• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»CDF-Matupi ညီနောင်တပ်ပေါင်းစုနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ပြည်သူ ၇ ဦးကို ဖမ်းဆီး

CDF-Matupi ညီနောင်တပ်ပေါင်းစုနှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ပြည်သူ ၇ ဦးကို ဖမ်းဆီး

0
By Editor on January 7, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်တွင် ဇန်နဝါရီလ ၆ ရက် (ယမန်နေ့) မနက် ၉ နာရီကစတင်ပြီး CDF ညီနောင်တပ်ပေါင်းစုနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေခဲ့ကာ လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေးတင်းမာနေသည့်အပြင် စစ်ကောင်စီတပ်က ခရီးသွားပြည်သူ ၇ ဦးကိုဖမ်းဆီးထားသည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

“မနေ့က တနေကုန်နီးပါး ညထိပေါ့ တောက်လျှောက်ပစ်တယ်။ ဒီမနက်လည်း နှစ်ဖက်တင်း မာနေ တုန်းရှိသေးတယ်။ တခြားထိခိုက် ဒဏ်ရာရတဲ့ဟာတွေတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ CDF တပ်ဖွဲ့ဝင်တွေတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ စကစဖက်က ဘယ်လိုရှိလဲဆိုတာ အတည်မပြု နုုိင်သေးဘူး။ အခုအချိန်ထိ တို်က်ပွဲကြားထဲမှာပဲရှိနေသေးတယ်ဆိုတော့” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့က မတူပီ-ဟားခါးလမ်းမ ဝဲဘက်ရှိသော ကီလှုန်းနှင့် လုံလှောရွာကြားကို အင်အား ၁၅၀ ကျော်ဖြင့် စစ်ကြောင်းနှစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် CDF-Matupi/ CDF- Zotung/ CDF-Lautu ညီနောင်တပ်ပေါင်းစုတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် စစ်ကောင်စီတပ်က ကီလှုန်းမှ လုံလှောရွာကို ခရီးသွားနေသော ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးထားသည့်အပြင် လူသားဒိုင်းကာအဖြစ် တိုက်ပွဲအတွင်း အသုံးပြုနေသည်ဟု CDF-Matupi သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကီးလှုန်နှင့် လုံလှောကျေးရွာသည် မတူပီမြို့နှင့် မိုင် ၂၀ ခန့်ကွာဝေးသည်ဟုသိရပြီး မတူပီမြို့နယ်တွင် ဇန်နဝါရီလကစပြီး CDF-Matupi နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.