Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Zotung တပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ပြည်သူတစ်ဦး အရေးပေါ် ဆေးရုံတင်ထားရ

CDF-Zotung တပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ပြည်သူတစ်ဦး အရေးပေါ် ဆေးရုံတင်ထားရ

0
By Editor on August 14, 2023 Khonumthung

(03PT)

မတူပီမြို့နယ်၊ ရေဇွာမြို့အနီး ‌စာလ်ထောင်ကျေးရွာဒေသခံ ဦးငန်ငန်ကို CDF-Zotung တပ်ဖွဲ့က အပြင်းအထန် ရိုက်နှက်ခဲ့မှုကြောင့် အရေးပေါ် ဆေးရုံတင်ထားရသည်ဟုသိရသည်။

ဖြစ်စဉ်မှာ စာလ်ထောင်ရွာသား ဦးငန်ငန်သည် CDF-Zotung တပ်ဖွဲ့နှင့် ငွေကြေး၊ ပုဂ္ဂိုလ်ရေးကိစ္စ အငြင်းပွားမှုဖြစ်ပွားရာမှာ ဇူလိုင်လ ၃၁ ရက်နေ့က စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်ပြီးနောက် ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု ယင်းဖြစ်စဉ်ကို သိရှိသူဒေသခံတစ်ဉီးက ပြေသည်။

“သူတို့က ငွေကောက်ခံမှုပိုင်းမှာ အငြင်းပွားဖြစ်တယ်နဲ့တူတယ်။ အရင်ကလည်း အခြားအငြိုးတွေလည်းရှိ မယ်ထင်ပါ တယ်။ ဒါနဲ့ သူ့ကို CDF-Zotung တပ်သားတွေက သူတို့စခန်းကို လာဖို့ခေါ်တာ။ အဲ့ဒါနဲ့ သူသားနဲ့ အတူ လိုက်သွားတာ။ သူ့သားက အရင်ပြန်လာပြီးနောက် အကြာကြီးမှပဲ သူပြန်လာတာ။ အဲ့မှာ ဒဏ်ရာအပြင်းထန်ပဲ ရိုက်နှက်ထားတာ” ဟု ယင်းဒေသခံက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ CDF-Zotung ဘက်က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးသလို ခိုနူမ်းသုန်အနေဖြင့်လည်း CDF-Zotung ဘက်ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း မရရှိနိုင်သေးပေ။

ဦးငန်ငန်မှာ ရိုက်နှက်ခံထားရမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသည့်အတွက် အရေးပေါ်ဆေးရုံတင်ခဲ့ရပြီး ယခုအချိန်မှာ အနည်းငယ် သက်လာသည်ဟုလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.