Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF – မရာထိန်းချုပ်ဒေသကို သိမ်းနိုင်ရန် MDF နှင့် မဟာမိတ်တပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်နေဟုဆို

CDF – မရာထိန်းချုပ်ဒေသကို သိမ်းနိုင်ရန် MDF နှင့် မဟာမိတ်တပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်နေဟုဆို

0
By Editor on July 17, 2025 Khonumthung

(006SV)

ချင်းပြည်နယ်၊ မရာဒေသတွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ် (MTC/ MDF) နှင့် မဟာမိတ်တပ်များသည် IMC/ CDF – မရာ ဌာနချုပ်ကို သိမ်းနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၆ ရက်အထိ MTC/ MDF နှင့် အာရက္ခတပ်တော် ULA/ AA ပူးပေါင်းတပ်ဖွဲ့သည် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ IMC/ CDF – မရာ ဌာနချုပ် မကျစေရေးအတွက် ပြည်သူများနှင့် ပူးပေါင်းပြီး ရရာလက်နက်များဖြင့် ခုခံကာကွယ်လျက်ရှိသည်ဟု IMC/ CDF – မရာက ဇူလိုင်လ ၁၆ ရက်မှာ ထုတ်ပြန်သည်။

CDF – မရာဌာနချုပ်ကို သိမ်းပိုက်နိုင်ရန်နှင့် ချင်းပြည်မြောက်ပိုင်းသို့ ထိုးစစ်ဆင်ရန် လမ်းကြောင်း ဖောက်ထွင်းနိုင်ရေး ရည်ရွယ်၍ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု IMC/ CDF – မရာထံမှ သိရသည်။

MDF နှင့် ULA/ AA တပ်ဖွဲ့များသည် မူလယာယီစခန်းဖြစ်သော အောက် လာအိုကျေးရွာမှ အင်အားအလုံးအရင်းဖြင့် တက်လာပြီး ဇူလိုင်လ ၃ ရက်တွင် အထက်လာအိုကျေးရွာအနီးရှိ CDF – မရာစခန်းနှင့် ၁ မိုင်ခန့်အထိ စစ်ကြောင်းထိုးလာသည်ဟု သိရသည်။

MDF နှင့် ပူးပေါင်းတပ်ဖွဲ့သည် IMC/ CDF – မရာ ဌာနချုပ် ဧရိယာသို့ အင်အား ၂၀၀ ခန့်ကို စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာရာ ဇူလိုင်လ ၁၄ ရက် နေ့လယ် ၁၂ ခန့်တွင် ဖာရ်တလန်ရွာအနီး ၃ နေရာမှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားသည်ဟု IMC/ CDF – မရာ ထံမှ သိရသည်။

ယမန်နေ့အထိလည်း နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု IMC/ CDF – မရာ က ထုတ်ပြန်သည်။

မရာလူမျိုးအချင်းချင်းအကြား ပဋိပက္ခ ပိုမိုကြီးထွားအောင် ချင်းညီနောင် (CB) နှင့် ULA/ AA တပ်ဖွဲ့များက MDF ဖက်ကို တဖက်သတ်ရပ်တည်ပြီး စစ်အင်အား၊ လက်နက်အင်အားဖြင့် ကူညီပေးနေသည်ဟုလည်း IMC/ CDF – မရာ ၏ ထုတ်ပြန်ချက်အရ သိရသည်။

မရာဒေသပဋိပက္ခတွင် MTC/ MDF တပ်ဖွဲ့ကို CB နှင့် ULA/ AA က အကူအညီပေးနေမှုနှင့် ယင်းတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ MTC/ MDF နှင့် IMC/ CDF – မရာ တပ်ဖွဲ့များထံ ဆက်သွယ်မေးမြန်းသော်လည်း မရပါ။

MTC/ MDF နှင့် ULA/ AA ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအကြား စစ်ရေးပွတ်တိုက်မှု မရှိအောင် IMC/ CDF – မရာ ဌာနချုပ် ဧရိယာမှ အမြန်ဆုံး တပ်ဆုတ်သွားပေးရန် IMC/ CDF – မရာ က တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.