်လည်နေရာချထားရေး ဆောင်ရွက်ခြင်းဖြစ်ပြီး မြိုပေါ်က မိုင်းများ၏ ၉၀ ကျော်ရာခိုင်နှုန်းကို ရှင်းလင်းပြီဖြစ်ကြောင်း သိရသည်။ မြို့ပေါ် ပြန်လာသူများသည် နေအိမ်သန့်ရှင်းရေးများ၊ ပြင်ဆင်ရေးများ ပြုလုပ်နိုင်သကဲ့သို့ သော့ပိတ်ထား၍လည်းရကြောင်း၊ ရေပေးဝေရေးစနစ်ကို ပြင်ဆင်ထားပြီး မြို့ပေါ် ရေလှောင်ကန်နှင့် မီးသတ်ပိုက်လိုင်းများတွင် ရေပြန်ရပြီဟု သိရသည်။ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်မည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ကို မြို့ဝင်ဂိတ်များတွင် စိစစ်ပြီး ခွင့်ပြုမည်ဖြစ်၍ ထောက်ခံချက်ကို မိမိတို့နေထိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးထံ အခမဲ့ တောင်းယူနိုင်သည်ဟု မင်းတပ်မြို့နယ် ပအဖက ယမန်နေ့က ထုတ်ပြန်သည်။ တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ခြင်းမရှိသေးသူများကိုလည်း…
(004SS) မြန်မာစစ်ဘေးရှောင်များကို ဖမ်းဆီးထောင်ချကာ စစ်ကောင်စီထံပြန်လည်အပ်နှံလေ့ရှိသည့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် N. Biren Singh သည် ယမန်နေ့ တနင်္ဂနွေနေ့က ရာထူးမှ နှုတ်ထွက်သွားသည်ဟု သိရသည်။ မဏိပူရ်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီလ ၉ ရက်နေ့ညက ပြည်နယ်အုပ်ချုပ်ရေးမှူးထံသို့ ရာထူးမှနှုတ်ထွက်စာ တင်သွင်းခဲ့ခြင်းဖြစ်သည်။ မဏိပူရ်ပြည်နယ် အုပ်ချုပ်ရေးမှူကလည်းက N. Biren Singh ၏ နှုတ်ထွက်စာကို လက်ခံခဲ့ပြီး အစားထိုးဝန်ကြီးချုပ် မခန့်အပ်ခင်အထိ အိမ်စောင့်အစိုးရဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူပေးရန် ပြန်လည်တောင်းဆိုခဲ့သည်ဟု သိရသည်။ မဏိပူရ်ပြည်နယ်အတွင်း နှစ်ရှည်လများဖြစ်ပွားနေသော လူမျိုးရေးပဋိပက္ခများအား ဖြေရှင်းမပေးနိုင်ခြင်း၊ တောင်တန်းသားများသာမက ကသည်းလူမျိုးများကလည်း ဆန့်ကျင်မှုရှိလာသည့်အပြင် မိခင်ပါတီ BJP ကလည်း ဖိအားပေးလာသည့်အတွက် ယခုကဲ့သို့ ရာထူးမှနှုတ်ထွက်သွားခြင်းဖြစ်နိုင်သည်ဟု ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြသည်။ မဏိပူရ်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ်မေလက လူများစု ကသည်းလူမျိုး နှင့် လူနည်းစုတောင်တန်းသားများ ကူကီး-ဇို လူမျိုးများအကြား လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားပြီး အသေအပျောက် များစွာရှိခဲ့ပြီးနောက် နှစ်နှစ်နီးပါးအကြာမှာ ရာထူးမှ နှုတ်ထွက်သွားခြင်းဖြစ်သည်။ ဝန်ကြီးချုပ် N.Biren Singh သည် မဏိပူရ်ပြည်နယ်တွင် ဖြစ်ပွားနေသော အဓိကရုဏ်းမှာ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာသော ကူကီးလူမျိုးများကြောင့်ဟုဆိုကာ အိန္ဒိယ-မြန်မာ နယ်စပ်ကိုလည်း ခြံစည်းရိုးခတ်ရန် အိန္ဒိယဗဟိုအစိုးရထံ တင်ပြတောင်းဆိုခဲ့သူဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံက စစ်ရေးပဋိက္ခကြောင့် မဏိပူရ်ပြည်နယ်ထဲ ဝင်ရောက်ခိုလုံနေကြသော စစ်ဘေးရှောင်များကို ဇီဝ အချက်အလက်ကောက်ယူခြင်း၊ ဖမ်းဆီးခြင်း နှင့် နေရပ်ပြန်ပို့ခြင်းများပြုလုပ်ခဲ့သူဖြစ်ပြီး အင်ဖားမြို့အကျဉ်းထောင်ထဲ မတရားဖမ်းဆီးထောင်ချခံနေရသော မြန်မာနိုင်ငံသားအယောက် ၁၀၀ ကျော်ကိုလည်း ပြန်လွတ်ပေးခြင်းမရှိဘဲ…
စစ်မှုထမ်းဥပဒေကြောင့် စစ်သားအဖြစ် ဖမ်းဆီးစုဆောင်းခံရပြီး ချင်းပြည်နယ်တွင် စစ်မှုထမ်းဆောင်နေသော စစ်ကောင်စီတပ်သား ၄ ဦးသည် ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြသည်ဟု သိရသည်။ ဟားခါး-ထန်တလန်ကြား ပွိုင့်-၃ စခန်းတွင် ခြေကုပ်ယူတပ်စွဲထားကြသော စစ်ကောင်စီတပ်သား ၄ ဦးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့က ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့ထံ လက်နက် ၃ လက်နဲ့အတူ အလင်းဝင်ရောက်ခဲ့ကြသည်ဟု Chinland Information Center က ယနေ့တွင် ထုတ်ပြန်သည်။ လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင်ရောက်လာသူများကို ချင်းအမျိုး သားတပ်မတော် CNA က သေနတ်တလက် ကျပ်ငွေ သိန်း ၅၀ နှုန်းဖြင့် ဆုငွေများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေးရန်ပုံငွေ မထည့်ဝင်သူများ မြို့ဝင်ဂိတ်တွင် ရန်ပုံငွေထည့်ဝင်ရမည်ဟုဆို (006SV) မင်းတပ်မြို့တွင် ပြန်လည်ဝင်ရောက် နေထိုင်လိုသူများကို မနက်ဖြန် ဖေဖော်ဝါရီလ ၁၁ ရက်မှစတင်၍ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံချက် ပြသနိုင်ရန် လိုအပ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ ချင်းပူးပေါင်တပ်များ၏ မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီ နှစ်လနီးပါးအကြာတွင် မင်းတပ်မြို့ကို နှစ်ရှည်လများ အိုးအိမ်စွန့်ခွာရသည့် ပြည်သူများကို ပြန်လည်နေရာချထားနိုင်ရေး မင်းတပ်တော်လှန်ရေးအင်အားစုများက ဆောင်ရွက်ခြင်းဖြစ်သည်။ “ပြန်လည်အခြေချ နေထိုင်လိုသူတွေက လာမယ့် ၁၁ ရက်နေ့၊ အင်္ဂါနေ့ကနေ စတင်ပြီး ဝင်ခွင့်ပြုမှာဆိုတော့ အဲနေ့မှ စဝင်လာ ကြမှာပါ။ အကန့်အသတ်နဲ့ ဝင်ခိုင်းတယ်ဆိုတာက အကုန်လုံး ၊ စုပြုံပြီး ဝင်ရောက်လာရင် မြို့ထဲမှာ လူအုပ်ကြီး ဖြစ်မှာ စိုးလို့ပါ၊ ရက်ကန့်သတ်ပြီး နည်းနည်းစီ ပြန်လက်ခံတဲ့ သဘောပါ။ လူအုပ်ကြီးတွေ ဖြစ်လာရင် လေကြောင်း အန္တရာယ်၊ လုံခြုံရေး အန္တရာယ်တွေဖြစ်မှာ စိုးလို့ပါ” ဟု မင်းတပ်မြို့နယ်ပအဖမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။ မင်းတပ်မြို့ပေါ် လုံခြုံပြီဟု သတ်မှတ်၍ ရသောကြောင့် လူထုကို ပြန်လည်နေရာချထားရေး ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့ပေါ်က မိုင်းအန္တရာယ် ၉၀ ကျော်ရာခိုင်နှုန်းကို ရှင်းလင်းပြီဖြစ်ကြောင်း သိရသည်။ မြို့ပေါ် ပြန်လာသူများသည် နေအိမ်သန့်ရှင်းရေးများ၊ ပြင်ဆင်ရေးများ ပြုလုပ်နိုင်သကဲ့သို့ သော့ပိတ်ထား၍လည်း ရကြောင်း၊ ရေပေးဝေရေး စနစ်ကို ပြင်ဆင်ထားပြီး မြို့ပေါ် ရေလှောင်ကန်နှင့် မီးသတ်ပိုက်လိုင်းများတွင် ရေပြန်ရပြီဟု သိရသည်။ မင်းတပ်မြို့အတွင်း ပြန်လည်ဝင်ရောက်မည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာရပ်ကျေး…
(004SS) ဇိုမီးတော်လှန်ရေးတပ်မတော် အရှေ့ပိုင်းတိုင်း (ZRA-EC) တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးရိုက်နှက်မှုကြောင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ရွာသား ၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ တီးတိန်မြို့နယ် ငါလ်ဘွာလ်ကျေးရွာသား ဦးကမ်းလျန်ထန်းနှင့် ယောက်ဖတော်စပ်သူ ဦးဒါလ်မွမ်းကိမ်းတို့ နှစ်ဦးကို ညမထွက်ရအမိန့် မလိုက်နာခြင်းကြောင့်ဟုဆိုကာ ZRA-EC တပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ဦးကမ်းလျန်ထန်းသည် ဖေဖော်ဝါရီလ ၅ ရက်ညက ယောက်ဖဖြစ်သူ ဦးဒါလ်မွမ်းကိမ်းနေအိမ်သို့ အလည်သွားရာမှ အပြန်လမ်းတွင် ZRA-EC တပ်ဖွဲ့ဝင်များက ညမထွက်ရအမိန့် လိုက်နာခြင်းမရှိဟုဆိုကာ သတိလစ်မေ့မျောသွားသည့်အထိ ရိုက်နှက်ခဲ့ပြီးနောက် နေအိမ်သို့ ပို့ဆောင်ခဲ့ကြသည်ဟု သိရသည်။နောက်တနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဦးကမ်းလျန်ထန်း၏ ယောက်ဖဖြစ်သူ အသက် ၂၃ နှစ် အရွယ် ဦးဒါလ်မွမ်းကိမ်းကိုလည်း ZRA-EC တပ်ဖွဲ့ဝင်များက သူတို့စခန်းသို့ခေါ်ယူကာ စစ်ဆေးရိုက်နှက်ခဲ့ပြီးနောက် လက်လွန်၍ သေဆုံးသွားသည့်အတွက် ည ၁၁ နာရီဝန်းကျင်ကျမှ အလောင်းကို နေအိမ်သို့ပြန်ပို့ပေးခဲ့ကြသည်ဟု ယင်းအခြေအနေကိုသိရှိထားသူတစ်ဦးထံမှ သိရသည်။ ဦးဒါလ်းမွန်ကိမ်းသည် ကျောင်းဆရာတစ်ဦးဖြစ်ပြီး အမျိုးသမီးနှင့် သမီးတစ်ယောက် ကျန်ရစ်ခဲ့ကြောင်း သိရသည်။ ဦးကမ်းလျန်ထန်းသည်လည်း ရိုက်နှက်ခံထားရသော ဒဏ်ရာကြောင့် ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။ ယခုဖြစ်စဉ်နှင့်ပါတ်သက်၍ ZRA-EC ဘက်မှ ခေါင်းဆောင်များသည် သေဆုံးသူများ၏ မိသားစုများထံ ချင်းထုံးစံအတိုင်း သွားရောက်တောင်းပန်ခဲ့သည်ဟု သိရသည်။ လက်ရှိတွင် တီးတိန်မြို့နယ်၊ ငါလ်ဘွာလ်ရွာတွင် ZRA-EC က တပ်ဆွဲထားပြီး ရွာသားများအား အလှည့်ကျ လုံခြုံရေး ကင်းစောင့်စေခြင်းများပြုလုပ်သည့်အပြင် ည…
(006SV) ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၏ ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ပြည်တွင်းပြည်ပ ကျောင်းပေါင်း ၆၆၀ ဝန်းကျင်ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသား ၅၆၀၀၀ ကျော် ပညာသင်ယူနေကြောင်း သိရသည်။ ချင်းပြည်နယ်အတွင်း ကျောင်းပေါင်း ၆၁၉ ကျောင်းကို ဖွင့်လှစ်ထားပြီး ကျောင်းသူကျောင်းသားပေါင်း ၅၃၂၀၀ ကျော် ပညာဆည်းပူးလျက်ရှိသည်ဟု ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီး Salai Cross Thang က ပြောသည်။ ချင်းပြည်နယ်ပြင်ပ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ဒုက္ခသည်ကျောင်းများအနေဖြင့် ကျောင်းပေါင်း ၄၀ ကျော် ဖွင့်လှစ်ထားပြီး ကျောင်းသားကျောင်းသူပေါင်း ၃၃၀၀ ကျော် တက်ရောက်လျက်ရှိသည်ဟု သိရသည်။ ချင်ပြည်ပညာရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၆ ရက်တွင် အွန်လိုင်းက ပြုလုပ်သည့် ချင်းပြည်ကောင်စီ ၁ နှစ်ပြည့် သတင်း စာရှင်းလင်းပွဲတွင် ချင်းပညာရေးဝန်ကြီးက အသိပေးလာခြင်းဖြစ်သည်။ “ရှေ့ဆက်လုပ်ငန်းက ချင်းပြည်ပညာရေးကောင်စီအစည်းအဝေး လုပ်ဖို့ ရှိပါသေးတယ်။ ဆရာ/မတွေအတွက် ဘာသာရပ် ကျွမ်းကျင်မှု သင်တန်း ဆက်လုပ်ဖို့ ရှိတယ်။ ဆရာအတတ်ပညာသင်တန်းလည်း လုပ်ဖို့ရှိပါမယ်။ မြို့နယ်/ဒေသ ပညာရေး ကောင်စီ၊ ဌာနတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို စီမံခန့်ခွဲမှုနဲ့ သတင်း ၊ သတင်းအချက်အလက် နည်းပညာကို စနစ်တကျ ဆက်လက် ဆောင်ရွက်ဖို့ ရှိပါတယ်။ မြို့နယ်ဒေသ ပညာရေးတွေကို ထောက်ပံ့ကြေးပေးနိုင်ဖို့ နဲ့ ကျောင်းအဆောက်အဦးတွေ ဆောက်လုပ် ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ချင်းအမျိုးသားတက္ကသိုလ်ကိုတော့ စတင်ဖွင့်လှစ်နေပါပြီ” ဟု Salai Cross Thang က ပြောသည်။ ချင်းပြည်နယ်အတွင်း…
