Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNA ဒု-ဗိုလ်မှူးကြီး ဆန်းလျန်ထန်း ကွယ်လွန်

CNA ဒု-ဗိုလ်မှူးကြီး ဆန်းလျန်ထန်း ကွယ်လွန်

0
By Editor on July 8, 2023 Khonumthung

(05MK)

ချင်းအမျိုးသားတပ်မတော် (CNA) ဒု-ဗိုလ်မှူးကြီး ဆန်းလျန်ထန်းသည် ဇူလိုင်လ ၅ ရက် နေ့ညက မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။ 

ချင်းအမျိုးသားတပ်မတော် ကာကွယ်ရေးဌာန လက်ထောက်အတွင်းရေးမှူးလည်းဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဆန်းလျန်ထန်းသည် ကျန်းမာရေးအခြေအနေကြောင့် အိုင်ဇောလ်မြို့ ဆေးရုံတွင် ကုသမှုခံယူနေစဉ်တွင် ဇူလိုင်လ ၅ ရက်နေ့ည ဒေသစံတော်ချိန် ၉ နာရီကျော်ကျော်ခန့်က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ 

အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်သော ဒုဗိုလ်မှူးကြီးဆန်းလျန်ထန်းသည် အသက် ၁၇ နှစ်အရွယ် ၁၉၈၈ ခုနှစ်ကတည်းက ချင်းအမျိုးသားတပ်မတော်မှာ ဝင်ရောက်ကာ ချင်းအမျိုးသားတပ်ဦး CNF/CNA တွင် ယခု ကွယ်လွန်ချိန်ထိ နှစ်ပေါင်း ၃၅ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သည်။ 

သူ့သည် စစ်ရေးနည်းဗျူဟာပိုင်း ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ပိုင်းတွင် ထန်တလန်မြို့နယ်၊ လုံလဲရ်စခန်းသိမ်းတိုက်ပွဲ၊ ဟားခါး-ဖလမ်းအကြား ဇိန်မှူစစ်ဆင်ရေး၊ ဟားခါး-ထန်တလန်အကြား လုံခါရ်စစ်ဆင်‌ရေး တိုက်ပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်ဟု သိရသည်။ 

ဒု-ဗိုလ်မှူးကြီး ဆန်းလျန်ထန်းတွင် ဇနီး၊ သား ၂ ယောက်နှင့် သမီးတစ်ယောက် ကျန်ရစ်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.