Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မှာ ဒေသန္တရအုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ရေး ဝန်ထမ်း အများအပြားခေါ်ယူ

မင်းတပ်မှာ ဒေသန္တရအုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ရေး ဝန်ထမ်း အများအပြားခေါ်ယူ

0
By Editor on April 4, 2025 Headline

အကျင့်ပျက်ခြစားမှု ကင်းစင်သော အရပ်သားအုပ်ချုပ်ရေး ဖော်ဆောင်မည်ဟုဆို

(006SV)

စစ်အာဏာရှင်တော်လှန်ရေးကာလ မင်းတပ်မြို့တွင် ဒေသန္တရအရပ်သားအုပ်ချုပ်ရေး ယန္တရားတစ်ရပ် ဖော်ဆောင်လည်ပတ်နိုင် ရေးအတွက် မင်းတပ်ပအဖ၏ ရုံးအဖွဲ့မှူးအပါအဝင် ဝန်ထမ်းပေါင်း ၃၆ နေရာကို မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ခေါ်ယူနေသည်။

မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံးက ရာထူးနေရာများအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများသည် မင်းတပ် မြို့နယ်ပအဖနှင့် မြို့/တိုက်နယ်အုပ်ချုပ်ရေးမှူးများထံမှ တဆင့် လျှောက်ထားနိုင်သည်ဟု မင်းတပ် ပအဖ က မတ်လ ၁၇ ရက်နေ့စွဲဖြင့် ယမန်နေ့က တရားဝင်ထုတ်ပြန်သည်။

ရုံးအဖွဲ့မှူး၊ လက်ထောက်ရုံးအဖွဲ့မှူးနှင့် ရုံးအုပ်ရာထူးအတွက် ၁ နေရာစီ၊ ဌာနခွဲမှူး၊ အကြီးတန်းဝန်ထမ်း နှင့် သန့်ရှင်းရေး/ လုံခြုံရေးဝန်ထမ်း ရာထူးအတွက် ၃ နေရာစီ၊ အငယ်တန်းဝန်ထမ်းများဖြစ်သော စာရင်းကိုင်/ လက်ထောက်ဘဏ္ဍာရေးမှူး/ ကွန်ပျူတာလုပ်ဆောင်ရေးမှူး။ အမှုတွဲထိန်းရာထူးတို့အတွက် ၁၆ နေရာ၊ အခွန်ကောက်ဝန်ထမ်း ၁၆ နေရာနှင့် ယာဉ်မောင်း ၂ နေရာတို့အတွက် ခေါ်ယူနေခြင်းဖြစ်သည်။

သက်ဆိုင်ရာရာထူးအလိုက် ပညာအရည်အချင်းပြည့်မီသူများ၊ ဒေသခံများ၊ စကစနှင့် မပူးပေါင်းသူများ၊ Non- CDM မိသားစုဝင် မဟုတ်ခြင်းနှင့် CDM ဝန်ထမ်းများကို ဦးစားပေးရွေးချယ်သွားမည်၊ အနည်းဆုံး ၅ နှစ်ခန့် တာဝန်ထမ်းဆောင်နိုင်ရမည်ဟု သိရသည်။

ဝန်ထမ်းခန့်အပ်ခံရသူများသည် တော်လှန်ရေးကာလဖြစ်၍ လစာ၊ အကျိုးစီးပွား၊ အထူးခံစားခွင့် ရရှိမည် မဟုတ်ဘဲ ဒေသတည်ငြိမ် တိုးတက်လာစေရန်၊ ပြည်သူ ယုံကြည်အားကိုးသော ဒေသန္တရအစိုးရတစ်ရပ် ဖြစ်လာရန်အတွက် ဆောင်ရွက်ရန် စိတ်အားထန် သန်သူများသာ ဖြစ်ရမည်ဟု ဆိုသည်။

မင်းတပ်ဒေသတွင် အကျင့်ပျက်ခြစား၊ ဘက်လိုက်မှု လုံးဝကင်းရှင်းသော၊ ပြည်သူလူထု အမှန်တကယ် အားကိုးယုံကြည့်သော အရပ်သားအုပ်ချုပ်ရေးယန္တရားတစ်ရပ်၊ ဒေသန္တရအစိုးရတစ်ရပ်ကို ဖော်ဆောင်သွားမည်ဟုသိရသည်။

လက်ရှိတွင် မိမိတို့ဒေသကို ဝိုင်းဝန်း တည်ဆောက်ကြရန်၊ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရန်အတွက် ဝိုင်းဝန်း လုပ်ဆောင်ကြရန်၊ အခြားညီနောင် တိုင်းရင်းသားများနှင့် အပြန်အလှန်အကျိုးစီးပွားပြု၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရန်လည်း လုပ်ဆောင် သွားမည်ဟု သိရသည်။

မင်းတပ်ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်မှု၊ မိမိကြမ္မာမိမိပြဌာန်းမှု၊ မိမိတို့ ချင်းလူမျိုးများ အများနည်းတူကြီးပွားတိုတက်ခွင့် အစရှိသော အရာများမှာ နှစ်ပေါင်း ၁၀၀ ကျော်ကြာ အလုံးစုံပျောက်ဆုံးနေရာမှ ၂၀၂၄ ဒီဇင်ဘာလတွင် မိမိတို့လက်ထဲ ပြန်လည်ပိုင်ဆိုင်ရန် အသက်သွေးချွေးပေါင်းများစွာဖြင့် တိုက်ယူခဲ့ရသည်ဟု မင်းတပ်ပအဖက ဆိုသည်။

မင်းတပ်ချင်းတော်လှန်ရေးအင်အားစုများသည် မင်းတပ်မြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ဆောင်ရွက်နေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.