Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF-Zotung တပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ပြည်သူတစ်ဦး အရေးပေါ် ဆေးရုံတင်ထားရ

CDF-Zotung တပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ပြည်သူတစ်ဦး အရေးပေါ် ဆေးရုံတင်ထားရ

0
By Editor on August 14, 2023 Khonumthung

(03PT)

မတူပီမြို့နယ်၊ ရေဇွာမြို့အနီး ‌စာလ်ထောင်ကျေးရွာဒေသခံ ဦးငန်ငန်ကို CDF-Zotung တပ်ဖွဲ့က အပြင်းအထန် ရိုက်နှက်ခဲ့မှုကြောင့် အရေးပေါ် ဆေးရုံတင်ထားရသည်ဟုသိရသည်။

ဖြစ်စဉ်မှာ စာလ်ထောင်ရွာသား ဦးငန်ငန်သည် CDF-Zotung တပ်ဖွဲ့နှင့် ငွေကြေး၊ ပုဂ္ဂိုလ်ရေးကိစ္စ အငြင်းပွားမှုဖြစ်ပွားရာမှာ ဇူလိုင်လ ၃၁ ရက်နေ့က စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်ပြီးနောက် ရိုက်နှက်ခံရခြင်းဖြစ်သည်ဟု ယင်းဖြစ်စဉ်ကို သိရှိသူဒေသခံတစ်ဉီးက ပြေသည်။

“သူတို့က ငွေကောက်ခံမှုပိုင်းမှာ အငြင်းပွားဖြစ်တယ်နဲ့တူတယ်။ အရင်ကလည်း အခြားအငြိုးတွေလည်းရှိ မယ်ထင်ပါ တယ်။ ဒါနဲ့ သူ့ကို CDF-Zotung တပ်သားတွေက သူတို့စခန်းကို လာဖို့ခေါ်တာ။ အဲ့ဒါနဲ့ သူသားနဲ့ အတူ လိုက်သွားတာ။ သူ့သားက အရင်ပြန်လာပြီးနောက် အကြာကြီးမှပဲ သူပြန်လာတာ။ အဲ့မှာ ဒဏ်ရာအပြင်းထန်ပဲ ရိုက်နှက်ထားတာ” ဟု ယင်းဒေသခံက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ CDF-Zotung ဘက်က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးသလို ခိုနူမ်းသုန်အနေဖြင့်လည်း CDF-Zotung ဘက်ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း မရရှိနိုင်သေးပေ။

ဦးငန်ငန်မှာ ရိုက်နှက်ခံထားရမှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသည့်အတွက် အရေးပေါ်ဆေးရုံတင်ခဲ့ရပြီး ယခုအချိန်မှာ အနည်းငယ် သက်လာသည်ဟုလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.