• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»CDF-Senthang ဗဟိုကောင်စီရုံးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက် တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး

CDF-Senthang ဗဟိုကောင်စီရုံးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက် တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး

0
By Editor on May 10, 2023 Khonumthung

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ CDF-Senthang ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးကို မေလ ၈ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် CDF-Senthang တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။

ယမန်နေ့ မေလ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့သည် CDF-Senthang ထိန်းချုပ်နယ်မြေအတွင်းရှိ ခွါပီးကျေးရွာကို Mi-35 ဖြင့် ဗုံးကြဲခဲ့ပြီးနောက် CDF-Senthang ဗဟိုအလုပ်အမှုဆောင်ကောင်စီရုံးအား ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Salai Siang Cung Hnin နှင့် တပ်ခွဲမှူး Salai Duh Lian Hmung တို့ ကျဆုံးခဲ့သည်ဟု CDF-Senthang ကထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဟားခါးမြို့နယ် ဖိုင်ဖာ (Phaipha) ကျေးရွာနှင့် ဆူရ်ခွါ (Surkhua) ကျေးရွာတို့ကိုလည်း မေ ၈ ရက်နေ့ ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ချင်းပြည်နယ်တွင် ယခုကဲ့သို့ လူသားမဆန်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ သူရဲဘောကြောင်သော လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နေမှုအပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု CDF-Senthang ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

CDF-Senthang အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၊ CDF, PDF များနှင့်အတူ စစ်အာဏာရှင်စနစ်ကို အဆုံးထိတိုင် တိုက်ပွဲဝင်တော်လှန်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီလက်အောက် ချင်းပြည်နယ် ၁၀ တန်းအောင်ချက် မကြုံစဖူး မြင့်တက်

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.