Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Senthang ဗဟိုကောင်စီရုံးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက် တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး

CDF-Senthang ဗဟိုကောင်စီရုံးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက် တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး

0
By Editor on May 10, 2023 Khonumthung

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ CDF-Senthang ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးကို မေလ ၈ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် CDF-Senthang တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

ယမန်နေ့ မေလ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့သည် CDF-Senthang ထိန်းချုပ်နယ်မြေအတွင်းရှိ ခွါပီးကျေးရွာကို Mi-35 ဖြင့် ဗုံးကြဲခဲ့ပြီးနောက် CDF-Senthang ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးအား ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Salai Siang Cung Hnin နှင့် တပ်ခွဲမှူး Salai Duh Lian Hmung တို့ ကျဆုံးခဲ့သည်ဟု CDF-Senthang ကထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့နယ် ဖိုင်ဖာ (Phaipha) ကျေးရွာနှင့် ဆူရ်ခွါ (Surkhua) ကျေးရွာတို့ကိုလည်း မေ ၈ ရက်နေ့ ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ချင်းပြည်နယ်တွင် ယခုကဲ့သို့ လူသားမဆန်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ သူရဲဘောကြောင်သော လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု CDF-Senthang ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF-Senthang အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ CDF, PDF များနှင့်အတူ စစ်အာဏာရှင်စနစ်ကို အဆုံးထိတိုင် တိုက်ပွဲဝင်တော်လှန်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ခင်ရီ ပြည်သူ့လွတ်တော် ဥက္ကဌဖြစ်လာ၊ ဒုဥက္ကဌအဖြစ် ဦးမောင်မောင်အုန်း ရွေးချယ်ခံရ

ဖလမ်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူငယ် ၃ ဦးသေဆုံး

ခရီးသွား လူငယ် ၁၆ ဦးကို ရိုက်နှက်ခဲ့မှုအပေါ် CDF-Hakha တောင်းပန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.