Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော ZRA-EC တပ်သား အသက်ရှင်လျက် ကျန်းမာစွာရှိနေ

CNA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော ZRA-EC တပ်သား အသက်ရှင်လျက် ကျန်းမာစွာရှိနေ

0
By Editor on May 16, 2024 Khonumthung

(004SS)

ချင်းအမျိုးသားတပ်မတော် CNA က တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့သော ZRA-EC တပ်သား ဦးဆွပ်လမ်းခိုင် သည် သေဆုံးခြင်းမရှိဘဲ အသက်ရှင်လျှက် ကျန်းမာစွာရှိနေကြောင်း သိရသည်။

ဦး ဆွပ်လမ်းခိုင်သည် ဧပြီလ ၃ ရက်နေ့က တီးတိန်မြို့နယ် ဒါရ်ခိုင်ကျေးရွာတိုက်ပွဲတွင် CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် CNA က သတ်ဖြတ်၍ သေဆုံးသွားပြီး မေလ ၁၄ ရက်နေ့က အလောင်းမပါပဲ သဂြိုလ်ခဲ့ကြသည်ဟု ဓာတ်ပုံနှင့်တကွ ZRA ကိုအားပေးထောက်ခံသော သတင်းဌာန နှင့် လူမှုကွန်ယက်စာမျက်နှာတချို့က ဖော်ပြခဲ့ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဆွပ်လမ်းခိုင်ကိုယ်တိုင်ရှင်းလင်းပြောဆိုခဲ့သည့် ရုပ်သံကို Chinland Information Center က ယနေ့ထုတ်ပြန်ခဲ့သည်။

“ကျနော့ကို မေလ ၁၄ ရက်နေ့မှာ သဂြိုလ်လိုက်တယ်ဆိုပြီး ဖော်ပြကြတယ်၊ ဒါပေမဲ့ ကျွန်တော်က မသေပါဘူး။ ဒီမှာ (CNA ) မှာ ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ် ဆိုတာ ကျွန်တော့မိဘတွေကို ပြောပြချင်ပါတယ်၊ ဒီကြားထဲ ကျွန်တော်က ဗိုက်နာ၊ ခေါင်းကိုက် ဖြစ်တယ်၊ ဆေးခန်းလည်း ၂ ကြိမ်သူတို့ လိုက်ပို့ပေးတယ် သူတို့ကျွန်တော့ကို ကောင်းကောင်းပြုစု ပေးကြတယ်။ အခုလို တိတိကျကျမသိဘဲနဲ့ မသေသေးတဲ့သူကို သေသွားပြီလို့ မီဒီယာပေါ်မှာ သတင်းလွှင့်ခြင်းခံရတဲ့အပေါ် ကျနော်အားငယ်ရတယ်၊ စိတ်မကောင်းဘူး၊ မိသားစုအတွက် နစ်နာမှုရှိပါတယ်၊ ဒါမျိုးမလုပ်သင့်ဘူးလို့ မှာချင်ပါတယ်” ဟု ဦးဆွပ်လမ်းခိုင်ကိုယ်တိုင်က ပြောဆိုခဲ့သည်။

ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်နှင့် ZRA-EC တို့အကြားဖြစ်ပွားသည့် တိုက်ပွဲနှင့်ပတ် သက်၍ လူမှုကွန်ယက်စာမျက်နှာတွင် ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးရေးအသွင်မုန်းတီးမှုဖြစ်ပွားလာစေရန် ရေးသားဖော်ပြမှု များရှိနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.