Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF- ကန်ပက်လက်မှ တပ်ရင်း (၅) ရင်းက “ချင်းညီနောင်” နှင့်အတူလက်တွဲမည်ဟု ထုတ်ပြန်

CDF- ကန်ပက်လက်မှ တပ်ရင်း (၅) ရင်းက “ချင်းညီနောင်” နှင့်အတူလက်တွဲမည်ဟု ထုတ်ပြန်

0
By Editor on February 1, 2024 Headline

(006SV)

ချင်းပြည်အတွင်း စစ်ရေးနှင့် နိုင်ငံရေးများ အကွဲအပြဲဖြစ်ပွားနေချိန်တွင် CDF – ကန်ပက်လက်မှ တပ်ရင်း (၅) ခုသည် “ချင်းညီနောင်” မဟာမိတ်အဖွဲ့နှင့် အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တပ်ရင်း (၅) ဖွဲ့က ဘုံသဘောထား ထုတ်ပြန်သည်။

CDF – ကန်ပက်လက်၏ တပ်ရင်း (၇) ရင်းထဲက တပ်ရင်း (၅) ရင်းဖြစ်သည့် Victoria တပ်ရင်း၊ Vakok တပ်ရင်း၊ Tumee တပ်ရင်း၊ Khonu တပ်ရင်းနှင့် Mahuyar တပ်ရင်းတို့က ဇန်နဝါရီလ ၃၁ ရက်မှာ ပူးတွဲထုတ်ပြန်လာခြင်းဖြစ်သည်။

ခိုနူမ်းသုန်းသတင်းဌာနက CDF – ကန်ပက်လက်မှ ရဲဘော်တစ်ဦးနှင့် တခြားတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ယင်းပူးတွဲထုတ်ပြန်ချက်မှာ မှန်ကန်ကြောင်း၊ အခြေအနေရှုပ်ထွေးနေမှုများကြောင့် ၎င်းတို့အနေဖြင့် မဖြေဆိုနိုင်သေးကြောင်း ပြောသည်။

CNF/CNA ၊ ချင်းကာကွယ်ရေးအဖွဲ့ (CDF) တချို့နှင့် ချင်းလွှတ်တော်အမတ်တချို့သည် ချင်းလဲန်းကောင်စီဖွဲ့စည်းပြီး ချင်းပြည်လူထုနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့ အားလုံးမပါဘဲ မိမိအလိုကျ ဥပဒေရေးဆွဲအတည်ပြုခြင်း၊ သက်ဆိုင်ရာမြို့နယ်ဒေသ၏ သဘောထားမပါဘဲ နီးစပ်ရာလူကို ဆွဲခေါ်ကာ ချင်းပြည်အစိုးရဖွဲ့ရန် ပြင်ဆင်နေသည်ဟု ယင်းတပ်ရင်း (၅) ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF-Kanpetlet တွင် တပ်ရင်း ၇ ရင်းရှိသည့်အနက် တပ်ရင်း ၅ ရင်းရှိပြည်သူများနှင့် ရဲဘော်များမှ ထိုကိစ္စကို လုံး၀လက်မခံကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၂၁ ဩဂုတ်လ ၂၄ ရက်မှာ အခိုင်အမာ မဟာမိတ်ဖွဲ့ခဲ့သူများဖြစ်သည့် လက်ရှိ ချင်းညီနောင်အဖွဲ့ (CNC- Mindat/ CDF-Mindat၊ ZFU/ PDF- Zoland၊ CNO/CNDF) နှင့် စစ်ရေး၊ နိုင်ငံရေးအရ တရားမျှတရေး၊ တန်းတူရေး၊ မြို့နယ်ဒေသကို အခြေခံသော ဖက်ဒရယ်စနစ်ဖြင့် မြို့နယ်၊ အစုအဖွဲ့အားလုံးပါဝင်သော ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ ဖွဲ့စည်းတည်ဆောက်ရေး၊ တန်းတူညီမျှမှု ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါ်လာရေးတို့အတွက် အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဘုံသဘောထားထုတ်ပြန်သည်။

ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC/MDF) က “ချင်းညီနောင်” တွင် အဖွဲ့ဝင်အဖြစ် ဇန်နဝါရီလ ၃၀ မှစတင်၍ ပူးပေါင်းပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.