• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»CDM ဝင်သည့် ရဲဝန်ထမ်းများအား လွှဲပေးရန် စစ်တပ်မှတောင်းဆိုခဲ့သော်လည်း ၎င်းတို့ထံတွင်မရှိကြောင်း CNF မှငြင်းဆိုခဲ့

CDM ဝင်သည့် ရဲဝန်ထမ်းများအား လွှဲပေးရန် စစ်တပ်မှတောင်းဆိုခဲ့သော်လည်း ၎င်းတို့ထံတွင်မရှိကြောင်း CNF မှငြင်းဆိုခဲ့

0
By Editor on March 11, 2021 Headline
#Unicode
Benezer – ချင်းပြည်နယ် ဟားခါးမြို့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ချင်းအမျိုးသားတပ်ဦး (CNF) ခေါင်းဆောင်တစ်ချို့တို့ တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပြီး CDM ဝင်သည့် ရဲဝန်ထမ်းများအား လွှဲပေးရန် စစ်တပ်ဘက်မှ တောင်းဆိုခဲ့သော်လည်း ၎င်းတို့ထံတွင်မရှိဘဲ အိန္ဒိယဘက်သို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း CNF ဘက်မှ ငြင်းဆိုခဲ့ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၁၀ ရက် ညနေ ၄ နာရီ တွင် ပြုလုပ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲတွင် စစ်ကောင်စီအနေဖြင့် လက်ရှိ ဖမ်းဆီးထားသူများအား လွှတ်ပေးရန်၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား အနှောက်ယှက်မပေးရန် CNF ဘက်မှ တောင်းဆိုခဲ့ပြီး စစ်တပ်ဘက်ကလည်း CDM ဝင်သည့်ရဲဝန်ထမ်းများအား လွှဲပေးရန် CNF ကို တောင်းဆိုခဲ့သော်လည်း CDM ဝင်သည့် ရဲဝန်ထမ်းများမှာ CNF စခန်းတွင်မရှိကြောင်း အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးသွားပြီဟု CNF ဘက်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့က CDM ဝင်သည့် ရဲဝန်ထမ်းများအား ရှာဖွေရန်ဟုဆိုကာ ထန်တလန်မြို့နယ်အတွင်းရှိ CNF ဗဟိုဌာနချူပ် ဝိတိုရိယစခန်းသို့ စစ်တပ်မှ သွားရောက်ခဲ့ပြီး နောက်တစ်ခါမလာရောက်ရန် သတိပေးပြောဆိုခဲ့ကြောင်း CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
“မနေ့ကတော့ သူတို့ခါတိုင်းလာနေကျအတိုင်းလာတယ်၊ CDM ဝင်တဲ့ရဲဝန်ထမ်းတွေ ဒီမှာရှိတယ်လို့ကြားတယ် ထုတ်ပေးပါလို့ပြောတယ်၊ မပေးနိုင်ဘူး၊ ရှိလည်းမရှိဘူး၊ အဲလိုမျိုး လက်ခံထားတာလည်းမရှိဘူးလို့ ပြန်ပြောလိုက်တယ်၊ အဲမှာသူတို့ပြန်လှည့်ပြီးတော့ သူတို့ခုထိ မပြန်သေးဘူး ကျနော်တို့နယ်မြေထဲမှာဘဲရှိသေးတယ်၊ သူတို့ စခန်းကို ပြန်လာမယ်လို့ပြောတော့ ပြန်လည်းမလာနဲ့တော့လို့ သတိပေးထားတယ်” ဟု ချင်းအမျိုးသားတပ်ဦး၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။
ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရအကြား အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးနောက် မြန်မာ့တပ်မတော်မှ ချင်းအမျိုးသား တပ်ဦးအခြေစိုက်စခန်းသို့ ကြိုတင်အသိပေး အကြောင်းကြားမှုများမရှိဘဲ သွားရောက်မှုများရှိခဲ့ပြီး စစ်တပ်မှ အာဏာသိမ်း ပြီးနောက် ယခုတစ်ကြိမ်မှာ စခန်းသို့ သွားရောက်သည့် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။
#Zawgyi
Benezer – ခ်င္းျပည္နယ္ ဟားခါးၿမိဳ့တြင္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွူးႏွင့္ ခ်င္းအမ်ိဳးသားတပ္ဦး(CNF) ေခါင္းေဆာင္တစ္ခ်ိဳ့တို့ ေတြ႕ဆုံေဆြးေႏြးမွုလုပ္ခဲ့ၿပီး CDM ဝင္သည့္ ရဲဝန္ထမ္းမ်ားအား လႊဲေပးရန္ စစ္တပ္ဘက္မွ ေတာင္းဆိုခဲ့ေသာ္လည္း ၎တို့ထံတြင္မရွိဘဲ အိႏိၵယဘက္သို႔ ထြက္ေျပးသြားၿပီျဖစ္ေၾကာင္း CNF ဘက္မွ ျငင္းဆိုခဲ့ေၾကာင္း သိရသည္။
ယမန္ေန႔ မတ္လ ၁၀ ရက္ ညေန ၄ နာရီ တြင္ ျပဳလုပ္ခဲ့သည့္ အဆိုပါေဆြးေႏြးပြဲတြင္ စစ္ေကာင္စီအေနျဖင့္ လက္ရွိ ဖမ္းဆီးထားသူမ်ားအား လႊတ္ေပးရန္၊ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္သူမ်ားအား အေႏွာက္ယွက္မေပးရန္ CNF ဘက္မွ ေတာင္းဆိုခဲ့ၿပီး စစ္တပ္ဘက္ကလည္း CDM ဝင္သည့္ရဲဝန္ထမ္းမ်ားအား လႊဲေပးရန္ CNF ကို ေတာင္းဆိုခဲ့ေသာ္လည္း CDM ဝင္သည့္ ရဲဝန္ထမ္းမ်ားမွာ CNF စခန္းတြင္မရွိေၾကာင္း အိႏၵိယနိုင္ငံဘက္သို့ ထြက္ေျပးသြားၿပီဟု CNF ဘက္လည္ ေျဖၾကားခဲ့ေၾကာင္း သိရသည္။
ထို့ျပင္ ယမန္ေန႔က CDM ဝင္သည့္ ရဲဝန္ထမ္းမ်ားအား ရွာေဖြရန္ဟုဆိုကာ ထန္တလန္ၿမိဳ့နယ္အတြင္းရွိ CNF ဗဟိုဌာနခ်ဴပ္ ဝိတိုရိယစခန္းသို့ စစ္တပ္မွ သြားေရာက္ခဲ့ၿပီး ေနာက္တစ္ခါမလာေရာက္ရန္ သတိေပးေျပာဆိုခဲ့ေၾကာင္း CNF ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းထက္နီက ေျပာသည္။
“မေန႔ကေတာ့ သူတို့ခါတိုင္းလာေနက်အတိုင္းလာတယ္၊ CDM ဝင္တဲ့ရဲဝန္ထမ္းေတြ ဒီမွာရွိတယ္လို့ၾကားတယ္ ထုတ္ေပးပါလို့ေျပာတယ္၊ မေပးနိုင္ဘူး၊ ရွိလည္းမရွိဘူး၊ အဲလိုမ်ိဳး လက္ခံထားတာလည္းမရွိဘူးလို့ ျပန္ေျပာလိုက္တယ္၊ အဲမွာသူတို့ျပန္လွည့္ၿပီးေတာ့ သူတို့ခုထိ မျပန္ေသးဘူး က်ေနာ္တို့နယ္ေျမထဲမွာဘဲရွိေသးတယ္၊ သူတို့ စခန္းကို ျပန္လာမယ္လို့ေျပာေတာ့ ျပန္လည္းမလာနဲ႔ေတာ့လို့ သတိေပးထားတယ္” ဟု ခ်င္းအမ်ိဳးသားတပ္ဦး၏ ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းထက္နီကေျပာသည္။
ခ်င္းအမ်ိဳးသားတပ္ဦးႏွင့္ အစိုးရအၾကား အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေနာက္ ျမန္မာ့တပ္မေတာ္မွ ခ်င္းအမ်ိဳးသား တပ္ဦးအေျခစိုက္စခန္းသို့ ႀကိဳတင္အသိေပး အေၾကာင္းၾကားမွုမ်ားမရွိဘဲ သြားေရာက္မွုမ်ားရွိခဲ့ၿပီး စစ္တပ္မွ အာဏာသိမ္း ၿပီးေနာက္ ယခုတစ္ႀကိမ္မွာ စခန္းသို့ သြားေရာက္သည့္ ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္းသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.