(004SS)
ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ်မှာ အခြေစိုက်လှုပ်ရှားနေသော CDF-Thantlang က အခြေခံ စစ်ပညာ သင်တန်း အပါတ်စဉ် (၁၁) ကို မကြာခင်ဖွင့်လှစ်မှာဖြစ်ပြီး တက်ရောက်မည့်သူများကို ဖိတ်ခေါ်နေသည်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေး၊ ချင်းပြည်သူများ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် လက်တွဲပါဝင်လိုသူများ ပါဝင်နိုင်ရန် အခြေခံစစ်သင်တန်းကို ဖွင့်လှစ်မည်ဟု ဖေဖော်ဝါရီလ ၂၄ ရက်နေ့က CDF-Thantlang က ထုတ်ပြန်သည်။
“အခု Basic Military training က အပါတ်စဉ် ၁၁ အတွက် ခေါ်ယူနေတာဖြစ်တယ်။ လက်ရှိမှာ သင်တန်းအေကြာင်း မေးမြန်းတဲ့သူတွေ ရှိနေပါပြီ။ သင်တန်းမှာ အမျိုးသား/အမျိုးသမီး၊ လူမျိုး/ဘာသာမရွေး အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ ကျန်းမာတဲ့သူ၊ စစ်ဉပဒေ လိုက်နာနိုင်မဲ့သူ၊ CDF-Thantlang မှာ အနည်းဆုံး တစ်နှစ် ပါဝင်နိုင်တဲ့သူ၊ ကျရာတာဝန် ထမ်းဆောင်ဖို့ ကတိပြုနိုင်တဲ့ ဘယ်သူမဆို ဒီသင်တန်းမှာ တက်လို့ရပါတယ်။ အမျိုးသမီးအတွက်လဲ ပါဝင်မှုအလိုက် အစီအစဉ်တွေရှိပါမယ်” ဟု CDF-Thantlang အခြေခံစစ်ပညာသင်တန်းမှ တာဝန်ရှိသူက ပြောသည်။
သင်တန်းတွင် အေခြခံစစ်ပညာများ ပို့ချပေးသွားမည့်အပြင် ချင်းအမျိုးသား တည်ဆောက်ရေး၊ နိုင်ငံရေးဆိုင်ရာ အသိပညာရပ်နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဉပဒေများကိုလည်း ပို့ချပေးသွားမည်ဟု တာဝန်ရှိသူထံမှ သိရသည်။
CDF-Thantlang အနေဖြင့် အခြေခံပညာစစ်သင်တန်းအပြင် မွမ်းမံသင်တန်းကိုလည်း ၆ ကြိမ်အထိ ပို့ချပေးနိုင်ခဲ့ပြီဟု သိရသည်။