Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF – မရာထိန်းချုပ်ဒေသကို သိမ်းနိုင်ရန် MDF နှင့် မဟာမိတ်တပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်နေဟုဆို

CDF – မရာထိန်းချုပ်ဒေသကို သိမ်းနိုင်ရန် MDF နှင့် မဟာမိတ်တပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်နေဟုဆို

0
By Editor on July 17, 2025 Khonumthung

(006SV)

ချင်းပြည်နယ်၊ မရာဒေသတွင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ် (MTC/ MDF) နှင့် မဟာမိတ်တပ်များသည် IMC/ CDF – မရာ ဌာနချုပ်ကို သိမ်းနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၆ ရက်အထိ MTC/ MDF နှင့် အာရက္ခတပ်တော် ULA/ AA ပူးပေါင်းတပ်ဖွဲ့သည် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရာ IMC/ CDF – မရာ ဌာနချုပ် မကျစေရေးအတွက် ပြည်သူများနှင့် ပူးပေါင်းပြီး ရရာလက်နက်များဖြင့် ခုခံကာကွယ်လျက်ရှိသည်ဟု IMC/ CDF – မရာက ဇူလိုင်လ ၁၆ ရက်မှာ ထုတ်ပြန်သည်။

CDF – မရာဌာနချုပ်ကို သိမ်းပိုက်နိုင်ရန်နှင့် ချင်းပြည်မြောက်ပိုင်းသို့ ထိုးစစ်ဆင်ရန် လမ်းကြောင်း ဖောက်ထွင်းနိုင်ရေး ရည်ရွယ်၍ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု IMC/ CDF – မရာထံမှ သိရသည်။

MDF နှင့် ULA/ AA တပ်ဖွဲ့များသည် မူလယာယီစခန်းဖြစ်သော အောက် လာအိုကျေးရွာမှ အင်အားအလုံးအရင်းဖြင့် တက်လာပြီး ဇူလိုင်လ ၃ ရက်တွင် အထက်လာအိုကျေးရွာအနီးရှိ CDF – မရာစခန်းနှင့် ၁ မိုင်ခန့်အထိ စစ်ကြောင်းထိုးလာသည်ဟု သိရသည်။

MDF နှင့် ပူးပေါင်းတပ်ဖွဲ့သည် IMC/ CDF – မရာ ဌာနချုပ် ဧရိယာသို့ အင်အား ၂၀၀ ခန့်ကို စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာရာ ဇူလိုင်လ ၁၄ ရက် နေ့လယ် ၁၂ ခန့်တွင် ဖာရ်တလန်ရွာအနီး ၃ နေရာမှာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားသည်ဟု IMC/ CDF – မရာ ထံမှ သိရသည်။

ယမန်နေ့အထိလည်း နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု IMC/ CDF – မရာ က ထုတ်ပြန်သည်။

မရာလူမျိုးအချင်းချင်းအကြား ပဋိပက္ခ ပိုမိုကြီးထွားအောင် ချင်းညီနောင် (CB) နှင့် ULA/ AA တပ်ဖွဲ့များက MDF ဖက်ကို တဖက်သတ်ရပ်တည်ပြီး စစ်အင်အား၊ လက်နက်အင်အားဖြင့် ကူညီပေးနေသည်ဟုလည်း IMC/ CDF – မရာ ၏ ထုတ်ပြန်ချက်အရ သိရသည်။

မရာဒေသပဋိပက္ခတွင် MTC/ MDF တပ်ဖွဲ့ကို CB နှင့် ULA/ AA က အကူအညီပေးနေမှုနှင့် ယင်းတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ MTC/ MDF နှင့် IMC/ CDF – မရာ တပ်ဖွဲ့များထံ ဆက်သွယ်မေးမြန်းသော်လည်း မရပါ။

MTC/ MDF နှင့် ULA/ AA ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအကြား စစ်ရေးပွတ်တိုက်မှု မရှိအောင် IMC/ CDF – မရာ ဌာနချုပ် ဧရိယာမှ အမြန်ဆုံး တပ်ဆုတ်သွားပေးရန် IMC/ CDF – မရာ က တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.