Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF- ကန်ပက်လက်မှ တပ်ရင်း (၅) ရင်းက “ချင်းညီနောင်” နှင့်အတူလက်တွဲမည်ဟု ထုတ်ပြန်

CDF- ကန်ပက်လက်မှ တပ်ရင်း (၅) ရင်းက “ချင်းညီနောင်” နှင့်အတူလက်တွဲမည်ဟု ထုတ်ပြန်

0
By Editor on February 1, 2024 Headline

(006SV)

ချင်းပြည်အတွင်း စစ်ရေးနှင့် နိုင်ငံရေးများ အကွဲအပြဲဖြစ်ပွားနေချိန်တွင် CDF – ကန်ပက်လက်မှ တပ်ရင်း (၅) ခုသည် “ချင်းညီနောင်” မဟာမိတ်အဖွဲ့နှင့် အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း တပ်ရင်း (၅) ဖွဲ့က ဘုံသဘောထား ထုတ်ပြန်သည်။

CDF – ကန်ပက်လက်၏ တပ်ရင်း (၇) ရင်းထဲက တပ်ရင်း (၅) ရင်းဖြစ်သည့် Victoria တပ်ရင်း၊ Vakok တပ်ရင်း၊ Tumee တပ်ရင်း၊ Khonu တပ်ရင်းနှင့် Mahuyar တပ်ရင်းတို့က ဇန်နဝါရီလ ၃၁ ရက်မှာ ပူးတွဲထုတ်ပြန်လာခြင်းဖြစ်သည်။

ခိုနူမ်းသုန်းသတင်းဌာနက CDF – ကန်ပက်လက်မှ ရဲဘော်တစ်ဦးနှင့် တခြားတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ယင်းပူးတွဲထုတ်ပြန်ချက်မှာ မှန်ကန်ကြောင်း၊ အခြေအနေရှုပ်ထွေးနေမှုများကြောင့် ၎င်းတို့အနေဖြင့် မဖြေဆိုနိုင်သေးကြောင်း ပြောသည်။

CNF/CNA ၊ ချင်းကာကွယ်ရေးအဖွဲ့ (CDF) တချို့နှင့် ချင်းလွှတ်တော်အမတ်တချို့သည် ချင်းလဲန်းကောင်စီဖွဲ့စည်းပြီး ချင်းပြည်လူထုနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့ အားလုံးမပါဘဲ မိမိအလိုကျ ဥပဒေရေးဆွဲအတည်ပြုခြင်း၊ သက်ဆိုင်ရာမြို့နယ်ဒေသ၏ သဘောထားမပါဘဲ နီးစပ်ရာလူကို ဆွဲခေါ်ကာ ချင်းပြည်အစိုးရဖွဲ့ရန် ပြင်ဆင်နေသည်ဟု ယင်းတပ်ရင်း (၅) ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF-Kanpetlet တွင် တပ်ရင်း ၇ ရင်းရှိသည့်အနက် တပ်ရင်း ၅ ရင်းရှိပြည်သူများနှင့် ရဲဘော်များမှ ထိုကိစ္စကို လုံး၀လက်မခံကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၂၁ ဩဂုတ်လ ၂၄ ရက်မှာ အခိုင်အမာ မဟာမိတ်ဖွဲ့ခဲ့သူများဖြစ်သည့် လက်ရှိ ချင်းညီနောင်အဖွဲ့ (CNC- Mindat/ CDF-Mindat၊ ZFU/ PDF- Zoland၊ CNO/CNDF) နှင့် စစ်ရေး၊ နိုင်ငံရေးအရ တရားမျှတရေး၊ တန်းတူရေး၊ မြို့နယ်ဒေသကို အခြေခံသော ဖက်ဒရယ်စနစ်ဖြင့် မြို့နယ်၊ အစုအဖွဲ့အားလုံးပါဝင်သော ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ ဖွဲ့စည်းတည်ဆောက်ရေး၊ တန်းတူညီမျှမှု ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါ်လာရေးတို့အတွက် အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဘုံသဘောထားထုတ်ပြန်သည်။

ချင်းပြည်နှင့် ချင်းအမျိုးသားရေးကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC/MDF) က “ချင်းညီနောင်” တွင် အဖွဲ့ဝင်အဖြစ် ဇန်နဝါရီလ ၃၀ မှစတင်၍ ပူးပေါင်းပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.