(002MG) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်က ချင်းအမျိုးသမီးတဦး ဟင်းရှာထွက်ရင်း တောထဲတွင် အဓမ္မပြုကျင့်ခံရပြီး လက်ရှိ ဆမီးဆေးရုံတွင် ဆေးကုသမူခံယူနေရသည်ဟု ဆမီးဒေသခံတဦးက ပြောသည်။ “မနက်ပိုင်းထွက်သွားတာ ညနေပိုင်းကျတော့ မပြန်လာဘူး၊ လူတွေက လိုက်ရှာတဲ့အခါ ချောင်းထဲ ခြုံပုတ်ထဲမှာ မြက်ပင်တွေနဲ့ ဖုံးထားတာကိုတွေ့လို့ ဆေးရုံမှာ အခုတော့ နည်းနည်းသက်သာပြီး သတိရလာပြီ။ ဘာမှတော့ ပြောလို့မထွက်နိုင်သေးဘူး၊ သူက တညလုံး အဓမ္မပြုကျင့်တာခံရတာ” ဟု ဆမီးမြို့ဒေသခံကပြောသည်။ အသက် (၃၅) နှစ်အရွယ်ခန့်ရှိသော အဆိုပါအမျိုးသမီးသည် နိုဝင်ဘာလ (၂၂) ရက်နေ့မနက်ပိုင်းတွင် ဟင်းရှာထွက်စဉ် နေအိမ်သို့ ပြန်မရောက်လာနိုင်သည့်အတွက် ရွာသားများက ရှာဖွေရာမှာ နိုဝင်ဘာလ (၂၃) ရက်နေ့ တွင် ဆမီးမြို့အနီး စောချောင်းဝတွင် ပြန်လည်တွေ့ရှိခဲ့ကြခြင်းဖြစ်သည် ဟု သိရသည်။ ယင်းအမျိုးသမီးသည် ဆမီးမြို့ပေါ်တွင် ကျန်းမာရေးမကောင်းသည့် မိခင်နှင့်အတူ နေထိုင်ခြင်းဖြစ်ပြီး သားသမီး (၃) ယောက်မိခင်ဖြစ်သည်ဟု သိရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဆမီးမြို့သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့တခုဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဆွေမျိုးအသိုင်းအဝိုင်းများမှ ရပ်ကွက်လူကြီးများထံ သွားရောက်ပြောဆိုမှုများရှိသော်လည်း လက်ရှိအထိ အရေးယူမှုတစုံတရာ ဆောင်ရွက်ပေးခြင်းများ မရှိသေးကြောင်း ဒေသခံကပြောသည်။
Author: Editor
(006SV) ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့် ဖလမ်းတို့တွင် အောင်မြင်မှုအများအပြား ရရှိထားကြောင်း ချင်းညီနောင်တာဝန်ရှိသူများက ပြောသည်။ ယနေ့ နိုဝင်ဘာလ ၂၂ ရက်က ချင်းညီနောင် စစ်ဆင်ရေးအတွက် အရေးပေါ်ရန်ပုံငွေ ရှာဖွေမှုကို အွန်လိုင်းမှ ပြုလုပ်ရာတွင် ချင်းညီနောင်တာဝန်ရှိသူများက စစ်ဆင်ရေးအခြေအနေများကို ပြောဆိုသွားခြင်းဖြစ်သည်။ “အခုဆိုရင် ဖလမ်းမှာလည်း အောင်မြင်မှုတွေ အများကြီးရရှိထားတာ ရှိပါတယ်။ ကျနော်တို့ မင်းတပ်မှာလည်း တော်တော်လေး အောင်မြင်မှုတွေ ရရှိထားပါပြီ။ ဆိုတော့ပြည်သူလူထုအတွက်လည်း အားတက်စရာပေါ့လေ။ တိုက်ပွဲတွင်း ဘေးထွက်ဆိုးကျိုး နည်းအောင် စီမံခန့်ခွဲတဲ့အခါမှာ တိုက်ပွဲသတင်း အောင်မြင်မှုတွေကို အချိန်နဲ့ တပြေးညီ မပေးနိုင်တာ ဖြစ်ပါတယ်။ ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ အသက်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အခါကြတော့ ဒါကို နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်” ဟု CDF Mindat စစ်ဦးစီးချုပ် ကိုထန်းချွန်းဖေက ပြောသည်။ စစ်ကောင်စီသည် ယမန်နေ့က ဖလမ်းမြို့ တိုက်ပွဲတွင် လေကြောင်းပစ်ကူများ တနေကုန်နီးပါး ပေးနေခဲ့ပြီး မင်းတပ်တိုက်ပွဲတွင် ယမန်နေ့ညက တညလုံးနီးပါး ပစ်ကူတွေ တောက်လျှောက်ပေးနေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူမျိုးစုံဖြင့် စစ်ကောင်စီက ခုခံနေခြင်းဖြစ်သည်ဟု သိရသည်။ “မနေ့က ဆိုရင် ကျနော်တို့ဘက်မှာရော မင်းတပ်ဘက်မှာရော လေယာဉ်တွေ ညပိုင်းမှာ တောက်လျှောက် ပစ်နေတယ်။ ဒီမှာ ဆိုရင်လည်း မနေ့ကဆိုရင် ခေါင်းထောင်လို့ မရအောင်ကို လေယာဉ်တွေ ဝဲနေတာပေါ့လေ။ ကျနော်တို့ ကျဆုံးမှုတွေ ရှိသလို တဖက်မှာလည်း အောင်မြင်မှုတွေလည်း ရရှိနေပါတယ်” ဟု…
အရပ်သားပြည်သူ ၅၈၀ ခန့်သေဆုံးပြီး ၅၀ မှာ ကလေးသူငယ်များဖြစ်နေ (006SV) ချင်းပြည်နယ်အပါအဝင် နိုင်ငံတဝန်းတွင် စစ်ကောင်စီသည် လေးလအတွင် လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှု ပေါင်း ၁၃၀၀ ကျော် ပြုလုပ်ခဲ့ရာ ကလေးငယ် ၅၀ အပါအဝင် အရပ်သားပြည်သူ ၅၈၀ ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၉၀၀ နီးပါးရှိသည်ဟု သွေးစွန်းငွေအဖွဲ့ထံမှ သိရသည်။ ၂၀၂၄ ဇွန်လမှ စက်တင်ဘာလအထိ နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၂၁၀ ပြုလုပ်ခဲ့ရာ ကလေးငယ် ၄၉ ဦးနှင့် အမျိုးသမီး ၉၆ ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၅၄၀ ကျော် သေဆုံးခဲ့သည်၊ ၈၂၇ ဦးမှာ ဒဏ်ရာများရရှိခဲ့ သည်ဟု သိရသည်။ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း တွေ့ရသည်၊ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာသာမက တိုက်ပွဲမရှိသည့် နေရာမှ အရပ်သားများကိုပါ ဗုံးကြဲတိုက်ခိုက်မှု အမြောက်အများ တွေ့ရသည်ဟု သွေးစွန်းငွေက ဆိုသည်။ ဒရုန်းတိုက်ခိုက်မှု ၉၈ ကြိမ်ပြုလုပ်ရာမှာ ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၂၂ ဦးအပါအဝင် အရပ်သားပြည်သူ ၃၈ ဦး သေဆုံးပြီး ၇၀ ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သွေန်းစွန်းငွေ၏ သုသေတန ပြုလုပ်ချက်အရ သိရသည်။ စစ်ကောင်စီ၏ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၆၆၅ လုံး၊ ဘာသာရေးအဆောက်အအုံ ၈၄ ခု၊ စာသင် ကျောင်း…
စစ်ကောင်စီမှ ၉ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရဟု PRA မကွေးထုတ်ပြန် (006SV) မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ ပဒါန်း – အမ်း လမ်းပိုင်း ဂုတ်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းကို PRA – မကွေး တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၂၀ ရက် ညနေ ၄ နာရီခန့်က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ၁၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA- Magway) က ယနေ့ နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်သည်။ ပဒါန်း – အမ်း လမ်းပိုင်းတွင် ရခိုင်ပြည်နယ်၊ အမ်းဘက်သို့ စစ်ကူပို့သည် စစ်ကောင်စီယာဉ်တန်း ကားပျက်၍ကျန်နေသော တပ်ဖွဲ့ဝင်တချို့နှင့် ယာဉ်တန်းလုံခြုံရေးယူနေသည့် တပ်ဖွဲ့ဝင်များ ပူးပေါင်ပြီး ဂုတ်ကြီးကျေးရွာဘက် လာချိန်တွင် တိုက်ပွဲ ဖြစ်ပွားသည်ဟု PRA – မကွေး စစ်ဦးစီးချုပ်က ပြောသည်။ “အဲဒီ အင်အား ၄၀ ပါတဲ့ စစ်ကြောင်းက ကျနော်တို့ သတ်ကွင်းထဲကို စတင်ဝင်လာတဲ့အချိန်မှာ စတင်တိုက်ခိုက်တယ်။ ကျန်တဲ့ လူတွေက ကားလမ်းအောက်ဘက်ကို ဆင်းပြေးပြီး ပြန်ပစ်တဲ့ လူတွေ ရှိသလို ထွက်ပြေးတဲ့ လူတွေလည်းများတယ်”…
(006SV) ချင်းညီနောင် စစ်ဆင်ရေးဖော်ဆောင်နေသည့် မင်းတပ်မြို့တွင် အိုးအိမ်စွန့်ခွာ၍ စစ်ရှောင်ရသူ နေ့စဉ်များပြားနေပြီး အခြေခံအသုံးအဆောင်ပစ္စည်းအပါအဝင် အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း မင်းတပ်မြို့ နယ်စစ်ဘေးရှောင် စခန်း စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။ “အခုက မင်းတပ်မြို့ပေါ်က ထွက်ပြေးတိမ်းရှောင်လာကြတဲ့ လူတွေက နေ့စဉ်နဲ့အမျှ ရှိတယ်။ တချို့က မင်းတပ်မြို့အနီးအနားက တောင်ယာတွေမှာ ကပ်နေတယ်။ သူတို့က ဘယ်လိုခေါ်ခေါ် မလာဘူး။ တကယ် စစ်မက်ဖြစ်ပွားတဲ့ သေသေကြေကြေချနေကြတဲ့ အနေအထားမှ မတတ်သာမှ ထွက်ပြေးတိမ်းရှောင်လာကြတယ်” ဟု မင်းတပ်စစ်ဘေးရှောင်စီမံခန့်ခွဲမှုကော်မတီမှ ပြောရေး ဆိုခွင့်ရှိသူ ကိုလောရင့်က ပြောသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက မင်းတပ်မြို့နယ်တွင် ကောက်ယူထားသည့် စာရင်းများအရ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင် ရှိသော်လည်း CDF – မင်းတပ်၏ စစ်ဆင်ရေးပြင်ဆင်မှုကာလနှင့် စစ်ဆင်ရေးဖော်ဆောင်မှုအတွင်း နေ့ရပ်စွန့်ခွာ စစ်ဘေး ရှောင်သူများ ၆၀၀၀ နီးပါးအထိ တိုးလာခြင်းဖြစ်သည်။ စစ်ဆင်ရေးမစမှီ မြို့ကို ချဉ်းကပ်မှု ပြုလုပ်ချိန် ၄ လဝန်းကျင်ကပင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် မီးရှို့မှု များကြောင့် မြို့ပေါ်နှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံအများအပြား စစ်ဘေးရှောင်ကြရသည်။ နိုဝင်ဘာလ ၉ ရက်မှစ၍ မင်းတပ်မြို့ပေါ်က စစ်ကောင်စီစခန်းများကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ချိန်တွင် မြို့ပေါ်တွင် မတိမ်းရှောင်ဘဲ နေထိုင်သူများပါ အိုးအိမ်စွန့်ခွာလာရခြင်းဖြစ်သည်။ မင်းတပ်မြို့ပေါ်တိုက်ပွဲအတွင်း စစ်ဘေးရှောင်များကို ကယ်ထုတ်ပေးရသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။…
(002MG) ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စစ်ကူအင်အားများ ဆက်တိုက်ဖြည့်တင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။ ဟားခါးမြို့မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ကစ၍ ယနေ့အထိ ၃ ရက်ဆက်တိုက် Mi 17 ရဟတ်ယာဉ်ဖြင့် ခလရ ၂၆၆ တပ်ရင်းထဲကို စစ်ကူများလာချပေးနေသည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။ “ပုံမှန်အားဖြင့် ၁၀ နာရီလောက်ဆိုရင်ဆင်းပြီ။ တရက်ကို (၄) ခေါက်လောက်ဆင်းတယ်၊ ရဟတ် ယာဉ်ဆင်းတာတော့ တော်တော်လေးမြန်တယ်၊ အင်အား ဖြည့်တာဖြစ်နိုင်တယ်၊ ဘာလို့ လဲဆိုရင် ပစ္စည်းတင်တာ၊ ချတာတွေက နည်းနည်းကြာတာလေ အခု သူဆင်းပုံက ခနလေးပဲကြာတယ်ဆိုတော့ အင်အားဖြည့်တာပဲထင်တယ်” ဟု ဟားခါးမြို့ခံတဦးက ပြောသည်။ ယခုရက်ပိုင်းအတွင်း ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ဟားခါး-ထန်တလန်ကြားနှင့် ထန်းတလန်မြို့ပေါ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်အပြင်၊ ဖလမ်းမြို့တို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် စစ်ကူများချလာခြင်းဖြစ်နိုင်သည်ဟု ဒေသခံတချို့က ယူဆကြသည်။
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးတွင် စစ်ကောင်စီနှင့် ချင်းညီနောင်တပ်တို့အကြား ၁၀ ရက်ကြာအထိ တိုက်ပွဲများ ပြင်းထန်နေသည်ဟု ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။ “လက်ရှိအချိန်မှာ မင်းတပ်နဲ့ ဖလမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ နေ့နေ့ ညညပါပဲ။ တိုက်ပွဲစလိုက်တဲ့ နိုဝင်ဘာလ ၉ ရက်က စပြီးမှ တောက်လျှောက်ကိုပဲ၊ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက် မနားတမ်းဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ရှိနေတယ်။ လက်နက်ကြီးတွေ ပစ်နေတယ်။ နောက်ပြီး အိမ်မီးရှို့တာတွေ တောက်လျှောက်ဖြစ်နေတယ်” ဟု ကိုယောမာန်က ပြောသည်။ နိုဝင်ဘာလ ၉ ရက်မှ စတင်၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့ပေါ်တို့က စစ်ကောင်စီအခြေပြု စစ်စခန်းများကို ချင်းညီနောင် စစ်ဆင် ရေးအဖြစ် တပြိုက်နက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်အထိ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိ သည်ဟု ကိုယောမာန်က ယနေ့ ပြုလုပ်သော “ချင်းညီနောင်စစ်ဆင်ရေးအတွက် အရေးပေါ် ရန်ပုံငွေရှာဖွေပွဲ” တွင် ပြောဆိုခဲ့သည်။ ချင်းညီနောင်အနေဖြင့် လက်ရှိအချိန်က နိုင်ငံရေးသည် စစ်ရေးဖြစ်ကြောင်း၊ တော်လှန်ရေးသည် စစ်ရေးဖြစ်ကြောင်း၊ စစ်ကို စစ်နှင့်တူအောင် တိုက်ရမည်ဖြစ်၍ သေချာပြင်ဆင်ထားကြောင်း ကိုယောမာန်က ပြောသည်။ “ကျနော်တို့ သေချာတယ်ဆိုတာထက် ပိုသေချာအောင် ပြတ်သားတယ်ဆိုတာထက် ပိုပြတ်သားအောင် အထူးတလည် အာရုံစိုက် အပင်ပန်းခံပြီးမှ ပြင်ဆင်လာခဲ့ပါတယ်။ အခုချိန်မှာကိုပဲ အောင်ပွဲတွေ တော်တော်များများရတာ ရှိပါတယ်။ ဒါပေမယ့်လည်း အောင်ပွဲတွေ ဆိုတာလည်း လုံခြုံစိတ်ချရတဲ့အချိန်မှ သတင်းထုတ်ပြန်ဖို့ ရှိပါတယ်။…
(006SV) မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေရရှိရေးအတွက် သက်ဆိုင်ရာ လူထုနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဟု သိရသည်။ အရှိုချင်းကာကွယ်ရေးတပ် – ACDF တည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်သည့် နိုဝင်ဘာလ ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော သဘောထားထုတ်ပြန်ချက်တွင် ထိုကဲ့သို့ဖော်ပြထားခြင်းဖြစ်သည်။ “ကျနော်တို့ အရှိုချင်းတွေဟာ မတူညီတဲ့ နေရာဒေသတွေမှာ နေကြတယ်။ အဲဒီအတွက် ကျနော်တို့အတွက် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးပေါ့နော။ လူနည်းစုဖြစ်တဲ့ မျိုးနွယ်စုလည်းဖြစ်တဲ့ ကျနော်တို့အတွက် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေး၊ ပြီးတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ့။ မတူညီတဲ့ နေရာတွေမှာ အရှိုချင်းတွေ နေရင်တောင်မှ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရမယ်လို့ ဆိုလိုတာပါ” ဟု ACDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့်အတူ အရှိုချင်းပြည်သူလူထု၏ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အတွက် သက်ဆိုင်ရာ လူထုနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု သိရသည်။ ACDF ၏ အမျိုးသားနိုင်ငံရေး မျှော်မှန်းချက် ၄ ချက်တွင် အရှိုချင်း တိုင်းရင်းသား လူမျိုးများ၏ ကိုယ့်ကြမ္မာကို ဖန်တီးရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေ ရရှိရေး၊ ခေတ်အဆက်ဆက် အရှိုချင်းဘိုးဘေးများ တည်ဆောက်နိုင်ခြင်းမရှိသော “အရှိုချင်း အမျိုးသားနိုင်ငံရေးကို ၂၁ ရာစု မြန်မာနိုင်ငံရေး အခင်းအကျင်းပေါ်တွင် တည်ဆောက်ရေးတို့ဖြစ်သည်။ လူနည်းစု တိုင်းရင်းသားများ၏ အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် တိုင်းရင်းသား EAOsများနှင့် နိုင်ငံရေး မျှော်မှန်းချက် တူညီသော…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ နယ်မြေ (၁၁) တွင်နေထိုင်သည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ယောက် နိုဝင်ဘာ (၁၆) ရက်နေ့ညက အရက်ဆိုင်မှာ ဓါးခုတ်ခံရပြီး ပွဲချင်းသေဆုံးခဲ့သည်ဟု သိရသည်။ကလေးမြို့ခံ တဦးက “သူက ရန်ဖြစ်တဲ့သူတွေကို ဝင်ပြောရင်းနဲ့ ဓါးထိုးသတ်ခံရတာ အုပ်ချုပ်ရေးမှူး လုပ်တာကြာပြီ ၊ဟိုးအရင်ကဆိုရင် သူတို့အိမ်ရှေ့မှာတောင် ဆန္ဒပြကြတယ်။ ပြီးခဲတဲ့နှစ်မှာတောင် နှစ်ကြိမ်အရိုက်ခံရဖူးပြီးပြီ အခုကတော့ သေအောင်လုပ်တာ” ဟု ပြောသည်။သေဆုံးသွားသည့် အောင်သစ္စာရပ်ကွက်ချုပ်ရေးမူးမှာ အသက် (၆၃) နှစ်အရွယ် ဦးသန်းဌေးဖြစ်ပြီး အောင်သစ္စာ ရပ်ကွက် နယ်မြေ (၄) ရပ်ကွက် အရက်ဆိုင်တွင် သီချင်းဖွင့်၊ ဆူညံသံများ မပြုလုပ်ရန် ဝင်ပြောရာမှ စကားများကာ အရက်ဆိုင်ထဲကလူတစ်ဦးက ဓါးဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ဦးသန်းဌေးသည် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းနေကာ အောင်သစ္စာရပ် ကွက်အတွင်းရှိ ပြည်သူများအား ဖမ်းဆီး ခြင်းငွေညှစ်ခြင်း၊ လူငယ်များအား စစ်မှုထမ်းရန်အတွက် နာမည်စာရင်းများ ကောက်ယူခြင်းများလည်း ပြုလုပ်နေသူ ဖြစ်သည်ဟုလည်း သိရသည်။
(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းညီနောင်စစ်ဆင်ရေးတွင် အညာညီနောင်နှစ်ဖော်ဖြစ်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် Generation Z Army (GZA) တို့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။ ထင်းရှာသည့် လက်နက်ကိုင်တော်လှန်ရေးခေါင်ဆောင် ဗိုလ်နဂါး ဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က နိုဝင်ဘာလ ၁၇ ရက်တွင် “ပုလဲမြို့သိမ်းစစ်ဆင်ရေး ထုတ်ပြန်ကြေညာချက်” တွင် ယင်းသို့ အသိပေးသည်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့သိမ်း စစ်ဆင်ရေးကိုဖော်ဆောင်ရာတွင်လည်း ချင်းညီနောင် စစ်ဆင်ရေးနှင့် ချိတ်ဆက်၍ Coordinated Movement အဖြစ် လုပ်ဆောင်ခဲ့ခြင်းကြောင့် လက်ရှိအတိုင်းအတာအထိ အောင်မြင်မှုများ ရရှိခဲ့ကြောင်း BNRA က ဆိုသည်။ ချင်းညီနောင် စစ်ဆင်ရေးတွင်လည်း အညာညီနောင် နှစ်ဖော်ဖြစ်သည့် BNRA နှင့် GZA တို့ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း ပြည်သူ လူထုကို လေးစားစွာ အသိပေးအပါသည်ဟု ထုတ်ဖော်ချက်တွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁၁ ရက်က စတင်သည့် ပုလဲမြို့သိမ်းစစ်ဆင်ရေးတွင် ထွေအုပ်ရုံး၊ မြို့မရဲစခန်းတို့ ထိန်းချုပ်နိုင်ခဲ့ပြီး မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၄ ရက်တွင် မြေပြင်စစ်ကူကို ဖြတ်တောက်နိုင်သော်လည်း လေကြောင်းပစ်ကူများနှင့် ဝေဟင်မှ တပ်အင်အား စစ်ကူချခြင်းတို့ကြောင့် မြို့ပေါ်မှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ စစ်သုံ့ပန်း ၂၅ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး လက်နက်မျိုးစုံ ၂၀ ကျော်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ BNRA မှ ရဲဘော်…
