Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF-Zotung ၏ စတုတ္ထအကြိမ်မြောက် အထူးစစ်ဆင်ရေးသင်တန်းတွင် အမျိုးသမီးရဲဘော် သုံးပုံတစ်ပုံခန့် ပါဝင်

CDF-Zotung ၏ စတုတ္ထအကြိမ်မြောက် အထူးစစ်ဆင်ရေးသင်တန်းတွင် အမျိုးသမီးရဲဘော် သုံးပုံတစ်ပုံခန့် ပါဝင်

0
By Editor on July 29, 2025 Headline

(004SS)

Chinland Defence Force – Zotung တပ်ဖွဲ့၏ စတုတ္ထအကြိမ်မြောက် Special Force Training သင်တန်းတွင် အမျိုးသမီးပါဝင်မှု မြင့်တက်လာပြီး သုံးပုံတစ်ပုံခန့် ပါဝင်လာသည်ဟု ယင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

ရက်ပေါင်း ၉၀ ကြာ ပို့ချပေးသည့် Special Force Training ရက်ရှည်သင်တန်းကို ဇူလိုင် ၂၄ ရက်နေ့က အောင်မြင်စွာပြု လုပ်ပြီးစီးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် သင်တန်းသားအယောက် ၉၀ ကျော် တက်ရောက်ခဲ့ပြီး ၈၀ ကျော်က အောင်မြင်စွာ ပြီးမြောက်ခဲ့ ကြောင်း၊ ယင်းအနက် အမျိုးသမီးရဲဘော် အယောက် ၂၀ ကျော်ပါဝင်ကြောင်း CDF-Zotung ၏ ပြောရေးဆိုခွင့်ရှိသူ Salai Danny ကပြောသည်။

“အမျိုးသမီးက အခုသင်တန်းမှာ တော်တော်များတယ်လို့ ပြောလို့ရတယ်။ အယောက် ၂၀ ကျော်ဆိုတော့ သုံးပုံတစ်ပုံ လောက်ပေါ့နော်။ ဆိုတော့ အမျိုးသမီးပါဝင်မှုက အခုသင်တန်းမှာ ပိုများလာတယ်။ သင်တန်းမှာ အမျိုးသမီးတွေကို အထွေအထူး ညှာပေးတာမျိုးမရှိပါဘူး။ အားလုံးကလဲ လိုက်နိုင်ကြတယ် သင်တန်းလဲ ပြီးမြောက်နိုင်ကြတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဂုဏ်ယူတယ်။ အားရတယ်” ဟု ၎င်းကပြောသည်။

အထူးစစ်ဆင်ရေးသင်တန်းသင်တန်းတွင် အခြေခံစစ်သင်တန်းများနှင့် စစ်ရေးပညာရပ်များအပြင် အရေးပေါ်ပြုစုနည်း (First Aid) နှင့် နိုင်ငံရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးထားပြီး ပြီးမြောက်သူအချို့အား ရဲဘော်တစ်ဦးချင်းစီနှင့် ကိုက်ညီသော တာဝန်များကို ခန့်အပ်ထားပြီဖြစ်ကြောင်း သိရသည်။

CDF-Zotung တပ်ဖွဲ့တွင် အမျိုးသမီးရဲဘော်များသည် ဆေးဘက်ဆိုင်ရာဌာနတွင်လည်း‌ကောင်း၊ ရှေ့တန်းစစ်မြေပြင်တွင် အရေးပေါ်ဆေးဖွဲ့ဝင်များအဖြစ် လည်း‌ကောင်း၊ နောက်တန်းတပ်ရင်းများတွင် ကျရာတာဝန်များ ထမ်းဆောင်နေကြသည် ဟုလည်း Salai Danny ကပြောသည်။

ထို့အပြင် ရှေ့တန်းစစ်မြေပြင် တိုက်ခိုက်ရေး၊ အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ၊ စီမံခန့်ခွဲမှုနှင့် ရုံးလုပ်ငန်းများ တွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ရန်နှင့် ၎င်းတို့၏ အခွင့်အလမ်းများအတွက် ကြိုးစားအားထုတ်ပေးရမည့် ကဏ္ဍများ လည်း ရှိနေသေးသည်ဟု သိရသည်။

ရှေ့ဆက်တွင်လည်း CDF-Zotung အနေဖြင့် ရဲဘော်၊ရဲမေများအတွက် စွမ်းရည်မြှင့်တင်ရေး မွမ်းမံသင်တန်းများ၊ ဆေးဘက်ဆိုင်ရာသင်တန်းများနှင့် အခြားစစ်ရေးစစ်ရာ သင်တန်းများကိုလည်း ဆက်လက်၍ ပို့ချနိုင်ရန် ကြိုးစားသွား မည်ဟု ဆိုသည်။

တော်လှန်ရေးကာလအတွင်း စိတ်ရှည်သည်းခံပြီး ပံ့ပိုးကူညီနေကြသော မိဘပြည်သူများ၊ CDM ဝန်ထမ်းများနှင့် အခြား ပံ့ပိုးသူများအား အထူးကျေးဇူးတင်ရှိကြောင်း၊ တန်းတူညီမျှမှု အပြည့်အ၀ရှိသော ပြည်ထောင်စုနိုင်ငံ‌‌တော်တည်ဆောက်ရေး နှင့် ချင်းလဲန်းရှိပြည်သူများအတွက် ဆက်လက်၍တိုက်ပွဲဝင်သွားမည်ဖြစ်‌‌ကြောင်း CDF-Zotung တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.