|| ရာချီသည့် ချင်းစစ်ဘေးရှောင်များ အရေးပေါ်အကူအညီ လိုအပ်နေ (006SV) ချင်းပြည်တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယောနယ် ဆော – ကျောက်ထုလမ်းပိုင်းထဲက ချင်းပြည်သူများ၏ စစ်ရှောင်စခန်းတစ်ခုတွင် ရုတ်တရက် တောင်ကျချောင်းရေကြီးမှုဖြစ်ပြီး မင်းတပ်ဒေသခံ စစ်ဘေးရှောင်သားအမိ ၂ ဦး ရေစီးဖြင့် မျောပါသေဆုံးခဲ့ကြောင်း သိရသည်။ စက်တင်ဘလ ၂၅ ရက် ညနေပိုင်း ၆ နာရီခန့်တွင် ချင်း – မကွေးနယ်စပ်ရှိ ဆော – ကျောက်ထုလမ်းပိုင်းထဲက စစ်ရှောင်စခန်းများ ရေကြီးမှုဖြစ်ပွားခဲ့ပြီး မင်းတပ်မြို့နယ်၊ တိုက်နယ် ၄ ၊ ကြားဒိုရွာမှ အသက် ၃ နှစ်အရွယ် မောင်နိုင်းနိန်နှင့် မိခင်ဖြစ်သူ အသက် ၄၀ ခန့်ရှိ ဒေါ်နိုင်းချေးတို့ သေဆုံးသွားခဲ့ကြောင်း CDF – မင်းတပ်မှ တောခိုကြီးက ပြောသည်။ “စစ်ဘေးရှောင်စခန်း ၂ ခု ရေဘေးသင့်နေချိန် ကျနော်တို့အနေနဲ့ အနီးစပ်ဆုံးမှာရှိနေခဲ့တဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကိုသာ ဒေသခံတပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေးလုပ်နိုင်ခဲ့ပါတယ်။ ချင်းနဲ့ယောအစပ်က စစ်ဘေးရှောင်စခန်းတစ်ခုကို ချက်ချင်းကြီး ကယ်ဆယ်ရေးမလုပ်နိုင်ခဲ့ပါဘူး။ ယောနဲ့ချင်းအစပ်က စစ်ဘေးရှောင်စခန်းက အားလုံးနီးပါးပျက်စီးသွားခဲ့သလို သားအမိနှစ်ဦး ရေထဲမျောပါသွားခဲ့ပါတယ် စစ်ရှောင်ပြည်သူတွေပြောပုံအရ မရမကဆွဲဖမ်းခဲ့ပေမဲ့ တောင်ကျချောင်းရေအရှိန်ကြောင့် ဆွံမရခဲ့ဘူးတဲ့” ဟု ကိုတောခိုကြီးက ပြောသည်။ တောင်ကျချောင်းရေကြောင့် မျောပါသေဆုံးသွားသော သားအမိ ၂ ဦးတွင် ကလေးငယ်၏ ရုပ်အလောင်းကို ပြန်ရရှိခဲ့သော်လည်း မိခင်ဖြစ်သူ၏ ရုပ်အလောင်းကို ပြန်မရသေးကြောင်း သိရသည်။ စစ်ရှောင်စခန်း ၂ ခုမှ စစ်ဘေးရှောင်ပြည်သူများသည် တောင်ကျချောင်းရေကြီးမှုကြောင့်…
Author: Editor
(006SV/004SS) အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Zo Reunification Organization (ZORO) ရဲ့ ဦးဆောင်မှု ဖြင့် ချင်ပြည်အစိုးရ/CNF နဲ့ ICNCC/CB တို့ စက်တင်ဘာလ ၂၁ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကနဦး သဘောတူညီချက် ၅ ချက်ကို ရရှိခဲ့ကြပါတယ်။ ခုခံတောလှန်စစ်အားကောင်းတဲ့ ချင်းပြည်မှာ တော်လှန်ရေးကာလ ၃ နှစ်ကျော်လာတဲ့အချိန်မှာ ချင်းတော်လှန်ရေးအင်အားစုတွေကြား နိုင်ငံရေးသဘောထားကွဲလွဲမှုရှိလာပြီး ချင်းလဲန်းကောင်စီကို ထောက်ခံတဲ့အဖွဲ့နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကို ထောက်ခံတဲ့အဖွဲ့ဆိုပြီး နှစ်ခြမ်းကွဲသွားခဲ့တာဖြစ်ပါတယ်။ မတူပီမြို့သိမ်းတိုက်ပွဲမှာ ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့ဝင်တွေကြား အပြန်အလှန်ပစ်ခတ်မှုထိဖြစ်ပွားပြီး နှစ်ဖက်ရဲဘော်ကျဆုံးမှုအထိ ရှိခဲ့ပါတယ်။ ခုလို နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် အချင်းချင်းကြား ပစ်ခတ်မှုရှိလာတဲ့အပေါ် ZORO အဖွဲ့က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် ကြားဝင်ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။ ZORO အဖွဲ့ဟာ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စတဲ့ ၃ နိုင်ငံမှာ ကွဲပြားနေထိုင်ခဲ့ကြရတဲ့ ချင်း-ကူကီး-မီဇိုး (လူရှိုင်း) မျိုးနွယ်စုတွေကို အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်ပေါင်းစည်းနေထိုင်ရေးအတွက် ဦးဆောင်လှုပ်ရှားနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ခုလို ညီအကိုချင်းလူမျိုးတွေအကြား နိုင်ငံရေးသဘောထားကွဲလွဲမှုဖြစ်နေတဲ့အပေါ် စည်လုံးညီညွတ်ရေးပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေတဲ့အဖွဲ့ဖြစ်ပြီး ချင်ပြည်အစိုးရ/CNF နဲ့ ICNCC/CB တို့ ယခင်က သီးခြားစီတွေ့ဆုံခဲ့ပြီးနောက် မျက်နှာစုံညီတွေ့ဆုံဆွေးနွေးပွဲကို ဦးဆောင်စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။ ZORO အဖွဲ့ရဲ့ ဦးဆောင်မှုဖြင့် ချင်းတော်လှန်ရေးအင်အားစုတွေရဲ့ ပြန်လည်ပေါင်းစည်းရေးခြေလှမ်းကဘယ်လိုရှိလာနိုင်ပါလဲ? ချင်းတော်လှန်ရေး အင်အားစုတွေအကြား ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ဘာတွေဆောင်ရွက်ဖို့ လိုအပ်သလဲ? ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းနိုင်ငံ ရေး၊ စစ်ရေးကိုလေ့လာစောင့်ကြည့်နေကြတဲ့ ချင်းအရပ်ဖက်အဖွဲ့အစည်း၊ တတ်သိပညာရှင်တွေရဲ့ အမြင်တစ်ချို့ကို စုစည်းတင်ဆက်ထားပါတယ်။ မရိုစလင်း ဇာဟောင် -…
(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် ယနေ့မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အရှေ့ပြင်ရပ်ကွက်က လူနေအိမ်များ မီးလောင်ကျွမ်းနေပြီး လုံခြုံရေးအခြေအနေကြောင့် မီးငြိမ်းသတ်ရန် အခက်အခဲရှိနေသည့်အတွက် တစ်အိမ်ပြီးတစ်အိမ်ကူးစက်လောင်ကျွမ်းနေသည်ဟု မင်းတပ်ဒေသခံတစ်ဦးကပြောသည်။ ယနေ့မနက်ပိုင်းက အရှေ့ပြင်ရပ်ကွက်ဖက်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့နှင့်် CDF- မင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် နေအိမ်များ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မင်းတပ်မြို့ခံတဦးက “အရှေ့ပြင်ရပ်ကွက်မှာ ၁၂ နာရီလောက်ကစပြီးတော့မှ မီးလောင်နေတာ။အဲ့ ရပ်ကွက်မှာ နေအိမ်များတယ်၊မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုတွေရှိတယ်၊ အိမ်က တောက်လျှောက်ဆက်တယ်ဆိုတော့ မီးမငြိမ်းလို့ရှိရင် အများကြီးလောင်မှာ၊အရေအတွက်တော့ မသိနိုင်သေးဘူး ကျွန်တော်တို့လည်း လုံခြုံရေးကြောင့် သွားကြည့်လို့မရဘူး” ဟု ပြောသည်။ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဘက်က ပစ်ခတ်သောလက်နက်ကြီးကြောင့် လောင်ကျွမ်းခြင်းဖြစ်နိုင်သလို စစ်ကောင်စီဘက်က တမင်တကာမီးရှို့သွားခြင်းလည်းဖြစ်နိုင်သည်ဟု မင်းတပ်ဒေသခံက ပြောသည်။ ယနေ့မနက်ပိုင်း မင်းတပ်မြို့ထဲပစ်ခတ်မှုတွင် CDF-မင်းတပ်မှ ဒရုန်းဖြင့် ဗုံးသီး (၇) လုံးချခဲ့သောကြောင့် မြို့နယ် ခရိုင် ရဲစခန်း အဆောက်အအုံ အမိုးလန်ပျက်စီးခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ထဲက တပ်ကြပ်ကြီးအဆင့်ရှိသူတဦး သေဆုံးခဲ့သည်ဟုလည်း မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်ရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်များကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်မီးရှို့နေသည့်အပြင် မင်းတပ်မြို့နယ်အတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာလည်း စက်တင်ဘာလ တလအတွင်း အကြိမ် (၃၀) ထက်မနည်းပြုလုပ်ခဲ့သည်ဟု သိရသည်။
(006SV) မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရှေ့တွင် ယနေ့မနက်ပိုင်းက ချင်းလူမျိုး ၃၀၀ ခန့်က ဆန္ဒပြခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်အပါအဝင် အချက် ၇ ချက်ကို တောင်းဆိုခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၂၆ ရက် မနက် ၁၀ နာရီခန့်က မလေးရှားနိုင်ငံ၊ UNHCR ရုံးရှေ့တွင် ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ACR က ဦးဆောင်၍ မလေးရှားရောက် ချင်းလူမျိုးများ၊ CDM ရဲနှင့် စစ်သားများ၊ ကျန်းမာရေးဆေးကုမှုရရှိရန် လိုအပ်နေသူများအပါအဝင် လူဦးရေ ၃၀၀ ခန့်က ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒုက္ခသည်အရေးတွေမှာ UN ရုံးရှေ့က လုံခြုံရေးတွေက မောင်းထုတ်တာတို့ အရာရှိနဲ့ ပေးမတွေ့တာတို့ ဖြစ်လာတဲ့အခါမှာ ကျနော်တို့က အကြိမ်ကြိမ် တင်ပြတယ်။ ပြီးတော့ UNHCR က အဓိက လမ်းညွန်ထားတာရှိတယ်။ ငါတို့ ဘယ်ဟာတွေကို ဦးစားပေးလုပ်ပေးမယ်ဆိုတာ ဦးစားပေးကို မလိုက်နာတဲ့အခါမှာ ကျနော်တို့က တင်ပြတယ်။ သူတို့က မလုပ်ပေးကြဘူး။ ဒီကိစ္စတွေကို သွားပြောပြတာ ဖြစ်တယ်။ လုံခြုံရေးက လုံခြုံရေးအလုပ်ကို လုပ်ရမယ်။ ဒုက္ခသည်နဲ့ ပတ်သက်ပိုင် ခွင့်မရှိဘူးပေါ့နော်” ဟု ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ – ACR ဥက္ကဌ James Bawi Thang Bik က ပြောသည်။ တောင်းဆိုထားသည့် အချက် ၇ ချက်မှာ ဒုက္ခသည်များကို လုံခြုံရေး အစောင့်များက ရိုင်းစိုင်းစွာဆက်ဆံမှုကို အဆုံးသတ်ပေးပြီး…
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ CDF – မတူပီ တပ်ရင်း – ၃ နယ်မြေတွင် ဒေသခံပြည်သူများသည် အခြေခံစားနပ် ရိက္ခာများနှင့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ကို CDF – မတူပီ၊ တပ်မဟာ – ၁ က ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောသည်။ CDF – မတူပီ တပ်မဟာ – ၁ က မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများအတွက် အစည်းအဝေး ခေါ်ယူရာတွင် တပ်ရင်း – ၃ နယ်မြေမှ တာဝန်ရှိသူများသည် တက်ရောက်ခြင်း မရှိသကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိခြင်းကြောင့် စက်တင်ဘာလအတွင်း အခြေခံစားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများကို တပ်ရင်း – ၃ နယ်မြေသို့ သယ်ဆောင်ရန် အခက်အခဲများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။ “တပ်မဟာ – ၁ ကနေပြီးမှ အုပ်ချုပ်ရေးကို အစည်းအဝေးခေါ်ပြီးမှ အမျိုးမျိုးလုပ်ချင်တာ ၊ တပ်မဟာ – ၂ ဘက်က တပ်ရင်း ၃ က မြေပြင်က အုပ်ချုပ်ရေးအဖွဲ့တွေရော လူတွေရော တစ်ယောက်မှ အစည်းအဝေးကို မတက်ဘူး။ မတက်တော့ သူတို့ စိတ်တိုပြီးမှ ကန့်သတ်မှုလုပ်တာပါ” ဟု မတူပီ ဒေသခံတစ်ဦးက ပြောသည်။ တပ်ရင်း ၃ နယ်မြေက ဒေသခံများသည် အခြေခံစားသောက်ကုန်များ ဒေသအတွင်း အလွယ်တကူ ဝယ်၍မရသောကြောင့် ဆီ၊ ဆား၊ ငါးပိကဲ့သို့ အခြေခံကုန်ပစ္စည်းဝယ်ယူရန်ပင် ၁…
(005MK) မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့မှာ ဆိုင်ခန်းတစ်ခုကို ဖောက်ထွင်းပြီး ရူပီးငွေ ၁၀ သိန်းခိုးယူထွက်ပြေးသွားသူမှာ ချင်းစစ်ဘေးရှောင်ထဲကမဟုတ်ဘဲ ရခိုင်ပြည်နယ်ဘက်ကဖြစ်နေကြောင်း လောင်တလိုင်မြို့အခြေစိုက် The Lawngtlai Post က ဖော်ပြသည်။ လောင်တလိုင်မြို့ Chandmary ရပ်ကွက်က Emmanuel ဆိုင်ခန်းကို စက်တင်ဘာလ ၂၂ ရက်ညက ဖောက်ထွင်းကာ ဆိုင်ထဲက ငွေသားရူပီး ၁၀ သိန်းကိုခိုးယူထွက်ပြေးခဲ့ပြီး နောက်တနေ့ စက်တင်ဘာလ ၂၃ ရက် မနက်ပိုင်း ၁ နာရီခွဲခန့်မှာ သူ့ကို မီဇိုရမ်ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့များ၏ စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်သူမှာ ရခိုင်တိုင်းရင်းသား အသက် ၂၄ နှစ်အရွယ် မောင်ဦးမြင့်ဆိုသူဖြစ်ကြောင်း သိရှိရသည်ဟု The Lawngtlai Post က ဖော်ပြသည်။ မောင်ဦးမြင့်သည် Emmanuel ဆိုင်ခန်းမှာ အရောင်းဝန်ထမ်းအဖြစ်အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဆိုင်ခန်းထဲတွင် သီးသန့်ထားရှိသော ဘဏ်မှာအပ်နှံမည့် ရူပီးငွေ ၁၀ သိန်းကို ခိုးယူကာ ဆိုင်ကယ်နှင့်ထွက်ပြေးခဲ့ပြီးနောက် Diltlang South ကျေးရွာတွင် ပြန်လည်ဖမ်းဆီးရမိခြင်းဖြစ်သည်။ မောင်ဦးမြင့်ကို Diltlang South ကျေးရွာမှ လောင်တလိုင်မြို့ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီးနောက် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်နေဆဲဟုသိရသည်။
(006SV) ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းက ချင်းရွာများတွင် အာရက္ခတပ်တော် (ULA/AA) က တပ်သားစုဆောင်းနေသောကြောင့် ချင်းလူငယ်အများအပြားသည် နေရပ်စွန့်ခွာထွက်ပြေးနေကြကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလအတွင်း ULA/ AA က စစ်သင်တန်းပေးရန် စုဆောင်းနေသောကြောင့် အမ်းမြို့နယ်ထဲက ဒုကန်၊ ရူးချင်း၊ မဝှမ်း၊ တာဖျား၊ သရွဲ၊ မဲသံကြိုး၊ မဲလက်မောင်း၊ ဖောင်တော်ဦး ကျေးရွာများအပါအဝင် အနီးဝန်းကျင်ကျေးရွာများတွင် နေထိုင်ကြသော စုမ်းတူ၊ အရှို၊ လောက်တူ စသည့် ချင်းမျိုးနွယ်စုများမှ လူငယ်များ တိမ်းရှောင်ခြင်းဖြစ်ကြောင်း သိရသည်။ အာရက္ခတပ်တော်က ယင်းကျေးရွာများတွင် အစည်းအဝေးခေါ်ယူ၍ ကျေးရွာလုံခြုံရေးအတွက် လူငယ်များ သင်တန်းတက်ရမည်ဟု ပြောဆိုပြီး မဲနှိုက်စနစ်ဖြင့် ရွေးချယ်ကြောင်း၊ ချင်းလူငယ်အများအပြားသည် သင်တန်းပြီးပါက ရှေ့တန်းပို့ခံရမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးလာနေကြကြောင်း ဒေသခံလူငယ်များထံမှ သိရသည်။ “ပြေးလာတဲ့ လူငယ်တွေ တော်တော်များတယ်။ အခုတောင် ရန်ကုန်ကို ကျနော်တို့ ရွာက ပြေးလာတဲ့ လူငယ် ၅ ဦးရောက်နေတယ်။ ပြီးခဲ့တဲ့ရက်က ၃ ရွာပေါင်း ထပ်ထွက်လာကြတာရှိတယ်။ ၁၅ ဦး။ အမ်းကနေ မကွေးကို လာရတာ။ ခြေချင်လျှောက်ပြီး လာရတာပါ။ ၅/၆ ရက်လောက်လျှောက်ရတယ်။ လမ်းကြောင်းသိတဲ့လူကို ငှားရတယ်။ မကွေးရောက်မှ ကားလက်မှတ်ဖြတ်ပြီး ရန်ကုန်လာရတယ်” ဟု ရန်ကုန်ရောက်နေသည့် အမ်းမြို့နယ် ချင်းရွာမှ လူငယ်တစ်ဦးက ပြောသည်။ တိမ်းရှောင်ကြသူများတွင် အသက် ၁၅ နှစ်အရွယ်မှ ၂၆ နှစ်ကျော်အရွယ်ခန့်ရှိသော လူငယ်အမျိုးသား၊ အမျိုးသမီးများပါဝင်ပြီး လမ်းခရီးစရိတ်မှာ ငါးသိန်းခန့် ကုန်ကျကြောင်း၊…
(005MK) မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က ဆိုင်ခန်းတစ်ခုကို ဖောက်ထွင်းပြီး ရူပီးငွေ ၁၀ သိန်းခိုးယူထွက်ပြေးသွားသော မြန်မာနိုင်ငံသားတစ်ဦး (Dolla) ဆိုသူကို မီဇိုရမ်ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းမိပြီဟု သိရသည်။ လောင်တလိုင်မြို့ Chandmary ရပ်ကွက်က Emmanuel ဆိုင်ခန်း စက်တင် ဘာလ ၂၂ ရက်နေ့ညက ဖောက်ထွင်းခံရပြီး စက်တင်ဘာလ ၂၃ ရက် မနက်ပိုင်း ၁ နာရီခွဲခန့်မှာ ဆိုင်ခန်းဖောက်ထွင်းသူကို Diltlang South ရွာစွန်ဘက်မှာ မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု The Lawngtlai Post က ဖော်ပြသည်။ အဖမ်းခံရသူမှာ မြန်မာနိုင်ငံသား Dolla ဆိုသူဖြစ်ပြီး Emmanuel ဆိုင်ခန်းမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဆိုင်ခန်းထဲတွင် သီးသန့်ထားရှိသော ဘဏ်မှာအပ်နှံမည့် ရူပီးငွေ ၁၀ သိန်းကို ခိုးယူကာ ဆိုင်ကယ်နှင့်ထွက်ပြေးသွားခဲ့ ခြင်းဖြစ် သည်ဟု သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ပိုင်ရှင်က လောင်တလိုင်မြို့ရဲစခန်းကို အကြောင်းကြားပြီး နောက်တနေ့မှာ ပြန်လည်ဖမ်းဆီးရမိခြင်းဖြစ်သည်။ မီဇိုရမ်ရဲတပ်ဖွဲ့က Dolla ထံမှ ရူပီးငွေ ၇၅၉၇၀၀ ပြန်လည်ရရှိပြီး လောင်တလိုင်မြို့ကို ပို့ဆောင်မည်ဟု သိရသည်။
(004SS) စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဉ်၌ပါဝင်သည့် Non-CDM ဝန်ထမ်းများကို စစ်ကောင်စီကဲ့သို့ သဘောထားပြီး ပစ်ခတ်မှုပြုလုပ်တော့မည်ဟု CDF-Hakha က ယမန်နေ့ ညနေပိုင်းတွင် သတိပေးချက် ထုတ်ပြန်သည်။ ချင်းပြည်နယ် ဟားခါမြို့က ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများကို စစ်ကောင်စီက စက်တင်ဘာလ ၂၃ ရက်နေ့တွင် ခေါ်ယူကာ ရွေးကောက်ပွဲနှင့်ပတ်သက်သော သန်းခေါင်စာရင်းကောက်ယူနည်း သင်တန်းများကို ပို့ချခဲ့သည်ဟု သိရသည်။ CDF- Hakha အနေဖြင့် လွန်ခဲ့သော ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီနှင့်အတူလက်တွဲကာ အလုပ်လုပ်ကိုင်သူများအား စစ်ကောင်စီကဲ့သို့ သဘောထားမည့်အကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့အား အသက်အန္တရာယ်ထိခိုက်သည့်အထိ ပစ်ခတ်ခြင်းမပြုခဲ့ကြောင်းဆိုသည်။ သို့သော် ယခုအခါ စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်တွင် သန်းခေါင်စာရင်းကောက်ယူရာ၌ ပါဝင်ကူညီသူ Non-CDM များအပါအဝင် မည်သူမဆို စစ်ကောင်စီသဖွယ်သဘောထားကာ တွေ့ရာအရပ်၌ ပစ်ခတ်တော့မည့်အကြောင်း CDF-Hakha က အတိအလင်း သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက နိုင်ငံတစ်ဝန်း တိုင်းနှင့် ပြည်နယ် အသီးသီးတွင် မြို့နယ်အဆင့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူနည်းသင်တန်းပြုလုပ်လျက်ရှိနေပြီး ဟားခါးမြို့အပါအဝင် ချင်းပြည်နယ်ရှိ အချို့သော မြို့များတွင်လည်း ကျင်းပခဲ့ပြီးဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ကောက်ယူသွားမည်ဟု သိရသည်။ ချင်းပြည်နယ်မှာတော့ ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းက ၂၀၂၄ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူ ရေး လုပ်ငန်းစဉ်အတွက် လူဦးရေနှင့် အိမ်အကြောင်းအရာဆိုင်ရာ လှုံ့ဆော်ရေးမြေစိုက်ပိုစတာစိုက်ထူခြင်း…
(002MG) ချင်းပြည်နယ်မြောက်ပိုင်း အစွန်ဆုံးမြို့ဖြစ်သည့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်ပြီး ဆေးဝါးများပါ ပြတ်လပ်နေသည့်အတွက် အကိုက်ခဲပျောက်ဆေးပင် ဝယ်ယူရန်အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။ “စားသုံးကုန်ကရှိတော့ရှိတယ် ကုန်ဈေးနှုန်းအရမ်းတက်တယ်၊ ဆေးဝါးကျတော့ မရှိသလောက် ဖြစ်တယ်၊ ဆေးတွေက အကုန်လုံးပေါ့ ပုံမှန်သောက်နေကြ သွေးကျဆေး၊ ဓာတ်ဆားတို့ဆိုရင် ဝယ်လို့မရဘူးပြတ်တာကြာပြီ အဓိက ပြတ်တာ က ဆေးဝါး၊အကိုက်အခဲပျောက် ဆေး၊အစာကြေဆေး တွေဆိုရင် သိပ်မရှိတော့ဘူး ကျန်းမာရေးမကောင်းရင် အခက် အခဲဖြစ်တယ်၊ CNF က ဆေးခန်းဖွင့်တယ် ဒါပေမယ့် ဆရာဝန်က လူနာတွေကြည့်ပေးတာပဲရှိတယ်၊ ကိရိယာတွေ၊ ဆေးဝါးမရှိဘူး” ဟု စစ်ဘေးရှောင်ရာမှ တွန်းဇံမြို့သို့ ပြန်လည်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ကလေးမြို့အထွက် တက္ကသိုလ်မုဒ်ဦးအနီးရှိ စစ်ကောင်စီ၏ (၈) မိုင်စစ်ဆေးရေးဂိတ်မှ ချင်းပြည်နယ် မြောက်ပိုင်း ခိုင်ကမ်း-တီးတိန်-ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေသော မော်တော်ယာဉ်များအား ဆန်နှင့် ဆေးဝါးများသယ်ဆောင်ခွင့် ပိတ်ထားခြင်းကြောင့် ယခုကဲ့သို့ ဆေးဝါးပြတ်မှုနှင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှု ပိုမိုဆိုးရွားလာခြင်းဖြစ်သည်ဟု သိရသည်။ တွန်းဇံမြို့ကပြည်သူများသည် ကလေးမီးဖွားခြင်း၊ ခွဲစိတ်ကုသမှု နှင့် အရေး ပေါ်ကျန်းမာရေးအခြေအနေများရှိပါက တီးတိန်မြို့နှင့် ကလေးမြို့တို့တွင် သွားရောက်ဆေးကုသမှုခံယူကြရသည်ဟု သိရသည်။ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ကုန်တင်ကားများ ဝင်ရောက်နိုင်သော်လည်း ဆန်များသယ်ယူခွင့် ပိတ်ထားခြင်းကြောင့် တွန်းဇံမြို့တွင် ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တက်နေကာ ကြက်ဥ တလုံး တစ်ထောင်ကျပ်၊ ဆပ်ပြာအမွေးခဲ တခဲ (၂၅၀၀) ကျပ်၊ ယခင်တွင် နေကြာဆီ ၁ပုံး ၁ သိန်းခွဲရှိရာ လက်ရှိတွင် (၂၁၀၀၀၀) ကျပ်၊ ဆန် ဧရာမင်းကော်ချက်…
