Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF – မတူပီ၊ တပ်မဟာ – ၂ကို ပယ်ဖျက်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ အဖြစ် ပြန်လည်ဖွဲ့စည်းကြောင်း‌ ကြေညာ

CDF – မတူပီ၊ တပ်မဟာ – ၂ကို ပယ်ဖျက်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ အဖြစ် ပြန်လည်ဖွဲ့စည်းကြောင်း‌ ကြေညာ

0
By Editor on June 1, 2025 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၊ တပ်မဟာ – ၂ ကို ပယ်ဖျက်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ အဖြစ် ပြန်လည်အတည်ပြုဖွဲ့စည်းလိုက်ကြောင်း ကြေညာသည်။

မေလ ၂၈ နှင့် ၂၉ ရက်တို့တွင် ၄ နှစ်ပြည့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီနှင့် တပ်မဟာ – ၂ တို့၏ ဒုတိယအကြိမ် ညီလာခံကို ကျင်းပပြီးနောက် ယင်းကဲ့သို့ ပြန်လည်အတည်ပြု ဖွဲ့စည်းခြင်းဖြစ်သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီက မေလ ၃၁ ရက်မှာ ထုတ်ပြန်သည်။

CDF – မတူပီ၊ တပ်မဟာ – ၂ ၏ အမည်နာမ၊ အမှတ်တံဆိပ်၊ ရုံးတံဆိပ်တို့ကို ပယ်ဖျက်ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ အဖြစ် ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်ဟု သိရသည်။

တော်လှန်ရေး ၄ နှစ်အတွင်း တိုင်းပြည်နှင့် လူမျိုးအတွက် ရဲဘော် ၁၄ ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၆ ဦး ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခဲ့ကာ ရဲဘော် ၂ ဦးမှာ အမြင်အာရုံ ဆုံးရှုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ရဲဘော် ၄၀ ဦးကျော် ရှိသည်ဟု သိရသည်။

ကျဆုံးရဲဘော်များ၊ ဒဏ်ရာရ ကိုယ်လက်အင်္ဂါပေးဆပ်သူများကို CDF – မတူပီမှ မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ အဖက်ဖက်က ကူညီထောက်ပံ့ပေးသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း CDF – မတူပီက ထုတ်ပြန်သည်။

CDF – မတူပီကို တော်လှန်ရေး ပြီးဆုံးသည်အထိ ကူညီထောက်ပံ့ပေးကြပါရန် နိုးဆော်တိုက်တွန်းထားသည်။

CDF – မတူပီ၊ တပ်မဟာ ၂ အဖွဲ့သည် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရနှင့် နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်နေသောအဖွဲ့ဖြစ်သည်။

မတူပီမြို့နယ်အခြေစိုက်သော ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီသည် နိုင်ငံရေးနှင့် စစ်ရေး သဘောထား ကွဲလွဲမှုကြောင့် ၂၀၂၄ ခုနှစ် မတ်လက ၎င်းအဖွဲ့၏ တတိယအကြိမ် ညီလာခံမှတဆင့် CDF – မတူပီ၊ တပ်မဟာ – ၁ နှင့် CDF – မတူပီ၊ တပ်မဟာ – ၂ ဟူ၍ ကွဲသွားခဲ့သည်။

ICNCC ၊ ချင်းညီနောင်အဖွဲ့တို့နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်သည့် CDF – မတူပီ၊ တပ်မဟာ – ၁ အဖွဲ့သည် ၂၀၂၅ ခုနှစ် ဧပြီလက Chinland Defense Force – Matupi (ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံရေးအဖွဲ့အနေဖြင့် မတူပီတော်လှန်ရေးအဖွဲ့ချုပ် (Matupi Revolutionary Organization – MRO) ကို ဖွဲ့စည်းကြောင်း ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.